Blogger Widgets
Home » , , » ယုံစားမိခဲ့လို့မှားပြီ(ရက်စက်လွန်းသည့်မောင်)

ယုံစားမိခဲ့လို့မှားပြီ(ရက်စက်လွန်းသည့်မောင်)


“သက်ကိုယ်တို့ခိုးပြေးကြရအောင် ”
ထိုစကားသည်ကား မိုးယံမြင့် ထံမှထွက်လာသည့်အသံ။ မိုးယံ နှင့် နှင်းသက်ခိုင် တို့ချစ်သူသက်တမ်းသည်လည်း တစ်နှစ်ပင် တင်းတင်းပြည့်တော့မည်။ ဒါကိုပင် သက်မိဘတွေက ခုထက်ထိသဘောမတူသေး။ သက်က လည်း မတူသည့်ကြားကပင် မိုးယံမြင့်ကို မခွဲနိုင်မခွါနိုင် တွယ်ကပ်နေခဲ့သည်။
မိုးယံ ကမိဘနှစ်ပါးလည်း မရှိတော့ ။ ငွေရေးကြေးရေးကလည်း ပြည့်စုံတာမဟုတ်တာကိုတော့ သက်လည်းအသိ။ ဒါပေမယ့် အရက်သောက်ပြီးဂျစ်ကန်ကန်လုပ်တတ်သည့် အကျင့်စိုး၊ ကြက်တိုက်
ဖဲရိုက်တတ်သည်သာမက ၇န်ပါဖြစ်တတ်သည့်
သူ့ရဲ့အကျင့်စိုးလေးတွေကိုတော့သက်တကယ်မသိခဲ့တာပါ။
သက်တို့အိမ်ကလည်း ကြီးကြီးကျယ်ကျယ် ချမ်းသာသည်လည်းမဟုတ်တာကြောင့် ဘာကြောင့် မိုးယံနှင့် သူမကို သဘောမတူတာလဲဆိုတာကိုတော့ သက်ခေါင်းပူအောင် စဉ်းစားသော် လည်းသက်မသိခဲ့ပါ။ သက်တို့မိဘတွေက ဘ၀င်ခေါင်ခိုက်သူများမဟုတ်တာကိုတော့ သက်လည်းအသိ။
ဒါကို ဘာကြောင့် ဆိုတာကိုတော့သက်လည်းမသိပါ။
တစ်နေ့သောအခါကတော့ သက်ပြောကြည့်ပါသည်။ မိုးယံနှင့်ပတ်သတ်ပြီးမေ့မေ့ကိုလေ။ သူမနှင့်မိုးယံချစ်သူတွေဖြစ်နေကြတာကို မိဘတွေမပြောနဲ့ တစ်ရပ်ကွက်လုံးအသိပဲ။ တစ်ချို့ကလည်း နှာခေါင်းရှုံ့ကြသည်ပေါ့လေ။ ရှုံ့ကြပါစေ။ ကိုယ့်အချစ်နဲ့ကိုယ်ပဲလေ။
“ညဉ်း အကောင်ကဘာတွေများ လက်ဆုပ်လက်ကိုင်ရှိလို့ ညဉ်းကဇွတ်ရောတင်းရောလက်ထပ်ချင်နေရတာလဲ”
မေ့မေ့လေသံကတော့သူမပြောတိုင်းဒီလို။  ဒါပေမယ့်လည်း သူမက ..
“မေမေကလည်း မိုးယံလည်း အလုပ်ရှာနေတာပဲလေ ၊ အလုပ်ဆိုတာလုပ်ချင်တိုင်းမှမရတာ ၊ ဒီခေတ်ထဲမှာ အလုပ်ဆိုတာရှာလို့မလွယ်တာကိုမေမေလည်းသိရဲ့သားနဲ့ ပြီးတော့ မိုးယံကပညာတတ်တစ်ယောက်ပါ”
“ပညာတတ် အမလေး မိသက်ရယ် physics လေးပထမနှစ်ရောက်တာလောက်လေးနဲ့အေ၊ ဆယ်တန်းအောင်တာလေးပဲပြောစရာရှိပါတယ်။ ပြီးတော့ သောက်စားမူးရူးနေတာ ညဉ်းကိုထမင်း နပ်မှန်အောင်ကျွေးနိုင်မယ်လို့ကောထင်လားအေ့”
“အမေရယ် သူများသားသမီးကို ဒီလိုမှိုချိုး မျှစ်ချိုးမပြောပါနဲ့”
“ဟဲ့ မှိုချိုးတာက ငါမဟုတ်ဘူး ၊ ရေထွက်သူ ငါကမှိုလည်း မချိုဘူး မျှစ်လည်း မချိုးဘူး ”
မေမေကစကားအကောင်းပြောနေသည့်ကြားကပင် အရွှန်းဖောက်တတ်သေးသည်။ ဒါပေမယ့်လည်း သူမက ...
