ဂွင်းထိုးဂမုံး ပင်ကိုတော့မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအပင်ကကိုရံကြီးဂမုံးနဲ့ခပ်ဆင်ဆင်ပါ။ ကိုရံကြီးဂမုံးက အရွက်ပြန့်တယ် ။ သူ့ထက်ကြီးသည်။ ဂွင်းလုံးဝမထိုးပါ။ အိမ်ဝိုင်းများအပြင်ဘက်မှာ များများစားစားစိုက်ကြသသည်။ ဂွင်းထိုးဂမုံးသည်နေရောင်ကြိုက်သည်။နေပူရာတွင်ထားသင့်သည်။ ပင်စည်ရှသည်။ ပင်စည်သည်အပင်ကြီးသွားသောအခါ ဥသဖွယ်ဖြစ်သွားသည်။ အမြစ်သန်သည်။အပွင့်ပွင့်သည်။ ထိုအပွင့်ပွင့်လျှင်ကြီးပွါးသည်ဟု အယူရှသည်။ အိမ်တွင်တော့တစ်ခါမှ မပွင့်ဖူးပါ။ ဂွင်းထိုးဂမုံးဂွင်းထိုးနေလျှင် ငွေစုမိဆောင်းမိသည်ဟုလည်းဆိုကြသည်။ အိမ်တစ်အိမ်သည်ငွေစုမိဆောင်းမိပါကဂွင်းထိုးဂမုံးများဂွင်းထိုးနေတတ်သည်။ အပင်ငယ်ချိန်တွင်သိမထိုး အပင်ကြီးလျှင်ပိုသိသာသည်။ အိမ်တစ်အိမ်တွင် ငွေများပျံ့ေ၇ာ့နေပါက ထိုဂွင်းထိုးဂမုံးသည် အရွက်များပြန့်နေတတ်ကြောင်းကိုသိရသည်။ အခြားသောအကြောင်းအရာများရှိပါက author.narrator@gmail.com သို့ပေးပို့နိုင်ပါသည်။
ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု (မင်းသိင်္ခ)
ရေးသားသူ Unknown
အချိန် 12:12 AM
with No comments
ကျွန်ုပ်သည် မျက်နှာဖြူအစိုးရ လက်ထက်တွင် အမှု့လိုက်ရာတွင် အလွန်အမင်း
ကျွမ်းကျင်လှသော ဆားပုလင်းနှင်းမောင်နှင့် တွဲဖက်ကာ အမှုပေါင်းများစွာ
လိုက်ခဲ့ဖူးပါသည်။
ထိုမြောက်မြားစွာသော အမှု့များအနက်မှ သူနှင့်ကျွန်ုပ် ပထမဆုံး တွဲဖက်၍ လိုက်ခဲ့ရသော ဂျူးမျက်လှည့် ဆရာသတ်မှု့ကို စာဖတ်သူတို့ အနေနှင့် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်၏ အရည်အသွေးကို စားမြည်းကြည့်နိုင် ရုံမျှ ရေးသားတင်ပြလိုက်ရပါသည်။
ပုလစ်ကို ပုလိပ်၊ ဆာဂျင်ကို ဆာသင်ကြီး ၊ ဆက်မွန်ကို သမ္ဗာန်စာဟူ၍ အင်္ဂလိပ်ဝေါဟာရအား သျှောင်ပေစူးထုံးပေးပြီး မြန်မာရုပ်ဖန်တီး၍ မွေးစားတတ်သော ကျွန်ုပ်တို့၏ မြန်မာလူမျိုးများ ပါးစပ်တွင် ဆားပုလင်းဟု မွေးစားတတ်သဖြင့် ကျွန်ုပ်၏ မိတ်ဆွေကြီး လူဆိုးထိန်း စုံထောက်ကျော်ဖြစ်သော ကိုနှင်းမောင်ခမျာမှာ ထိုခေတ် ပုလိပ်အဖွဲ့နှင့် ထိုခေတ် လူဆိုးလောကတွင် ဆားပုလင်းနှင်းမောင်ဟု ကျော်ကြား ခဲ့ရပါသတော့သည်။
စတင်တွေ့ဆုံခြင်း
ရေနံတွင်းများကြောင့် မျက်နှာဖြူတို့ အရောက်အပေါက် အနေအထိုင်များလှသော ချောက်မြို့ဂါတ်တဲသို့ ကျွန်ုပ်အား ပြောင်းရွေ့ အမှု့ထမ်းစေခဲ့၏။ထိုသို့ ပြောင်းရွှေ့ရသည့်အကြောင်းတွင် ချောက်မြို့ ပါတ်ဝန်းကျင်ရှိ စလေ ဆိတ်ဖြူ ဂွေးချိုစသော ဒေသများ၌ ရာဇ၀တ်မှု့များ တစ်လထက်တစ်လ ပိုမိုဖြစ်ပွားလျှက် ရှိသောကြောင့် ပုလိပ်ဘက်တွင် နာမည်ကောင်း လက်မှတ်များကို မကြာခဏ ဆိုသလို ချီးမြှင့်ခြင်း ခံရသော ကျွန်ုပ်အား အိုင်ပီခေါ် ပုလိပ်အရာရှီ အမြောက်အမြားထဲမှ ခေါင်းခေါက်၍ ရွေးချယ်ပို့လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်နားလည်ခဲ့ပါသည်။
အကယ်၍ ကျွန်ုပ် ရောက်ရှိသွားသည့်တိုင်အောင် ရာဇ၀တ်မှုများမှာ အထက်က မျှော်လင့်သကဲ့သို့ မကျဆင်းပါလျှင် ကျွန်ုပ်၏ ဧည့်ခန်းတွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော ထိုနာမည်ကောင်း လက်မှတ်များကို ကျွန်ုပ်ကိုယ်တိုင် ဖြုတ်ချ၍ လွှင့်ပစ်ရန်မှတစ်ပါး အခြားလုပ်စရာ မရှိတော့ပေ။
“ ဒါ မောင်ရထားတဲ့ ဂုဏ်ထူးဆောင် လက်မှတ်တွေပေါ့ ”
“ ၀န်မင်းကဆိုရင် မောင့်ကို သိပ်အားကိုးရှာတာ ”
ဟု သာလိကာမလေး စကားသင်ထားသည့်အလား လူလာတိုင်းပင် ကြွားလုံးထုပ်တတ်သော ကျွန်ုပ်၏ဇနီး မင်းကတော် ဒေါ်ခင်ခင်ကြီးလည်း တစ်ခါတည်း အားစေးထည့်ပြီးသား ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် ချောက်မြို့ ဂါတ်တဲသို့ ရောက်လျှင်ရောက်ချင်း ရာဇ၀တ်မှု ကျဆင်းရေးအတွက် ကျွန်ုပ်သည် အစွန်းကုန် ဆောင်ရွက်ရပါတော့သည်။အိတ်(ချ)အက်စ်ခေါ် ရာဇ၀င်လူဆိုးများအား မျက်ခြည်မပြတ် စောင့်ကြည့်စေခဲ့ခြင်း ၊ ပတ္တရောင်ခေါ် လှည့်ကင်းများ တိုးချဲ့ခြင်း ၊ ဓားပြမှု့ ဖြစ်ပွားနိုင်သော အိမ်များသို့ သတိပေး စကားပြောခြင်း ၊ အစောင့်ချပေးခြင်းစသည့် ရာဇ၀တ်မှု နောက်မြီးဆွဲ လုပ်ငန်းများကို မိုက်မဲစွာ ပြုလုပ်ခဲ့၏။
ထိုသို့ ဆောင်ရွက်နေသည့် ကြားကပင် ဓားပြမှု ၊ခိုးမှု၊ လုယက်မှု ၊ စသည်များ တစ်နေ့တခြား တိုးပွားလာခဲ့၏။ အဆိုးဆုံးမှာ ကျွန်ုပ်၏ ဂါတ်တဲနှင့် များစွာ မဝေးလွန်းလှသော တမာအိုင်ဆိုသည့် ရပ်ကွက်တွင် လူသတ်မှု ပူပူနွေးနွေးတစ်ခု ဖြစ်ပွားခဲ့၏။
ထိုအမှုနှင့်ပါတ်သက်၍ ဘီအိုစီမျက်နှာဖြူ အရာရှိတစ်ဦးက မြန်မာအမျိုးသား ရဲဝန်ထံသို့ ချောက်မြို့ ပတ်ဝန်းကျင်၌ ရာဇ၀တ်မှုများ ဖြစ်ပွားနေကြောင်း ယခုတစ်ဖန် မြို့လယ်ကောင်၌ လူသတ်မှု ဖြစ်ပွားပြန်ပြီဟု သိရကြောင်း ၎င်းဖြစ်ရပ်များကြောင့် ဘီအိုစီ မျက်နှာဖြူ အရာရှိများအတွက် လုံခြုံရေးကို ရှေးကထက် ပိုမိုဂရုစိုက်ကြောင်း စသည်ဖြင့် တယ်လီဖုန်းနှင့် အမိန့်တော် မှတ်လိုက်ရာ ကျွန်ုပ်၏ ဦးခေါင်းအား စာပို့ရထားကြီး အတိုက်ခံရသည်ထက်ပင် ကျိန်းရပါတော့သည်။
တစ်နာရီအတွင်း အထက်မှ တယ်လီဖုန်းဖြင့် ရှစ်ခါတိတိ ထုချေလွှာ တောင်းနေ၏။ မိန်းမဖျင်းလျှင် ကွိတ်၊ ယောကျားဖျင်းလျှင် ပုလိပ်ဟူသော ထိုခေတ်စကားပုံကို ယခုပင် ကြားနေမိပါသည်။ ရှက်လည်း အလွန်ရှက်၍ စိတ်လည်း အလွန် ညစ်မိ၏။
အညာသား ကိုလူကြွား
ကျွန်ုပ်သည် စိတ်ညစ်၍ အလုပ်အကြောင်း ဘာမျှ မစဉ်းစားတော့ဘဲ “ အကျောက်ဟိုတယ် ” သို့ သွားရောက်ကာ ပျားအုံတံဆိပ် ဘရန်ဒီနှင့် စိတ်ညစ်မှုအပေါင်းကို ဆေးကြော၍ ထွက်ပေါက်ရှာရတော့၏။ အကျောက်ဟိုတယ်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြရပေမည်။ အကျောက်ဟူသော တရုပ်သူဋ္ဌေး တစ်ဦးနှင့် မလှဆိုသည့် ဆိတ်ဖြူသူ မြန်မာအမျိုးသမီး မိန်မချော တစ်ခုလပ်မလေးနှင့် အကြောင်းဆက် ပေါင်းဖက်ကာ ချောက်မြို့ ဈေးအနီးတွင် ဖွင့်လှစ်သော ဟိုတယ်ကြီး ဖြစ်၏။ (၎င်းအကျောက်၏ ဇနီးမလှမှာ ယခုတိုင် ရှိသေး၏။ ယခင်ဟိုတယ်နှင့် မျက်နှာချင်းဆိုင် နေရာ၌ ဒေါ်လှ ထမင်းနှင့် ခေါက်ဆွဲဆိုင်ဟု ဖွင့်လှစ်ထားကြောင်း သိရ၏။ )
ချောက်မြို့တွင် မျက်နှာဖြူအတွက် ကလပ်တစ်ခု ၊ စာရေးများအတွက် ကလပ်တစ်ခုနှင့် အရပ်သားအပြင် လူများအတွက် အကျောက်ဟိုတယ်တစ်ခု စုစုပေါင်း သေရည်ဘုံနန်း သုံးခုရှိခဲ့၏။ လူဆိုးလူမိုက်များ ငွေစ-ပေါလျှင် စားရေးကလပ်နှင့် မျက်နှာဖြူ ကလပ်များသို့ သွားခွင့်မရှိရကား အကျောက် မလှတို့ထံသာလျှင် ဦးတိုက် ရောက်ရှိလာတတ်သည်။
“ ဂွဒ် အီးဗနင်း မစ္စတာ အောင်သင်း ”
တမာချဉ်နှင့် ပုန်းရည်ကြီးနံ့များ များစွာမကင်းသည့် အသံထွက်ဖြင့် ကျွန်ုပ်အမည်ကို ထည့်ခေါ်ကာ နှုတ်ဆက်လာသူအား ဖျက်ခနဲ မော့ကြည့်လိုက်ပြီးနောက် ဖြဲပြထားသော ထိုသု၏ သွားများကို အားနာ လှသဖြင့်သာ အောင်သက်သက်နှင့်.....
