အောက်ပါဂါထာမှာ ဆရာတော်ကြီး
ပွားများသော ရန်အောင်မြင် ဂါထာဖြစ်သည်။
ပါဠိ
( ၁ ) ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာဠ၀က နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
မြန်မာပြန်
(၁) မြတ်စွာဘုရားသည် အကျွန်ုပ်အား အမြဲမပြတ် စောင့်ရှောက်တော်မူပါစေသတည်း။
မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သောတရားတော်မြတ်သည် အကျွန်ုပ်အား အခါခပ်သိမ်း
စောင့်ရှောက်တော်မူပါစေသတည်း။ သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်
အကျွန်ုပ်အား နေ့တိုင်း စောင့်ရှောက်တော်မူပါစေသတည်း။ အကျွန်ုပ်သည်
ချမ်းသာခြင်း၊ အသက်ရှည်ခြင်း ဖြစ်ရပါလို၏။
( ၂ ) မြတ်စွာဘူရားသည် မာရ်နတ်မင်း၊ အာဠာဝကဘီလူး၊
နာဠာဂီရိဆင်ကိုလည်းကောင်း၊ အင်္ဂုလိမာလကိုလည်းကောင်း၊ စိဉ္စမာဏ၀ိကာနှင့်
သစ္စကပရိဗိုဇ်ကိုလည်းကောင်း၊ နန္ဒောပနန္ဒ နဂါးမင်းနှင့်
ဗကဗြဟ္မာကိုလည်းကောင်း၊ အောင်မြင်တော်မူသကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း
အောင်ရာအောင်ကြောင်း
မင်္ဂလာအပေါင်းနှင့် ပြီးစီး ပြည့်စုံပါစေသတည်း။
ထွဋ်ခေါင်ဆရာတော်ကြီး၏ ရန်အောင်မြင် ဂါထာ
ရေးသားသူ Unknown
အချိန် 11:47 PM
with No comments
Written by : Your Name - Describe about you

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
0 comments:
Post a Comment