Blogger Widgets

ထွဋ်ခေါင်ဆရာတော်ကြီး၏ ရန်အောင်မြင် ဂါထာ

အောက်ပါဂါထာမှာ ဆရာတော်ကြီး ပွားများသော ရန်အောင်မြင် ဂါထာဖြစ်သည်။

ပါဠိ

( ၁ ) ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။

( ၂ ) မာရာဠ၀က နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။


မြန်မာပြန်
(၁) မြတ်စွာဘုရားသည် အကျွန်ုပ်အား အမြဲမပြတ် စောင့်ရှောက်တော်မူပါစေသတည်း။ မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သောတရားတော်မြတ်သည် အကျွန်ုပ်အား အခါခပ်သိမ်း စောင့်ရှောက်တော်မူပါစေသတည်း။ သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည် အကျွန်ုပ်အား နေ့တိုင်း စောင့်ရှောက်တော်မူပါစေသတည်း။ အကျွန်ုပ်သည် ချမ်းသာခြင်း၊ အသက်ရှည်ခြင်း ဖြစ်ရပါလို၏။

( ၂ ) မြတ်စွာဘူရားသည် မာရ်နတ်မင်း၊ အာဠာဝကဘီလူး၊ နာဠာဂီရိဆင်ကိုလည်းကောင်း၊ အင်္ဂုလိမာလကိုလည်းကောင်း၊ စိဉ္စမာဏ၀ိကာနှင့် သစ္စကပရိဗိုဇ်ကိုလည်းကောင်း၊ နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကိုလည်းကောင်း၊ အောင်မြင်တော်မူသကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းနှင့် ပြီးစီး ပြည့်စုံပါစေသတည်း။

အောင်ခြင်းရှစ်ပါးဂါထာ


အောင်ခြင်း ရှစ်ပါး ဂါထာတော်
မာရာဠာဝက နာလာဂိံ ၊
အင်္ဂုလိံ စဉ္စ သစ္စကံ ။
နန္ဒော ပနန္ဒ ဗြဟ္မဉ္စ ၊
ဇေယျော ဟောတု တတောပရံ ။
ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ၊
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊
အာယုဒီဃံ သုခံ ဘဝေ ။

