ဗိုလ်ချုပ်ပြောတဲ့နိုင်ငံကြီးကိုမှတ်မိကြသေးရဲ့လား။ရိုင်းရိုင်းပဲပြောလိုက်တော့မယ်။
စိတ်ဆိုးမယ်ဆိုလည်း ဆိုးထိုက်ပါသည်။ သို့သော်လည်း ရိုင်းရိုင်းပြောမှ
သိကြပါလိမ့်မယ်။ ဗိုလ်ချုပ်က တိုင်းရင်းသားချင်းသားမစည်းလုံးရင်
မြန်မာနိုင်ငံ ဖာသည်နိုင်ငံကြီးဖြစ်လိမ့်မယ်လို့ပြောခဲ့ဖူး ပါသည်။
ဒါလည်းအခုကျမှ စဉ်းစားမိလို့ပါ။ ဗိုလ်ချုပ်က ရိုင်းရိုင်းပြောခဲ့တာ
ဖာသည်နိုင်ငံကြီးတဲ့။
ဒါဟာသာမန်စဉ်းစားလိုက်ရင်တော့အတော်ရိင်းတဲ့စကားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
သေချာစဉ်းစားကြည့်၇င်တော့ အတော်ကိုမှန်နေသည့် စကားပါ။
ဒါကိုယဉ်အောင်ပြန်ပြောမည်ဆိုလျှင်တော့ “လင်ငယ်နေသည့်နိုင်ငံ” ကြီးဟု
ကင်ပွန်းတပ်ရလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော်
ဗိုလ်ချုပ်ပြောသည့် ဖာသည်ဆိုတာသည်မှာ ကာမကိုဦးစားပေးပြီး
တမင်တကာ၇ိုင်းအောင်ပြောခဲ့သည်မဟုတ်။ သေချာစဉ်းစားကြည့်ကြပါ။
ပြည့်တန်ဆာဆိုတာဘယ်လိုဟာမျိုးလဲပေါ့။ တကယ်တော့ မျက်နှာများသည့်
မိန်းမမျိုးကို ပြည့်တန်ဆာဟုခေါ်သည်။ စကားရိုင်းရင်လည်းသည
်းခံခွင့်လွှတ်ပေးကြပါ။ အရပ်ထဲမှာ ရိုင်းရိုင်းစကားတွေ
ပြောကြသည်ကိုကြားဖူးကြပါလိမ့်မည်။ “ညည်း ဖာစကားမတတ်နဲ့ဆိုတာလေ” အခုတစ်မျိုး
နောက်တစ်မျိုး ပေါ်တင်တစ်မျိုးကွယ်ရာတစ်မျိုး ပြောတတ်တာကိုဆိုတာပါ။ ရှေ့မှာ
တစ်မျိုး ကွယ်ရာတစ်မျိုး ပြောတတ်တာကို ခေါ်တာပါ။ သူတို့ အလုပ်ကလည်း
ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ပြောတတ်ရသည်လေ။ ရှေ့က ထမင်းရှင်လာလိုက်
သူကြားချင်သည့်စကားလေးတွေကိုပြောလိုက် နောက်လူတစ်ယောက်လာလိုက်
နောက်လူကြိုက်တတ်သည့် စကားကိုပြောလိုက် ။ လူတစ်ယောက်ရဲ့ရှေ့မှာ
စကားတစ်မျိုး မျက်နှာတစ်ဖုံ နဲ့နေပြီး နောက်လူတစ်ယောက်ရဲ့ရှေ့မှာ
နောက်တစ်မျိုးတစ်ဖုံ နဲ့ နေပြရတာလေ။ ဒီတော့ဒါဟာသူတို့ရဲ့အမူအကျင့်
characterstics တွေပေါ့။ ဗိုလ်ချုပ်ကဒါကိုရည်ရွယ်ပြီးပြောခဲ့တာထင်ပါတယ်။
ဒါနဲ့
လင်ငယ်နေတတ်တဲ့ အမျိုးသမီး နဲ့က မတူကြဘူးလားဗျာ။ လင်ငယ်နေတတ်တဲ့လူကလည်း
တရားဝင်ခင်ပွန်းသည်ရှေ့ေ၇ာက်ရင် တစ်မျိုး အခြား
အပြင်တိတ်တိတ်ပုန်းကွယ်ရာမှာ တစ်မျိုး နေတတ်ကြသည်ပဲလေ။ သူတို့၇ဲ့
စရိုက်လေးတွေကတူညီကြသည်လေ။ သည်တော့
မြန်မာနိုင်ငံကိုဖာသည်နိုင်ငံလို့ပြောတာရိုင်းတယ်ဆိုရင်
အထက်မှာပြောခဲ့သလို လင်ငယ်နေတဲ့နိုင်ငံကြီးလို့သာပြောလိုက်ပါတော့။
တကယ်တော့
သေချာကြည့်လိုက်ရင် တကယ်လည်းဖြစ်နေပါပြီ။ သေချာစဉ်းစားကြပါ။
ဒါကြောင့်ဗိုလ်ချုပ်က အနာဂါတ်အတွက် ကြိုတင် မြင်နိုင်တဲ့
ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ သူက
ရှေ့ေ၇းကိုစဉ်းစားပြီးတော့ပြောခဲ့တဲ့စကားပါ။ အခုမြန်မာနိုင်ငံက
ဟိုနိုင်ငံအကူအညီတောင်း၊ ဒီနိုင်ငံအကူအညီတောင်းနဲ့။
ဗိုလ်ချုပ်ပြောသလိုနဲ့တူမနေဘူးလားဗျ။ တရုတ်ရှေ့ရောက်ရင် တရုတ်ကြိုက်တာပြော
ဂျပန်ရှေ့ေ၇ာက်တော့ဂျပန်ကြိုက်တာပြောနဲ့ မျက်နှာကိုတော်များနေရပါ့ကော။
တရုတ်ရှေ့ရောက်တော့ မျက်နှာချိုသွေး ဧည့်ခံ၊ ဂျပန်ရှေ့ေ၇ာက်တော့
ဂျပန်ကိုမျက်နှာချိုသွေးနေရသည်လေ။ ဒီတော့ဗိုလ်ချုပ်ပြောတာမှန်ပါ့ကော
လို့သာအဆိုပြုလိုက်ချင်ပါတော့သည်။
မင်းညှို့သျှင်
ဗိုလ်ချုပ်ပြောသည့်နိုင်ငံကြီး
ရေးသားသူ Unknown
အချိန် 9:33 PM
with No comments
Written by : Your Name - Describe about you

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::
0 comments:
Post a Comment