“ မိတ်ဆွေ ထိုင်ပါ၊ ကောင်းသော ညနေခင်းပါပဲ ”
ပဋိသန္ဓာရ စကားကို ကျွန်ုပ်လည်း အင်္ဂလိပ်ဘာသာဖြင့် ရေရွတ်လိုက်ရ၏။ ထိုလူကလည်း ကျွန်ုပ်၏ ဖိတ်ခေါ်ချက်ကိုပင် မစောင့်နိုင်ဘဲ ကျွန်ုပ်၏ စားပွဲမှာပင် ၀င်ထိုင်ပြီးနောက် စားပွဲထိုးအား အရက်နှင့် စားသောက်ဖွယ်ရာများကို မှာကြားပါတော့သည်။ ထိုသူ အရက်မှာပုံ ကြည့်ရုံနှင့်ပင် ဟိုတယ်သို့ ညနေတိုင်း မဟုတ်သည့်တိုင်အောင် မကြာခဏ လာလေ့ရှိသူ တစ်ဦးဟု ခန့်မှန်းနိုင်ပါသည်။ သူသည် ရောက်လာသော အရက်နှင့် အမြည်းများကို အားရပါးရ စားသောက်ရင်း အင်္ဂလိပ်စကားကို ခြေတစ်ပေါင်ကျိုး ပြောဆိုပါတော့သည်။ဝါကျတစ်ခုလျှင် အိုင်ဆေးပေါင်း အလုံးနှစ်ဆယ်ထက်မနည်း ပါလေ့ရှိပြီး နားကလောဖွယ်ရာ ကောင်းလောက်အောင် အ, ထစ် အ, ထစ်နှင့် ပြောဆိုနေတော့၏။
မိမိလည်း မသိ၊ များစွာလည်း မယဉ်ကျေး ၊ မိမိ မကျွမ်းကျင်သော ဘာသာစကားကိုလည်း ကျွမ်းကျင်သယောင်ပြု၍ ပြောနေသော ထိုအညာသား ကိုလူကြွား၏ စကားကို ကျွန်ုပ်အနေနှင့် သည်းခံ၍ နားထောင်နေရသည့် အကြောင်းကိုစာဖတ်သူတို့ ရိပ်စားမိပေလိမ့်မည်။
ထိုသူပြောသော ထော့နင်းထော့နင်း အင်္ဂလိပ်စကားကို မှတ်မိသလောက် ချောမောအောင် ပြန်ဆိုရေးပြရမည်ဆိုလျှင်.... “ အိုင်ဆေး ဆားပုလင်းနှင်းမောင်ကို ခင်ဗျား ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်သုံးရမယ် ၊ ဘုရားသခင်တောင်မှ အိုင်ဆေးကို အခုနေမှာ မကယ်နိုင်တော့ဘူး၊ ခွေးမသား ဘီအိုစီမျက်နှာဖြူတွေကလည်း အိုင်ဆေးကို မဆီမဆိုင် ချောက်တွန်းနေကြပြီ မဟုတ်လား”
“ နေစမ်းပါဦး မိတ်ဆွေရ ၊ ခင်ဗျားပြောတဲ့ ဆားပုလင်းနှင်းမောင်ဆိုတာ ဘယ်ကလဲ”
“ အိုင်ဆေး သူ့ကို မသိဘူးလား၊ အိုင်ဆေးတို့ ဂါတ်ကပဲ ”
“ ကျုပ်ရောက်တာ မကြာသေးဘူး ၊ လူအကုန် ဘယ်သိပါ့မလဲ ၊ ကျုပ်သိတာက အခု ဆားပုလင်း စိန်လှပဲရှိတယ်။ ”
“အိုင်ဆေး အသုံးမကျတဲ့ စိန်လှကို ထည့်မပြောစမ်းပါနဲ့ ၊ နှင်းမောင်ကမှ တကယ့်လူတော် ၊ မျက်နှာဖြူတစ်ယောက်ရဲ့ မိန်းမ ၊ ထမင်းချက်နဲ့ လင်ငယ်နေပြီး ထမင်းချက်ကို နောက်ဆုံးနှုတ်ပိတ်လိုက်တဲ့ အမှုမှာ နှင်းမောင်က မျက်နှာဖြူတွေ ခြိမ်းခြောက်နေတဲ့ကြားက အမှုကို ဖွင့်ချလိုက်လို့ သူ့ကိုမျက်မာန်တော် ရှနေကြတာဗျ ”
(မှတ်ချက် ။ ။ ၎င်းအမှုမှာ ရဲမှတ်တမ်းများတွင် မမျှော်လင့်သော တရားခံအဖြစ် ပြထားရပါသည်။ ၎င်းမျက်နှာဖြူ အမျိုးသမီး အပြစ်ကျခံခဲ့ရ၏)
“ သြော်.....ကျုပ်သိပြီ ၊ ခင်ဗျားပြောတာ ခွင့်ယူထားတဲ့ စာသင်ကြီး နှင်းမောင်ဆိုတာ မဟုတ်လား ”
“ အိုင်ဆေး ဟုတ်တယ် ၊ သူခွင့်ယူထားပေမယ့် ဘယ်မှသွားတာမဟုတ်ဘူး ၊ သူ့အိမ်မှာပဲ ရှိတယ်ခင်ဗျ ၊ သူ့ကို သုံးပါမှ မုချအကျိုးရှိမယ် ”
“ ဒီလိုဆို အခုခေါ်လိုင်းလိုက်မယ်လေ”
“ အိုင်ဆေး ခင်ဗျားခေါ်လို့ သူဘယ်လာပါ့မလဲ ”
ကျွန်ုပ်သည် စိတ်ထဲ၌ အောင့်သက်သက်ဖြစ်သွား၏။ ကျွန်ုပ်က အိုင်ပီ ၊ သူက စာသင်မျှဖြစ်သည်။ ရာထူးခြင်း မိုးနဲ့မြေလောက် မကွာခြားသည့်တိုင်အောင် ကျွန်ုပ်၏ ရာထူးသည် နှင်းမောင်၏ ရာထူးနှင့် ဆိုလျှင် မော့၍ကြည့်ရလောက်အောင်တော့ မြင့်မားပေသည်။
“ မိတ်ဆွေ ကျုပ်က သူ့အထက် အရာရှိပဲ ၊ ခေါ်ရင်လာရမှာပေါ့ ”
“ အိုင်ဆေး သူက ခွင့်ယူထားတယ် ဆိုတာလည်း ထည့်ပြီးစဉ်းစားပါဦး ၊ ပြီးတော့ အိုင်ဆေး နှင်းမောင်ကိုအထက်အရာရှိပဲဆိုတဲ့ နည်းနဲ့တော့ မဆက်ဆံစေချင်ဘူး ၊ ဒီလိုဆိုရင် သူ့အကူအညီကို အိုင်ဆေးရမှာ မဟုတ်တော့ဘူး၊ အိုင်ဆေး ခိုင်းတာကိုတော့ သူလုပ်ချင်လုပ်မယ်၊ သူ့မှာ တကယ်ရှိတဲ့ အရည်အချင်းကိုတော့ အိုင်ဆေးကိုပြမှာ မဟုတ်တော့ဘူး၊ ဒါကိုတော့တကယ်ယုံပါ၊ နှင်းမောင်ဟာ စုံထောက်လုပ်ဖို့ ဘုရားသခင်က ဒီကမ္ဘာကို လက်ဆောင်ပေးတဲ့ လူဆိုရင် မမှားဘူး အိုင်ဆေး”
အရက်ဝိုင်းအပြီး၌ ထိုအညာသား ကိုလူကြွားမှာ အရက်ဖိုးကျသင့်သည်များကို ရှင်းပါသည်။
(၎င်းအညာသား မိတ်ဆွေမှာ နောင်တွင် ကျွန်တော်နှင့် ငယ်ပေါင်းကဲ့သို့ ခင်မင်သောအဖြစ်သို့ ရောက်ခဲ့၏။ နယ်ချဲ့ဆန့်ကျင်ရေး ကာလတွင် မြင်းခြံ၌ ကျဆုံးသွားသော ဦးဘထွန်း ဖြစ်ပါသည်။)
ပြီးနောက် သူနှင့်ပင် သူအလွန်ညွှန်းသော ဆားပုလင်းနှင်းမောင်၏ အိမ်သို့ရောက်ခဲ့၏။ ဆားပုလင်းနှင်းမောင်သည် သူ့အိမ်အတွင်းမှ ကလေးများနှင့် ပုဏ္ဏားတိုင် ဝှက်တမ်းကစားနေသည်ကို စိတ်ဝင်စားစွာ ကြည့်နေရာမှ ဦးဘထွန်းအား မြင်လျှင် ပြုံး၍နှုတ်ဆက်ကာ ခရီးဦးကြိုပြုသော်လည်း ဦးဘထွန်းလောက် ကျွန်ုပ်ကိုမူ လှိုက်လှဲဖော်ရွေမှု မပြခဲ့ပါ။သို့ရာတွင် ဆားပုလင်းနှင်းမောင်ကို တွေ့လျှင်တွေ့ချင်း ဦးဘထွန်း ညွှန်းမည်ဆိုကလည်း ညွှန်းလောက်ပါပေသည်ဟု ကျွန်ုပ်စိတ်ထဲတွင် ဖြစ်ပေါ်မိတော့၏။
ယောက်ျားပီသသော အရပ်အမောင်း ၊ နက်မှောင်သောဆံပင်နှင့် လှပသည်ဟု မပြောနိုင်သော်လည်း သံမှုန့်ကလေးများကို ဆွဲ၍ကပ်နိုင်သော သံလိုက်ကျောက်ကဲ့သို့ ဆွဲငင်ဓာတ်ရှိသောသူ ဖြစ်ကြောင်းကိုမူ ဝန်ခံရပေမည်။
စေ့စပ်ပိရိလှသော နှုတ်ခမ်းများကလည်း ပြောသည့်အတိုင်းလုပ်၍ ပြောတတ်သူဖြစ်ကြောင်း သိသာလှ၏။
ဦးဘထွန်း၏ မိတ်ဆွေစေ့စပ်မှုကြောင့် ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့ ရင်းနှီးခဲ့ရပါသည်။ ကျွန်ုပ်ကလည်း ဦးဘထွန်း ကြိုတင်ပြောပြထားသည့်အတိုင်း အထက်လူကြီးအဖြစ်နှင့် မဆက်ဆံဘဲ မိတ်ဆွေရင်းချာကဲ့သို့ ဆက်ဆံလိုက်သည်က တစ်ကြောင်း ၊ ဦးဘထွန်း၏ စကားထဲတွင် “ ဒီမှာ ကိုနှင်းမောင် ၊ ကျုပ်တို့ မြန်မာအိုင်ပီတစ်ယောက်ကို မျက်နှာဖြူတွေက လူညံ့လို့ထင်သွားရင် ခင်ဗျားမှာလည်း တာဝန်သိပ်မ ကင်းလှဘူးဗျာ ” ဟူသော ကိုနှင်းမောင်၏ နှလုံးသားကို တိုက်ရိုက်ထိမှန်နိုင်သော စကားကြောင့် လည်းတစ်ကြောင်း ၊ သူသည် နောက်တစ်နေ့၌ ခွင့်မှအလုပ်ပြန်ဝင်ကြောင်း ဂျူတီရပို့ခေါ် အစီရင်ခံစာ တစ်စောင် ဂါတ်သို့ တင်ခဲ့လေသည်။
ချောက်မြို့ တမာအိုင်ရပ်ရှိ အသတ်ခံရသော ဂျူးလူမျိုးမျက်လှည့်ဆရာ ဇီရွန်၏ အိမ်သို့ ကိုနှင်းမောင်နှင့် ကျွန်ုပ် ရောက်ကြတော့၏။ အလောင်းတော့မရှိတော့ပြီ ။ ကျွန်ုပ်တို့ နှစ်ယောက်အား ဂါတ်မှ ပုလိပ်ကလေး တစ်ယောက်က ခြံဝမှ ဆီးကြိုဆလံပေးရင်း.......