ဂါထာတော် အနက်

လောကဂ္ဂေါ - လောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ။ မာရာဠာဝက နာလာဂိံ - လက်ရုံးတစ်ထောင် ကြံဆောင်ဖန်ဆင်း မာရ်နတ်မင်းနှင့် ကိုယ်တွင်းခက်ထန် မျက်ရည်ကြီးလှ အာဠာဝက နာလသွင်ဆန်း ဆင်ကြမ်းကြီးကို လည်းကောင်း ၊ အင်္ဂုလိံ - အင်္ဂုလိမာလ နာမ ထင်ရှား ဟိံသက ခိုးသားကိုလည်းကောင်း ၊ စိဉ္စသစ္စကံ - ပရိသတ်အလယ် စွပ်စွဲမည်ဟု ကြံရွယ်ပြီးလာ စိဉ္စမာနှင့် ၊ ၀ါဒါဝါဒ ပြိုင်လိုလှသော ကုဋန္တအမိုက် သစ္စက ပရိဗိုဇ်ကို လည်းကောင်း ၊ နန္ဒောပနန္ဒဗြဟ္မဉ္စ - တန်ခိုး အနန္တကြီးမားလှသော နန္ဒောပနန္ဒ နာမ ထင်ရှား မြွေနဂါးနှင့် ဖောက်ပြားမိစ္ဆာဣဒ္ဓိမာဖြင့် လွန်စွာပွင့်လင်း ဗကဗြဟ္မာမင်းကို လည်းကောင်း ၊ ဇေယျော - ဒေသနာ အမြိုက်ဆေး တိုက်ကျွေး၍ ယဉ်ကျေးသမူ အောင်ပွဲယူတော်မူပေ၏ ။
တထောတထာ - အောင်ပွဲယူငြား မြတ်ဘုရားနှင့် မခြားတမူ အလားတူစွာ ၊ ပရံ - မိမိကြဉ်ထား သူတစ်ပါးကို ၊ ( ၀ါ ) အပ ဖြစ်လာ များစွာသောင်းသောင်း ဘေးရန်အပေါင်းကို ၊ ဇေယျော - မိမိထံမှောက် မကပ်မရောက်အောင် ၊ ပြီးမြောက်အောင်မြင်ရခြင်းသည် ၊ ဟောတု - မြတ်စွာဘုရား၏ တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေသတည်း ။
ဗုဒ္ဓေါ - သစ္စာသိမြင် ဘုရားရှင်သည် ၊ နိစ္စံ - ရှည်ကြာမစဲ အမြဲသာလျှင် ၊ မေ - မြတ်စွာဘုရား၏ တပည့်သား ဖြစ်သော အကျွန်ုပ်အား ၊ ရက္ခတု - ဘေးရန်ခပ်သိမ်း ကင်းလွန်ငြိမ်းအောင် စောင့်ထိန်းတော်မူပါစေ သတည်း ။
ဓမ္မော - မြတ်စွာဘုရား ဟောကြား မြွက်ဖော် ဆယ်ပါးသော တရားတော်မြတ်သည် ၊ မေ - တရားဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ သဒါ - အခါခပ်သိမ်း နေ့ညဥ့်မကွာ ၊ ရက္ခတု - အမြဲမသွေ စောင့်ရှောက်ပါစေသတည်း ။
သံဃော - သမုတိပရမတ် နှစ်ရပ်သော သံဃာတော်မြတ် အပေါင်းသည် ၊ မေ - သံဃာ့ဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ ဒိနေ - နေ့တိုင်း နေ့တိုင်း ၊ ရက္ခတု - ကောင်းစွာ နိစ္စ ကောင်းကျိုးရအောင် စောင်မတော်မူပါစေ သတည်း ။
မေ - ရတနာသုံးစုံ တန်ခိုးဂုဏ်ကို ခိုလှုံကိုးစား အကျွန်ုပ်အား ၊ အာယုဒီဃံ - ဘေးတကာ ရန်ကင်း၍ အသက်တစ်ရာ့နှစ်ဆယ်သာအောင် ရှည်ကြာခြင်းသည် လည်းကောင်း ၊ သုခံ - ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းသည် လည်းကောင်း ၊ ဘဝေ - ရတနာသုံးပါး တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေ သတည်း ။

ဂါထာတော် အညွှန်း
ဖော်ပြပါ အောင်ခြင်းရှစ်ပါး ဂါထာတော်သည် ဘေးရန်အန္တရာယ်အပေါင်း အထူးအောင်နိုင်သည့် တန်ခိုးထက်မြက်သော ဂါထာတော် ဖြစ်ပါသည် ။

ဇယမင်္ဂလာဂါထာတော်

ဇယမင်္ဂလာ အောင်ဂါထာ

ဇယစက္ကော ဇယန္တောယော ၊ ဇယိ တဗ္ဗေ ဇယာသနေ ။
ဇယာပေသိ ဇယေသိနံ ၊ ဇယံ ဒေတု ဇယုတ္တယော ။

ဂါထာ အနက်

ယော ဇယစက္ကော - ပါရမီတော် ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ ဇယာသနေ - အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌ ၊ ဇယိတဗ္ဗေ - အောင်အပ်သည့် တရား မာရ်ငါးပါး အပေါင်းတို့ကို ၊ ဇယန္တော - အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ ၊ ဇယေသိနံ - မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား ၊ ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ ။ ဇယုတ္တယော - အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင် မြတ်သရဖူ သယမ္ဘူ မကိုဋ်ထီးကို အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော ၊ သော ဇယ စက္ကော - အလုံးစုံ အောင်မင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ချူရန် တက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား ၊ ဇယံ - အောင်ခြင်းကို ( ၀ါ ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို ၊ ဒေတု - ပေးသနားတော်မူပါ အရှင်ဘုရား ။

