Blogger Widgets

ဗိုလ်ချုပ်ပြောသည့်နိုင်ငံကြီး

ဗိုလ်ချုပ်ပြောတဲ့နိုင်ငံကြီးကိုမှတ်မိကြသေးရဲ့လား။ရိုင်းရိုင်းပဲပြောလိုက်တော့မယ်။ စိတ်ဆိုးမယ်ဆိုလည်း ဆိုးထိုက်ပါသည်။ သို့သော်လည်း ရိုင်းရိုင်းပြောမှ သိကြပါလိမ့်မယ်။ ဗိုလ်ချုပ်က တိုင်းရင်းသားချင်းသားမစည်းလုံးရင် မြန်မာနိုင်ငံ ဖာသည်နိုင်ငံကြီးဖြစ်လိမ့်မယ်လို့ပြောခဲ့ဖူး ပါသည်။ ဒါလည်းအခုကျမှ စဉ်းစားမိလို့ပါ။ ဗိုလ်ချုပ်က ရိုင်းရိုင်းပြောခဲ့တာ ဖာသည်နိုင်ငံကြီးတဲ့။ ဒါဟာသာမန်စဉ်းစားလိုက်ရင်တော့အတော်ရိင်းတဲ့စကားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သေချာစဉ်းစားကြည့်၇င်တော့ အတော်ကိုမှန်နေသည့် စကားပါ။ ဒါကိုယဉ်အောင်ပြန်ပြောမည်ဆိုလျှင်တော့ “လင်ငယ်နေသည့်နိုင်ငံ” ကြီးဟု ကင်ပွန်းတပ်ရလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်ပြောသည့် ဖာသည်ဆိုတာသည်မှာ ကာမကိုဦးစားပေးပြီး တမင်တကာ၇ိုင်းအောင်ပြောခဲ့သည်မဟုတ်။ သေချာစဉ်းစားကြည့်ကြပါ။  ပြည့်တန်ဆာဆိုတာဘယ်လိုဟာမျိုးလဲပေါ့။ တကယ်တော့ မျက်နှာများသည့် မိန်းမမျိုးကို ပြည့်တန်ဆာဟုခေါ်သည်။ စကားရိုင်းရင်လည်းသည်းခံခွင့်လွှတ်ပေးကြပါ။ အရပ်ထဲမှာ ရိုင်းရိုင်းစကားတွေ ပြောကြသည်ကိုကြားဖူးကြပါလိမ့်မည်။ “ညည်း ဖာစကားမတတ်နဲ့ဆိုတာလေ” အခုတစ်မျိုး နောက်တစ်မျိုး ပေါ်တင်တစ်မျိုးကွယ်ရာတစ်မျိုး ပြောတတ်တာကိုဆိုတာပါ။ ရှေ့မှာ တစ်မျိုး ကွယ်ရာတစ်မျိုး ပြောတတ်တာကို ခေါ်တာပါ။ သူတို့ အလုပ်ကလည်း ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ပြောတတ်ရသည်လေ။ ရှေ့က ထမင်းရှင်လာလိုက် သူကြားချင်သည့်စကားလေးတွေကိုပြောလိုက် နောက်လူတစ်ယောက်လာလိုက် နောက်လူကြိုက်တတ်သည့် စကားကိုပြောလိုက် ။ လူတစ်ယောက်ရဲ့ရှေ့မှာ စကားတစ်မျိုး မျက်နှာတစ်ဖုံ နဲ့နေပြီး နောက်လူတစ်ယောက်ရဲ့ရှေ့မှာ နောက်တစ်မျိုးတစ်ဖုံ နဲ့ နေပြရတာလေ။ ဒီတော့ဒါဟာသူတို့ရဲ့အမူအကျင့် characterstics တွေပေါ့။ ဗိုလ်ချုပ်ကဒါကိုရည်ရွယ်ပြီးပြောခဲ့တာထင်ပါတယ်။

ဒါနဲ့ လင်ငယ်နေတတ်တဲ့ အမျိုးသမီး နဲ့က မတူကြဘူးလားဗျာ။ လင်ငယ်နေတတ်တဲ့လူကလည်း တရားဝင်ခင်ပွန်းသည်ရှေ့ေ၇ာက်ရင် တစ်မျိုး အခြား အပြင်တိတ်တိတ်ပုန်းကွယ်ရာမှာ တစ်မျိုး နေတတ်ကြသည်ပဲလေ။ သူတို့၇ဲ့ စရိုက်လေးတွေကတူညီကြသည်လေ။ သည်တော့ မြန်မာနိုင်ငံကိုဖာသည်နိုင်ငံလို့ပြောတာရိုင်းတယ်ဆိုရင် အထက်မှာပြောခဲ့သလို လင်ငယ်နေတဲ့နိုင်ငံကြီးလို့သာပြောလိုက်ပါတော့။

