ဒီချိန်ထိသူစိုးရိန်နေသည်တစ်ခုမှာ ရတီသူ့ကိုမုန်းသွားမှာပင်ဖြစ်သည်။ ရတီမုန်းသွားမှာကို တော့ သူသိပ်ေ
ကြောက်သည်။ မနေ့ကဖြစ်ခဲ့တဲ့ပြသနာအတွက် သူ့ကိုရတီမုန်းသွားမှာကိုသူမလိုလားပါ။ ထိုပြသနာအတွက်
ရတီ့ကိုလည်းသူအစာမကျေပါ။
ဘာလို့သူ့ကိုဒီလောက်ထိပစ်ပယ်နိုင်ရတာလဲ။ ကိုယ်ကို မချစ်တဲ့လူတစ်ယောက်ကို ဘာကြောင့် တွယ်တာနေသေးတာလဲ။ သူရတီ့ကို မေးလိုက်ချင်သည်။ တကယ်တမ်းသူလည်း ထိုမေးခွန်းအတွက် ဖြေစရာ
မရှိပါ။ ကိုယ်ချစ်တဲ့သူအတွက် ဘာမဆိုပေးဆပ်ချင်ကြတာကြည့်ပဲလေ။
ရတီသူ့ကိုစိတ်ဆိုးနေမှာတော့သေချာသည်။ ဒါပေမယ့်လည်းသူမတတ်နိုင်ပါ။ သူပေးသမျှအပစ်ဒဏ်ကို ခံရုံသာရှိသည်။
ဒီချိန်လောက်ဆို၇တီဘယ်နားမှာရှိမယ်ဆိုတာကို သူသိသည်။ မြို့အထွက်က ကြာကန်ရဲ့ဘောင်လေးပေါ်မှာရှိမည်။ သူမစိတ်ညစ်တိုင်းသွားတတ်သည့်နေရာဖြစ်သည်။
ထိုနေရာသို့သူထွက်လာခဲ့သည်။ သူမရှိနေမည်ဟူသောယုံကြည်ချက်ကသူ့ထံတွင်ပြင်းထန်နေသည်။ သူမမရှိချိန်တို့သည် သူ့ဘ၀တွင်ခန်းခြောက်လွန်းသည်ဟုခံစားရသည်။ သူမမရှိဘဲနေ၇မည်ထက်စာလျှင်
သူမသူ့ကို မုန်းနေတဲ့အချိန်လေးတွေကိုသာသတိရမိသည်။
သူကြာကန်သို့ရောက်သည်နှင့် ကြားလိုက်ရသည်က...
“ရတီကိုယ်တောင်းပန်ပါတယ်”
သူသိပါသည်။ ထိုအသံက မနေ့ကကောင်ရဲ့အသံ။ မနေ့က ရတီမောင်လို့ခေါ်နေသောဘယ်ကမှန်းမ
သိတဲ့အကောင်ရဲ့ အသံ။
“မောင်ကဘာကိုတောင်းပန်တာလဲ”
“မနေ့ကအတွက်ပါ မနေ့က ရတီနဲ့ အဲကောင်အတူတူရှိနေလို့ကိုယ်ပြောလိုက်မိတာပါ တကယ်တော့
ကိုယ်သိပ်ချစ်ရတဲ့သူကရတီပါကွာ အဲနေ့ကသိလိုက်ရတယ် ကိုယ့်ဘ၀ကရတီမရှိရင်မနေတတ်ဘူးဆိုတာ
ကိုလေ”
“ရတီလည်းအဲဒိနေ့ကပဲသိလိုက်ရတယ်”
“ဘာကိုသိလိုက်တာလဲဟင်”
“ရတီ့ရဲ့ဘ၀ကလည်းမောင်မရှိဘဲနေလို့၇သွားပြီဆိုတာကိုလေ”
တစ်ဖက်မှ အားပျော့ပျော့လေသံနှင့်
“ရတီရာ ကိုယ့်ကိုအဲလိုတော့မစိမ်းကားပါနဲ့”
“ရတီစိမ်းကားတာမဟုတ်ဘူးမောင် အဲဒိနေ့က ရတီစဉ်းစားပြီးသွားပြီ မောင်ရတီ့ကိုခဏခဏအထင် လွဲတယ် ချစ်သူတွေလိုပြောနေပေမယ့် ဒီလိုကြီးအထင်လွဲနေရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူးဆိုတာကို
ရတီသိနေတယ်မောင်”
“အဲအချိန်က ဖြစ်ပျက်ခဲ့သမျှကို ကိုယ်တောင်းပန်ပါတယ် အခု ရတီ့ကိုကိုယ်ယုံတယ် ရတီကိုယ့်ကို ချစ်သေးတယ်မလား ကိုယ်သိပါတယ် ရတီကိုယ့်ကို လွယ်လွယ်မေ့ရမှာမဟုတ်ဘူး”
“မှားသွားပြိမောင် မောင်ထင်တာသိပ်မှားသွားပြီ ရတီလည်းအစတုန်းကတွေးခဲ့ပါတယ် မောင်မရှိဘဲ
ရတီဘ၀ကိုတည်ဆောက်လို့မရဘူးလို့ထင်ခဲ့တယ် ဒါပေမယ့် အဲဒိအတွေးကမှားယွင်းနေတယ်ဆိုတာကို မနေ့
ကမှသိလိုက်ရတယ်”
“ရတီကိုယ့်ကို လုံးဝကိုခွင့်လွှတ်လို့မရတော့ဘူးလား”
“မောင့်ကိုရတီခွင့်လွှတ်ပြီးသားပါ အရင်လိုဖြူစင်မှုကိုပဲပြန်လိုချင်တော့တယ်”
“ရတီကိုယ့်ကိုဘာကြောင့်စိမ်းကားနေတာလဲဟင် ”
“ဒီမေးခွန်းကို ရတီကိုယ်တိုင်လည်းကိုယ့်ကိုယ်ကိုမေးမိပါတယ်”
သူ့ဘက်က တောင်းဆိုမှုတွေများလာပေမယ့် သူမကလျစ်လျူရှုပြီး သွေးအေးစွာခံပြောနေသည်။
“ဘာလို့လဲ ဟိုကောင့်ကြောင့်လား ဟိုကောင်ရောက်လာလို့ ကိုယ့်ကိုမုန်းသွားတာလား”
“မဟုတ်ဘူး ရတီမောင့်ကိုဘယ်တုန်းကမှမမုန်းဖူးဘူး”
“ရတီနှလုံးသားက သူ့ကိုလက်ခံလိုက်ပြီလား”
“ရတီမပြောတတ်ဘူး”
“ရတီ...”