မှတ်ချက် ။ ။ ဤ ဂါထာကို အောင်ရှစ်ချက် သစ္စာပန္နက်ဂါထာတော် ဟု ခေါ်ပါသည် ။ အောင်ပွဲအဆင့်ဆင့် ခံတော်မူခဲ့သော အောင်ပွဲများ ပိုင်ရှင် မြတ်စွာဘုရားက အောင်မြင် ချမ်းသာချင်သူတို့အား အလိုရှိသလို အောင်မြင်စေရန် နည်းပေး ညွှန်ပြတော်မူသည်။ ထိုအချက်ကို ဖော်ကျူးခြင်းသည် သစ္စာစကားပင် ဖြစ်၏ ။ ဤ ဂါထာကို ရွတ်ဆိုခြင်းသည်ပင်လျှင် သစ္စာဆိုခြင်း မည်တော့သည် ။

လိုရာပြည့်စုံသောဂါထာ


ဣစ ၦိတာ ဣစ ၦိတံ နာထံ ၊ ဣဒၶိတေတၳဟိ သေ၀ီဟံ ၊
ဣဒ္ဓိ တတ္ထာယ ၀န္ဒာမိ ၊ ဣဒ္ဓိ တတ္ထံ ဒဒါတု မေ ။

အဆင့်မြင့် ရွတ်ဖွယ်

" နမော ဗုဒ္ဓဿ " အဂ္ဂေါဟမသ္မိ လောကဿ ၊
ဇေဋ္ဌောဟမသ္မိ လောကဿ ၊
သေဋ္ဌောဟမသ္မိ လောကဿ ၊
အယမႏၲိမာဇာတိ ၊ နတၳိဒါနိ ပုနဗ ၻေ၀ါတိ ။

ဤလောကတွင် ငါသည်သာ အမြတ်ဆုံး ၊ ဤလောကတွင် ငါသည်သာ အကြီးဆုံး ၊ ဤလောကတွင် ငါသည်သာ အချီးမွမ်းထိုက်ဆုံး ဟူ၍ စိတ်တွင် ယုံမှတ်၍ စိတ်ချစွာ အခိုင်အမာ ရွတ်ဆိုပါ ။ အာရုံတွင် ဤအနက်ကို သိရှိထားပြီး အထက်ပါ ရွတ်ဖွယ်ကို စကားပြောဟောပွဲများ ၊ ဌာနဆိုင်ရာ ကိစ္စ၀ိစ္စများ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် အမှုအခင်း စကားစစ်ခင်းရာ အပြိုင်အဆိုင် ကိစ္စခပ်သိမ်း စိတ်နှင့် ရွတ်ဆို၍ ပြိုင်ဆိုင်ပါ ။ အောင်မြင်မည် ။ အနိုင်ရမည် ။ တစ်ပန်းသာမည် ။ အခြေသာမည် ။ အနေသာမည် ။ အဆင့်မြင့်မည်တည်း ။

စာမျက်နှာ - ၃၃၂
အစွမ်းထက်မြက်သည့် ဂါထာမန္တန်ပေါင်းချုပ်

မရှိစကားမကြားရသောဂါထာ

မရှိဟူသော စကား ပေးပါ ဟူသော စကား
မပြောဆို မကြားလိုသော ဂါထာ

    “နတ္ထီတိ ၀စနံ ဒုက္ခံ ၊
     ဒေဟီတိ ၀စနံ တထာ
     တသ္မာ နတ္ထီတိ ၊ ဒေဟီတိ
     မာမေ ဟောတု ဘ၀ါ ဘဝေ  ”

    နတ္ထီတိ ၀စနံ - မရှိဟူ၍ ပြောဆိုရခြင်းသည် ၊ ဒုက္ခံ - ဆင်းရဲ၏ ။ ဒေဟီတိ ၀စနံ - ပေးပါ ဟူ၍ ပြောဆိုရခြင်းသည်လည်း ၊
တထာ - ထို့တူ ၊ ဒုက္ခံ - ဆင်းရဲ၏ ။ တသ္မာ - ထို့ကြောင့် ၊ နတ္ထီတိ - မရှိဟူ၍ ပြောဆိုရခြင်းသည်လည်းကောင်း ၊ မေ - ငါ့အား ၊
ဘ၀ါဘဝေ - ဘ၀ကြီးငယ်တိုင်း၌ ၊ မာ ဟောတု - မဖြစ်ပါစေသတည်း ။