တကယ်တော့ သေချာကြည့်လိုက်ရင် တကယ်လည်းဖြစ်နေပါပြီ။ သေချာစဉ်းစားကြပါ။ ဒါကြောင့်ဗိုလ်ချုပ်က အနာဂါတ်အတွက် ကြိုတင် မြင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ သူက ရှေ့ေ၇းကိုစဉ်းစားပြီးတော့ပြောခဲ့တဲ့စကားပါ။ အခုမြန်မာနိုင်ငံက ဟိုနိုင်ငံအကူအညီတောင်း၊ ဒီနိုင်ငံအကူအညီတောင်းနဲ့။ ဗိုလ်ချုပ်ပြောသလိုနဲ့တူမနေဘူးလားဗျ။ တရုတ်ရှေ့ရောက်ရင် တရုတ်ကြိုက်တာပြော ဂျပန်ရှေ့ေ၇ာက်တော့ဂျပန်ကြိုက်တာပြောနဲ့ မျက်နှာကိုတော်များနေရပါ့ကော။  တရုတ်ရှေ့ရောက်တော့ မျက်နှာချိုသွေး ဧည့်ခံ၊ ဂျပန်ရှေ့ေ၇ာက်တော့ ဂျပန်ကိုမျက်နှာချိုသွေးနေရသည်လေ။ ဒီတော့ဗိုလ်ချုပ်ပြောတာမှန်ပါ့ကော လို့သာအဆိုပြုလိုက်ချင်ပါတော့သည်။
                                                                                     မင်းညှို့သျှင်
 

ကလေးစစ်သား

ဆောင်းပါးကရေးစမရှိတာမို့ အမှုားပါလျှင်ဖြစ်စေ စာရေးတာညံ့လျှင်ဖြစ်စေသည်းခံ ခွင့်လွှတ်ပေးစေချင်ပါသည်။ တစ်နေ့က တီဗွီမှာကြော်ငြာကြည့်လိုက်ရလို့ပါ။ ကလေးစစ်သားများ စစ်တပ်တွင် စုစောင်းခံရရင် အကြေင်းကြားတိုင်တန်းဖို့၊ ဒီကြော်ငြာလေးပေါ့နော်။ တကယ်တော့ စစ်တပ်ဆိုတာ အာဏာတွေကြီးစိုးတဲ့နေရာပါ။ တစ်နည်းအားဖြင့် စစ်တပ်က အာဏာပြင်းတယ်ပေါ့ဗျာ။ စစ်တပ်ရဲ့အာဏာကိုဘယ်သူမှမလွန်ဆန်ရဲဘူး ။ ဒီလိုသဘောမျိုးသက်ေ၇ာက်တယ်။ ဒါကလည်းပြောချင်သလိုပြောလိုက်တာတော့မဟုတ်ပါ။ ရွှေအိုရောင်အရေးအခင်းကိုပဲကြည့်လေ။ ဘယ်သူငြင်းဆန်နိုင်လို့လဲ။

ပစ်မျိုးသုံးပါးကင်းစေချင်

ဆောင်းပါးကရေးစမရှိတော့သိပ်မေ၇းတတ်တာကိုတော့ဝန်ခံပါတယ်။ ဒါလေးကလည်းရေးချင်စိတ်ကစိတ်ထဲပြင်းပြလာတာနဲ့ပဲရေးလိုက်ရတာပါ။ ရိုင်းတယ်လို့ပြောရင်လည်းခံရတော့မှာပေါ့လေ။ မရေးလို့ကလည်းမဖြစ်တော့ဘူး။ ဒီတော့ရေးသင့်တယ်ထင်လို့ရေးလိုက်ပါပြီ။
မင်္ဂလာဆောင်တာလေးနဲ့ဆက်မိလို့ပါ။  သူ့သမီးရတဲ့ယောက်ျားက သူ့သမီးနဲ့အသက်ကလည်းနည်းနည်းပါးပါးကွာ။ ပြီးတော့ရုပ်ကလည်းနည်းနည်းရင့်ဆိုတော့ ဘေးကပတ်ဝန်း
ကျင်ရဲ့သဘာဝအတိုင်း ဝေဖန်ကြတာပေါ့။ ဒိတော့သူ့အမေကပြောရှာပါတယ်။ သူ့သမီးကိုတဲ့ ကုလားနဲ့လည်းမရ ၊ ဘုန်းကြီးနဲ့လည်းမရ၊
သူများလင်မယူရင်ဘဲတော်ပါပြီလို့ပြောရှာတယ်။ သေချာစဉ်းစားကြည့်တော့လည်းဟုတ်တာပဲ။ သေချုာစဉ်းစားကြည့်လိုက်တော့ သူပြောတာလေးကမှန်နေတာနဲ့ပဲေ၇းဖြစ်သွားတော့တယ်ပေါ့ဗျာ။
     ကျန်တဲ့နှစ်မျိုးကိုတော့အထူးမပြောလိုပါဘူး။ ကုလားမဟုတ်၊ ဘုန်းကြီးမဖြစ်၊သူ့လင်မယူ ဆိုတဲ့ဆောင်ပုဒ်နဲ့ကိုက်ညီနေရင် မိမိကိုယ်ကိုယ်မိမိ မြင့်မြတ်တယ်လို့မြန်မာမိန်းကလေးတွေမှတ်လိုက်ကြပါ။ ကျန်တဲ့နှစ်မျိုးကိုတော့

