ဆောင်းပါးကရေးစမရှိတော့သိပ်မေ၇းတတ်တာကိုတော့ဝန်ခံပါတယ်။ ဒါလေးကလည်းရေးချင်စိတ်ကစိတ်ထဲပြင်းပြလာတာနဲ့ပဲရေးလိုက်ရတာပါ။ ရိုင်းတယ်လို့ပြောရင်လည်းခံရတော့မှာပေါ့လေ။ မရေးလို့ကလည်းမဖြစ်တော့ဘူး။ ဒီတော့ရေးသင့်တယ်ထင်လို့ရေးလိုက်ပါပြီ။
မင်္ဂလာဆောင်တာလေးနဲ့ဆက်မိလို့ပါ။ သူ့သမီးရတဲ့ယောက်ျားက သူ့သမီးနဲ့အသက်ကလည်းနည်းနည်းပါးပါးကွာ။ ပြီးတော့ရုပ်ကလည်းနည်းနည်းရင့်ဆိုတော့ ဘေးကပတ်ဝန်း
ကျင်ရဲ့သဘာဝအတိုင်း ဝေဖန်ကြတာပေါ့။ ဒိတော့သူ့အမေကပြောရှာပါတယ်။ သူ့သမီးကိုတဲ့ ကုလားနဲ့လည်းမရ ၊ ဘုန်းကြီးနဲ့လည်းမရ၊
သူများလင်မယူရင်ဘဲတော်ပါပြီလို့ပြောရှာတယ်။ သေချာစဉ်းစားကြည့်တော့လည်းဟုတ်တာပဲ။ သေချုာစဉ်းစားကြည့်လိုက်တော့ သူပြောတာလေးကမှန်နေတာနဲ့ပဲေ၇းဖြစ်သွားတော့တယ်ပေါ့ဗျာ။
ကျန်တဲ့နှစ်မျိုးကိုတော့အထူးမပြောလိုပါဘူး။ ကုလားမဟုတ်၊ ဘုန်းကြီးမဖြစ်၊သူ့လင်မယူ ဆိုတဲ့ဆောင်ပုဒ်နဲ့ကိုက်ညီနေရင် မိမိကိုယ်ကိုယ်မိမိ မြင့်မြတ်တယ်လို့မြန်မာမိန်းကလေးတွေမှတ်လိုက်ကြပါ။ ကျန်တဲ့နှစ်မျိုးကိုတော့
ကိုယ့်အသိနဲ့ကိုယ်ပဲေ၇ှာင်ကြပါ။ ဒီနေရာမှာ ဘုန်းကြီးနဲ့ပတ်သတ်လို့ပဲပြောတော့မယ်။
ဘုန်းကြီးဆိုပြီးမိမိကိုယ်ကိုယ်မိမိ မြင့်မြတ်တယ်လို့ အမည်ခံပြီးတော့မှ မိန်းကလေးတွေနဲ့ရောရော မလုပ်သင့်ပါဘူး။ ကိုယ်ကိုယ်တိုင်ကတရားမှာမွေ့လျော်လို့ဘုန်းတော်ကြီးတောင်ဝတ်ပြီးပြီပဲ။ ဒါကိုဘာလို့ ကာမတွေကို ပြုချင်ကြတာလဲ။
ဒါကိုမှမနေနိုင်ရင်တော့အဓိက ကလူထွက်ဖို့ပါပဲ။ တရားဘောင်မှာမမွေ့လျော်ရင် အကောင်းဆုံးကတော့လူထွက်လိုက်တာပဲ။ လူထွက်လိုက်တာနဲ့ လူတွေရဲ့ရိုသေမှုဟာလည်း လျော့ပါးလာနိုင်ပါတယ်။ ပြီးတော့ နေ့စဉ်ဓူဝစားဝတ်နေေ၇းအတွက် လည်း ရုန်းပန်းရပါဦးမယ်။ဒါပေမယ့် ဘုန်းကြီးဝတ်လျက်နဲ့မိန်းမ (ကျောင်းပြိုမ) တွေနဲ့ပျော်ပါးနေတာဟာ လူဘောင်းချောင် အဖြစ်နဲ့ထက်ပိုပြီးတော့ငရဲကြီးစေတတ်တာမို့ငရဲတော့လျော့သွားတာပေါ့။ နေ့စဉ်ဓူဝ
စားဝတ်နေရေးတွေကိုမှ မလုပ်ကိုင်နိုင်ရင် တော့ ဒါဟာကိုယ်နဲ့တန်ရာမှာပဲမြင့်မြတ်သလိုနေတာပဲကောင်းပါတယ်။
ဘုန်းကြီးတွေနဲ့ပျော်ပါးတဲ့မိန်းမ ၊ အဲလိုမိန်းမတွေကိုတော့ ကျောင်းပြိုမလို့ခေါ်ပါတယ်။ သူတို့လုပ်လို့ သာသနာအသိုက်အအုံပျက်ပြီး တ၇ားနဲ့မွေ့လျော်သူတွေလူထွက် ၊ သူတို့ရဲ့မြှူဆွယ်မှုတွေအောက်မှာနစ်မြောနေကြတော့တရားလုပ်ဖို့မေ့၊ တရားမှာမမွေ့လျော်တော့ပဲ နောက်ဆုံးတော့ကာမမင်းအောက်မှာ ဒူးထောက်အရှုံးပေးလိုက်ရပါတော့တယ်။
ဒါကြောင့် နောက်ဆုံးတော့တစ်ပါးပြီးတစ်ပါးတစ်ပါးပြီးတစ်ပါးနဲ့ ကျောင်းကြီးလည်းဘုန်းကြီးတစ်ယောက်မှမရှိ။
ခြောက်ကပ်ကပ်နဲ့ ကျောင်းပြိုတဲ့အဆင့်။ သာသနာ့တာဝန်ကိုထမ်းဆောင်မယ့်လူမရှိတော့မယ့်အဆင့်ကိုေ၇ာက်တော့တာပဲ။ အခုခေတ်မှာကျောင်းပြိုမတွေကလည်းပေါ။ ရဟန်းတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ခက်ပြီ။ နောက်ဆုံးတော့ မြန်မာနိုင်ငံရဲ့သာသနာဟာလည်း တဖြေးဖြေးနဲ့....
ပစ်မျိုးသုံးပါးကင်းစေချင်
ရေးသားသူ Unknown
အချိန် 10:32 PM
with No comments
Written by : Your Name - Describe about you
Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::



0 comments:
Post a Comment