ကျနော်တော်လို့ ဗုဒ္ဒဘာသာဝင်တိုင်း သိဖူးဖတ်ဖူးကြမှာပါ။ ဒီဂါထာလေးကို
မဖတ်ခင် တစ်ခုတော့ တိုက်တွန်းချင်ပါတယ်။ တကယ်ပဲ လိုချင်တယ်ဆိုရင်တော့
ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်စေချင်ပါတယ်။ ဒါမှလည်း အကျိုးသက်ရောက်မှုရှိမှာ
ဖြစ်လို့ပါ။နောက်ပြီး ကိုယ်ရွတ်ဖတ်ပူဇော်နေတဲ့ ပါဠိစာသားကို
နားမလည်လို့ရှိရင်လဲ အကျိုးသက်ရောက်မှုက သိပ်အရာမမြောက်ပါဘူး။
အနက်အဓိပါယ်လိုရင်းကိုလည်း သိဖို့လိုအပ်ပါတယ်။
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဒေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဖ မဟော ရတ္တိံ၊ဗုဒ္ဒေါ တပတိ တေဇသာ။
မြန်မာပြန်လေးကတော့….
ရောင်ခြည်တစ်ထောင် အလင်းဆောင်သော ရှင်နေမင်းသည် နေ့အခါ၌သာလျှင် ထွန်းလင်းတောက်ပနိုင်ပေ၏။
ငွေစန္ဒာလမင်းကြီးသည်လည်း ညည့်အခါ၌ သာလျှင် လင်းလက်တောက်ပမှုကိုပေးနိုင်၏။
လူတို့၏သခင် ပြည့်ရှင်မင်းသည်လည်း မင်းမြောက်တန်ဆာ ၀တ်ဆင်တန်ဆာမှာသာလျှင် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၏။
ရဟန္တာတို့သည်လည်းပဲ ဈာန်သမာပတ်ဝင်စားနေမှသာလျှင် တင့်တယ်ကြည်ညိုဖွယ်ကိုဆောင်၏။
အရာအားလုံးတို့ ကျနော်တို့ မြတ်စွာဘုရားရှင်သည် နေ့ရော ညည့်ပါ
အခါခပ်သိမ်း ရောင်ခြည်တော်ခြောက်သွယ် တန်ခိုးငါးမျိုးနှင့်
တင့်တယ်ထွန်းလင်းတောက်ပနေတော်မူပေ၏။
ဘာဖြစ်လို့ ငွေဝင်ဂါထာလို့ပြောရသလဲဆိုရင် ရှေ့တုန်းက ဒီဂါထာကို
ရွတ်ဆိုနိုင်ခဲ့လို့ ရှင်ဘုရင်က အသပြာငွေတစ်ထောင်ကို ချီးမြောက်ဖူးတဲ့
သက်သေသာဓကရှိပါတယ်။
ရသေ့ကြီးဦးခန္တီဆိုတာကိုလည်းသိကြမှာပါ။မန္တလေးတောင်ပေါ်မှာ
သာသနာ့ပြုသွားခဲ့တဲ့ ရသေ့ကြီးပါ။အဲဒီရသေ့ကြီးဟာဆိုရင် တနေ့ကို ဒီဂါထာ
နှစ်ဆယ့်နဲ့ခြောက်ခေါက် ရွတ်ဖတ်လေ့ရှိတယ်လို့လည်းသိရပါတယ်။
ဒီဂါထာကိုရွတ်ဖတ်ပြီးချိန်တိုင်းမှာ လှူဒါန်းတဲ့သူတွေအလိုလိုရောက်လာပါတယ်။
ဒါကြောင့်မို့လို့ သူငယ်ချင်းအားလုံး ဒီဂါထာလေးကို
ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပူဇော်နိုင်ကြပါစေလို့….။
မျှော်လင့်စွာနဲ့……
ငွေဝင်ဂါထာ
ရေးသားသူ Unknown
အချိန် 9:42 PM
with No comments
Written by : Your Name - Describe about you

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
0 comments:
Post a Comment