နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် စာအုပ်ကို
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးက ပြန်ဆိုတော်မှု
ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားသည် ဤစာအုပ်ကို
၁၉၉၂ ခုနှစ် ဂျူလိုင်လတွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့  ၌
စတင်ပြန်ဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် နွေရာသီ၌ ဟော်လန်တရားစခန်းတွင်
အပြီးသတ်ခဲ့ပါသည်။
မူရင်း စာအုပ်နာမည်မှာ Good Question Good Answer ဟူသောစာအုပ်ဖြစ်ပါတယ်။
ရေးသားသူကတော့ သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Shravasti
Dhammika အရှင် ဓမ္မိက ဖြစ်ပါတယ်။
၁။ ဗုဒ္ဓဘာသာဆိုတာဘာလည်း
မေး ။ ။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ။ ။ “ဗုဒ္ဓဘာသာ” ဆိုတဲ့ စကားလုံးဟာ “ဗုဓိ” ဆိုတဲ့ စကားလုံးမှ လာတာပါ။
“ဗုဒ္ဓ” ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ” လို
့အဓိပ္ပါယ် ရပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဆိုတာ ဆိုတာ နိုးကြားရေး အတွေးအမြင်
(ဒဿန) ပညာပါပဲ။ ဒီ ဒဿန ပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားကနေ
ဘုရားဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာ တည်းဟူသော
အိပ်ပျော်ခြင်းမှ ) နိုးထလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။
ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို
့ဗုဒ္ဓဘာသာဝင်ပေါင်း သန်း ၃၀၀ ကျော်ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀
လောက်ထိကတော့ ဗုဒ္ဓဘာသာဟာ အရှေ့ တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ
တည်ရှိခဲ့ပါတယ်. သို့ သော်လည်း ယခု အချိန်မှာ ဥရောပ နှင့် အမေရိကတိုက်ရှိ
နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း
တိုးပွားနေပါပြီ။
1. What is Buddhism ?
Question: What is Buddhism?
Answer: The name Buddhism comes froms the word “budhi” which means
“to wake up” and thus Buddhism is the philosophy of awakening. This
philosophy has its origins in the experience of the man Siddhattha
Gotama , Known as the Buddha, who was himself awakened at the age of
35.Buddhism is now 2,500 years old and has about 300 millions followers
world –wide . Until a hundred years ago, Buddhism was mainly an Asian
philosophy but increasingly it is gaining adherents in Europe and
America.
မေး။ ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုပေါ့။
ဖြေ။ ။ ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။
အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် “philo” ဆိုတာ”ချစ်ခင်ခြင်း မေတ္တာ” လို
့ဆိုလိုပါတယ်။ “sophy” ဆိုတာက “ပညာ” လို့  အဓိပ္ပါယ်ရပါတယ်။ ဒီတော့
“Philosophy” ဆိုတာ “ပညာကို ချစ်ခင်ခြင်း၊ ” သို့ မဟုတ် “မေတ္တော နှင့် ပညာ”
လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အဝ
ဖော်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ
ကျွနုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး
တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွနုပ်တို့ ဟာ
သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား
တိုးပွားအောင် ကြိုးစားဖို့ ကိုလည်း သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို
အတွေးအမြင် ပညာရပ်လို့ ဆိုနိုင်သော်လည်း သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး
မြင့်မြတ်သော အတွေးအမြင် ပညာ (Supreme Philosophy) ဖြစ်တယ်။
Question: So Buddhism is just a philosophy ?
Answer: The word philosophy comes from two words “philo” which means “
love” and “Sophia” which means “wisdom”. So philosophy is the love of
wisdom or love and wisdom, both meanings describing Buddhism perfectly
.Buddhism teaches that we should try to develop our intellectual
capacity .It also teaches us to develop love and kindness so that we can
be like a true friends to all beings. So Buddhism is aphilosophy but
not just a philosophy. It is the supreme philosophy.
