Blogger Widgets

ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု (မင်းသိင်္ခ)

ကျွန်ုပ်သည် မျက်နှာဖြူအစိုးရ လက်ထက်တွင် အမှု့လိုက်ရာတွင် အလွန်အမင်း ကျွမ်းကျင်လှသော ဆားပုလင်းနှင်းမောင်နှင့် တွဲဖက်ကာ အမှုပေါင်းများစွာ လိုက်ခဲ့ဖူးပါသည်။

ထိုမြောက်မြားစွာသော အမှု့များအနက်မှ သူနှင့်ကျွန်ုပ် ပထမဆုံး တွဲဖက်၍ လိုက်ခဲ့ရသော ဂျူးမျက်လှည့် ဆရာသတ်မှု့ကို စာဖတ်သူတို့ အနေနှင့် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်၏ အရည်အသွေးကို စားမြည်းကြည့်နိုင် ရုံမျှ ရေးသားတင်ပြလိုက်ရပါသည်။

ပုလစ်ကို ပုလိပ်၊ ဆာဂျင်ကို ဆာသင်ကြီး ၊ ဆက်မွန်ကို သမ္ဗာန်စာဟူ၍ အင်္ဂလိပ်ဝေါဟာရအား သျှောင်ပေစူးထုံးပေးပြီး မြန်မာရုပ်ဖန်တီး၍ မွေးစားတတ်သော ကျွန်ုပ်တို့၏ မြန်မာလူမျိုးများ ပါးစပ်တွင် ဆားပုလင်းဟု မွေးစားတတ်သဖြင့် ကျွန်ုပ်၏ မိတ်ဆွေကြီး လူဆိုးထိန်း စုံထောက်ကျော်ဖြစ်သော ကိုနှင်းမောင်ခမျာမှာ ထိုခေတ် ပုလိပ်အဖွဲ့နှင့် ထိုခေတ် လူဆိုးလောကတွင် ဆားပုလင်းနှင်းမောင်ဟု ကျော်ကြား ခဲ့ရပါသတော့သည်။

စတင်တွေ့ဆုံခြင်း

ရေနံတွင်းများကြောင့် မျက်နှာဖြူတို့ အရောက်အပေါက် အနေအထိုင်များလှသော ချောက်မြို့ဂါတ်တဲသို့ ကျွန်ုပ်အား ပြောင်းရွေ့ အမှု့ထမ်းစေခဲ့၏။ထိုသို့ ပြောင်းရွှေ့ရသည့်အကြောင်းတွင် ချောက်မြို့ ပါတ်ဝန်းကျင်ရှိ စလေ ဆိတ်ဖြူ ဂွေးချိုစသော ဒေသများ၌ ရာဇ၀တ်မှု့များ တစ်လထက်တစ်လ ပိုမိုဖြစ်ပွားလျှက် ရှိသောကြောင့် ပုလိပ်ဘက်တွင် နာမည်ကောင်း လက်မှတ်များကို မကြာခဏ ဆိုသလို ချီးမြှင့်ခြင်း ခံရသော ကျွန်ုပ်အား အိုင်ပီခေါ် ပုလိပ်အရာရှီ အမြောက်အမြားထဲမှ ခေါင်းခေါက်၍ ရွေးချယ်ပို့လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်နားလည်ခဲ့ပါသည်။