တော်ချင်ရင်မပျင်းနဲ့

ဆုံးမစာများ၊ ဆုံးမစကားများဟာ တကယ်တော့ ကြားဖူးနားဝရှိတဲ့ စကားများ ဖြစ်ပါတယ်။ ကြားဖူးပြီး နားဝမှာပဲ ရပ်နေတဲ့ အတွက်ခက်နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ နားဝမှာတင် ရပ်မနေဘဲ ရင်ထဲနှလုံးထဲရောက်အောင် သိမ်းပိုက်ထားမယ်၊ သေသေချာချာ စိတ်ဝင်တစား တွေးတောမယ်၊ လက်တွေ့ကြိုးစား လုပ်ဆောင်ကြည့်မယ်ဆိုလို့ရှိရင် အကျိုးရှိမယ့်စကားများဖြစ်ပါတယ်။ အခုတင်ပြတဲ့ စကားကတော့ ဆုံးမစကားအနေနဲ့ တင်ပြတာ မဟုတ်ပါဘူး။ လက်တွေ့ အသုံးချတဲ့သူများမှာ အကျိုးရှိတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်နေတာ ကြာလာပြီဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးမိလို့ အကျိုးရှိတာကြောင့် တင်ပြလိုက်မိတာဖြစ်ပါတယ်။

ကျွန်မလက်ထဲကို မှတ်သားစရာ စကားတစ်ခုခုကို ရေးပေးပါလို့ စာအုပ်ကလေးတွေထိုးပေးပြီး မေတ္တာရပ်ခံတဲ့ကလေးများ၊ လူငယ်လူရွယ်များရဲ့ စာအုပ်တွေထဲမှာ မဆိုင်းမတွဘဲ "တော်ချင်ရင် မပျင်းနဲ့" ဆိုတဲ့ စကားကလေးကို ကျွန်မရေးချပေးလေ့ရှိပါတယ်။ လူတော်ကလေးတွေ အရေအတွက်များလာဖို့က မိသားစု လူမှုပတ်ဝန်းကျင်ကစပြီး တစ်နိုင်ငံလုံးအထိ အထူးလိုပါတယ်။ မိသားစုထဲမှာ ပတ်ဝန်းကျင်က သိပ်တော်တာပဲလို့ ချီးကျူးတာကို ခံရသူတွေများတယ်ဆိုရင် အဲသည်မိသားစုဟာ ထက်မြတ်တဲ့၊ တိုးတက်တဲ့ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ မိသားစုပဲဆိုတာကို သိနားလည်နိုင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ တော်ခြင်းကို ဖွင့်ဆိုတဲ့နေရာမှာ တော်တည့်မှန်ကန်မှုကို ဖွင့်ဆိုတာဖြစ်ရပါတယ်။ အကုသိုလ်နဲ့ မကင်းတဲ့အလုပ်များကိုလုပ်ပြီး ကြီးပွားလာတဲ့သူများကို တော်လိုက်တာလို့ ချီးမွမ်းတယ်ဆိုရင်တော့ အကြောင်းတရားကောင်း၊ မကောင်းကို မကြည့်ဘဲ အကျိုးရလဒ် ဖြစ်တဲ့ ကြီးပွားခြင်းကို ရှေ့တန်းတင်ပြီး ပြောတာဖြစ်လို့ ရေရှည်မခံနိုင်ပါဘူး။ အဲသည်အချက်က သေချာပါတယ်။

