“ရတီ ”
သူရောက်လာသည်။ သူ့အသံကညှင်းတိုးတိုးသာ။ သူမက သူ့ကိုမုန်းနေပေမယ့် သူကတော့ လိုက်နေတုန်းပါပဲ။ မကြာခင်မှာ သူ့အချစ်တွေခြေရာထင်တော့မှာပါ။
“ရတီ ကိုယ့်ကိုချစ်လားဟင်”
သူမနားရွက်လေးနားကိုကပ်ကာမေးလိုက်သည်။ သူမနည်းနည်းတော့ရှက်သွားသည်။ သူမမျက်နှာလေးကတော့ ပြုံးနေဆဲပါပဲ။ သူမ ဒေါသမဖြစ်ပါ အရင်တုန်းကဒေါသစိတ်တွေဘယ်ေ၇ာက်
နေလဲ။
ဒါပေမယ့် သူမဘာကြောင့် သူ့ကိုချစ်တယ်ဆိုတဲ့စကားလေးပြောဖို့ဝန်လေးနေတာလဲ။ သူမချစ်နေပြီပဲ။ သူမဖွင့်ပြောသင့်နေပြီ...သူမကိုယ့်နှလုံးသားကိုယ်ညာနေချင်မိသည်။ သူ့ကိုချစ်နေသော သူမနှလုံးသားကိုသူမလက်မခံနိုင်။
“ရတီကိုယ့်ကိုချစ်လားလို့”
သူကနောက်တစ်ခေါက်မေးလိုက်သည်။ သူမကတော့
“ချစ်ပါဘူး ဘာလို့ချစ်ရမှာလဲ”
သူမရုပ်ကခပ်ပြုံးပြုံး၇ယ်
“ရတီကလည်းမညာပါနဲ့ကွာ ကိုယ့်ကိုချစ်တယ်လို့ပြောလိုက်စမ်းပါ”
“နင်ပြောခိုင်းတိုင်းပြော၇အောင်ငါကကလေးလား”
သူကသွားပေါ်၇ုံမျှပြုံးလိုက်ပြီးမှ
“ရတီရာ ကိုယ့်ကိုညာမနေပါနဲ့ ရတီကိုယ့်ကိုချစ်တယ်ဆိုတာသိပါတယ်”
“ဘယ်သူကပြောလဲ ချစ်ပါဘူး”
“ဟုတ်လို့လားရတီရယ် ဒါမျိုးကနှလုံးသားနဲ့ ခံစားရတာပါ ကိုယ့်နှလုံးသားကပြောနေတယ်
ရတီကိုယ့်ကိုချစ်တယ်တဲ့”
“သိဘူးသွား လူလည်ကိုလုပ်တယ်”
သူမရှေ့ကနေထွက်ပြေးသွားတာကိုသူကအလိုက်တသိပင်နောက်ကနေပြေးလိုက်သွားသည်။
☻☻☻☻☻☻☻☻☻
သူနှင့် သူမတို့ရဲ့ အချစ်ခရီးဟာသိပ်မဝေးတော့သလို သူတို့နှစ်ယောက်နီးစပ်ဖို့လည်း သိပ်မလိုတော့ပါဘူး သူ့ရဲ့ ရဲတင်းမှုတွေက သူတို့နှစ်ယောက်ကိုနီးစပ်စေခဲ့လေပြီ။ ချစ်ခြင်းမှာ ကြောက်ရွံ
တယ်ဆိုတာက ဝေးကွာအောင်ဖန်တီးတတ်တဲ့မိုင်တိုင်တစ်မျိုးပါပဲ။
ဒီနေ့လည်း သူလိုက်နေဆဲပါပဲ သူမနောက်ကို သူပျက်ရက်မရှိလိုက်ပိုးနေခဲ့တာပါ။
သူဘောင်းဘီအရှည်အဖြူတစ်ထည် နှင့် အကျီင်္အဖြူတစ်ထည်ကိုစမတ်ကျကျဝတ်လိုက်သည်။ သူပုံစံက နဂိုကတည်းကစမတ်ကျပြီးသားမို့သိပ်မပြင်လိုက်ရပါ။
သူမက သစ်ပင်ကြီးအောက်ကအုတ်ခုံလေးမှာထိုင်လိုက်သည်။ သူကသူမဘေးမှာထိုင်လိုက်သည်။ပြီးမှ တစ်ခုခုကိုသတိရပြီး သူမရှေ့မှာဒူးထောက်ထိုင်လိုက်သည်။