“မေမေက စကားအကောင်းပြောနေတာကို”
“ဒီမှာမိသက် နင့်အကောင်အကြောင်းနင်ဘယ်လောက်သိလို့လဲ နင့်ကို သူဘာတွေများစိတ်ချမ်းသာစရာပေးဖူးလဲ ရပ်ကွက်ထဲနားစွင့်ပြီး နင့်အကောင်သတင်းလေးလည်း မေးကြည့်ပါဦး ......... ...... ”
ထိုသို့အစချီပြီး နောက်က တသီကြီး ရွှန်းရွှန်းဝေအောင် မိုးယံမကောင်းကြောင်းတွေကို ပြောတတ်သည်မို့ သူမလည်း စိတ်စိုးဟန်ပြုပြီး ထွက်ထွက်လာတတ်သည်။ မိုးယံကလည်း အေးစက်စက်။ တစ်ချက်ချက် သူမပင် သံသရ၀င်မိသည်။ သူမကိုမှချစ်သေးသည်လားလို့ပေါ့၊
မေမေတို့ပြောတိုင်းလည်းမယုံနိုင်ပေါင်။ မအိုဇာ နဲ့ ကိုဗျဝိလို သွေးထိုးနေရင်ဘယ်လိုလုပ်ရပါ့။
အခုပြောလိုက်တဲ့စကားကတော့ သူမကိုတုန်လှုပ်စေပါသည်။
“မောင်ကလည်း စောဘူးလားကွာ ... ”
သူမက မိဘရှေ့မှာတော့မိုးယံလို့ခေါ်သော်လည်း အပြင်မှာတော့ ...
“ဘာတွေစောနေတာလဲ သက်ရဲ့”
“ဒီလိုပါပဲ ... သက်အိမ်ကို ဖြေးဖြေးချင်းသဘောတူလာအောင် သက်ကပြောချင်လို့ပါ ”
“ သက်အိမ်က မောင်နဲ့ သဘောမတူတာသက်အသိပဲ ၊ ပြီးတော့ သက်အိမ်က မောင့်ကိုသိပ်ကြည်တာမဟုတ်ဘူး ”
သူကပြောရင်းစိတ်စိုးဟန်လေးလုပ်ပြလိုက်တော့ ...
“ သက်သိပါတယ် ... ဒါပေမယ့်လည်း ...”
သူမကစကားကို ရပ်တန့်ရင်း သက်ပြင်းခပ်မျှင်းမျှင်းကိုရှုလိုက်ချိန်တွင် ..
“ဒါဆိုဒီနေ့ညမောင်တို့ခိုးပြေးကြရအောင်နော် ... ”
သူမလည်းသူ့ကိုရီဝေေ၀လေးသာကြည့်နေမိတော့သည် ....
▓ ▓  ▓  ▓ ▓
သူမ နှင့် သူ စီစဉ်ထားသည့်အတိုင်းပင် ညရောက်တော့ သူမချိန်းထားသည့်နေရာသို့ရောက်လာသည်။ မောင်စောင့်နေပါသည်။ ဒါကြောင့်ပြောတာပေါ့။ မောင့်အကြောင်း ကို သက်သာလျှင်အသိဆုံး
“ သက်မောနေပြီလား ”
သက်ကလည်း မောင့်ရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်တယ် ။
“သောက်လိုက်ဦး သက်မောနေရော့မယ် ”
မိုးယံ ကကျွဲရိုးတစ်ဗူးဖောက်ပြီးသားလေးပေးတယ်။ သူမလည်း တကယ်မောနေတာကြောင့်သောက်ချင်မိပါသည်။ ပြီးနောက် သူမမျက်ခွံတွေလေးလာပြီး ဇက်ကြောတွေတက်လာသည်။
“ဘာလို့မှန်းမသိဇက်ကြောတွေတက်လာတယ်”
“မောင်နှိပ်ပေးမယ်လေ”
မိုးယံက ထိုနေရာတွင်ပင် သူမကိုနှိပ်ပေးနေသည်။
“သက်အိပ်ချင်သလိုလိုပဲ”
ဟုဆိုတာကြောင့် မိုးယံက ကုန်းပိုးလာသည်။ ကုန်းပိုးစီးရင်း မျက်ခွံတွေလေးလာလိုက်တာ အမှောင်ထဲကို တဖြေးတဖြေးတိုးဝင်သွားခဲ့တာ အားလုံးကိုမေ့သည်ထိ ..... ။