မေး။ ။ ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ။ ။ ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပလ၀တ်ပြည်)
ဘုရင်သုဒ္ဓေါနမင်း နှင့် မိဖုရား မယ်တော်မာယာတို့ မှ သားတော်လေးတစ်ယောက်
ဖွားမြင်ပါတယ်။ ဒီမင်းသားလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့်
ကြီးပြင်းရသော်လည်း နောက်ဆုံးမှာ လောကီစည်းစိမ် ဥစ္စာတွေဟာ
ချမ်းသာပျော်ရွှင်မူကို မပေးနိုင်ဘူးဆိုတာ တွေ့ လာရတယ်။ ဒီမင်းသားဟာ သူ
့ပတ်ဝန်းကျင်မှာ သူတွေ့ မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ်
စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက်သော့ချက်ကို ရှာဖို
့ဆုံးဖြတ်လိုက်တယ်။ အသက် ၂၉ နှစ်ရှိတဲ့ အခါ ဒီမင်းသားဟာ သူ့ ရဲ့ ကြင်ယာတော်
(ယသောဓရာ) နှင့် သားတော် (ရာဟုလာ)ကိုထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး
ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ ဟာ
ဒီမင်းသားကို မြောက်မြားစွာ သင်ကြားပေးသော်လည်း သူတို့ ကိုယ်တိုင်
ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခတွေကို
ဘယ်လို ကျော်လွန်အောင် လုပ်ဆောင်နိုင်တယ် ဆိုတာကိုလဲ မသိကြဘူး။
သိဒ္ဓ္ဓတ္ထမင်းသားဟာ( ဥရုဝေလတော) မှာ ခြောက်နှစ်ကြာအောင် လေ့လာပွားများ
အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဓ္ဇာကို ပယ်ခွာနိုင်တဲ့အတွက် (အမှန်တရား) ကို
ထိုးထွင်းသိမြင်သွားပါတယ်။* အဲဒီအချိန်ကစပြီး သူ့ ကို “ဗုဒ္ဓ”
(ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ သမုတ်ကြပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အဲဒီအချိန်ကစပြီး ၄၅ နှစ်ပတ်လုံး အိန္ဒိယပြည်
မြောက်ပိုင်းမှာ သူတွေ့ သိထားတဲ့ တရားတော်များကို လှည့်လည်
ဟောပြောခဲ့ပါတယ်။
*ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရားမဖြစ်သေးပါ။
ထိုအကျင့်မှားကို စွန့် ၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန်ကို
ပွားမှသာ ဘုရားအဖြစ်သို့  ရောက်ပါသည်။
Question: Who is the Buddha?
Answer: In the year 563 B.C. a baby was born into a royal family in
northen India. He grew up in wealth and luxury but eventually found that
worldly comfort and security do not guarantee happiness. He was deeply
moved by the suffering he saw all around- and resolved to find the key
to human happiness . When he was 29 he left his wife and child and set
off to sit at the feet of thee great religious teachers of thee day to
learn from them. They taught him much but none really knew the cause of
human suffering and how it could be overcome. Eventually, after six
years study and meditation he had an experience in which all ignorance
fell away and he suddenly understood. From that day onwards, he was
called the Buddha, the Awakened One. He lived for another 45 years in
which time he travelled all over.
မေး ။ ။ ဗုဒ္ဓဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ
့ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူ အချိန် အကြာကြီး စဉ်းစားပြီး တွန်
့ဆုတ်တွန့် ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့ မိသားစုကို
ကျွေးမွေးစောင့်ရှောက်တာထက် တလောကလုံးရဲ့  အကျိုးကို ဆောင်ရွက်တာက ပိုပြီး
အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါ။
ကြီးမားတဲ့ မဟာဂရုဏာတော်က ဗုဒ္ဓမြတ်စွာကို တစ်လောကလုံးရဲ့ အကျိုးကို
ဆောင်စေတာပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့် ပြီး အဆင်းရဲ
အပင်ပန်းခံမှုကြောင့် တစ်လောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေရတာ
ဖြစ်ပါတယ်။ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။
ဒါဟာအကြီးမားဆုံးသော စွန့် လွတ်မှုကြီးပါပဲ။
Question: Wasn’t it irresponsible for the Buddha to walk out on his wife and child ?
Answer: It couldn’t have been an easy thing for the Buddha to leave
his family. He must have worried and hesitated for a long time before he
finally left. But he had a choice, dedicating himself to his family or
dedicating himself to the whole world. In the end, his great compassion
made him give himself to the world. And the whole world still benefits
from his sacrifice. This was not irresponsible. It was perhaps the most
significant sacrifice ever made.
မေး။ ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွနုပ်တို့ ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ။ ။ လျှပ်စစ်ဓာတ်ကို တွေ့ ရှိတဲ့ မိုက်ကယ်ဖာရာဒေး ဟာ
ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူ့ ရဲ့ တွေ့ ရှိချက်တွေက ကျွနုပ်တို
့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်းများစွာကို ကုသတဲ့ ကုထုံးတွေကို တွေ
့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလည်း ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူတွေ
့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်ဆယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ
ဟာလည်း သေသွားပါပြီ။ သို့ သော်လည်း သူဖန်းတီးခဲ့တဲ့ အနုပညာတွေက လူတွေကို
အခုတိုင် ပျော်ရွှင်မှုတွေ ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ
့အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ
ကြာသော်လည်း သူတို့ အကြာင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့ လို
နေထိုင်ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀
ကျော်ကြာသွားပါပြီ။ သို့ သော်လည်း ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ
အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင်
အားတက်စေတုန်းပါပဲ။ သူ့ စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀ကို
ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက်
ရာစုပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ
ဖြစ်ပါတယ်။
Question: The Buddha is dead so how can he help us?