အကြောင်းတရား မကောင်းဘူးဆိုတာကတော့ ဘုရားမကြိုက်တဲ့၊ လူတော်လူကောင်းများ မကြိုက်တဲ့ တားမြစ်ထားတဲ့အလုပ်များကို လုပ်ကိုင်ပြီး ကြီးပွားအောင်ကြိုးစားတဲ့သူများဟာ အကြောင်းတရား အမှားကို လက်ကိုင်ပြုထားတဲ့သူများဖြစ်ပါတယ်။ အဲဒီလို အကြောင်းတရား အမှားကိုလုပ်ကိုင်တဲ့အခါမှာလည်း ဖုံးဖိနိုင်အောင်လူသူတော်ကောင်းအဖြစ် ဟန်ဆောင်ရပါတယ်။ မကောင်းသောသူများနဲ့ ပေါင်းသင်းရပါတယ်။ အဲသည်လိုလူများဟာ သူတို့အချင်းချင်း ကွဲလို့ပင်ဖြစ်စေ၊ မကွဲဘဲနဲ့ သူတို့လုပ်ရပ်က မဖုံးနိုင်၊ မဖိနိုင်အောင် အဆိုးတရားတွေ များလာလို့ဖြစ်စေ ဥပဒေနဲ့ငြိစွန်းလာတတ်ပါတယ်။ မငြိစွန်းဘူးဆိုလည်း ပုံမှန်မဟုတ်တဲ့ လုပ်ရပ်များဟာ တိတိကျကျ တွက်ချက်လို့ မရတဲ့အတွက် အဆုံးအရှုံးနဲ့ ကြုံရတတ်ပါတယ်။ အဲသည်လို ငွေကြေးဥစ္စာ ဆုံးရှုံးသွားရင် ဂုဏ်သရေ ဆိုတာလည်း ပျောက်ကွယ်သွားမှာပါပဲ။ နာမည်ဆိုတာကလည်း မကောင်းသတင်းနဲ့သာ ကျော်ကြားလာမှာဖြစ်ပါတယ်။ အဲသည်အချိန်မှာတော့အစက ပြန်ကောက်လို့ မလွယ်တတ်ပါဘူး။

ကျွန်မတို့ ဗုဒ္ဓဘာသာမှာ နည်းလမ်းမှန်ကန်ပါမှ ရလဒ်ကလည်း မှန်ကန်တယ်လို့ လက်ခံကြပါတယ်။ တစ်နည်းပြောရရင် အကြောင်းတရားက အကောင်းစားတွေဖြစ်ပါမှ အကျိုးတရားက တကယ်မြတ်တဲ့ ရလဒ်များဖြစ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာကသာ အကြောင်းတရားကို ဦးစားပေးတာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ ဆောင်ရွက်တဲ့နေရာမှာလည်း အကြောင်းတရားကို ဦးစားပေးပါတယ်။ လိုချင်တဲ့ အကျိုးရလာဒ်ကို ဘယ်လိုအကြောင်းရင်းခံတွေရှိမှ ရနိုင်သလဲဆိုတာကို တွက်ချက်လုပ်ဆောင်ရတာပါပဲ။ အကျိုးကို ပြင်ချင်တယ်ဆိုရင် အကြောင်းကိုပြင်ရတာ သိပ္ပံနည်းကျတဲ့ အလုပ်သဘော ဖြစ်ပါတယ်။ သဘာဝတရားကလည်း အကြောင်းနဲ့အကျိုး ဆက်စပ်နေတာကို အမြဲပြနေတာပါပဲ။ သဘာဝတရား ဖောက်ပြန်တယ်ဆိုရင်တောင်မှ အကြောင်းမဲ့ မဖောက်ပြန်တတ်ပါဘူး။ ဖောက်ပြန်တဲ့ ဆိုးကျိုးပေါ်စေဖို့ အကြောင်းဆိုတာ ဘာလဲ ဆိုတာကို ရှာရင်တွေ့တာပါပဲ။

တကယ်လို့ အကြောင်းတရားများက ကြိုးပမ်းလုပ်ဆောင်ခြင်း၊ တော်တည့်မှန်ကန်ခြင်းဆိုတဲ့ ဖြောင့်မတ်တဲ့ အကြောင်းတရားများကို အခြေခံပြီး ထားမယ်ဆိုရင်တော့ အကျိုးတရားလည်း မွန်မြတ်တဲ့ အကျိုးတရားများ ဖြစ်လာပါလိမ့်မယ်။ အဓိကပြောချင်တဲ့ အကြောင်းကတော့ မပျင်းဖို့အကြောင်းဖြစ်ပါတယ်။ မပျင်းဖို့အကြောင်းကို ရောက်မယ့် အရေးမှာ အကြောင်းတရားတွေအကောင်းစားဖြစ်ဖို့ ပြောနေရတဲ့အတွက်အခုပြန်ကောက်ပါရစေ။