“ ဆရာနှင်းမောင် ”
ဟု ဝမ်းသာအားရ နှုတ်ဆက်သည်ကိုကြည့်၍ ကိုနှင်းမောင်သည် အထက်လူကြီးက ရွံ့သလောက် အောက်လက်ငယ်သားများက ချစ်ခင်လေးစားလှကြောင်းကို ကျွန်ုပ် ရိပ်စားမိခဲ့၏။
“ ဆရာ ၊ ဆရာဦးလှစိန်တို့ အခုပဲ လာကြည့်သွားကြပြီးပြီ၊ သက်သေခံ ပစ္စည်းတွေလည်း ယူသွားကြတယ် ”
“ ကိုနှင်းမောင် ၊ ဒီလိုဆိုရင် စိန်လှတို့ဆီ ပြန်လိုက်ကြရအောင် ၊ သူ့ဆီမှာ သဲလွန်စတွေတော်တော်ပါ သွားရော့မယ် ”
“ နေပါစေ အိုင်ပီ ၊ သဲလွန်စဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တူကြတာမှ မဟုတ်ဘဲ၊ သူ့ဆီမှာ ထင်ရှားတဲ့ သဲလွန်စတွေ ပါသွားရင် ကျုပ်တို့က သူသတိလစ်ပြီး ကျန်ခဲ့တဲ့ မထင်ရှားတာတွေကိုရှာပြီး အမှုကို ထင်ရှားအောင် လုပ်ရတာဟာ စိတ်ဝင်စားစရာ ပိုပြီးကောင်းပါတယ်ဗျာ၊ ကလေးတွေ ပုဏ္ဏားတိုင်ဝှက်တမ်း ကစားသလိုပေါ့၊ သူများက မသိအောင်ဝှက်ပြီးလုပ်တဲ့အလုပ်ကို ကိုယ်က ရအောင်ဖော် ရတာလောက် အပျင်းပြေတဲ့ အလုပ်ဘယ်ရှိပါ့မလဲ ၊ လာပါ အိုင်ပီ ၊ အထဲကို ဝင်ကြည့်ရအောင်ပါ ”
ကျွန်ုပ်သည် ကိုနှင်းမောင်ကို များစွာ အံသြမိ၏။ လူသတ်တရားခံ ဖော်ထုတ်ရေးကိစ္စမှာ ကျွန်ုပ်အတွက်သေရေးရှင်ရေးတမျှ အရေးကြီးနေ၏။ ကျွန်ုပ်သည် ထိုကိစ္စအတွက် ယောက်ယက်ခတ် နေသည်။ သူ့ အနေနှင့်မူ သာမန်ဥာဏ်စွမ်းပဟေဠိကလေးတစ်ပုဒ် တွက်ခိုင်း သည်ထက်ပို၍ လေးနက်ပုံမရပေ။ မစ္စတာဇီရွန် လဲကျသေဆုံးခဲ့သည့် နေရာကို ပုလိပ်ကလေးက လာရောက်ပြသဖြင့် ကျွန်ုပ် သိခဲ့ရသော်လည်း ကျန်သည့်ခြေရာလက်ရာ သဲလွန်စများကိုမူ ဘာမျှမရတော့ပေ။ လူဆိုးထိန်း စိန်လှတို့ ရှာဖွေသွားသဖြင့် ရှုပ်ပွ၍ကျန်နေခဲ့သည်။
ကိုနှင်းမောင်ကမူ အခန်းကိုအနည်းငယ် လျှောက်သွားပြီး ဗီရိုထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူကြည့်နေ၏။ သူပြောပြချက်အရ စာအုပ်တော်တော်များများမှာ မျက်လှည့်ပြ နည်းစာအုပ်များ ဖြစ်သည်ဟု သိရ၏။ ထိုအထဲတွင် ကော်ပီစာအုပ်ကတ်ထူတစ်အုပ်ကို ကိုနှင်းမောင်သည် ဆွဲထုတ်၍ ဖတ်ကြည့်ပြီးနောက် ပြုံးရွှင်စွာနှင့် ကျွန်ုပ်လက်ထဲသို့ ထည့်လိုက်သဖြင့် ဖွင့်ကြည့်ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ရာဇဝင်မှတ်စု တစ်ခုဖြစ်ပြီး စာအုပ်ကြားထဲမှ အင်္ကျီဒိုဘီပေးထားသည့် လက်မှတ်တစ်စောင် တွေ့ရ၏။
ကျွန်ုပ်အဖို့ ထိုစာအုပ်နှင့် အင်္ကျီဒိုဘီလက်မှတ်သည် တရားခံဖမ်းဆီးရေးအတွက် လုံးဝ အသုံးဝင်လိမ့် မည်ဟု မယူဆခဲ့ပေ။ ကိုနှင်းမောင်သည် နံရံ၌ချိတ်ဆွဲထားသော ပြက္ခဒိန်အား ဖြုတ်ယူကာ သေသေချာချာ ကြည့်ပြီးနောက် ကျွန်ုပ်အားပေးလိုက်၏။ တစ်ဖန်အဖုံးပွင့်နေသော သံသေတ္တာတစ်လုံးအားဖွင့်ကာ အထဲမှ ရှပ်အင်္ကျီတစ်ထည်ကို ထုတ်ယူ၍.......
“ ကဲ...အိုင်ပီ ၊ ပြန်ကြရအောင် ” ဟုဆိုကာ ကျွန်ုပ်ရှေ့မှ အရင်ဆင်းသွားတော့၏။
“ အိုင်ပီ လက်ဖက်ရည် ကြိုက်သလား ”
“ ကြိုက်လှတယ်တော့ မဟုတ်ပါဘူး ၊ နေ့စဉ်တော့ သောက်ပါပဲ ”
“ ကျုပ်ကတော့ လက်ဖက်ရည် ကြိုက်တယ် ၊ လက်ဖက်ရည်တောင် ကာကာကုလားဆိုင်ကဆိုရင် ပိုပြီးကြိုက်တယ်၊ တောင်ရပ်စာရေးတန်းထိပ်က ကာကာဆိုင်မှာ လက်ဖက်ရည်သောက်ရအောင် ”
ကာကာဆိုင်သို့ ရောက်လျှင် ကိုနှင်းမောင်ကပင် ကုလားလိုပြော၍ လက်ဖက်ရည်မှာပြီး ကျွန်ုပ်ထံမှ ပြက္ခဒိန်ကို တောင်းယူကာတစ်ရွက်ချင်း လှန်ကြည့်ပြီးနောက် တချို့နေရာများမှ အမှတ်အသားများကို စာရွက်လွတ် ပေါ်တွင် ခဲတံနှင့် သေသေချာချာ ရေးကူးနေလေ၏။
“ အိုင်ပီ ဒါကလေး သိလား ”
ပြက္ခဒိန်တွင် အချို့နေရာများ၌ မီးခြစ်ဆံကဲ့သို့ အလျားလိုက်အချောင်းကလေးများ အသီးသီးရေးထားသည့် သင်္ကေတ အမှတ်အသားများကို ကျွန်ုပ်အား ပြသပေး၏။
“ မသိပါဘူး ကိုနှင်းမောင် ၊ ဘာလဲဗျ ”
“ ဒေါ့ဒက်လို့ခေါ်တဲ့ ကြေးနန်း(မော့) သင်္ကေတလေ”
ကိုနှင်းမောင်သည် အသင့်ပါလာသော စာရွက်အလွတ်ပေါ်တွင် စာတစ်ကြောင်း ၊ နှစ်ကြောင်းလောက် ရေးခြစ်၍ အမှတ်အသားလေးများပါ ကူးကာရေးထည့်ပြီးလျှင် စာအိတ်တွင်ထည့်ပြီး ပိတ်လျက် ကာကာ ကုလားကိုပင် ကုလားလိုပြောပြီး ပေးလိုက်၏။ကာကာကလည်း ဆိုင်နောက်ဖေးတွင် နို့ကျိုနေသော ချွတ်ကရား ကလေး တစ်ယောက်ကိုခေါ်ကာ စာအိတ်ကို ကုလားလိုပြော၍ ပေးလိုက်ပြန်၏။
“ ကဲ....အိုင်ပီ လက်ဖက်ရည် သောက်ပါဦး ၊ အေးကုန်မယ် ၊ ကျုပ်တော့လက်ဖက်ရည်သောက်လိုက်ဦးမယ် ၊ အဲဒီစာအုပ်ကို ခဏလေးပေးပါဦး ” ရာဇဝင် မှတ်စုစာအုပ်ကို တောင်းယူကာ အသော့လျှောက်ဖတ်၏။ အချို့နေရာများတွင် ခဲတံနှင့် တားနေ၏။ အချို့ကို စာရွက်အလွတ်တွင်ကူးနေ၏။
စာမျက်နှာ တစ်ရာကျော်မျှရှိသော အင်္ဂလိပ်ဘာသာဖြင့် ရေးမှတ်ထားသော စာအုပ်အား ကိုနှင်းမောင်သည် သူငယ်တန်းဖတ်စာအုပ်ကိုဖတ်သကဲ့သို့ ခပ်လွယ်လွယ် ခပ်သော့သော့ ဖတ်သွားပုံကို ထောက်ခြင်းအားဖြင့် သူ၏ အင်္ဂလိပ်စာ အဆင့်အတန်းများကို ကျွန်ုပ်ခန့်မှန်းမိတော့၏။ တစ်ခု ထူးခြားသည်မှာ ကိုနှင်းမောင်သည် ကျွန်ုပ်အားအိုင်ပီ ဟုခေါ်သဖြင့်သာ အသုံးပြုသည့် အိုင်နှင့်ပီမှ လွဲ၍ ယခုအချိန်ထိ အင်္ဂလိပ်လို တစ်လုံးတစ်ပါဒမျှ မပြောမိခြင်းကို သတိထားမိသည်။
“ အိုင်ပီ ဒီမှာ ရာဇဝင် အထူးအဆန်း တွေ့နေရပြီဗျ “
“ ဘယ်လို တွေ့တာလဲ ကိုနှင်းမောင် ”
“ ငဇင်ကာခေါ် ဖီးလစ်ဒီဗရစ်တို ဆိုတဲ့ ပေါ်တူဂီရဲ့ အထ္ထုပ္ပတ္တိကိုတော့ မှတ်မိဦးမှာပေါ့ ”
“ တောင်ငူဘုရင် နတ်သျှင်နောင်နဲ့အတူ ကွပ်မျက်ခံရတဲ့ လူမဟုတ်လား ”
“ အစစ်ပေါ့ဗျာ ၊ ကျုပ်လည်း လေ့လာခဲ့ဖူးသမျှမှာ ဒီဗရစ်တိုခေါ် ငဇင်ကာဟာ တစ်ယောက်တည်းပဲ ၊ ဒီမှတ်စုအရတော့ မဟာဒီဗရစ်တိုနဲ့ စူဠဒီဗရစ်တိုလို့ ရေးထားပါကလား ၊ ရော့ဗျာ ၊ အိမ်ကျတော့ အပျင်းပြေ ဖတ်ကြည့်ရအောင် ယူသွားပေတော့ ၊ ကျုပ်တော့ ညနေကျမှပဲ လာခဲ့တော့မယ် ”
ကိုနှင်းမောင် ပြန်သွားပြီးနောက် ကျွန်ုပ်လည်း ဂါတ်တဲဝင်းရှိ ကျွန်ုပ်၏ အိမ်ကို ပြန်လာခဲ့ရာ ကျွန်ုပ်အား စောင့်ဆိုင်းနေကြသော ပုလိပ်သားနှစ်ယောက်အား အိမ်၌တွေ့ရပေ၏။
တွေ့လျှင် တွေ့ချင်း စိန်လှက...
“ ဆရာ ဦးအောင်သင်း တရားခံ မိပါတော့မယ် ၊ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းရုံပဲ ရှိပါတော့တယ် ”
“ တရားခံ ဘယ်သူလဲဗျ ”
“ ဒီလိုလေ ဆရာ ၊ ဟောဒီမှာ တရားခံအနီးက ရခဲ့တဲ့ ပုဆိန် ၊ ပုဆိန်ကို သုံးလေ့ရှိတာဆိုရင် မီးသတ်သမားပဲ ၊ အခု ကျွန်တော်တို့ စုံစမ်းကြည့်တော့လည်း သေဆုံးသူ မစ္စတာဇီရွန်ရဲ့ မိတ်ဆွေတစ်ယောက်ရှိတယ် ၊ အခုတော့ သူနဲ့ စိတ်ဆိုးပြီး သူ့ဆီမလာတာ ကြာပြီတဲ့ ၊ အဲဒီလူက မကွေးမီးသတ်က ဂျူးလူမျိုး ဘင်ဂူးဆိုတာ သိရတယ် ၊ အဲဒါ သူပဲဖြစ်ရမယ် ၊ ကျွန်တော်တော့ မကွေးဂါတ်ကို အကြောင်းကြားလိုက်ပြီ ၊ ဟောဒီမှာ လူသတ်သမား အသုံးပြုခဲတဲ့ပုဆိန် ”
လူဆိုးထိန်း စိန်လှနှင့် ပုလိပ်ကလေးများသည် ကျွန်ုပ်အိမ်မှ တိုက်ကျွေးသော ကော်ဖီနှင့် မုန့်များကို စားသောက်ကာထွက်သွားကြ၏။
ထိုနေညနေပိုင်းမှာပင် ကိုနှင်းမောင်ရောက်လာပြီး......
“ အိုင်ပီ တရားခံကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းချင်ရင်တော့ အဝတ်အစားလဲပေတော့၊ ကုန်ကားတစ်စီး အကြုံရှိတယ် ၊ သွားကြရအောင် ”
ထိုအချိန်၌ ကျွန်ုပ်၏ ဇနီးသည် ခင်ခင်ကြီး ထွက်လာကာ ကိုနှင်းမောင်ကို မြင်လျှင် အံ့အားသင့်သလို ဖြစ်ပြီးနောက် အကဲခတ်သလို ကြည့်လိုက်ပြီးလျှင် ကျွန်ုပ်၏ လက်အောက်ငယ်သားတစ်ယောက်ဖြစ်မှန်း ခန့်မှန်းမိသော အချိန်၌ ကျွန်ုပ်အား ကိုနှင်းမောင် မသိစိမ့်သောငှာ အင်္ဂလိပ်ဘာသာဖြင့်....“ ဒါလင် သူက ဘယ်သူလဲ၊ တရားခံဖမ်းဖို့ကိစ္စကို ဒါလင်ကိုယ်တိုင်လိုက်ဖို့ မလိုပါဘူး၊ သူ့ကိုပဲ လွှတ်လိုက်ပေါ့ ” ဟု ပြောဆိုနေသဖြင့် ကျွန်ုပ်မှာ ကိုနှင်းမောင်ကို များစွာအားနာမိပါသည်။ သို့ရာတွင် ကိုနှင်းမောင်သည် ကျွန်ုပ်၏ ဇနီးသည်ပြောသည့် စကားများကို တစ်လုံးမျှ နားမလည်ဟန်နှင့် နေပုံမှာ ချီးမွမ်းလောက်ပါပေသည်။
ကျွန်ုပ်သည် ခင်ခင်ကြီးအား ဆက်၍မပြောရန် မျက်စိမှိတ်ပြပြီးနောက် အဝတ်အစားလဲကာ ကိုနှင်းမောင် ခေါ်ရာသို့ လိုက်ခဲ့ပါသည်။ လမ်းတွင် ကျွန်ုပ်၏ ဇနီးသည်ပြောမှား ဆိုမှားရှိသည်များကို ခွင့်လွှတ်ရန် တောင်းပန်ရာ......