Answer: Faraday, who discovered electricity, is dead, but what he
discovered still helps us. Luis Pasteur who discovered the cures for so
many diseases is dead, but his medical discoveries still save lives.
Leonardo da Vinci who created masterpieces of art is dead, but what he
created can still uplift and give joy. Noble men and heroes may have
been dead for centuries but when we read of their deeds and
achievements, we can still be inspired to act as they did. Yes, the
Buddha is dead but 2500 years later his teachings still help people, his
example still inspires people, his words still change lives. Only a
Buddha could have such power centuries after his death.
မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား (God) လား ။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ
ထာဝရဘုရားလို့ ဖြစ်စေ၊ထာဝရဘုရားရဲ့  သားတော်ဖြစ်စေ၊ ထာဝရဘုရားက
လွှတ်လိုက်တဲ့ တမန်တော်လို့ ဖြစ်စေ မမိန့် ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ
အလုံးစုံပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ။ ဒါ့ကြောင့် သူ့ လိုကျွန်ုပ်တို့ 
ကြိုးစားလျှင် ကျွန်ုပ်တို့ လည်း သူ့ လိုပဲ အလုံးစုံ ပြည်စုံသူများ
ဖြစ်နိုင်ကြောင်း မိန့် ကြားတော် မူပါတယ်။
Question: Was the Buddha a god?
Answer: No, he was not. He did not claim that he was a god, the child
of a god or even the messenger from a god. He was a man who perfected
himself and taught that if we follow his example, we could perfect
ourselves also.
မေး။ ။ ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့်သူ့ ကိုလူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။
ဖြေ။ ။ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တစ်ချို့ က တစ်စုံတစ်ခုသော
တန်ခိုးရှင် ဘုရား ( a God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို
ချီးကျူးထောပနာ ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို
ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ ရဲ
့ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့ ၊
ပူဇော်ပသတာကို လက်ခံလိမ့်မယ်လို့  ယုံကြည်လို့ ၊ဆုတောင်းတာကို ဖြည့်ဆည်းပေး
လိမ့်မယ်လို့ ယုံကြည်လို့ ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီလို ကိုးကွယ်ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။
တစ်ခြားကိုးကွယ် ဆည်းကပမှု တစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့
ပုဂ္ဂိုလ် တစ်ဦးဦး သို့ မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။
ဆရာအခန်းထဲ ၀င်လာရင် နေရာက ထပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့ တွေ့ ရင် လက်ဆွဲ
နှုတ်ဆက်ကြတယ်။ အမျိုးသား သီချင်းတီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။
ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။
လေးမြတ်ကြည်ညိုမှုကို ဖော်ပြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရသပြုပြီး
ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်တဲ့
ရှိခိုးကိုးကွယ်မှုမျိုးပါပဲ။
တင်ပျဉ်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့
ဗုဒ္ဓရုပ်ပွားတော်ရဲ့  မဟာကရုဏာတော်ဖြင့် ကြည်လင်လန်းဆန်းနေတဲ့
မျက်နှာတော်ဟာ ကျွန်ုပ်တို့ ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ
့မေတ္တာတရားတိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ ကိုသတိပေးနေပါတယ်။
အမွှေးတိုင်ရဲ့ အမွှေးနံက ကျွန်ုပ်တို့  သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ
ပျံနှံနေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင်
ထွန်းပြောင်စေဖို့ သတိပေးပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ 
ညိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့ အား အနိစ္စတရားကို သတိရစေပါတယ်။
ဗုဒ္ဓရုပ်ပွားတော်ရှေ့ မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ ကို တရားဓမ္မ
ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့ အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ
့ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ
ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှု ဖြစ်ပါတယ်။
Question: If the Buddha is not a god, then why do people worship him?
Answer: There are different types of worship. When someone worships a
god, they praise him or her, making offerings and ask for favours ,
believing that the god will hear their praise, receive their offerings
and answer their prayers. Buddhists do not indulge in this kind of
worship. The other kind of worship is when we show respect to someone or
something we admire. When a teacher walks into a room we stand up, when
we meet a dignitary we shake hands, when the national anthem is played
we salute. These are all gestures of respect and worship and indicate
our admiration for persons and things. This is the type of worship
Buddhist practise . A statue of the Buddha with its hands rested gently
in its lap and its compassionate smile reminds us to strive to develop
peace and love within ourselves. The perfume of incense reminds us of
the pervading influence of virtue, the lamp reminds us of light of
knowledge and the flowers which soon fade and die, reminds us of
impermanence. When we bow, we express our gratitude to the Buddha for
what his teachings have given us. This is the nature of Buddhist
worship.
ဗုဒ္ဓဘာသာဆိုတာဘာလည်း (ဘာသာရေး)
ရေးသားသူ Unknown
အချိန် 11:50 PM
with No comments
Written by : Your Name - Describe about you

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
0 comments:
Post a Comment