အကယ်၍ ကျွန်ုပ် ရောက်ရှိသွားသည့်တိုင်အောင် ရာဇ၀တ်မှုများမှာ အထက်က မျှော်လင့်သကဲ့သို့ မကျဆင်းပါလျှင် ကျွန်ုပ်၏ ဧည့်ခန်းတွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော ထိုနာမည်ကောင်း လက်မှတ်များကို ကျွန်ုပ်ကိုယ်တိုင် ဖြုတ်ချ၍ လွှင့်ပစ်ရန်မှတစ်ပါး အခြားလုပ်စရာ မရှိတော့ပေ။
“ ဒါ မောင်ရထားတဲ့ ဂုဏ်ထူးဆောင် လက်မှတ်တွေပေါ့ ”
“ ၀န်မင်းကဆိုရင် မောင့်ကို သိပ်အားကိုးရှာတာ ”
ဟု သာလိကာမလေး စကားသင်ထားသည့်အလား လူလာတိုင်းပင် ကြွားလုံးထုပ်တတ်သော ကျွန်ုပ်၏ဇနီး မင်းကတော် ဒေါ်ခင်ခင်ကြီးလည်း တစ်ခါတည်း အားစေးထည့်ပြီးသား ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် ချောက်မြို့ ဂါတ်တဲသို့ ရောက်လျှင်ရောက်ချင်း ရာဇ၀တ်မှု ကျဆင်းရေးအတွက် ကျွန်ုပ်သည် အစွန်းကုန် ဆောင်ရွက်ရပါတော့သည်။အိတ်(ချ)အက်စ်ခေါ် ရာဇ၀င်လူဆိုးများအား မျက်ခြည်မပြတ် စောင့်ကြည့်စေခဲ့ခြင်း ၊ ပတ္တရောင်ခေါ် လှည့်ကင်းများ တိုးချဲ့ခြင်း ၊ ဓားပြမှု့ ဖြစ်ပွားနိုင်သော အိမ်များသို့ သတိပေး စကားပြောခြင်း ၊ အစောင့်ချပေးခြင်းစသည့် ရာဇ၀တ်မှု နောက်မြီးဆွဲ လုပ်ငန်းများကို မိုက်မဲစွာ ပြုလုပ်ခဲ့၏။

ထိုသို့ ဆောင်ရွက်နေသည့် ကြားကပင် ဓားပြမှု ၊ခိုးမှု၊ လုယက်မှု ၊ စသည်များ တစ်နေ့တခြား တိုးပွားလာခဲ့၏။ အဆိုးဆုံးမှာ ကျွန်ုပ်၏ ဂါတ်တဲနှင့် များစွာ မဝေးလွန်းလှသော တမာအိုင်ဆိုသည့် ရပ်ကွက်တွင် လူသတ်မှု ပူပူနွေးနွေးတစ်ခု ဖြစ်ပွားခဲ့၏။

ထိုအမှုနှင့်ပါတ်သက်၍ ဘီအိုစီမျက်နှာဖြူ အရာရှိတစ်ဦးက မြန်မာအမျိုးသား ရဲဝန်ထံသို့ ချောက်မြို့ ပတ်ဝန်းကျင်၌ ရာဇ၀တ်မှုများ ဖြစ်ပွားနေကြောင်း ယခုတစ်ဖန် မြို့လယ်ကောင်၌ လူသတ်မှု ဖြစ်ပွားပြန်ပြီဟု သိရကြောင်း ၎င်းဖြစ်ရပ်များကြောင့် ဘီအိုစီ မျက်နှာဖြူ အရာရှိများအတွက် လုံခြုံရေးကို ရှေးကထက် ပိုမိုဂရုစိုက်ကြောင်း စသည်ဖြင့် တယ်လီဖုန်းနှင့် အမိန့်တော် မှတ်လိုက်ရာ ကျွန်ုပ်၏ ဦးခေါင်းအား စာပို့ရထားကြီး အတိုက်ခံရသည်ထက်ပင် ကျိန်းရပါတော့သည်။

တစ်နာရီအတွင်း အထက်မှ တယ်လီဖုန်းဖြင့် ရှစ်ခါတိတိ ထုချေလွှာ တောင်းနေ၏။ မိန်းမဖျင်းလျှင် ကွိတ်၊ ယောကျားဖျင်းလျှင် ပုလိပ်ဟူသော ထိုခေတ်စကားပုံကို ယခုပင် ကြားနေမိပါသည်။ ရှက်လည်း အလွန်ရှက်၍ စိတ်လည်း အလွန် ညစ်မိ၏။