ကျွန်မတို့ပတ်ဝန်းကျင်မှာ မိမိနဲ့သက်ဆိုင်တဲ့အလုပ်ကို ကြိုးကြိုးကုပ်ကုပ် လုပ်နေတဲ့သူတိုင်းဟာ ဘာမှမကြာလိုက်ဘူးလို့ ထင်ရတဲ့အချိန်မှာ လူတော်တစ်ယောက်အဖြစ် အောင်မြင်ထင်ရှားလာတာကို တွေ့ရတတ်ပါတယ်။ အဲသည်လို တော်တဲ့လူလို့ အများက သိလာတဲ့အချိန်မှာ သူ့ဘ၀ တစ်သက်တာမှာ သူတစ်ယောက်တည်းသိတဲ့ အကျိုးကျေးဇူးများကို သူခံစားလာရတာ ကြာခဲ့ပြီဖြစ်ပါတယ်။ လူတော်တစ်ယောက်ရယ်လို့ အများက မသိကြခင်ကတည်းက သူ့ဟာသူ လုပ်မယ်လို့ ကိုယ်တိုင်ရွေးထားတဲ့အလုပ်ဖြစ်စေ၊ မင်းလုပ်ပါလို့ တာဝန်ပေးတဲ့အတွက် တာဝန်ယူထားရတဲ့အလုပ်ဖြစ်စေ "ပျင်းလိုက်တာနော်၊ ငါ အဲသည်အလုပ်ကို မကြိုက်ဘူး" လို့ ပြောမနေတတ်ပါဘူး။ ဒီအလုပ်ကို ငါနားလည်မှဖြစ်မယ်။ ငါဘယ်သူ့ကို ချဉ်းကပ်ပြီး ပညာယူရမလဲ၊ ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်ရမလဲ စသည်ဖြင့် အကြောင်းအရင်းခံကောင်းတွေကို ရှာပြီး အချိန်မဆိုင်းဘဲ လုပ်တတ်ပါတယ်။

အဲသည်လို မပျင်းမရိဘဲ ကြိုးစားပမ်းစားနဲ့ လေ့လာတဲ့အတွက် အသိပညာနယ်ပယ် ကျယ်ပြန့်သွားလို့ အကျိုးကို မကြာခင်အချိန်မှာပဲ ရရှိသွားမှာဖြစ်ပါတယ်။ အဲသည်နောက် လေ့လာမှုအရှိန်ကလည်း ကောင်းသွားပြီ ဖြစ်ပါတယ်။ အဲသည်လို အသိပညာနယ်ပယ်ကျယ်ပြန့်အောင် ခံထားရတဲ့ အကြောင်းကောင်းကတော့ မပျင်းရိခြင်း၊ တစ်နည်းဆိုရင် လုံ့လ၀ီရိယအား ကြီးမားခြင်းဆိုတဲ့ အကြောင်းကောင်းဖြစ်ပါတယ်။ ၀ီရိယအား ကြီးမားတဲ့ သူများဟာ စိတ်အင်အားလည်း ကြီးမားတတ်ကြပါတယ်။ မိမိကိုယ်မိမိ ယုံစားတတ်ပါတယ်။ သူများထံက အကူအညီရဖို့ကို "ကယ်မပါ၊ ပြုစုပါ၊ စောင့်ရှောက်ပါ၊ မွဲသွေ့သွေ့ မျက်နှာနဲ့ ကိုယ်ချမ်းသာရကြောင်း ငယ်ငေါင်းစုတ်ပဲ့ နုံနဲ့သည့် စကားများကို ယောင်မှား၍ဆိုမိလျှင် လျှာတိုအောင် ရိတ်ချင်၏" ဆိုတဲ့ ဦးပုည စာဆိုထဲကလိုပဲ ဘယ်သူ့ကိုမှ အောက်ကျို့ခြင်းမပြုဘဲ မိမိအားကို မိမိယုံကြည်ကိုးစားပြီး ရိုးရိုးသားသားစိတ်ထားနဲ့ ကြိုးစားတတ်ပါတယ်။အဲသည်လို ရိုးရိုးသားသားနဲ့ ကြိုးစားတဲ့သူဟာ ပေါ့ပေါ့ပျက်ပျက် စကားများကို မပြောတတ်သလို၊ ဣနြေ္ဒမဲ့တဲ့၊ ဟန်ချက်မညီတဲ့ အပြုအမူများကိုလည်း မပြုတတ်ပါဘူး။