သူ သိလိုတာကြောင့် ကန်ဘောင်ပေါ်ကိုတက်လာခဲ့သည်။ သူ့မျက်လိုက်ရသောမြင်ကွင်းအစုံကြောင့်
သူတို့နားမရောက်ခင်မှာပဲ သူ့ခြေလှမ်းတို့တုံ့ဆိုင်းသွားသည်။
ရတီ့ရဲ့ ချစ်လှစွာသောချစ်သူ က သူ့ရှေ့တွင် ဒူးထောက်ရက်သား။ သူရဲ့ ပြင်းထန်တဲ့တောင်းပန်မှုတွေ
က သူမရဲ့စိတ်ကိုတိမ်းညွတ်စေမည်ကို သူသိသည်။ သို့သော် သူရှေ့ဆက်မတိုးဘဲ ထိုနေရာတွင် သာ အခြေအနေကိုဆက်ကြည့်နေသည်။
“ရတီရယ် ကိုယ်ရတီိ့ကိုတောင်းပန်ပါတယ် ကိုယ်တို့အရင်ကလိုနေကြမယ်လေ ကိုယ်တို့ တစ်ကပြန်စလို့မရတော့ဘူးလား ကိုယ့်ကိုရတီကြိုက်တဲ့အပြစ်ပေးပါ ကိုယ်ခံပါ့မယ် ကိုယ့်ကိုရတီမမုန်းလိုက်ပါ
နဲ့နော်”
သူမဘာမှမပြောနိုင်ဘဲတိတ်ဆိတ်ကာနေနေသည်။ သူမပြောစရာစကားတွေလည်း ရှာမရပါ။ သူမ ဘာဆက် လုပ်ရမလဲ။ ရှေ့မှာက သူမရဲ့ချစ်သူဟောင်း နောက်မှာက သူမရဲ့ ချစ်သူလောင်း ကြားထဲမှာက သူမ။
သူမ ဘာဆက်လုပ်ရမှာလဲ။ သူမမသိပါ။
သူလည်းရှေ့ကိုဆက်တိုးချင်ပေမယ့် မတိုးဝံ့ပဲ ထိုနေရာတွင်သာ ငြိမ်သက်စွာရပ်နေသည်။ သူတောင်း
ပန်မှုကို ရတီလက်ခံမလား လက်မခံမလား ဆိုတာကိုသူသိချင်နေသည်။ သူမနှုတ်ဆိတ်နေဆဲ။
“ရတီ ကိုယ့်ကို ခွင့်လွှတ်ပေးပါကွာ ကိုယ်လွန်သွားတာဝန်ခံပါတယ် ကိုယ်ရတီိ့ကိုချစ်တဲ့စိတ်နဲ့ ပြောမိတာပါ ကိုယ့်ကို မကျေနပ်ရင်ကြိုက်တဲ့အပြစ်ပေးပါကွာ ရတီိကုယ့်ကို ရိုက်ချင်ရင် ရိုက်လိုက်ပါကွာ ကိုယ့်ကိုမစိမ်းကားပါနဲ့နော် ရတီ”
သူမဘာမှမဆိုပါ ။ သူတို့နှစ်ယောက်လုံး သူရှိနေတယ်ဆိုတာကိုတော့မသိကြပါ။ သူမဘာမှမဆိုပါ။
သူနားမှရုတ်တရက် ထွက်သွားပြီး ကန်အောက်ကိုဆင်းသွားသည်။ သူမခွင့်မလွှတ်တာလား။
သူ မသိနိုင်ပါ......။
ဆက်ရန်ရှိပါသေးသည်......
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook: Minn Nyhoe Shin
minnnyhoeshin@gmail.com
လူတစ်ယောက်ကိုချစ်မိလာပြီဆိုရင် ... အပိုင်း(၆)
ရေးသားသူ Unknown
အချိန် 1:48 AM
with No comments
Written by : Your Name - Describe about you

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
0 comments:
Post a Comment