အညာသား ကိုလူကြွား

ကျွန်ုပ်သည် စိတ်ညစ်၍ အလုပ်အကြောင်း ဘာမျှ မစဉ်းစားတော့ဘဲ “ အကျောက်ဟိုတယ် ” သို့ သွားရောက်ကာ ပျားအုံတံဆိပ် ဘရန်ဒီနှင့် စိတ်ညစ်မှုအပေါင်းကို ဆေးကြော၍ ထွက်ပေါက်ရှာရတော့၏။ အကျောက်ဟိုတယ်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြရပေမည်။ အကျောက်ဟူသော တရုပ်သူဋ္ဌေး တစ်ဦးနှင့် မလှဆိုသည့် ဆိတ်ဖြူသူ မြန်မာအမျိုးသမီး မိန်မချော တစ်ခုလပ်မလေးနှင့် အကြောင်းဆက် ပေါင်းဖက်ကာ ချောက်မြို့ ဈေးအနီးတွင် ဖွင့်လှစ်သော ဟိုတယ်ကြီး ဖြစ်၏။ (၎င်းအကျောက်၏ ဇနီးမလှမှာ ယခုတိုင် ရှိသေး၏။ ယခင်ဟိုတယ်နှင့် မျက်နှာချင်းဆိုင် နေရာ၌ ဒေါ်လှ ထမင်းနှင့် ခေါက်ဆွဲဆိုင်ဟု ဖွင့်လှစ်ထားကြောင်း သိရ၏။ )

ချောက်မြို့တွင် မျက်နှာဖြူအတွက် ကလပ်တစ်ခု ၊ စာရေးများအတွက် ကလပ်တစ်ခုနှင့် အရပ်သားအပြင် လူများအတွက် အကျောက်ဟိုတယ်တစ်ခု စုစုပေါင်း သေရည်ဘုံနန်း သုံးခုရှိခဲ့၏။ လူဆိုးလူမိုက်များ ငွေစ-ပေါလျှင် စားရေးကလပ်နှင့် မျက်နှာဖြူ ကလပ်များသို့ သွားခွင့်မရှိရကား အကျောက် မလှတို့ထံသာလျှင် ဦးတိုက် ရောက်ရှိလာတတ်သည်။
“ ဂွဒ် အီးဗနင်း မစ္စတာ အောင်သင်း ”
တမာချဉ်နှင့် ပုန်းရည်ကြီးနံ့များ များစွာမကင်းသည့် အသံထွက်ဖြင့် ကျွန်ုပ်အမည်ကို ထည့်ခေါ်ကာ နှုတ်ဆက်လာသူအား ဖျက်ခနဲ မော့ကြည့်လိုက်ပြီးနောက် ဖြဲပြထားသော ထိုသု၏ သွားများကို အားနာ လှသဖြင့်သာ အောင်သက်သက်နှင့်.....

“ မိတ်ဆွေ ထိုင်ပါ၊ ကောင်းသော ညနေခင်းပါပဲ ”

ပဋိသန္ဓာရ စကားကို ကျွန်ုပ်လည်း အင်္ဂလိပ်ဘာသာဖြင့် ရေရွတ်လိုက်ရ၏။ ထိုလူကလည်း ကျွန်ုပ်၏ ဖိတ်ခေါ်ချက်ကိုပင် မစောင့်နိုင်ဘဲ ကျွန်ုပ်၏ စားပွဲမှာပင် ၀င်ထိုင်ပြီးနောက် စားပွဲထိုးအား အရက်နှင့် စားသောက်ဖွယ်ရာများကို မှာကြားပါတော့သည်။ ထိုသူ အရက်မှာပုံ ကြည့်ရုံနှင့်ပင် ဟိုတယ်သို့ ညနေတိုင်း မဟုတ်သည့်တိုင်အောင် မကြာခဏ လာလေ့ရှိသူ တစ်ဦးဟု ခန့်မှန်းနိုင်ပါသည်။ သူသည် ရောက်လာသော အရက်နှင့် အမြည်းများကို အားရပါးရ စားသောက်ရင်း အင်္ဂလိပ်စကားကို ခြေတစ်ပေါင်ကျိုး ပြောဆိုပါတော့သည်။ဝါကျတစ်ခုလျှင် အိုင်ဆေးပေါင်း အလုံးနှစ်ဆယ်ထက်မနည်း ပါလေ့ရှိပြီး နားကလောဖွယ်ရာ ကောင်းလောက်အောင် အ, ထစ် အ, ထစ်နှင့် ပြောဆိုနေတော့၏။