ဝီရိယအားနဲ့ အလုပ်လုပ်တဲ့အခါမှာ သတိထားရပါမယ်။ ဖြစ်ချင်ဇောနဲ့ စိတ်အတက်ကြွလွန်ခဲ့ရင် စိတ်ပျံ့လွင့်သွားတတ်ပါတယ်။ စိတ်ကပျံ့လွင့်ပြီး မတည်မငြိမ်ဖြစ်သွားရင် တော်တော့ တော်ပါရဲ့ သုံးလို့မဖြစ်ဘူးဆိုတဲ့ လူအမျိုးအစားထဲမှာ ပါသွားတတ်ပါတယ်။ စိတ်ပျံ့လွင့်ခြင်း မဖြစ်ပေါ်အောင် မိမိလုပ်နေတဲ့ အလုပ်ဟာ အားစိုက်တာလွန်နေသလား၊ အားစိုက်တာ လွဲနေသလားဆိုတာကို မိမိဘာသာ ပြန်လည်ဆန်းစစ်ပေးဖို့ လိုအပ်ပါတယ်။ မိမိစိတ်ထဲမှာ ဖြစ်ချင်ဇောနဲ့ ဟုန်နေသလား ဆိုတာကိုလည်း သတိနဲ့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ အားစိုက်တာကို မလွန်အောင် သတိထားဖို့လိုသလို မလျော့ပါးဖို့ကိုလည်း သတိထားရပါမယ်။ တစ်ခါတရံမှာ ပျင်းရိတတ်ပါတယ်။ နားမယ်ဆိုပြီး တကယ်လည်း စိတ်ရောလူပါ အနားမရဘဲနဲ့ အခုခေတ်မှ ပေါများတဲ့ ဖျော်ဖြေစရာများနဲ့ ပင်ပန်းနေတတ်ပါတယ်။

ကျွန်မလည်း အဲသည်လူစုထဲမှာပါတတ်ပါတယ်။ မပါဘူးဆိုရင် ညာရာကျမှာပေါ့။ ဒါပေမဲ့ နှစ်ပေါင်းများစွာ မိမိကိုယ်ကို သတိပေးတတ်တဲ့ အကျင့်ကပါပြီးနေလေတော့ "မတင်ဝင်းရေ ထထ၊ အလုပ်နဲ့ဘ၀ကို တည်ဆောက်ထားရတာ၊ မပျင်းနဲ့အလုပ်လုပ်ပေတော့" လို့ ကိုယ့်ဘာသာကိုယ် ပြောရပါတယ်။ စိတ်ထဲကတင် ပြောရတာ မဟုတ်ပါဘူး။ နှုတ်ကထွက်ပြီးပြောတာပါ။ အဲသည်လို မိမိကိုယ်ကို ကျင့်ထားမိတော့ အလုပ်မလုပ်ဘဲနေရရင် စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရပါတယ်။ အဲသည်တော့ ကျွန်မစာတွေကို ဘယ်လိုရေးသလဲလို့ မကြာခဏ အမေးခံရတဲ့အခါမှာ ကျွန်မက အချိန် သတ်မှတ်မထားဘဲ အချိန်ရတိုင်း ထိုင်ရေးတတ်ပါတယ်လို့ ဖြေလိုက်ပါတယ်။ နေ့မှာမှ ရေးမယ်၊ ညမှာမှ ရေးမယ်လို့ အချိန်သတ်မှတ်မထားတာကို ပြောတာဖြစ်ပါတယ်။ ပြီးတော့ စာရေးတာကိုမှအလုပ်လို့ သတ်မှတ်မထားပါဘူး။ ဆရာတော်များကို လျှောက်ထားမေးမြန်းပြီး ဟောပြောမိန့်ဆိုတာကို နာယူရတာ လည်း အလုပ်ဖြစ်ပါတယ်။ လူကြီးများနဲ့ စကားပြောတာလည်း အလုပ်ဖြစ်ပါတယ်။ လူငယ်များနဲ့ စကားပြောတာလည်း အလုပ်ဖြစ်ပါတယ်။