“ ကိစ္စမရှိပါဘူး အိုင်ပီ ” ဟု ပြုံး၍ ပြောလိုက်ပါသည်။ သူ၏ အပြုံးမှာ လေးနက်သော အဓိပ္ပါယ်များ ပါရှိကြောင်းကို ထိုစဉ်ကပင် ကျွန်ုပ်သိရှိခဲ့ရပါသည်။ (၎င်းအကြောင်းအရာနှင့် ပတ်သက်၍ နောက်အလျဉ်း သင့်ပါက ဖော်ပြပါဦးမည်။ )
ကျွန်ုပ်တို့ နှစ်ယောက်သည် ကုန်ကားကြုံနှင့် လိုက်သွားရာ ရန်ကုန်သို့ နောက်တစ်နေ့ (၁၀) နာရီလောက်တွင် ရောက်ပါတော့သည်။ ရန်ကုန်ရောက်လျှင် နိုင်ငံခြားသင်္ဘောဆိပ်ကမ်းသို့ သွားကာ ကိုနှင်းမောင်သည် လူတစ်ယောက် ၊ နှစ်ယောက်ကို တွေ့ဆုံမေးမြန်းပြီး လက်ဆွဲသားရေအိတ်တွင် အသင့်ပါလာသော အဝတ်အစားများကို လဲပါတော့သည်။ ရှပ်အင်္ကျီ ၊ဘောင်းဘီရှည် နှင့် ဝေ့စ်စကုပ်ခေါ် မျောက်အင်္ကျီတို့ဖြစ်၏။
မစ္စတာဇီရွန်အိမ်မှ ရရှိခဲ့သော ဒိုဘီလက်မှတ်ဖြင့် ရွေးယူခဲ့သော အဝတ်အစားများဖြစ်ကြောင်း ကိုနှင်းမောင်ပြောပြ၍ သိရှိရပါသည်။ ပြီးလျှင် သင်္ဘောဆိပ်အနီးရှ ကုလားထမင်းဆိုင် တစ်ဆိုင်သို့ နှစ်ယောက်အတူ သွားရောက်ကာ ချောင်ဘက်ခပ်ကျကျ စားပွဲတွင်ထိုင်၍ ကိုနှင်းမောင်သည် စာရွက်တစ်ရွက်ပေါ်၌ မီးခြစ်ဆံသဏ္ဌာန်အချောင်းကလေးများ ၊ အသီးကလေးများ ရေးခြစ်ကာ စာအိပ်နှင့် ထည့်၍ စာအိတ်ပေါ်တွင် “ မစ္စတာ ဒီဗရစ်တို ” ဟုရေး၍ ငွေငါးကျပ်နှင့်အတူ ကုလားလေးတစ်ယောက်ကို သေသေချာချာ ပြောကြား၍လွှတ်လိုက်၏။
“ အိုင်ပီ ခင်ဗျား သေနတ်တော့ လို့ရမယ်ရ ကိုင်ထားပေတော့ ၊ ဒီကောင်မျိုးတွေက ရက်စက်သလောက် လက်လည်းမြန်တယ်ဗျ ၊ ဒီခုံမှာ အတူမထိုင်နဲ့ ၊ ဟိုဘက်တိုင်အကွယ်က ခုံတစ်ခုံမှာ သွားထိုင်ချေဗျာ ” ကျွန်ုပ်လည်း သူပြောသည့်အတိုင်းလိုက်၍ တိုင်အကွယ်တစ်နေရာတွင် သွားရောက်ထိုင်နေပါသည်။ သူကမူ လက်နှစ်ဖက်စလုံးအား စားပွဲပေါ်တွင် အေးအေးဆေးဆေးထိုင်နေ၏။ တစ်အောင့်မျှအကြာတွင် လွှတ်လိုက်သော ကုလားလေးနှင့် အတူ ပထန်ကုလားကဲ့သို့ အရပ်မြင့်မြင့် လူတစ်ယောက်ဆိုင်ထဲသို့ ဝင်လာပြီး နောက်ကျောခိုင်း၍ ထိုင်နေသော ကိုနှင်းမောင်ထံသို့ တည့်တည့်မတ်မတ် တန်း၍လျှောက်သွား၏။ အနားရောက်လျှင် ကိုနှင်းမောင်က အင်္ဂလိပ်ဘာသာဖြင့်....
“ ဘယ်လိုတုံး စီနီယာ ဒီဗရစ်တို၊ မြန်မာပုလိပ်တွေကို အထင်သေးလှချည်လား ၊ ဒီလို လူသတ်မှု ကျူးလွန်ပြီး လွယ်လွယ်ကူကူ ထွက်သွားလို့ ဘယ်ရမလဲဗျာ ” ပြောပြောဆို မျက်နှာချင်းဆိုင်လိုက်ရာ ထိုသူမှာ အံ့သြခြင်း ၊ ဒေါသဖြစ်ခြင်း ၊ ကြောက်ရွံ့ခြင်း စသော စေတသိတ်များကို သူ၏မျက်နှာတွင် တစ်ခဏအတွင်း ဖော်ပြ၍ ခါးတွင်အသင့်ထိုးထားသော ပုဆိန်ကို လျင်မြန်စွာ ဆွဲထုတ်၍ ကိုနှင်းမောင်အား တအားလွှဲခုတ်လိုက်၏။
သို့ရာတွင် အလွန်တည်ငြိမ်၍ အလွန်လည်း ဖျတ်လတ်သော ကိုနှင်ေးမာင်၏ လက်တွင် ထိုသူသည် ကြက်ကလေး ငှက်ကလေးပမာ မရုန်းနိုင် မကန်နိုင်အောင် မိနေပါတော့သည်။ ထိုအချိန်ကျမှ ကျွန်ုပ်လည်းပြေးထွက်လာပြီး ခြောက်လုံးပြူးဒင် ထိုသူ၏ ဦးခေါင်းကို တအားရိုက်ချပြီး ဖမ်းဆီးခဲ့ရပါတော့သည်။ ပြီးလျှင် ဆိပ်ကမ်း ပုလိပ်ဂါတ်သို့ခေါ်သွားကာ တရားခံ၏ ဖြောင့်ချက်ကိုယူ၍ အမှုဖွင့်ထားပြီးနောက် ကျွန်ုပ်တို့နှစ်ယောက် ချောက်မြို့သို့ ပြန်ခဲ့ကြပါသည်။ နောက်တစ်နေ့ သတင်းစာတွင် ထိုလူဖမ်းပွဲကို စွန့်စားခန်းဆန်ဆန် ရေးသား ဖော်ပြခဲ့ပါသည်။ အထူးသဖြင့် မြန်မာ့အလင်း သတင်းစာက မြန်မာပုလိပ်နှစ်ဦးအား အမျိုးသားစိတ်ဓာတ်ဖြင့် ချီးမွမ်း ရေးသားခဲ့ကြောင်း မှတ်မိပါသည်။
“ ကိုနှင်းမောင် ဒီတရားခံကို သဲလွန်စ ခင်ဗျား ဘယ်လိုလုပ်ရသလဲဗျ ”
“ အိုင်ပီနဲ့ ကျွန်တော် မစ္စတာဇီရွန်အိမ်ကို သွားတုန်းက ရခဲ့တဲ့ ရာဇဝင်မှတ်စုနဲ့တူတဲ့ စာအုပ်ရယ် ၊ ပြက္ခဒိန်ရယ်က ရတာပဲ၊ ရာဇဝင်မှတ်စုအထဲမှာ ကြားညှပ်ပြီး စီနီယာနဲ့ ဂျူနီယာ ဒီဗရစ်တိုရဲ့ အကြောင်းတွေကို ရေးမှတ်ထားတာ တွေ့ရကတည်းက ကျွန်တော့်အနေနဲ့ ဒီမှတ်စုဟာ ရိုးရိုးရာဇဝင် လေ့လာသူရဲ့ မှတ်စုမဟုတ်ဘဲ ရာဇဝင်မှတ်စု ဟန်ဆောင်တဲ့ အခြားလျှို့ဝှက်ကိစ္စမှတ်စုဆိုတာ ရိပ်မိခဲ့ပါတယ်။ တစ်ခါ ပြက္ခဒိန်မှာတွေ့ရတဲ့ သင်္ကေတလေးတွေကို မြင်ပြန်တော့ မစ္စတာဇီရွန်ဟာ တစ်ချိန်က ဆင်ဂနယ် ဆက်သွယ်ရေးအချက်ပြ အလုပ်လုပ်ဖူးခဲ့သူ ဖြစ်ရမယ်လို့ ခန့်မှန်းရပြန်တယ်။
ပြီးတော့ မှတ်စုစာအုပ်ကြားထဲက ရခဲ့တဲ့ ဒိုဘီလက်မှတ်နေ့စွဲကလည်း တစ်လလောက်ကြာနေပြီ။ မရွေးရသေးဘူး၊ ဒီတော့ ဒီလက်မှတ်ဟာ ဇီရွန်ရဲ့ အဝတ်အစား မဖြစ်နိုင်ဘူး၊ ပိုပြီးသေချာအောင် ဇီရွန်ရဲ့ သေတ္တာထဲက အင်္ကျီတစ်ထည်ထုတ်ယူလာပြီး ဒိုဘီဆိုင်က လက်မှတ်ပြပြီးရွေးရတဲ့ အင်္ကျီနဲ့တိုင်းကြည့်တော့ ဆိုင်က အင်္ကျီအဝတ်အစားတွေနဲ့ အဆမတန် ကြီးနေတာကို တွေ့ရတယ်။ တစ်ခါ ပြက္ခဒိန်က သင်္ကေတတွေရေးပြီး ကြေးနန်းရုံးက အော်ပရေတာကို ကာကာဆိုင်က ချွတ်ကရား လေးလွှတ်ပြီးမေးစမ်းကြည့်တော့ ဒီအကြီးနဲ့တွေ့ ၊ ဒီအငယ်ကို ငွေချေ ၊ ဒီအကြီးနဲ့ ပြန်ရောက် ၊ ဒီအငယ် အင်္ကျီများ ကျန်ခဲ့ စတဲ့ အဓိပ္ပါယ်ရကြောင်း ပြန်ရေးလိုက်တယ်လေ။ ”
“ စိတ်ဝင်စားစရာပဲ ကိုနှင်းမောင် ၊ ဆက်စမ်းပါဦး ”
“ ဘာဆက်စရာ ရှိတော့လဲအိုင်ပီ ၊စီနီယာ ဒီဗရစ်တိုက ဖြောင့်ချက်ပေးတဲ့ အတိုင်းပဲပေါ့။ သူနဲ့ မစ္စတာဇီရွန်ဟာ သင်္ဘောသားအတူလုပ်ခဲ့တယ်၊ နောက်တော့ ဇီရွန်ဟာ သင်္ဘောကထွက်ပြီး မျက်လှည့်ဆရာ အဖြစ်နဲ့ နေတယ် ၊ စီနီယာ ဒီဗရစ်တိုရဲ့သား ဂျူနီယာဒီဗရစ်တိုက အခြားသင်္ဘောတစ်စင်း မှာ သင်္ဘောသားလုပ်တယ်၊ သူတို့သားအဖဟာ သင်္ဘောခရီးတစ်လျှောက်မှာကြုံသလို ဓားပြတိုက်လို့ရတဲ့ ပစ္စည်းတွေကို ဇီရွန်က မြန်မာပြည်ကနေ လျှို့ဝှက်ထုခွဲပေးရတယ်။ အခုကိစ္စက ထုခွဲခိုင်းတဲ့ ပစ္စည်းတွေကို မတန်တဆ ဈေးနှိမ်ပြီး အပျောက်ရိုက်တယ်လို့ ဂျူနီယာ ဒီဗရစ်တိုက သူ့အဖေ စီနီယာကိုတိုင်ထားလို့ အဖေလုပ်သူက သူ့သင်္ဘော မြန်မာပြည်ရောက်တုန်း ဇီရွန်ကို လုပ်ကြံသတ်ပစ်လိုက်တာပဲ ” “ ဒါနဲ့ ခင်ဗျား စီနီယာ ဒီဗရစ်တိုကို ဖမ်းခါနီး သင်္ကေတလေးတွေရေးပေးလိုက်တယ် မဟုတ်လား ၊ အဲဒါဘာရေး ပေးလိုက်တာတုံးဗျ ၊ ခင်ဗျား ရေးတတ်လို့လား ”
“ ဒါက လွယ်ပါတယ် ၊ အေ, ကနေ ဇက် အထိ ရေးနည်းကို ကြေးနန်းအော်ပရေတာလေးဆီက မေးလာခဲ့တယ်။ ရေးလိုက်တဲ့ အဓိပ္ပါယ်ကတော့ အရေးကြီးတယ် ၊ ကျွန်တော်ရောက်နေပြီ အဖေ လာတွေ့ပါ ၊ ဂျူနီယာဒီ ပေါ့ဗျာ ”
“ ဒါကြောင့် ဆားပုလင်းနှင်းမောင် ဆိုတဲ့ နာမည်ဟာ ကြီးပေတာကိုး ၊ ချီးမွမ်းထိုက်ပါပေတယ်ဗျာ”
“ ကဲ........ခင်ရေ ကိုနှင်းမောင်ကို ဂုဏ်ပြုညစာကျွေးရအောင် မနက်ဖြန်ညနေချိန်းလိုက်မယ်ကွာ ”
“ နေပါစေ အိုင်ပီ ၊ ကျုပ်အတွက် ဒုက္ခမရှာပါနဲ့ ” ဟု ဆိုကာ ကျွန်ုပ်၏ ဂုဏ်ပြုညစာကို ငြင်းဆန်ခဲ့သဖြင့် ကျွန်ုပ်၏ဇနီး ခင်ခင်ကြီးသည် ညစာ စီမံရေးအတွက် ဒုက္ခမပိုခဲ့သော်လည်း လူဆိုးထိန်း စိန်လှတို့ မှားယွင်းဖမ်းဆီးခဲ့သော အင်္ဂလိပ်စာတတ် မီးသတ်သမားဘင်ဂူးဆိုသူက မကျေနပ်၍ မျက်နှာဖြူများကို စာရေး၍ တိုင်တန်းမည်လုပ်သဖြင့် ကျွန်ုပ်မှာ ချော့ရမော့ရနှင့် များစွာ ဒုက္ခများခဲ့ရသေးသည်။
သို့ရာတွင် မကြာမီ၌ ဇနီးသည် ခင်ခင်ကြီး ကြွားနိုင်ရန်အတွက် ကျွန်ုပ်ဧည့်ခန်းတွင် အမှုထမ်း ကောင်းလက်မှတ်တစ်ခု တိုး၍ ချိတ်ဆွဲခဲ့ရကြောင်းကိုလည်း မေ့ထား၍မရပေ။
ဆရာကြီးမင်းသိင်္ခ၏ စာပေများကို နှစ်သက်ကြသော စွဲလန်းကြသော စာဖတ်ပရိသတ်များအတွက် အဘဆရာကြီး မင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် ၀တ္ထုများကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အားလုံး စိတ်နှလုံးချမ်းမြေ့ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

ဗုဒ္ဓဘာသာ (၅)မျိုး
ရေးသားသူ Unknown
အချိန် 12:02 AM
with No comments
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း
မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု
ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ
မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား
ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်
နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို
ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ
တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ
စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့
လာဘ်လာဘ ပေါများတယ် ဟိုဘုရား
ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ
မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက
စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား
ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။
အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး
ရွေးနေတာတွေ။ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့
နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်
ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့
ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့
ခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့
ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ
ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ
အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာ။
ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်း
စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို ဘုရားက သူတောင်းစား
ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက
လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း
လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး
နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက်
သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား
ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို
သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက်
အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်
တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊
နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့
ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို
ကြိုစားအားထုတ်လိုက်လို့
တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို
အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့
ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့
ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက
ဆောင်ထားတာပါ။ပိဋကသုံးပုံ
ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက
ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ
မိစ္ဆာသဒ္ဒါ။လာဘ်လာဘ
ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ
ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊
ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု
ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ
တရားကိုဆောင်ထားနိုင်လို့ ရတနာ
သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့
သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ
တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့
အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို
ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။
တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့
အသေအချာသိပြီး ယုံတယ်။ထိုသို
သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ
ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိက
ဗုဒ္ဓဘာသာပါ။ဘုရားက
မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်
လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့
သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
လွတ်မြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို
ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက
နှင့် ပညာဓိက ဗုဒ္ဓဘာသာ
ဖြစ်ပါသည်။
သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင်
(နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊
ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified,
prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။
သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက
ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

စာရေးဆရာသာဖြစ်ချင်တယ်
ရေးသားသူ Unknown
အချိန် 11:56 PM
with No comments
(က)
အင်္ဂလန်သို့
ရောက်နေတာ လေးနှစ်ကျော်လာခဲ့ချိန်မှာ ကျွန်မစိတ်တွေ ဇဝေဇဝါဖြစ်စ
ပြုလာပါတယ်။ ဒီလေးနှစ်လုံးလုံး ကျွန်မဘာတွေလုပ်နေခဲ့သလဲဆိုတဲ့ မေးခွန်းကို
ကျွန်မကိုယ်ကျွန်မ အကြိမ်များစွာပင် မရေတွက်နိုင်အောင် မေးနေခဲ့မိပါတယ်။
ဒီလေးနှစ်အတွင်းမှာ သိပ်ချစ်စရာကောင်းတဲ့ အဖိုတန်ရတနာလေးတစ်ပါးနဲ့တူတဲ့
သမီးကလေးတစ်ယောက် ရရှိခဲ့သလို ကျွန်မ အမြတ်နိုးဆုံး စိတ်အချမ်းသာဆုံး
အလုပ်တစ်ခုဖြစ်တဲ့ စာရေးခြင်း အလုပ်ကိုလည်း တစ်နေ့မပြတ်
ရေးနေခွင့်ရခဲ့ပါတယ်။ ကျွန်မရေးသမျှ စာတွေဟာလည်း မြန်မာပြည်မှာ
ပုံမှန်ထွက်ရှိနေပြီး ပရိသတ်ကလည်း ဟိုးအရင်ကအတိုင်းပဲ အားပေးဖတ်ရှုနေဆဲပါ။
အဲဒီလောက် ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကျွန်မဘဝမှာ ကျွန်မ
ဘာဖြစ်ချင်သေးသလဲလို့ ဇဝေဇဝါတွေးမိတာလည်း အခါခါပါပဲ။
ကျွန်မနဲ့
ရွယ်တူတန်းတူ သူငယ်ချင်းတွေကို ကျွန်မ လှမ်းကြည့်မိပါတယ်။ တချို့ကလည်း
အမေရိကားမှာ အသီးသီး ဆရာဝန်တွေလုပ်နေကြပြီး မြန်မာပြည်က ရွယ်တူ
သူငယ်ချင်းတွေဆိုရင်လည်း MSC တွေအောင်ပြီး နောက်ထပ် ဘွဲ့လွန်တွေထပ်ယူဖို့
ကြိုးစားနေကြပါတယ်။ ဒီအင်္ဂလန်မှာလည်း MRCP ရသူတွေ၊ MRCGP ဘွဲ့ တစ်ခုအတွက်
Part 1 တောင် အောင်ခဲ့ပြီးပြီ။ ကျွန်မကတော့ မောင့်ရဲ့ဇနီး နဲ့ သမီးလေးရဲ့
မေမေ အဖြစ် အိမ်မှုကိစ္စတွေနဲ့ မောင့်ရဲ့ပါရမီဖြည့်ဖက် တစ်ယောက်အဖြစ်သာ
ကျေနပ်ရောင့်ရဲပြီး နေသားတကျ နေခဲ့တာ လေးနှစ်ကျော်ခဲ့ပါပြီ။
တစ်ခါ
တစ်ခါ သူငယ်ချင်းတွေစုချိန်းပြီး gathering လုပ်ကြတဲ့အခါမှာ
ကျွန်မရဲ့မေးခွန်းက ကျွန်မကိုစပြီးတော့ နှိပ်စက်ပါရော။ သူတို့တစ်တွေ
အသီးသီးက ဆေးရုံအကြောင်း၊ အလုပ်အကြောင်း၊ ရာထူးအကြောင်း ပြောနေကြချိန်မှာ
ကျွန်မက ဆရာဝန်တစ်ယောက်ဖြစ်လျက်နဲ့ စည်းအပြင် ရောက်နေပြီလား၊ ကျွန်မ
ဘာဖြစ်လို့ ဆရာဝန်မလုပ်သေးတာလဲ၊ ကျွန်မရဲ့ ဘဝက ဘာလဲ၊ ဘယ်လဲ ဆိုတဲ့
မေးခွန်းပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ တစ်ခါတလေ စိတ်ဓာတ်တောင်
ကျချင်သလိုလိုပါ။ ဒီလောက် အခွင့်အရေးလည်း ရနေရက်သားနဲ့ စာမေးပွဲဖြေပြီး
ဆရာဝန်လုပ်ဖို့ ငါ ဘာဖြစ်လို့ မကြိုးစားရတာလဲလို့ ကျွန်မကိုယ်ကျွန်မ
စိတ်တိုင်းမကျစွာ ခံစားရပါတယ်။
ဒီအကြောင်း မောင့်ကို ရင်ဖွင့်မိတော့ မောင်က သူ့ထုံးစံအတိုင်းပဲ ခပ်ပြုံးပြုံးနဲ့။
“ချစ်က
ဆရာဝန်မလုပ်ချင်ဘူးဆို၊ စာရေးဆရာပဲ ဖြစ်ချင်တာဆို၊ ချစ်ရဲ့ဘဝမျိုး၊
ချစ်ရထားတဲ့ အောင်မြင်မှုမျိုးကို ဆရာဝန်တိုင်း တခြားလူတိုင်း
လိုချင်လို့မရပါဘူးချစ်ရယ်၊ ချစ်က ပါရမီရှင်ပဲ ဥစ္စာ၊ ဆရာဝန်အလုပ်က
လူတိုင်းလုပ်လို့ရတယ်၊ စာရေးဆရာအလုပ်က လူတိုင်း လုပ်လို့မရဘူး၊
ဆရာဝန်မလုပ်ပေမယ့် ချစ်မှာ စာရေးတဲ့အလုပ် ရှိနေတာပဲ၊ ဘာအားငယ်စရာလိုသလဲ”
လို့
စိတ်ရှည်နွေးထွေးစွာ ရှင်းပြ အားပေးဖော်ရပါတယ်။ ဟုတ်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း စာပဲရေးနေချင်တာ။ တစ်နေ့တစ်နေ့ စာမရေးရရင်မှ
မနေနိုင်တဲ့ဥစ္စာ။ ဆရာဝန်သာ လုပ်လျှင် ကျွန်မ ဘယ်လိုလုပ်ပြီး စာရေးခွင့်
ရပါတော့မလဲ ဆိုတဲ့အတွေး ဝင်လာပြန်တော့လည်း ကျွန်မ အနည်းငယ် စိတ်သက်သာရာ
ရသွားပြန်ပါတယ်။ ဆရာဝန်မလုပ်လို့ ကျွန်မ သေမသွားနိုင်ပါဘူး။ စာမရေးရရင်သာ
ကျွန်မ သေချင်သေသွားနိုင်တာ။ အင်း ဒါပေမယ့် အဲဒီ စိတ်သက်သာရာ ရမှုကလည်း
ခဏပါပဲလေ။
(ခ)
တကယ်တော့
ဆရာဝန်အလုပ်က စိတ်ရောလူပါ သိပ်ပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ တစ်နေ့တစ်နေ့
မောင်ပင်ပန်းသမျှကို မြန်နေရရုံနဲ့တင် ကျွန်မပါ အလိုလို ပင်ပန်းနေမိတာပါ။
သူငယ်ချင်းတွေဆုံတိုင်း သူတို့လည်း ညည်းကြပါတယ်။ သူတို့ကတော့
အပြုံးကလေးတွေနဲ့
“ထားရဲ့ဘဝကို
တကယ်အားကျတယ်ဟေ့၊ ဖြစ်နိုင်ရင် ငါတို့လည်း အလုပ်မလုပ်ချင်ပါဘူးဟယ်၊ ထားလို
စာမရေးတတ်လို့သာ အလုပ် လုပ်စရာမလိုရင် လုပ်မနေနဲ့ ပင်ပန်းတယ်”
လို့
ပြောကြပေမယ့် ကျွန်မကကျတော့ သူတို့ရဲ့ ဘဝကလေးတွေကို ပြန်ပြီး
အားကျနေမိပြန်ပါရော။ ဆရာဝန်ဖြစ်ပြီး ဆရာဝန် မလုပ်ဘဲနေတာကို
အပြစ်ရှိသူတစ်ယောက်လို ခံစားလာရပါတယ်။ အနည်းဆုံးတော့ ကျွန်မစိတ်ဝင်စားတဲ့
စိတ်ရောဂါအထူးကုဆရာဝန်တော့ လုပ်သင့်နေပြီလို့ စဉ်းစားမိတိုင်း မောင်က...
