သိလွန်းလို့တင်လိုက်တာတော့မဟုတ်ပါဘူး။ ကိုယ်ကိုတိုင်ဖတ်ဖူးတဲ့စာအုပ်တွေထဲကနေ စာရေးတာဝါသနာပါတဲ့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်တာပါ။ ကျနော်ကတော့ စာရေးတဲ့နေရာမှာ ဇာတ်လမ်းကိုခပ်ဖြေးဖြေးလေးဆွဲတာကိုပဲကြိုက်တယ်။ ၀တ္ထုတစ်ပုဒ်ရေးတော့မယ်ဆိုရင် ဇာတ်လမ်းကိုအရင်စဉ်းစားပါ။ ဇာတ်လမ်းထဲမှာပါတဲ့ဇာတ်ကွက်တွေ က ကိုယ်လိုချင်သလိုစဉ်ထားတာမျိုးမဖြစ်စေဘဲ သဘာဝကျကျလေးဖြစ်နေရင် မရိုးအီတဲ့ဝတ္ထု တစ်ပုဒ်ဖြစ်မှာပါ
။ နောက်ပြီး စာရေးတဲ့လူက တတိလူနေရာကနေရပါမယ် ။ ကိုယ်သိသလိုမျိုး စာဖတ်သူတွေသိလိမ့်မည်လို့မထင်သင့်ပါ။ ကိုယ်ကသိသော်လည်း စာဖတ်သူတွေကနားလည်ကောင်းမှနားလည်နိုင်မည်။ ကိုယ့်အသုံးအနှုန်းတွေက မြင့်လွန်းနေလျှင် သို့မဟုတ် စာပေဆန်လွန်းနေလျှင်ဗဟုသုတ ရှိသူတို့လောက်သာနားလည်နိုင်သည်ဖြစ်သောကြောင့် ဒီအချက်လေးကိုသတိပြုစေလိုပါသည်။
နောက်တစ်ခုကတော့ ဇာတ်ကောင်တွေရဲ့စရိုက်ကို အပြည့်အ၀ပုံဖော်ပါ။ ဆိုကြပါစို့ ရွှေရည်က လှသည်လို့ပြောမည့်အစား ဘယ်လိုလှတာလဲ၊ ဘယ်လိုပုံစံလဲ။ ပိန်လား၊ ၀လား ၊ဒါမျိုးလေးတွေနဲ့ ပုံဖော်သင့်ပါတယ်။ စကြည့်ရအောင်
ရွှေရည်ဆိုတာအညာသူလေးတစ်ယောက်ဆိုကြပါစို့။ အညာသူဆိုတော့ အညာသူရဲ့အသွင်တွေနှင့်အလှဆင်သင့်၏။
ရွှေရည်သည် စကားဝါမြေနားက အညာသူဖြစ်သည်။ သူမနေသည်မှာကျောက်ပန်းတောင်းမြို့ ။ မြို့လေးကငယ်လည်းငယ် သည်။ မြို့ဟုဆိုသော်လည်း ယခုထက်တိုင်မသိသူရှိကောင်းရှိပေလိမ့်မည်။ သို့သော်ရွှေရည်ကတော့ထိုတွင်နေရခြင်းကိုဂုဏ်ယူ၏။ သူမတို့မြို့တွင် ဘလီဆိုတာလည်းမရှိ။ ချက်ကျောင်းဆိုတာလည်းမရှိ။ သူမက ဟော့ဟော့ဟမ်းဟမ်းတော့မ၀တ်တတ်။ သူမ၏ မျက်နှာလေးသည် ခပ်ဝိုင်းဝိုင်းလေးဖြစ်ပြီး နှာတံလေးသည်လည်း ဖူးဖူးပြည့်ပြည့်သွယ်သွယ်လေးဖြစ်သည်။ နက်မှောင်နေသောမျက်ခုံးမွေးတို့ကြောင့် မျက်လုံးပေါ်မျှော့များတက်ခွေနေလေသလားအောက်မေ့ရ၏။ မျက်လုံးဝိုင်းဝိုင်းလေးတွေကတော့ မွေးကတည်းကမို့ သူမအလှသည် ယဉ်ပေ၏၊ ကကြီးပုံအပေါ်နှုတ်ခမ်းလေးနှင့်ပစောက်ပုံအောက်နှုတ်ခမ်းလေးတွေကတော့ အညာသူဆိုသော်လည်း နီနီရဲရဲလေးဖြစ်၏။ ၀ါညက်ညက် မျက်နှာလေးပေါ်တွင် ပါးလေးနှစ်ဖက်သည်ကတော့နီနီရဲရဲ ပအို့နီပင်စိုးထားလေသလားမှတ်ရသည်။ တစ်ခါမှလက်ဆစ်မချိုးဖူးသူပီပီ လက်ကလေးတွေကလည်းသွယ်စမ်းပါဘိ။ ကိုယ်နေကိုယ်ထားမှာလည်း အပြစ်ပြောစရာမှမရှိ။ သွယ်သွယ်လျလျ နှင့် မယ်ပင်အရွေးခံရနိုင်သည်။ လက်သည်းလေးတွေကတော့လက်သည်းနီလေးတွေစိုးထားတာကြောင့် နီရဲနေသည်။ အသားညက်ညက် ၀ါဝါ၀င်းဝင်းရှိတာကြောင့် အညာသူ၏အလှကားသူမနှင့်ပေါ်လွင်သည်။ ပုတုန်းနက်ရောင်ဆံကေသာတို့ကား နောက်ကျောတစ်ပြင်လုံးကိုဖြန့်ကာထားလေသည်။
အကယ်လို့များေ၇ွှရည်ဟာ ခေတ်ဆန်တဲ့မြို့သူတစ်ယောက်ဆိုရင်
ရွှေရည်
သူမ၏အလှကတော့လက်ဖျားခါလောက်သည်။ မြို့ကြီးသူပီသပါဘိ။ အ၀တ်အစားကတော့ ၀တ်လိုက်လျှင်ဖြင့် အကျီင်္ချိုင်းပြတ်၊ ဘောင်းဘီပေါင်တို။ သူမရဲ့ပေါင်သားဖြူဖြူဖွေးဖွေးလေးတွေကသွယ်လျနေတာကြောင့် မလှတာရယ်လို့တော့မဟုတ်ပါ။ ဒါပေမယ့်လည်းလူကြီးတွေအမြင်မှာတော့မျက်စိဆံပင်မွေးဆူး၏။ မေးရိုးချွန်ချွန်လေးပိုင်သည့်မျက်နှာ
ရှည်ရှည်လေးကိုပင် မိတ်ကပ်တွေလိမ်းသေး၏။ နဂိုထူပြီးသားမျက်ခုံးမွေးပေါ်တွင် ခဲတံလေးနှင့်လုက်သေး၏။ မရှိသည့် မျက်တောင်မွေးတွေကိုတော့ စက်အားကိုးနှင့်ကောက်နေသောသူမသိပ်လှချင်၏။ နှုတ်ခမ်းနီလေးကတော့ ပန်းဆီရောင်လေးဆိုးထားသည်မှာသူမနှင့်လိုက်ဖက်ပါ၏။
ထိုကဲ့သို့ဝတ္ထုရေးတော့မည်ဆိုလျှင် စိတ်ရှည်ရှည်နှင့် အကောင်းဆုံးcharacter တွေအကြောင်း ကိုရေးသင့်ပါတယ်။ နောက်မှဆက်ရအောင်နော် ....
ထာဝရသံယောဇဉ်ဖြင့်..
မင်းညှို့သျှင်
facebook:Minn Nyhoe Shin
E mail: author.narrator@gmail.com
ဝတ္ထုရေးနည်း (၁)
ရေးသားသူ Unknown
အချိန် 11:50 PM
with No comments
Written by : Your Name - Describe about you
Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::




0 comments:
Post a Comment