▓  ▓   ▓    ▓   ▓  ▓  ▓
သက်ရဲ့ မျက်လုံးများဆီသို့ နေမင်း၏ ရိုက်လင်းတန်းတစ်စုံဝင်လာသည်နှင့် သက်နိုးလာခဲ့ပါသည်။ သူမရဲ့ မသဲမကွဲမြင်ကွင်းအောက်မှာ မြင်ရသည်ကား
ကောင်မလေးတစ်စု၊ ၀တ်စားထာသည်မှာလည်း မလုံမလဲ ။ မပေါ့တပေါါ် လေးတွေ၊ တမင်ဖော်ထားသည်လားမသိ၊  နီရဲရဲနှုတ်ခမ်းနီတွေနှင့်အတူ လိမ်းထားသောမိတ်ကပ်တွေကလည်းထူလို့။ အနံ့တွေကည်း ညှီစို့စို့ စိမ်းရွှင်ရွှင်၊
“ကျွန်မဘယ်ရောက်နေတာလဲ”
သူမအလန့်တကြားပင်ထထိုင်အော်ဟစ်လိုက်မိသည်။
“ဘယ်ရောက်ရမှာလဲ ငါတို့၇ဲ့ ကာမစံအိမ်ကြီးကိုရောက်နေတာပေါ့”
“ဟင် ... ”
“မအံ့သြနဲ့ ... ညဉ်းသိပ်ချစ်လှပါပြီးဆိုတဲ့ ညဉ်းရဲ့ မောင်ကိုယ်တိုင် လာထားသွားတာ ညဉ်းကကိုယ့်ချစ်သူအတွက် ငွေတော့ရှာပေးတတ်သားပဲနော်”
သွားပြီ ... သူမရလိုက်သည် ... နောင်တတွေတသီကြီး။ မောင်ရက်စက်တယ် ... မောင်သိပ်မိုက်တယ် ... အခုတော့ သူမပြည့်တန်ဆာမ ဖြစ်တော့မည်။ ဒါမောင့်ကြောင် ....
“ဖြစ်လာမှာတော့ ပျော်အောင်သာနေလိုက်ပါတော့အေ”
ထိုစကားကိုပင်မကြားနိုင်တော့ ... သူမအရှက်တွေဘယ်ရောက်လို့ဘယ်ပေါက် သွားသည်မသိ။ ဒီချိန်ဆိုမမေတေို့လိုက်ရှာနေပေလိမ့်မည် ကို တွေးမိလိုက်လျှင် ထောင်းခနဲထလာသည်မှာ
သေချင်စိတ်သာဖြစ်သည် ..၊
Ö  Ö  Ö  Ö  Ö
နောက်တော့ မှုခင်းရဂျာနယ်တစ်ခုတွင် “ချစ်သူကိုယုံစားလို့ ခိုးရာလိုက်ရာမှ ပြည့်တန်ဆာအိမ်တွင် ရောင်းစားခံရ ” ဟု ခေါင်းစဉ်ကြီးကြီးဖြင့်ပါလာလေသည်။
ဖြစ်ရပ်မှန် .. ဂျာနယ်တွင် တကယ်ပါခဲ့ဖူးသည်။
                                                                                        ထာဝရသံယောဇဉ်ဖြင့်...
                                                                                                     မင်းညှို့သျှင်
                                                                                        facebook: Minn Nyhoe Shin
                                                                                           E - mail:author.narrator@gmail.com

Written by : Your Name - Describe about you

Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::

0 comments:

Post a Comment

Blogger Widgets