မိမိလည်း မသိ၊ များစွာလည်း မယဉ်ကျေး ၊ မိမိ မကျွမ်းကျင်သော ဘာသာစကားကိုလည်း ကျွမ်းကျင်သယောင်ပြု၍ ပြောနေသော ထိုအညာသား ကိုလူကြွား၏ စကားကို ကျွန်ုပ်အနေနှင့် သည်းခံ၍ နားထောင်နေရသည့် အကြောင်းကိုစာဖတ်သူတို့ ရိပ်စားမိပေလိမ့်မည်။

ထိုသူပြောသော ထော့နင်းထော့နင်း အင်္ဂလိပ်စကားကို မှတ်မိသလောက် ချောမောအောင် ပြန်ဆိုရေးပြရမည်ဆိုလျှင်.... “ အိုင်ဆေး ဆားပုလင်းနှင်းမောင်ကို ခင်ဗျား ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်သုံးရမယ် ၊ ဘုရားသခင်တောင်မှ အိုင်ဆေးကို အခုနေမှာ မကယ်နိုင်တော့ဘူး၊ ခွေးမသား ဘီအိုစီမျက်နှာဖြူတွေကလည်း အိုင်ဆေးကို မဆီမဆိုင် ချောက်တွန်းနေကြပြီ မဟုတ်လား”
“ နေစမ်းပါဦး မိတ်ဆွေရ ၊ ခင်ဗျားပြောတဲ့ ဆားပုလင်းနှင်းမောင်ဆိုတာ ဘယ်ကလဲ”
“ အိုင်ဆေး သူ့ကို မသိဘူးလား၊ အိုင်ဆေးတို့ ဂါတ်ကပဲ ”
“ ကျုပ်ရောက်တာ မကြာသေးဘူး ၊ လူအကုန် ဘယ်သိပါ့မလဲ ၊ ကျုပ်သိတာက အခု ဆားပုလင်း စိန်လှပဲရှိတယ်။ ”
“အိုင်ဆေး အသုံးမကျတဲ့ စိန်လှကို ထည့်မပြောစမ်းပါနဲ့ ၊ နှင်းမောင်ကမှ တကယ့်လူတော် ၊ မျက်နှာဖြူတစ်ယောက်ရဲ့ မိန်းမ ၊ ထမင်းချက်နဲ့ လင်ငယ်နေပြီး ထမင်းချက်ကို နောက်ဆုံးနှုတ်ပိတ်လိုက်တဲ့ အမှုမှာ နှင်းမောင်က မျက်နှာဖြူတွေ ခြိမ်းခြောက်နေတဲ့ကြားက အမှုကို ဖွင့်ချလိုက်လို့ သူ့ကိုမျက်မာန်တော် ရှနေကြတာဗျ ”
(မှတ်ချက် ။ ။ ၎င်းအမှုမှာ ရဲမှတ်တမ်းများတွင် မမျှော်လင့်သော တရားခံအဖြစ် ပြထားရပါသည်။ ၎င်းမျက်နှာဖြူ အမျိုးသမီး အပြစ်ကျခံခဲ့ရ၏)
“ သြော်.....ကျုပ်သိပြီ ၊ ခင်ဗျားပြောတာ ခွင့်ယူထားတဲ့ စာသင်ကြီး နှင်းမောင်ဆိုတာ မဟုတ်လား ”
“ အိုင်ဆေး ဟုတ်တယ် ၊ သူခွင့်ယူထားပေမယ့် ဘယ်မှသွားတာမဟုတ်ဘူး ၊ သူ့အိမ်မှာပဲ ရှိတယ်ခင်ဗျ ၊ သူ့ကို သုံးပါမှ မုချအကျိုးရှိမယ် ”