    “ မရှိပါဟု ပြောဆိုရသော စကားသည် ဆင်းရဲလှပေ၏ ။ ( ဒုက္ခ တစ်ပါးပါပဲ ) ”
    “ ပေးပါဟု ပြောရသော စကားသည်လည်း ထိုနည်းတူ ( ဆင်းရဲပါပေ၏ ။ ) ”

    ထို့ကြောင့် မရှိဟူသော စကား ၊ ပေးပါ ဟူသော စကားကို ဘ၀တိုင်း ဘ၀တိုင်း မပြောရပါစေနှင့် ...

    ( နေ့စဉ် ဂါထာ အရေအတွက်ကို မိမိ၏ အသက်စေ့ ရွတ်ပွားပါ ။ အချိန်ရလျှင် ပုတီးပတ် သက်စေ့ စိပ်ပါ ။
ကောင်းကျိုး ထူးပါလိမ့်မည် ။ ထို ဂါထာ စာသားလေးကိုပင် အဆောင်တစ်ခုအဖြစ် ဆောင်ထားနိုင်ပါသေးသည် ။ )


သက်နှင်းဆွေ ( ပုပ္ပါး )
နေလ ဂမ္ဘီရဂျာနယ် အမှတ် - ၄၇၅ မှ ကူးယူဖော်ပြပါသည် ။

သံဗုဒ္ဓေဂါထာ

သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
၊တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

ငွေဝင်ဂါထာ

ကျနော်တော်လို့ ဗုဒ္ဒဘာသာဝင်တိုင်း သိဖူးဖတ်ဖူးကြမှာပါ။ ဒီဂါထာလေးကို မဖတ်ခင် တစ်ခုတော့ တိုက်တွန်းချင်ပါတယ်။ တကယ်ပဲ လိုချင်တယ်ဆိုရင်တော့ ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်စေချင်ပါတယ်။ ဒါမှလည်း အကျိုးသက်ရောက်မှုရှိမှာ ဖြစ်လို့ပါ။နောက်ပြီး ကိုယ်ရွတ်ဖတ်ပူဇော်နေတဲ့ ပါဠိစာသားကို နားမလည်လို့ရှိရင်လဲ အကျိုးသက်ရောက်မှုက သိပ်အရာမမြောက်ပါဘူး။ အနက်အဓိပါယ်လိုရင်းကိုလည်း သိဖို့လိုအပ်ပါတယ်။
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဒေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဖ မဟော ရတ္တိံ၊ဗုဒ္ဒေါ တပတိ တေဇသာ။
မြန်မာပြန်လေးကတော့….
ရောင်ခြည်တစ်ထောင် အလင်းဆောင်သော ရှင်နေမင်းသည် နေ့အခါ၌သာလျှင် ထွန်းလင်းတောက်ပနိုင်ပေ၏။
ငွေစန္ဒာလမင်းကြီးသည်လည်း ညည့်အခါ၌ သာလျှင် လင်းလက်တောက်ပမှုကိုပေးနိုင်၏။
လူတို့၏သခင် ပြည့်ရှင်မင်းသည်လည်း မင်းမြောက်တန်ဆာ ၀တ်ဆင်တန်ဆာမှာသာလျှင် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၏။
ရဟန္တာတို့သည်လည်းပဲ ဈာန်သမာပတ်ဝင်စားနေမှသာလျှင် တင့်တယ်ကြည်ညိုဖွယ်ကိုဆောင်၏။
အရာအားလုံးတို့ ကျနော်တို့ မြတ်စွာဘုရားရှင်သည် နေ့ရော ညည့်ပါ အခါခပ်သိမ်း ရောင်ခြည်တော်ခြောက်သွယ် တန်ခိုးငါးမျိုးနှင့် တင့်တယ်ထွန်းလင်းတောက်ပနေတော်မူပေ၏။
ဘာဖြစ်လို့ ငွေဝင်ဂါထာလို့ပြောရသလဲဆိုရင် ရှေ့တုန်းက ဒီဂါထာကို ရွတ်ဆိုနိုင်ခဲ့လို့ ရှင်ဘုရင်က အသပြာငွေတစ်ထောင်ကို ချီးမြောက်ဖူးတဲ့ သက်သေသာဓကရှိပါတယ်။
ရသေ့ကြီးဦးခန္တီဆိုတာကိုလည်းသိကြမှာပါ။မန္တလေးတောင်ပေါ်မှာ သာသနာ့ပြုသွားခဲ့တဲ့ ရသေ့ကြီးပါ။အဲဒီရသေ့ကြီးဟာဆိုရင် တနေ့ကို ဒီဂါထာ နှစ်ဆယ့်နဲ့ခြောက်ခေါက် ရွတ်ဖတ်လေ့ရှိတယ်လို့လည်းသိရပါတယ်။
ဒီဂါထာကိုရွတ်ဖတ်ပြီးချိန်တိုင်းမှာ လှူဒါန်းတဲ့သူတွေအလိုလိုရောက်လာပါတယ်။
ဒါကြောင့်မို့လို့ သူငယ်ချင်းအားလုံး ဒီဂါထာလေးကို
ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပူဇော်နိုင်ကြပါစေလို့….။
မျှော်လင့်စွာနဲ့……