“ဘာလုပ်တာလဲ”
သူမကမသိသလိုမေးလိုက်သည်။ သူကတော့
“ရည်းစားစကားပြောမလို့လေ”...တဲ့။ တဲ့တိုးလာသောစကားကြောင့် သူမရင်တစ်ခုလုံးကျက်သီးတွေထသွားသည်။ နောက်ပြီးသူ့ဆီကဒီလောက်ကြီးလည်းမျှော်လင့်မထား ။
အချိန်တန်လျှင်သူလက်လျော့သွားလိမ့်မည်ဟူသောစိတ်ဖြင့် အေးဆေးပင်နေခဲ့သည်။
“ရတီ ကိုယ်လေ ရတီ့ကိုသိပ်ချစ်တယ် ရတီကိုယ့်အချစ်ကိုလက်ခံနိုင်မလားဟင်”
သူမဝေခွဲမရပါ။ သူမ ဝေခွဲမရခင်မှာပင်...
“ရတီဘာလုပ်နေတာလဲ”
အသံကသူ့ဆီကမဟုတ်ပါ။ တစ်ခြားဆီမှ ထိုအသံတွင် သြဇာသံပါလွန်းလှတာကိုသူသတိထား
မိသည်။ ရတီဆီကကြားလိုက်ရတာကတော့
“မောင်”တဲ့။
သူ့ရင်တစ်ခုလုံးပူထူသွားသည်။ ဘာမဟုတ်တဲ့လေသံကြောင့် သူမပါးစပ်ကလွတ်ထွက်လာတဲ့စကားကမောင်တဲ့လား။ ဒီကောင်ကဘာလဲ သူမရီးစားလား။
အိုမသိတော့ဘူး ဘာပဲဖြစ်ဖြစ် အချစ်နဲ့စစ်မှာမတရားတာမှမရှိတာ။
“ရတီမင်းဘာလုပ်နေတာလဲ ငါ့ကွယ်၇ာမှာဒီလိုပဲလား”
သူ့စွဲချက်ကပြင်းလိုက်တာ။
“မဟုတ်ဘူး”
သူမကခေါင်းလေးကိုတွင်တွင်ခါအောင်ရမ်းရင်းပြောနေသည်။ သူကတော့ နားမထောင် သူမကို နာကြည်းစွာ စကားတွေတတွတ်တွတ်ပြောနေသည်။
“ရတီရာ မင်းငါ့ကိုမညာချင်စမ်းပါနဲ့ ဒီလောက်မျက်စိနဲ့တပ်အပ်မြင်တာကိုမင်းက ညာချင်သေးလို့လား”
“မဟုတ်ဘူးမောင်...ဘာလို့ရတီ့ကိုအထင်လွဲနေရတာလဲ...ရတီကိုနားလည်မပေးနိုင်ဘူးလား”
“ဒီလိုအခြေအနေမှာငါကဘာကိုနားလည်ပေးရမှာလဲ”
“မောင်ဘာလို့ရတီ့ကိုအထင်လွဲနေတာလဲ”
သူတို့နှစ်ဦးသည် စကားပြောနေကြသော်လည်း နီးကပ်ခြင်းမရှိ။ တစ်ဦးနှင့် တစ်ဦး ခြေဆယ်လှမ်း
အကွာလောက်မှပြောနေကြသည်။ ကောင်လေးဘက်က မျက်နှာထားတင်းမာနေသော်လည်း ရတီကတော့
ဆီးကျလာသောမျက်ရည်များကိုပင် မသုတ်နိုင်ပေ။
သူ ကြည့်နေရင်းမှသူမကိုသနားလာမိသလို ရတီကမောင်လို့ခေါ်နေသည် ကောင်ကိုလည်း စိတ်ထဲကမုန်း်တိးမိနေသည်။ မုန်းတီးမိသည်ဆိုတာထက် မနာလို ခြင်းဆိုလျှင်ပိုမှန်ချေမည်။