ဆရာတော်များရဲ့ မိန့်ဆိုစကားများဟာ မြတ်စွာဘုရားရဲ့ တရားတော်များဖြစ်တဲ့အတွက် မိမိမှာရှိတဲ့ သံသယများ၊ မသိနားမလည်မှုများကို ရှင်းလင်းစေပါတယ်။ လူကြီးများနဲ့ စကားပြောတော့ သက်ကြီးစကားလေ။ အထပ်ထပ် မီးပြင်းထိုးထားတဲ့ ရွှေစင်ရွှေသားဟာ သန့်စင်ဝင်းလက် နေသလိုပါပဲ။ လောကဓံအမျိုးမျိုးထဲက တိုးထွက်လာတဲ့ လူကြီးစကားများက အဖိုးတန်ပါတယ်။ လူငယ်များဟာ သူတို့ဘ၀နဲ့ ထင်ဟပ်တဲ့ စကားများကို ပြောတတ်တော့ သူတို့ဆီကလည်း ပညာရသလို၊ သူတို့ကိုစေတနာထားပြီး ပြောနေရင်း မိမိစကားများဟာ ပိုပြီး နူးညံ့လာတတ်ပါတယ်။ ကိုယ့်စကားများကို ခေါင်းစဉ်လုပ်ပြီး စာပြန်ရေးရင်လည်းအများအတွက် စဉ်းစားစရာ အချက် အလက်များ ရလာနိုင်ပါတယ်။

နိဂုံးချုပ်မှာ ပြောချင်တာကတော့ တော်တယ်လို့ သူများက ချီးမွမ်းတာကိုခံရင်း ဒုက္ခပဲ၊ ငါမသိတာများ မေးလိုက်ရင်ကွဲပြီလို့ ချွေးဒီးဒီးကျပြီး စိတ်မဆင်းရဲရလေအောင် တကယ်တတ်၊ တကယ်တော်တဲ့သူဖြစ်ရမယ်။ တကယ်တတ်၊ တကယ်တော်ချင်ရင် မပျင်းပါနဲ့။
                                                                    

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)