ရင်ကိုခွင်းသည့်ချစ်သူ့များ

စစ်...
စစ်ဆိုသည်မှာ ငြိမ်းချမ်းမှုအတွက်တိုက်ခိုက်ရသော အရာပေတကား။ သို့မဟုတ် လူမျိုးစု နှစ်စု နိုင်ငံနှစ်နိုင်ငံ၏ အငြိုးအတေးတွေကြောင့်ဖြစ်ပွါးရသည့် အရာပေတကား။ သို့ပေမယ့်လည်း သေချာတာကတော့ စစ်ဆိုတာလူတွေကို အမှန်တကယ်ပင် အကျည်းတန်း အရုပ်ဆိုးစေခဲ့ပြီး ရင်ကွဲမှုတွေပေးခဲ့သည်။

သူအင်းဝဘုရင်မင်းခေါင်ထံမှာ တစ်နှစ်တင်းတင်းပင်ပြည့်တော့မည်။ သူ့ကို တော့ အသားထဲလောက်ထွက် ၊ ဆန်ကောလောက်မှ စောက်မနက်သည့်လူလို့ထင်ကြလိမ့်မည်။ သူအင်းဝမင်းခေါင်ရဲ့ ယုံကြည်မှုကိုရအောင်လည်းအသေအလည်းကြိုးစားခဲ့ပြီးပြီပဲ။ သူလည်း တကယ်တော့ အင်းဝဘုရင် မင်းခေါင်ထံမှာ ကျွန်တစ်ယောက်အဖြစ်မခိုဝင်ချင်ခဲ့။ ထိုသို့ခိုဝင်ရမည်အစားလည်းသေသာလျှင်သေလိုက်ချင်သည်။ သို့သော်လည်း သူ့အတွက် ရှောင်လွှဲခွင့် မရှိသည့်အခြေအနေတစ်ခုဖြစ်ခဲ့သည်။

အင်းဝဘုရင် မင်းခေါင် အခေါ်တော်ပါးသည် ဆိုသည့် အမိန့်ကြောင့် သူ ညီလာခံကျင်းပရာ နန်းရင်ပြင်ကို အပြေးလေးလာမိသည်။ ညီလာခံ ၏ အလယ်တည့်တည့် ရွှေပလင်ပေါ်တွင် မင်းခေါင်ကြီးက ပိုးဖဲ ပုဆိုးစကို