“ချစ်ရယ်
မိသားစု ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပြီဆိုရင် ဒီမိသားစုဟာ အတူတူနေနိုင်မှ
ကောင်းတာလေ၊ ချစ်အလုပ်လုပ်ရင် သမီးလေးကို ခုလို ကိုယ်တိုင် စိတ်တိုင်းကျ
ပြုစုစောင့်ရှောက်ခွင့် ဘယ်ရနိုင်မလဲ၊ ကောင်းတဲ့ဘက်က လှည့်တွေးကြည့်ပါ၊
အခုဆိုရင် ချစ် အလုပ်မလုပ်တော့ သမီးလေးက ဘယ်လောက်ကံကောင်းသလဲ၊
မိဘရဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုတစိုက် ပုံသွင်းပြုစုမှုကို အပြည့်အဝရထားတော့
သမီးရဲ့ပုံစံက ငယ်ငယ်ကလေးနဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေတာလေ။ ဒါ
ချစ်ရတဲ့ ဆုလာဘ်တစ်ခုပေါ့”
လို့ နှစ်သိမ့်ဖျောင်းဖျပြီး ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရမှုကို ဖြေဖျောက်ပေးတတ်ပါတယ်။
တကယ်လို့
ကျွန်မ အလုပ်လုပ်မယ် ဆိုရင် သမီးလေးကို Nursery အစောကြီး ပို့ရတော့မှာလေ။
ပြီးတော့ လင်မယားနှစ်ယောက်ဟာ တစ်နေရာ တစ်မြို့တည်းမှာ အလုပ်ရဖို့ဆိုတာ
မလွယ်ပြန်တဲ့အခါ မယ်တစ်ရွာ မောင်တစ်မြို့ ခွဲနေရမယ့်ကိန်းကို တွေးမြင်ယောင်
ကြည့်မိပြန်တော့လည်း ကျွန်မ လုံးဝခွဲမနေနိုင်ပြန်ပါဘူး။
အဲဒီခံစားချက်နဲ့ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်ပြောပြဖူးပါတယ်။
“ထားရယ်
စိတ်ကူးမလွဲနဲ့ဟေ့၊ နှစ်ယောက်စလုံးအလုပ်လုပ်တယ်ဆိုတာ တခြားလူကြည့်တော့သာ
အထင်ကြီးဖို့ကောင်းတာ၊ တကယ့်လက်တွေ့မှာ စဉ်းစားကြည့် သူတစ်မြို့
ကိုယ်တစ်မြို့နဲ့ ခွဲနေရတော့ အိမ်က နှစ်အိမ် ငှားနေရတယ်၊ အဲဒီတော့
အိမ်ငှားခ၊ ရေဖိုး၊ မီတာဖိုး၊ ဖုန်းဖိုး၊ ဓာတ်ငွေ့ဖိုး အစစအရာရာ
နှစ်ဆကုန်ရတယ်။ ပြီးတော့ လင်မယားနှစ်ယောက် တစ်ပတ်တစ်ခါတွေ့ရဖို့ အရေး
သောကြာနေ့ညဆို ယောက်ျားလုပ်သူက တောင်နဲ့မြောက် ခရီးအဝေးကြီးကို
ကားနဲ့အဝေးကြီးမောင်းလာရတယ်၊ စနေနေ့တစ်နေ့ အတူနေပြီးရင် တနင်္ဂနွေဆို
ပြန်ရပြန်ရော၊ မသက်သာလိုက်တာ ထားရယ်၊ နှစ်ယောက်စာ လခရပေမယ့် ကုန်ကျစားရိတ်
နှစ်ဆကို နှုတ်လိုက်တော့ ဘာမှမထူးဘူးဟေ့။ တစ်ယောက်တည်း အလုပ်လုပ်သလောက်ပဲ
ကျန်တယ်။ အပိုဆုက စိတ်ဆင်းရဲရတာပဲ၊ နှစ်ယောက်ခွဲနေရတော့ ဘယ်လိုလုပ်ပြီး
စိတ်ချမ်းသာနိုင်မလဲဟယ်။ လွမ်းရတာနဲ့ သူ့ ကိုယ် စိတ်မချ၊ ကိုယ့် သူ စိတ်မချ
နဲ့ မဟန်ပါဘူး ထားရယ်၊ ရှင် စိတ်ကူးလွဲမနေနဲ့။ အလုပ်လုပ်ချင်မနေနဲ့၊
စိတ်ပင်ပန်း လူပင်ပန်းနဲ့ ရှင့်လိုလည်း စာမရေးတတ်တော့ ခက်သားပဲ”
လို့
ချူသံပါအောင် ညည်းသံကို ကြားဖူးပြန်တော့ အလုပ်လုပ်ချင်စိတ်တွေ
ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်ပြန်ပါတယ်။ ဒါပေမယ့်လည်း
အဲဒီစိတ်ဟာလည်း ခဏပါပဲ။ မကြာခင်မှာ နောင်တရချင်တဲ့ စိတ်ကလေးက
ပြန်ပေါ်လာပြန်ရော။
(ဂ)
ယှဉ်ပြိုင်ချင်တဲ့
စိတ်ကလေးက ကျွန်မမှာ ရှိနေပြန်တော့ သူများတွေ အသီးသီးအလုပ်တွေ
လုပ်နေချိန်မှာ ကျွန်မက အေးအေးဆေးဆေး အိမ်မှာ ဘုရားဂုဏ်တော်ပွားလိုက်၊
စာလေးရေးလိုက်၊ စာလေးဖတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ Internet ဝင်လိုက်၊
လေ့ကျင့်ခန်းလေးလုပ်လိုက်၊ သမီးလေးနဲ့ ဆော့လိုက်နဲ့ ဘဝတစ်ခုကို အခက်အခဲမရှိ
လွယ်လွယ်ကူကူ သက်သောင့်သက်သာ ဖြတ်သန်းနေတာဟာ တရားမျှတပါရဲ့လားလို့
ဘယ်သူ့အပေါ် မတရားရာ ကျနေမှန်း မသိ တစ်ယောက်တည်း ခံစားနေရတတ်ပြန်ပါတယ်။
ကြာရင် အဲဒီဝေဒနာဟာ စိတ်ရောဂါတောင် ဖြစ်လာတော့မလား မသိတော့ပါ။
အဲဒီတွေဝေမှု၊
မရေရာမှု၊ ဆုံးဖြတ်ချက် မပြတ်သားနိုင်မှု၊ လုပ်ရကောင်းနိုး စွန့်ရကောင်းနိုး
ဇဝေဇဝါဖြစ်နေမှုတွေ အားလုံးကို စိတ်ချမ်းသာစွာ ပြတ်ပြတ်သားသား
ဆုံးဖြတ်သွားနိုင်အောင် ကူညီလမ်းပြပေးခဲ့သူကတော့ ကျွန်မလေးစားကိုးကွယ်ရတဲ့
ကျွန်မကို ဘဝနေနည်း၊ စိတ်ထား တတ်နည်းတွေ၊ တရားစိတ်ကလေးနဲ့
သိမ်မွေ့ချမ်းသာအောင် နေနည်းတွေ သင်ပြပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကပဲ
ဖြစ်ပါတယ်။ ဆရာတော်ရဲ့ “အကြင်နာပေါင်း ရှစ်သောင်းလေးထောင်”
ဆိုတဲ့ ဆရာတော်ရဲ့ သက်တော်၄၀ပြည့် အမှတ်တရ ထုတ်ဝေတဲ့ စာအုပ်ကလေးကို
ဖတ်မိချိန်မှာ ဆရာတော်ရဲ့ စာသားကလေးတချို့က ကျွန်မရဲ့ တွေဝေငေးငိုင်စွာ
ဝေခွဲရခက်နေတဲ့စိတ်ကို ကြည်လင်ပြတ်သား သေချာသွားအောင် မီးမောင်း
အလင်းတန်းကြီးတစ်ခု ထိုးပြလိုက်သလိုပါပဲ။
“ငါသေသွားပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ စာပိုဒ်ရဲ့ စာမျက်နှာ ၆၄မှာ
“တိုတောင်းလှတဲ့ ဘဝလေးမှာ ကိုယ်လုပ်ချင်တာလုပ်ပြီး စိတ်အေးချမ်းစွာ နေသွားရဖို့က အဓိကပါပဲ။ ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ၊ ကိုယ်မလုပ်နိုင်တဲ့အလုပ်တွေ၊ မနိုင်ဝန်ထမ်းရင် စိတ်ဖိစီးမှုများပြီး သတ်သေချင်စိတ်ဖြစ်သွားပါလိမ့်မယ်၊ မလုပ်လောဘမကြီးဖို့၊ ကုသိုလ်လောဘ မကြီးဖို့ အရေးကြီးပါတယ်”
ဆိုတဲ့
စာပိုဒ်ကလေးပါ။ အို မှန်လိုက်တာ။ ဆရာတော်ရဲ့တရားက ပြတ်သားတိကျလိုက်တာ။
လူ့ဘဝကလေးက တိုတိုလေးပါ။ ကျွန်မအသက် ၃၆ ကျော်ခဲ့ပြီ။ ကျန်တဲ့သက်တမ်း
တစ်လျှောက်မှာ အခုလောက် စိတ်ချမ်းသာ ငြိမ်းချမ်းဖွယ်ကောင်းတဲ့
စာရေးဆရာဘဝကလေးနဲ့ အေးအေးချမ်းချမ်းရှင်သန်ဖို့ ဘာကြောင့်များ ကျွန်မ
မရောင့်ရဲမတင်းတိမ် နိုင်တာပါလိမ့်။ အခု ကျွန်မ ဘယ်လောက်
စိတ်ချမ်းသာလိုက်သလဲ၊ ပူပန်ကြောင့်ကြ ကင်းလိုက်သလဲ၊ သောကနဲ့ စိတ်ဖိစီးမှု
ကင်းလိုက်သလဲ၊ ဒီဘဝကလေးကို လူတိုင်း လိုချင်လို့မရနိုင်ပါဘူး။ ဘာဖြစ်လို့
အလုပ်တွေ လုပ်ချင်နေရသလဲ။ ကျွန်မ မြတ်နိုးတန်ဖိုးထားတဲ့ စာရေးဆရာဘဝကလေးကို
ကျွန်မ ရဲ့ နောက်ဆုံး ထွက်သက်အထိ မက်မက်မောမော ဖက်တွယ်ထားတော့ရော ဘယ်သူတွေက
အပြစ်တင်ကဲ့ရဲ့ မှာမို့လဲ။ ရခဲလှတဲ့ စာရေးဆရာဘဝကလေးကိုပဲ ကျွန်မတစ်သက်လုံး
ထိန်းသိမ်းတန်ဖိုးထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ စိတ်သက်သာရာရမှု၊
ဆုံးဖြတ်ချက် ပြတ်သားသွားမှု ကလေးကို ခဏလေးမဖြစ်အောင် “လူ့ဘဝဆိုတာ တိုတိုလေး” လို့ နှုတ်ကနေ ရေရွတ်ကြည့်မိလိုက်ရင် ကျွန်မ စိတ်ချမ်းသာ ကျေနပ်သွားပါတော့တယ်။ ဘာနောင်တရစရာရှိလဲ၊ ကျွန်မ စာရေးဆရာသာ ဖြစ်ချင်ပါတယ်။
(ကျွန်မဘဝရဲ့
အရေးကြီးလှတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားခိုင်မာသွားအောင်
လမ်းပြပေးခဲ့တဲ့ တစ်နည်းအားဖြင့် ကျွန်မကို တင်းတိမ်ရောင့်ရဲစွာ
စိတ်ချမ်းသာ ကျေနပ်စေအောင် တရားပြပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက အား
ကျေးဇူးအထူးတင်စွာ လက်စုံမိုး ရှိခိုးဦးခိုက်လျက်....)
လွန်းထားထား။ဆေးတက္ကသိုလ်။
သရဖူမဂ္ဂဇင်း (သြဂုတ်၊ ၂၀၀၈)
ဗုဒ္ဓဘာသာဆိုတာဘာလည်း (ဘာသာရေး)
ရေးသားသူ Unknown
အချိန် 11:50 PM
with No comments
နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် စာအုပ်ကို
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးက ပြန်ဆိုတော်မှု
ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားသည် ဤစာအုပ်ကို
၁၉၉၂ ခုနှစ် ဂျူလိုင်လတွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့  ၌
စတင်ပြန်ဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် နွေရာသီ၌ ဟော်လန်တရားစခန်းတွင်
အပြီးသတ်ခဲ့ပါသည်။
မူရင်း စာအုပ်နာမည်မှာ Good Question Good Answer ဟူသောစာအုပ်ဖြစ်ပါတယ်။ ရေးသားသူကတော့ သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Shravasti Dhammika အရှင် ဓမ္မိက ဖြစ်ပါတယ်။
၁။ ဗုဒ္ဓဘာသာဆိုတာဘာလည်း
မေး ။ ။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ။ ။ “ဗုဒ္ဓဘာသာ” ဆိုတဲ့ စကားလုံးဟာ “ဗုဓိ” ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ” ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ” လို့ အဓိပ္ပါယ် ရပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဆိုတာ ဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီ ဒဿန ပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားကနေ ဘုရားဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ ) နိုးထလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်း ၃၀၀ ကျော်ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ထိကတော့ ဗုဒ္ဓဘာသာဟာ အရှေ့ တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ တည်ရှိခဲ့ပါတယ်. သို့ သော်လည်း ယခု အချိန်မှာ ဥရောပ နှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါပြီ။
1. What is Buddhism ?
Question: What is Buddhism?
Answer: The name Buddhism comes froms the word “budhi” which means “to wake up” and thus Buddhism is the philosophy of awakening. This philosophy has its origins in the experience of the man Siddhattha Gotama , Known as the Buddha, who was himself awakened at the age of 35.Buddhism is now 2,500 years old and has about 300 millions followers world –wide . Until a hundred years ago, Buddhism was mainly an Asian philosophy but increasingly it is gaining adherents in Europe and America.