တိုးတက်သလော

           မြန်မာနိုင်ငံကြီးက ဒီမိုကရေစီဆိုတဲ့ခေတ်စကားလုံးလေးနဲ့အတူ တိုးတက်လာသလား ဆိုတော့ ဘယ်လိုပြောရမလဲ။ တိုးတက်တာတွေလဲ တိုးတက်လျက်ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးတော့မတိုးတက် သေးပါဘူးလို့ဆိုချင်ပါတယ်။
          ကောင်းတဲ့လူတွေက ကောင်းတာလုပ်နေရင် မကောင်းတဲ့လူတွေက သူတို့ရဲ့ မကောင်းတဲ့လုပ်ငန်းကိုပိုတွင်ကျယ်အောင် ဆောင်ရွက်နေကြတာပါ။ ထားပါလေ။ တော်ကြာလိုရင်း ကိုမေ၇ာက်ပဲရှိနေဦးမယ်။
         တိုးတက်လာတာတွေကတော့ အများကြီးပါ။ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ ကိုပြည်သူ တွေကိုလုပ်ပိုင်ခွင့်ပေးတာကလည်း တိုးတက်မှုတစ်ခုပဲပေါ့။ ကိုယ့်နိုင်ငံရဲ့ နိုင်ငံေ၇းဆိုတာက ကိုယ်ပဲစိတ်ဝင်စားရတာလေ။ ကိုယ်မှစိတ်မ၀င်စားရင် ကိုယ့်နိုင်ငံဟာသူများနိုင်ငံရဲ့လက်အောက်ကိုေ၇ာက်သွားမှာကျိန်းသေတယ်။
         တစ်ချို့ကပြောကြပါတယ်။ ထမင်းနပ်မှန်ရင်ပြီးရော။ နိုင်ငံရေးဆိုတာကင်းကင်းနေတာပဲကောင်းတယ်လို့ယူဆတဲ့လူတွေလည်းရှိပါတယ်။
နိုင်ငံေ၇းကိုကိုယ်ကကင်းချင်သော်လည်း နိုင်ငံေ၇းကတော့ကိုယ့်ကိုကင်းသွားမှာမဟုတ်ပါဘူး။ ကိုယ်က နိုင်ငံေ၇းမလုပ်ဘူးဆိုပေမယ့် ဆိုးကျိုးတွေဖြစ်လာရင် ကိုယ်လည်းခံရတာပါပဲ။ ကိုယ်ကတော့ နိုင်ငံေ၇းမလုပ်ဘူးပဲထားပါ။ မီးပျက်ပြီဆိုတာနဲ့တစ်နိုင်ငံလုံး ပျက်ကြတာပါပဲ။ နိုင်ငံေ၇းလုပ် တဲ့သူရဲ့အိမ်ထင်ကွက်ပျက်တာမဟုတ်ပါဘူး။ စာေ၇းဆရာတွေရဲ့အိမ်ထင်ကွက်ပျက်တာမဟုတ်ပါဘူး။ အားလုံးဟာ ဖယောင်းတိုင်နဲ့လူလုပ်နေကြရတာပါ။
         ဆေးရုံတွေ......
          ပြည်သူပိုင်ခမ်းနားတဲ့ဆေးရုံတွေကိုမြင်တာနဲ့တိုးတက်ပြီလို့ပြောလို့၇ပြီလား။ တစ်ဝက်တော့ မှန်ချေဥိးမယ်။ ဒီလိုဆေးရုံတွေက ဓနရှင်အတွက်ပါပဲ။ ဆင်းရဲသားနဲ့ လူတိုင်းနီးပါးတက်နိုင်တဲ့ အခြေအနေမှာမရှိပါဘူ။
          ပြည်သူတွေအတွက်ကလည်း အစိုးရကချပေးတဲ့ ပြည်သူ့ဆေးရုံဆိုတာကရှိနေရဦးမှာပါ။ ပြည်သူ့ဆေးရုံနဲ့ပက်သတ်လို့ ကတော့ ပြောစရာတွေတောင်လိုယာလိုပုံနေပါတယ်။
           ပတ်တီးကအစ၀ယ်နေရတဲ့ပြည်သူ့ဆေးရုံ။ ထားပါလေ။ ဒီလိုအသေးစိတ်တွေပြောမနေချင်တော့ ပါဘူး။ အဓီကကတော့ လူနာတွေအတွက် အရေးကြီးတာက ဆရာဝန်ပါ။ သူတို့ကိုယ်တိုင်ကမှသာလျှင် ဘာေ၇ာဂါကိုဘယ်လိုကုရမယ်ဆိုတာသိကြတာပါ။
           ဆရာဝန်ဆိုတဲ့အရာက ပြည့်သူ့ဆေးရုံမှာတာဝန်ထမ်းတယ်လို့ပြောလိုက်ကတည်းက သူဟာဝန်ထမ်းတစ်ယောက်ဖြစ်သွားပါပြိ။ ဘာပဲပြောပြောသူဟာ ပြည်သူ့အကျိုးကိုဆောင်ရွက်ရတော့မှာ ပါ။
          ကိုယ့်ပါသာကိုအပြင်မှာဆေးကုစားချင်ရင် အပြင်မှာဆေးခန်းဖွင့်ပါ။ ဆေးရုံမှာလုပ်မနေနဲ့။ ဆေးရုံဆရာဝန်မှဖြစ်ရင်တော့ ဆေးရုံမှာအချိန်ပြည့်ရှိနေ ရမှာပါ။
           အခုမြန်မာနိုင်ငံမှာက နယ်တွေမှာဆိုရင်ပေါ့လေ။ ခွဲခန်းဝင်ကာနီးမှ ဆရာဝန်ဆီကိုဖုန်းဆက်၇။ ဆေးရုံအုပ်ဆီကိုဖုန်းဆက်ရနဲ့။ အလုပ်တွေကိုရှုပ်လို့။ ဆရာဝန်တွေက ဆေးရုံမျာ ရှိမှမရှိကြပဲကိုး။
          တစ်ခါတစ်လေ ဆေးခန်းထိုင်နေလို့မလာနိုင်တဲံ့ ဆေးရုံအုပ်တွေက ရှိသေးတယ။်ဒိလိုလူမျိုးကြတော့ နိုင်ငံတာဝန်ထမ်းတယ်လို့ဘယ်ပြောရပါ့မလဲ။ သူဟာလောဘသားပဲ ။ ငွေအတွက်သူလုပ်နေတာလေ။
         ဒီလိုမျိုးနဲ့ လူနာတွေဆုံးရှုံး၇တာမနည်းတော့ဘူး။ တကယ်တော့ ဆရာဝန်ပဲဆေးရုံမှာပဲရှိနေသင့်တာပါ။ အပြင်မှာ dutyချိန်ကလွဲလို့တော့၇ှိသင့်ပါတယ်။ သူ့ရဲ့ရာထူးက ဘယ်လောက်ပဲမြင့်မြင့် တာဝန်ချိနှ်မှာ တာဝန်ကျရာနေရာမှာ၇ှိတာပဲကောင်းပါတယ်။
       ဒီလိုမျိုးလေးတွေ ကြည့်တော့လည်း တိုးတက်လာတယ်ဆိုတာ မှားသေးတာပဲနော်.....။။