သူတစ်ယောက်တည်းရတီ့ရဲ့ အချစ်တွေပိုင်ဆိုင်ထားရသည့်အဖြစ်ကိုသူမကျေနပ်။ သူကဘာမို့လို့လဲ။ သသူကဘာသားနဲ့ထုထားတာမို့ ရတီ့ပေါ်မှာဒီလောက်ထိ စိုးမိုးနိုင်ရတာလဲ။
ရတီ့၇ဲ့အချစ်တွေကို မောင့်မူပိုင်ရှင် ပိုင်ဆိုင်းထားတဲ့ သူ့ကို သူအားကျမိသလို မနားလိုခြင်းနှင့် အတူမသိစိတ်ကမုန်းတီးမိပါသည်။ ဘာကြောင့်မုန်းတီးရတာလဲဆိုတာကိုတော့ သူကိုယ်တိုင်ပင်မသိ မိတာကိုဝန်ခံလိုက်မိသည်။
“ရတီ့ကိုမောင်လုံးဝနားလည်မပေးနိုင်တော့ဘူးလား”
သူမနောက်ဆိုတော့ တောင်းဆိုသလိုနှင့်ခပ်ပြတ်ပြတ်သာမေးလိုက်သည်။ သူစိတ်တိုသွားသည်
ထင်ပါရဲ့။ ထိုအချိန်တွင် ပြောကြသောစကားတို့သည် စဉ်းစားပြီးမှထွက်လာသောစကားများဟုတ်လိမ့်မည်
မဟုတ်ချေ။
“ဘာလဲရတီ မင်းကငါ့ကိုလှည်းကြိုးဆွဲခိုင်းမလို့လား”
ဘေးမှအသာတစ်ကြည်ရပ်ကြည့်နေသော သူစိတ်တိုလာသည်။ ထို့ကြောင့် သူ့ကိုဆွဲထိုးလိုက်သည်။ သူ့လက်သီးကြောင့် သူ့နှုတ်ခမ်းထောင့်တစ်နေရာမှ သွေးစလေးထွက်လာသည်။
ဆက်ထိုးဖို့ပြင်လိုက်သော်လည်း ရတီက
“မလုပ်ပါနဲ့”
ဟုတားနေသဖြင့်သူ့လက်သီးလေး အားပျော့ကာ ရပ်တန့်လိုက်လေသည်။ သူကတော့ သွေးစလေးကိုသုတ်ရင်း
“ရတီမင်းကအခုအာိးကုရှိသွားပြီပေါ့လေ ၇တီမင်းမှတ်ထားပါ နောက်နောင် မင်းအတွက်ငါ့ရင်ခွင်
မှာလစ်လပ်နေရာဆိုတာမရှိတော့ဘူး”
ထိုသို့ပြောပြီးနောက် နောက်ပြန်မလှည့်ဘဲ တစ်ရှိန်ထိုးထိုနေရာမှထွက်သွားခဲ့သည်။ သူမကသူ့နောက်ကနေလိုက်တားသေးသည်။ သို့သော် သူကဂရုမစိုက်။
သူလည်းသူမနောက်ကိုအမှီပြေးလိုက်သွားသည် ။ပြီးနောက်သူမပုခုံးကိုကျစ်ကျစ်ပါအောင် ဆုပ်
ကိုင်၇င်း
“ရတီဒီကောင်ဘာကောင်မို့လဲ ငါလည်းသူ့ထက်ပိုချစ်နိုင်ပါတယ် မင်းကိုသူ့ထက်ပျော်အောင်ထားနိုင်ပါတယ်”
ဟုပြောသော်လည်း သူမကတော့...
“မတူဘူး”
ဟုဆိုကာသူမတစ်ရှိန်ထိုးထွက်သွားသည်။ သူနောက်ကလိုက်ပေမယ့်ုအလာကောင်းပေမယ့်
အခါနှေင်းသွားချေပြီ။
ဆက်ရန်ရှိသေးသည်......
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook: Minn Nyhoe Shinminnnyhoeshin@gmail.com
0 comments:
Post a Comment