မေး။ ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုပေါ့။
ဖြေ။ ။ ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် “philo” ဆိုတာ”ချစ်ခင်ခြင်း မေတ္တာ” လို့ ဆိုလိုပါတယ်။ “sophy” ဆိုတာက “ပညာ” လို့  အဓိပ္ပါယ်ရပါတယ်။ ဒီတော့ “Philosophy” ဆိုတာ “ပညာကို ချစ်ခင်ခြင်း၊ ” သို့ မဟုတ် “မေတ္တော နှင့် ပညာ” လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖော်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွနုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွနုပ်တို့ ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွားအောင် ကြိုးစားဖို့ ကိုလည်း သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာရပ်လို့ ဆိုနိုင်သော်လည်း သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး မြင့်မြတ်သော အတွေးအမြင် ပညာ (Supreme Philosophy) ဖြစ်တယ်။
Question: So Buddhism is just a philosophy ?
Answer: The word philosophy comes from two words “philo” which means “ love” and “Sophia” which means “wisdom”. So philosophy is the love of wisdom or love and wisdom, both meanings describing Buddhism perfectly .Buddhism teaches that we should try to develop our intellectual capacity .It also teaches us to develop love and kindness so that we can be like a true friends to all beings. So Buddhism is aphilosophy but not just a philosophy. It is the supreme philosophy.
မေး။ ။ ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ။ ။ ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပလ၀တ်ပြည်) ဘုရင်သုဒ္ဓေါနမင်း နှင့် မိဖုရား မယ်တော်မာယာတို့ မှ သားတော်လေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းရသော်လည်း နောက်ဆုံးမှာ လောကီစည်းစိမ် ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မူကို မပေးနိုင်ဘူးဆိုတာ တွေ့ လာရတယ်။ ဒီမင်းသားဟာ သူ့ ပတ်ဝန်းကျင်မှာ သူတွေ့ မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက်သော့ချက်ကို ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက် ၂၉ နှစ်ရှိတဲ့ အခါ ဒီမင်းသားဟာ သူ့ ရဲ့ ကြင်ယာတော် (ယသောဓရာ) နှင့် သားတော် (ရာဟုလာ)ကိုထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြားပေးသော်လည်း သူတို့ ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခတွေကို ဘယ်လို ကျော်လွန်အောင် လုပ်ဆောင်နိုင်တယ် ဆိုတာကိုလဲ မသိကြဘူး။
သိဒ္ဓ္ဓတ္ထမင်းသားဟာ( ဥရုဝေလတော) မှာ ခြောက်နှစ်ကြာအောင် လေ့လာပွားများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဓ္ဇာကို ပယ်ခွာနိုင်တဲ့အတွက် (အမှန်တရား) ကို ထိုးထွင်းသိမြင်သွားပါတယ်။* အဲဒီအချိန်ကစပြီး သူ့ ကို “ဗုဒ္ဓ” (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အဲဒီအချိန်ကစပြီး ၄၅ နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့ သိထားတဲ့ တရားတော်များကို လှည့်လည် ဟောပြောခဲ့ပါတယ်။
*ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရားမဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့် ၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန်ကို ပွားမှသာ ဘုရားအဖြစ်သို့  ရောက်ပါသည်။
Question: Who is the Buddha?
Answer: In the year 563 B.C. a baby was born into a royal family in northen India. He grew up in wealth and luxury but eventually found that worldly comfort and security do not guarantee happiness. He was deeply moved by the suffering he saw all around- and resolved to find the key to human happiness . When he was 29 he left his wife and child and set off to sit at the feet of thee great religious teachers of thee day to learn from them. They taught him much but none really knew the cause of human suffering and how it could be overcome. Eventually, after six years study and meditation he had an experience in which all ignorance fell away and he suddenly understood. From that day onwards, he was called the Buddha, the Awakened One. He lived for another 45 years in which time he travelled all over.
မေး ။ ။ ဗုဒ္ဓဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူ အချိန် အကြာကြီး စဉ်းစားပြီး တွန့် ဆုတ်တွန့် ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်တာထက် တလောကလုံးရဲ့  အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါ။ ကြီးမားတဲ့ မဟာဂရုဏာတော်က ဗုဒ္ဓမြတ်စွာကို တစ်လောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့် ပြီး အဆင်းရဲ အပင်ပန်းခံမှုကြောင့် တစ်လောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေရတာ ဖြစ်ပါတယ်။ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာအကြီးမားဆုံးသော စွန့် လွတ်မှုကြီးပါပဲ။
Question: Wasn’t it irresponsible for the Buddha to walk out on his wife and child ?
Answer: It couldn’t have been an easy thing for the Buddha to leave his family. He must have worried and hesitated for a long time before he finally left. But he had a choice, dedicating himself to his family or dedicating himself to the whole world. In the end, his great compassion made him give himself to the world. And the whole world still benefits from his sacrifice. This was not irresponsible. It was perhaps the most significant sacrifice ever made.
မေး။ ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွနုပ်တို့ ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ။ ။ လျှပ်စစ်ဓာတ်ကို တွေ့ ရှိတဲ့ မိုက်ကယ်ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူ့ ရဲ့ တွေ့ ရှိချက်တွေက ကျွနုပ်တို့ ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်းများစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလည်း ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူတွေ့ ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်ဆယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလည်း သေသွားပါပြီ။ သို့ သော်လည်း သူဖန်းတီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှုတွေ ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လည်း သူတို့ အကြာင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့ လို နေထိုင်ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကြာသွားပါပြီ။ သို့ သော်လည်း ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့ စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀ကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
Question: The Buddha is dead so how can he help us?
Answer: Faraday, who discovered electricity, is dead, but what he discovered still helps us. Luis Pasteur who discovered the cures for so many diseases is dead, but his medical discoveries still save lives. Leonardo da Vinci who created masterpieces of art is dead, but what he created can still uplift and give joy. Noble men and heroes may have been dead for centuries but when we read of their deeds and achievements, we can still be inspired to act as they did. Yes, the Buddha is dead but 2500 years later his teachings still help people, his example still inspires people, his words still change lives. Only a Buddha could have such power centuries after his death.
မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား (God) လား ။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ ဖြစ်စေ၊ထာဝရဘုရားရဲ့  သားတော်ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ ဖြစ်စေ မမိန့် ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ။ ဒါ့ကြောင့် သူ့ လိုကျွန်ုပ်တို့  ကြိုးစားလျှင် ကျွန်ုပ်တို့ လည်း သူ့ လိုပဲ အလုံးစုံ ပြည်စုံသူများ ဖြစ်နိုင်ကြောင်း မိန့် ကြားတော် မူပါတယ်။
Question: Was the Buddha a god?
Answer: No, he was not. He did not claim that he was a god, the child of a god or even the messenger from a god. He was a man who perfected himself and taught that if we follow his example, we could perfect ourselves also.
မေး။ ။ ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့်သူ့ ကိုလူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။
ဖြေ။ ။ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တစ်ချို့ က တစ်စုံတစ်ခုသော တန်ခိုးရှင် ဘုရား ( a God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့ ၊ ပူဇော်ပသတာကို လက်ခံလိမ့်မယ်လို့  ယုံကြည်လို့ ၊ဆုတောင်းတာကို ဖြည့်ဆည်းပေး လိမ့်မယ်လို့ ယုံကြည်လို့ ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီလို ကိုးကွယ်ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။
တစ်ခြားကိုးကွယ် ဆည်းကပမှု တစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့ မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့ တွေ့ ရင် လက်ဆွဲ နှုတ်ဆက်ကြတယ်။ အမျိုးသား သီချင်းတီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖော်ပြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရသပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်တဲ့ ရှိခိုးကိုးကွယ်မှုမျိုးပါပဲ။
တင်ပျဉ်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့  မဟာကရုဏာတော်ဖြင့် ကြည်လင်လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရားတိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ ကိုသတိပေးနေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံက ကျွန်ုပ်တို့  သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံနှံနေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့  ညိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့ အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့ မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့ အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှု ဖြစ်ပါတယ်။
