ဆောင်းပါးကရေးစမရှိတာမို့ အမှုားပါလျှင်ဖြစ်စေ စာရေးတာညံ့လျှင်ဖြစ်စေသည်းခံ ခွင့်လွှတ်ပေးစေချင်ပါသည်။ တစ်နေ့က တီဗွီမှာကြော်ငြာကြည့်လိုက်ရလို့ပါ။ ကလေးစစ်သားများ စစ်တပ်တွင် စုစောင်းခံရရင် အကြေင်းကြားတိုင်တန်းဖို့၊ ဒီကြော်ငြာလေးပေါ့နော်။ တကယ်တော့ စစ်တပ်ဆိုတာ အာဏာတွေကြီးစိုးတဲ့နေရာပါ။ တစ်နည်းအားဖြင့် စစ်တပ်က အာဏာပြင်းတယ်ပေါ့ဗျာ။ စစ်တပ်ရဲ့အာဏာကိုဘယ်သူမှမလွန်ဆန်ရဲဘူး ။ ဒီလိုသဘောမျိုးသက်ေ၇ာက်တယ်။ ဒါကလည်းပြောချင်သလိုပြောလိုက်တာတော့မဟုတ်ပါ။ ရွှေအိုရောင်အရေးအခင်းကိုပဲကြည့်လေ။ ဘယ်သူငြင်းဆန်နိုင်လို့လဲ။
ဒါက သာသနာရဲ့မြင့်မြတ်တဲ့သံဃာ ၊ ဘယ်သူကခိုင်းခိုင်း ငါတို့ကတော့ မသတ်နိုင်ဘူး၊ မရက်စက်နိုင်ဘူး ရယ်လို့ရှိခဲ့လို့လား၊ အဘ အမိန့်ဆိုပြီးအကုန်တွယ်သွားတာလေ။ ရှေ့က သတ်တဲ့သူကသတ်။ နောက်ကမီးသတ်ကားက သွေးလိုက်ဆေးနဲ့ ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ကြတာမလား။ အဲဒိတုန်းက ဘယ်သူကများ အမိန့်ဆိုတာကြီးကို မနာခံပဲနေခဲ့လို့လဲ။ အမိန့်ဆိုတာကိုနာခံကြတယ်လေ။
ဒီတော့ကလေးစစ်သားကျမှာ ဘာလို့ ပြည်သူတွေကိုအကူအညီတောင်းနေလဲ။ သူတို့သား ကလေးစစ်သားမထားဘူး ဆိုရင်ပြီးနေပြီမလား။ ကလေးဆိုတာလွတ်လပ်ချင်တဲ့အရွယ်။ ဘယ်ကလေးမှာ စစ်ထဲဝင်ချင်တယ်လို့တော့ရှိလိမ့်မည်မထင်။ ဒါကို ကလေးတွေ စုစောင်းခံရပါက တိုင်ကြားနိုင်သည်။ သက်ဆိုင်ရာသို့သတင်းပို့နိုင်ပါသည်ဆိုတာကတော့ ပြည်သူကို လက်နှစ်လုံးကြားကရေလုပ်ချင်တာပဲ။ ဒါဟာနှစ်ပင်လိမ်။သက်သက်မျက်လှည့်ပြတာလို့ပဲကျွန်တော်ကတော့မြင်တယ်။ တစ်နေ့က တီဗွီက အဲဒိကြော်ငြာလေးလည်းလာရော ကျနော့်ကို တစ်ယောက်ကပြောပါတယ်။ အဲဒါများတဲ့။ သူတို့စစ်တပ်ထဲမှာတင် ကလေး စစ်သားမစုစောင်းရလို့အမိန့်စာထုတ်လိုက်ပါလားတဲ့။ စစ်တပ်က မစုစောင်းနဲ့ဆိုမစုစောင်းရဲပါဘူးတဲ့။
ဟုတ်ပါတယ်။ တကယ်ဆိုအဲလိုလုပ်သင့်တာပါ။ ဒါက တမင်တကာ အစိုးရကောင်းကြောင်းဂုဏ်ဖော်တာ။ သူတို့ ကအဲလိုအဲလို မလုပ်ပါဘူးဆိုတာကို သိစေချင်လို့လို့ပဲထင်ပါတယ။် တကယ်လို့မှ နိုင်ငံအတွက်လည်းထိရောက်စေချင်တယ် ဆိုရင်တော့ အမိန့်ထုတ်ထားလိုက်ပြီး တင်းတင်းကျပ်ကျပ်တားမြစ်တာကအကောင်းဆုံးပါပဲ။
အမိန့်ထုတ်တာကဟုတ်ပါပြီရဲ့။ အဲဒိအမိန့်ကိုကြီးတဲ့သူကိုယ်တိုင်ကနာခံမှ ငယ်တဲ့သူကလည်းနာခံမှာ။ ကြီးတဲ့သူကိုယ်တိုင်ကိုယ်က ကလေးစစ်သားတွေလက်ခံနေရင်တော့ ဒါဟာ လက်အောက်ငယ်သားတွေအပြစ်မဟုတ်ပတော့ပါ။ ထိရောက်တဲ့ ကာကွယ်မှုဖြစ်ဖို့အတွက် ကလေးငယ်တွေ စစ်သားစုစောင်းခံရတဲ့ခါ သို့မဟုတ် ကလေးငယ်တွေ စစ်တပ်ထဲကိုအကြောင်းအမျိုးမျိုးကြောင့်ေ၇ာက်လာတဲ့ခါမှာ မိဘနာမည်ကိုမေးခြင်း ၊ နေရပ်လိမ်စာကိုမေးခြင်း ၊ သက်ဆိုင်ရာ ရပ်ကွက်လူကြီး ၊ မြို့မိမြို့ဖ တို့နှင့်ဆက်သွယ်ပြီးကလေးတွေကို မိဘတွေလက်ထဲ မိမိနေအိမ်သို့ပြန်လည်ပို့ဆောင်ပေးသင့်ပါသည်။
ဒါသည်ပင်လျှင်ကလေးစစ်သားပပျောက်ဖို့ရာအတွက်အကောင်းဆုံးလုပ်ဆောင်ခြင်းလို့ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ပေးခြင်းသည်သာလျှင် ကလေးကိုအိမ်တိုင်ရာေ၇ာက် စိတ်ချလက်ချ ပို့ပေးနိုင်ခြင်းနှင့် မိဘတွေကိုလည်း အထိုသင့်သလို ဗဟုသုတလေးတွေပေးနိုင်ပါတယ်။ နောက်ပြီး ဘေးပတ်ဝန်းကျင်ကလူတွေဟာလည်း စစ်တပ်ကို စိတ်ချလာပြီး စစ်တပ်ကိုယုံကြည်ကိုးစားမှုတွေများလာမှာဖြစ်ပါတယ်။ ဒါကိုမှ အလေးပေးမလုပ်နိုင်ရင်၊ တာဝန်ကြီးတယ်လို့သတ်မှတ်ရင်၊ အချိန်ကုန်တယ်လို့ပဲသဘောထားရင် ပြည်သူတွေရဲ့ယုံကြည်မှုကိုမရနိုင်ခြင်းနှင့် ကလေးစစ်သားပပျောက်ေ၇းဆိုတာလည်း ဘယ်တော့မှဖြစ်လာမည်မဟုတ်။
မင်းညှို့သျှင်
ကလေးစစ်သား
ရေးသားသူ Unknown
အချိန် 1:33 AM
with No comments
Written by : Your Name - Describe about you
Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::




0 comments:
Post a Comment