Question: If the Buddha is not a god, then why do people worship him?
Answer: There are different types of worship. When someone worships a god, they praise him or her, making offerings and ask for favours , believing that the god will hear their praise, receive their offerings and answer their prayers. Buddhists do not indulge in this kind of worship. The other kind of worship is when we show respect to someone or something we admire. When a teacher walks into a room we stand up, when we meet a dignitary we shake hands, when the national anthem is played we salute. These are all gestures of respect and worship and indicate our admiration for persons and things. This is the type of worship Buddhist practise . A statue of the Buddha with its hands rested gently in its lap and its compassionate smile reminds us to strive to develop peace and love within ourselves. The perfume of incense reminds us of the pervading influence of virtue, the lamp reminds us of light of knowledge and the flowers which soon fade and die, reminds us of impermanence. When we bow, we express our gratitude to the Buddha for what his teachings have given us. This is the nature of Buddhist worship.

ထွဋ်ခေါင်ဆရာတော်ကြီး၏ ရန်အောင်မြင် ဂါထာ
ရေးသားသူ Unknown
အချိန် 11:47 PM
with No comments
အောက်ပါဂါထာမှာ ဆရာတော်ကြီး
ပွားများသော ရန်အောင်မြင် ဂါထာဖြစ်သည်။
ပါဠိ
( ၁ ) ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာဠ၀က နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
မြန်မာပြန်
(၁) မြတ်စွာဘုရားသည် အကျွန်ုပ်အား အမြဲမပြတ် စောင့်ရှောက်တော်မူပါစေသတည်း။ မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သောတရားတော်မြတ်သည် အကျွန်ုပ်အား အခါခပ်သိမ်း စောင့်ရှောက်တော်မူပါစေသတည်း။ သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည် အကျွန်ုပ်အား နေ့တိုင်း စောင့်ရှောက်တော်မူပါစေသတည်း။ အကျွန်ုပ်သည် ချမ်းသာခြင်း၊ အသက်ရှည်ခြင်း ဖြစ်ရပါလို၏။
( ၂ ) မြတ်စွာဘူရားသည် မာရ်နတ်မင်း၊ အာဠာဝကဘီလူး၊ နာဠာဂီရိဆင်ကိုလည်းကောင်း၊ အင်္ဂုလိမာလကိုလည်းကောင်း၊ စိဉ္စမာဏ၀ိကာနှင့် သစ္စကပရိဗိုဇ်ကိုလည်းကောင်း၊ နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကိုလည်းကောင်း၊ အောင်မြင်တော်မူသကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းနှင့် ပြီးစီး ပြည့်စုံပါစေသတည်း။

စိုက်ပင်နှင့်ပေါင်းပင်
ရေးသားသူ Unknown
အချိန် 11:46 PM
with No comments
ပဲပြောင်းနှမ်းဝါ ၊ ပန်းမာလာလည်း
ယုယသေချာ ၊ စိုက်မှသာလျှင်
လျှင်စွာဖြစ်ထွန်း ၊ ကြီးထွား၏။
အသုံးမ၀င် ၊ မြက်ပေါင်းပင်သည်
စိုက်သူမရှိ ၊ ပေါက်နိုင်ဘိ၏။
ထိုသို့တူစွာ ၊ လူတို့မှာလည်း
နှလုံးစိတ်မြတ် ၊ မွေးရခက်သော်
မကောင်းတတ်စွာ ၊ စိတ်ယုတ်မာမူ
မမွေးပဲထွက် ၊ ဖြစ်ပါတတ်ကြောင့်
စဉ်းစားဆင်ခြင် ၊ သတိဝင်မှ
နှုတ်နိုင်မည်အံ့ ၊ စိတ်ပေါင်းမြက် ။ ။
မင်းညှို့သျှင်
ယုယသေချာ ၊ စိုက်မှသာလျှင်
လျှင်စွာဖြစ်ထွန်း ၊ ကြီးထွား၏။
အသုံးမ၀င် ၊ မြက်ပေါင်းပင်သည်
စိုက်သူမရှိ ၊ ပေါက်နိုင်ဘိ၏။
ထိုသို့တူစွာ ၊ လူတို့မှာလည်း
နှလုံးစိတ်မြတ် ၊ မွေးရခက်သော်
မကောင်းတတ်စွာ ၊ စိတ်ယုတ်မာမူ
မမွေးပဲထွက် ၊ ဖြစ်ပါတတ်ကြောင့်
စဉ်းစားဆင်ခြင် ၊ သတိဝင်မှ
နှုတ်နိုင်မည်အံ့ ၊ စိတ်ပေါင်းမြက် ။ ။
မင်းညှို့သျှင်
ဝတ္ထုရေးလိုသော် (၂)
ရေးသားသူ Unknown
အချိန် 11:34 PM
with No comments
ဝတ္ထုရေးတော့မယ်ဆိုရင် ဘာကိုစဉ်းစားရမလဲ။ မိမိရဲ့ဇာတ်ကောင်တွေနဲ့ ကိုက်ညီတဲ့အခန်း ရေးသားမှုတွေလိုအပ်ပါတယ်။ အထူးသဖြင့်တော့ နိဒါန်းပဲဖြစ်သည်။ နိဒါန်းသည် ထင်သလောက်မလွယ် ၀တ္ထုတစ်ပုဒ်ရဲ့နိဒန်းဆိုတာ က အရမ်းခက်ခဲပါတယ်။ နိဒါန်းပြီးရင်တော့ကျန်တဲ့ စာတစ်ပုဒ်ရဲ့ေ၇းသားမှုတွေက ထင်တာထက်လွယ်ကူသွားတတ်ပါသည်။ ထို့ကြောင့်နိဒါန်းသည် စာတစ်ပုဒ်အတွက် အလွန်ပဲအရေးကြိးပါတယ်။
နိဒါန်းစတော့မယ်ဆိုရင်ဘယ်ကစမလဲ။ ဒါကိုလည်းစဉ်းစားရပါမည်။ အသံကစာသောနိဒါန်းက လွယ်ကူသည်ဟုကျနော်ထင်သည်။ ဥပမာ ဆိုကြပါစို့ ။ မင်းသမီးကမင်းသားကို ပြောလိုက်တဲ့စကားတို့ ။ မင်းသားကမင်းသမီးကိုပြောတဲ့စကားတို့၊ ဒါမှမဟုတ် မင်းသားနဲ့သူအမေ၊ သူငယ်ချင်း စသဖြင့် ဇာတ်ကောင်ခြင်းပြောတဲ့ စကားတွေနဲ့ စရသည်မှာ လွယ်ပါသည်။ နောက်ပြီး ၀တ္ထုတိုင်းနှင့်လည်းကိုက်ညီ မှုရှိသည်။ ထိုသို့စခြင်းသည် မည်သည့် ဇာတ်လမ်း ၀တ္ထုမျိုးမဆို ထိုသို့စခြင်းက ကိုက်ညီမှုရှိသည်။ စကတည်းက စကားလုံးကောင်းလျှင်ကောင်းသလို စာဖတ်သူကိုဆွဲဆောင်နိုင်သည်။ ထို့ပြင် ဇာတ်အီခြင်းကိုလည်း မဖြစ်နိုင်စေတတ်သည်။
ထိုသို့မဟုတ်ပါဘဲသဘာဝအခြေအနေတွေရဲ့ အသံတွေနှင့်လည်းစနိုင်သည်။ ဥပမာ ဆိုကြပါစို့၊ မင်းသားနဲ့ မင်းသမီးက ပန်းခြံထဲမှာထိုင်နေမယ်။ ငှက်လေးတွေရဲ့အသံ။ သို့မဟုတ်။ မင်းသမီးပါလာသော ခွေးလေးဟောင်လိုကသောအသံ၊ ခွေးအော်သံ။ အစရှိသဖြင့်ေ၇းနိုင်သည်။ ထို့ပြင် ဖုန်းမြည်သံ ၊ တံခါးခေါက်သံ၊ မင်းသားဖြစ်စေ မင်းသမီးဖြစ်စေ အိပ်ယာထနောက်ကျလို့ တံခါးခေါက်နှိုးသည်က စခြင်းဖြင့် တံခါးခေါက်သံသည်လည်း ၀တ္ထု၏အစဖြစ်စေတတ်သည်။ ထိုကဲ့သို့ စခြင်းသည်လည်း ဇာတ်အီခြင်းကိုမဖြစ်စေ။ ဆွဲဆောင်မှုကိုအားကောင်းစေသည်ဟုထင်သည်။
အဘယ်ကြောင့်ဆိုသော ဥပမာကြည့်ပါ။ “မောင်သိပ်မိုက်တယ် ... ” ဒီလိုစာကြောင်းလေးနဲ့စလိုက်သည်နှင့် ထိုစာကြောင်းရဲ့ ရှင်းတမ်းတွေကို စာဖတ်သူတွေအနေနှင့် သိချင်မည်ဖြစ်သည်။ ၀တ္ထုသည် စာဖတ်သူ၏ သိလိုစိတ်ကို ဆွဲဆောင်ရသော စာတစ်ပုဒ်လည်းဖြစ်သည်။ ထိုသို့သိလိုသည်နှင့်အမျှ သင့်စာကို စာဖတ်သူသည်သဲကြီးမဲကြီး ဖတ်တော့မည်ဖြစ်သည်။ မင်းသားနဲ့ မင်းသမီးနဲ့ပြတ်လို့လား၊ ဒါမှမဟုတ် ဘာကြောင့်များလဲ ဆိုသည့်လူတွေရဲ့ သိလိုစိတ်ကအင်မတန်ပြင်းထန်သည်။ ထိုသိလိုစိတ်ကိုခုတုံးလုပ်ပြီး စာရေးသူတွေအနေနှင့် တင်ပြအပ်သည်။
အမှတ်တရ နှင့် ဖြစ်စေ နောက်ကြောင်းပြန်လိုသော ၀တ္ထုဖြစ်စေ ရေးမည်ဆိုပါက အရင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ထဲကမှ အဆွဲဆောင်မှုအရှိဆုံးနှင့်စသင့်သည်။ ဥပမာ မင်းသားနဲ့ မင်းသမီးက မိုးရေထဲမှာ တွေ့ခဲ့သည်ဆိုလျှင် မိုးရွာသံ မိုးချိန်းသံ စသည်တို့မှစသင့်သည်။ တကယ်လို့များ တစ်ခြားအရာ ဆိုရင်လည်း တစ်ခြားအရာ မှစသင့်သည်။ စသည့်အဖြစ်အပျက်များသည် သင့် စာအား လေးနက်စေပါလိမ့်မည်။ မျှဝေခြင်းသာ ။ လိုအပ်ချက်ကို အကြံပေးနိုင်သည်။
နှလုံးသားမြို့တော်
အက်ဒမင် အဖွဲ့

ခရီးသွားမှတ်တမ်း (၁)
ရေးသားသူ Unknown
အချိန် 9:04 PM
with No comments
ကျနော်နှင့် ဆည်ပေါက်
အဲဒိအချိန်တုန်းက ဆည်ပေါက်မှာ လင်းတလိုလို ဘာလိုလို အကောင်ကြီးရှိတယ်ဆိုတာနဲ့ ပဲကျနော်ုတို့ သွားကြည့်ဖြစ်ကြသည်။ ကျနော်တို့က ကျောက်ပန်းတောင်းကဆိုလေတော့ ဆည်ပေါက်ဆိုတာကတော့ ကျနော်တို့နဲ့ သိပ်နီးတာပေါ့ဗျာ။ အဲဒိနေ့မတိုင်ခင်ကတည်းက ကျနော်တို့က ကျူရှင်မှာ သွားဖို့ချိန်းထားပြီးသား။ ဖြစ်ချင်တော့ အဲဒိနေ့က ကျန်ာက ဆိုင်ကယ်မရဘူး။ ဒါနဲ့ပဲ ကျနော့်သူငယ်ချင်းက ကိုးနာ၇ီလောက်လည်းေ၇ုာက်ရော သူ့ဆိုင်ကယ်လေးနဲ့ လာခေါ်သည်။ ကျနော်က နေရာလည်းသိသူမဟုတ်လေတော့ သိသည့်နောက်တစ်ယောက်နှင့်သွားရသည်။ ဆိုင်ကယ်တစ်စီးကိုလူသုံးယောက်ပေါ့။ ကျနော်ကတောင်အစစ်ဆီစိုက်ပေးရသေးတယ်။
ပထမဆုံး အဲဒိအကောင်ရှိတဲ့နေရာကိုသွားတာပေါ့။ သချို င်္င်းနားမှာဆိုလေတော့ နဲနဲတော့ကျောချမ်းသား။ ပြီးတော့လူကလည်းသိပ်ရှိတာမဟုတ။် လာရတာကလည်း အိမ်ကမိသအောင်လာရသည်ဆိုလေတော့ လူကြီးကလည်းတစ်ယောက်မှမပါ။ ဆည်ပေါက်သချို င်္င်းမှာ ၇ှိတာက ကျနော်တို့သုံးယောက်တည်း။ လူကလည်းနည်း၊ ကလေးတွေလည်းဖြစ်ပြန် ကိုယ်ကလည်းတစ်ခါမှမရောက်ဖူးလေတော့ ကြောက်တော့ကြောက်မိပါသည်။ အဲဒိသုသာန်ရဲ့ တောင်ဘက်က လယ်ကွင်းထဲမှာလို့ပြောကြတော့ ကျနော်တို့ရှာမိကြသည်။ ကြက်ခေါ်သလိုခေါ်သူကခေါ် ၊ မြက်ခြောက်ပုံတွေကိုဖွသူကဖွ။ သုံးယောက်လုံးကြိုးစားကြပေမယ့် မတွေ့ကြပါ။ အဲဒိထဲမှာတော့အကြောက်ဆုံးကကျနော်။
အကောင်ကမတ်တတ်ရပ်လိုက်ရင်အတော်ကြီးဆိုပဲ။ ကျနော်တို့လည်းစိတ်ဝင်စားသည်ပေါ့။ မတွေ့တာနှင့် ချောင်းထဲတွင်သဲကျုံးနေကြသော လူတွေကိုမေးကြသော်လည်း မသိ ။ ကျနော်တို့ ရှာသောနေရာကိုသာညွှန်ပြနေသည်။ ကျနော်တို့လည်းမတွေ့ခဲ့တော့။ လူပဲယူသွားလေသေ၇ာ။ သဘာဝအလျောက်ပဲ ထပြန်လေသရော။ သချို င်္းနာဖြစ်တာကြောင့်ကြာကြာလည်းမနေချင်။ ထို့ကြောင့် သူငယ်ချင်း အမျိုးတွေရှိတဲ့အနီးနားကရွာကိုသာ သွားခဲ့ကြသည်။ ထိုတွင်တော့ ကျနော်အကြံပေးသည်မှာ မှန်ကင်းတောင်ကိုသွားဖို့သာ .. ။
မင်းညှို့သျှင်
နေဂမုံး
ရေးသားသူ Unknown
အချိန် 11:11 PM
with No comments
နေဂမုံးသည်လည်း အိမ်တိုင်းလိုလိုရှိမည်ထင်ပါသည်။ အပွင့်ပွင့်ချိန်နှင့်ကြုံတာကြောင့်သတိရတုန်းရိုက် ထားသောပုံဖြစ်ပါသည်။ တစ်ချို့ဘက်တွေမှာ တော့ ထိုအပင်ကို လပြည့်ဂမုံးလို့ခေါ်သော်လည်း ကျွန်တော်တို့ ဆီမှာတော့ ထိုအပင်ကို နေဂမုံးလို့သာ လူသိများသည်။ သို့သော်လည်း ထိုအပင်သည် နေဂမုံးသော်လား၊ လဂမုံးသော်လား နှင့် ငြင်းရပါသည်။ ကျနော်ကတော့ နေဂမုံးလို့ပဲခေါ်သည်။ သိသည်။ ကျနော်ကလည်း ဂမုံးဆိုက်တာကိုဝါသနာပါသူဆိုလေတော့ ဂမုံးဆိုအကုန်ကိုစိုက်တာပဲဗျာ။
အရွက်ကတော့ ချွန်ရှည်ရှည် အရွက်ဖားဖားကြီးများဖြစ်ပြီး အစိမ်းရင့်ရင့်ေ၇ာင်ရှိသည်။ အရွက် အောက်က ရိုးတံမှာ ပျော့ပြီး အရွက်နှင့်အရောင်တူသည်။ အပွင့်ပွင့်ချိန်တွင် လေးပွင့် ငါးပွင့် ပွင့်တတ်တာကြောင့် လေးကျွန်းစကြာ်လို့လည်းခေါ်ကြသေးသည်။ နေပူကိုမကြိုက် နေရိပ်ကိုကြိုက်သည်။
နေပူလျှင်အရွက်များပျော့ပြီး အောက်ကို မရွှင်လန်းစွာကျနေတတ်သည်။ နေရိပ်လျှင် အရွက်ဖားဖားကြီးများသည်ထောင်နေတတ်သည်။ ဂမုံးအများစုသည်နေရိပ်ကိုကြိုက်ကြသည်မှာ သဘာဝသာဖြစ်သည်။ ထိုအပင်ကိုလည်းနေရိပ်တွင်သာစိုက်သင့်သည်။ ဥမှပေါက်သောအပင်ဖြစ်သည်။ ဥမှာ ဖြူတူတူရှိသည်။ အပင်လည်းပွါးသည်။ ပွါးလွယ်သည်။ အပွင့်ပွင့်ပြီးချိန်များတွင်လည်း အပင်ပွါးတတ်သည်။ ဥတက်လေးထွက်ပြီးနောက်လည်းပွါးတတ်သည်။ အပွင့်ပွင့်ချိန်ရောက်တိုင်းပွင့်သည်။ လွတ်လပ်စွာစိုက်ခြင်းသည် လေပိုရသောကြောင့် နေရာကျယ်ကျယ်တွင်စိုက်သင့်သည်။
လဂမုံးနှင့်တွဲစိုက်ရသည်ဟုအဆိုရှိသည်။ နေနှင့်လရွှေနှင့်မြ ဆိုပြီးသကဲ့သို့ နေနှင့်လတွဲစိုက်ပါက စီးပွါး များတိုးတက်လာဘ်ရွှင်သည် ဖြစ်သည်ဟုလည်း သိရသည်။ အပွင့်သည်ကတော့ ပုံပါအတိုင်းအတော်လှသည်။ နေဂမုံးကို လဂမုံးမရှိဘဲ မစိုက်သင့်ဟုဆိုသည်။ သို့သော်လည်း စိုက်သူများကတော့စိုက်ကြပါသည်။ လဂမုံးအကြောင်းကိုလည်း ဖြစ်နိုင်လျှင် တင်ပေးပါဦးမည်။ မိမိတို့သိရှိသည့်အကြောင်းအရာများအကိုတော့ author.narrator@gmail.com သို့ ပေးပို့ဝေမျှနိုင်ပါသည်။