“ ဒီလိုဆို အခုခေါ်လိုင်းလိုက်မယ်လေ”
“ အိုင်ဆေး ခင်ဗျားခေါ်လို့ သူဘယ်လာပါ့မလဲ ”
ကျွန်ုပ်သည် စိတ်ထဲ၌ အောင့်သက်သက်ဖြစ်သွား၏။ ကျွန်ုပ်က အိုင်ပီ ၊ သူက စာသင်မျှဖြစ်သည်။ ရာထူးခြင်း မိုးနဲ့မြေလောက် မကွာခြားသည့်တိုင်အောင် ကျွန်ုပ်၏ ရာထူးသည် နှင်းမောင်၏ ရာထူးနှင့် ဆိုလျှင် မော့၍ကြည့်ရလောက်အောင်တော့ မြင့်မားပေသည်။
“ မိတ်ဆွေ ကျုပ်က သူ့အထက် အရာရှိပဲ ၊ ခေါ်ရင်လာရမှာပေါ့ ”
“ အိုင်ဆေး သူက ခွင့်ယူထားတယ် ဆိုတာလည်း ထည့်ပြီးစဉ်းစားပါဦး ၊ ပြီးတော့ အိုင်ဆေး နှင်းမောင်ကိုအထက်အရာရှိပဲဆိုတဲ့ နည်းနဲ့တော့ မဆက်ဆံစေချင်ဘူး ၊ ဒီလိုဆိုရင် သူ့အကူအညီကို အိုင်ဆေးရမှာ မဟုတ်တော့ဘူး၊ အိုင်ဆေး ခိုင်းတာကိုတော့ သူလုပ်ချင်လုပ်မယ်၊ သူ့မှာ တကယ်ရှိတဲ့ အရည်အချင်းကိုတော့ အိုင်ဆေးကိုပြမှာ မဟုတ်တော့ဘူး၊ ဒါကိုတော့တကယ်ယုံပါ၊ နှင်းမောင်ဟာ စုံထောက်လုပ်ဖို့ ဘုရားသခင်က ဒီကမ္ဘာကို လက်ဆောင်ပေးတဲ့ လူဆိုရင် မမှားဘူး အိုင်ဆေး”
အရက်ဝိုင်းအပြီး၌ ထိုအညာသား ကိုလူကြွားမှာ အရက်ဖိုးကျသင့်သည်များကို ရှင်းပါသည်။
(၎င်းအညာသား မိတ်ဆွေမှာ နောင်တွင် ကျွန်တော်နှင့် ငယ်ပေါင်းကဲ့သို့ ခင်မင်သောအဖြစ်သို့ ရောက်ခဲ့၏။ နယ်ချဲ့ဆန့်ကျင်ရေး ကာလတွင် မြင်းခြံ၌ ကျဆုံးသွားသော ဦးဘထွန်း ဖြစ်ပါသည်။)

ပြီးနောက် သူနှင့်ပင် သူအလွန်ညွှန်းသော ဆားပုလင်းနှင်းမောင်၏ အိမ်သို့ရောက်ခဲ့၏။ ဆားပုလင်းနှင်းမောင်သည် သူ့အိမ်အတွင်းမှ ကလေးများနှင့် ပုဏ္ဏားတိုင် ဝှက်တမ်းကစားနေသည်ကို စိတ်ဝင်စားစွာ ကြည့်နေရာမှ ဦးဘထွန်းအား မြင်လျှင် ပြုံး၍နှုတ်ဆက်ကာ ခရီးဦးကြိုပြုသော်လည်း ဦးဘထွန်းလောက် ကျွန်ုပ်ကိုမူ လှိုက်လှဲဖော်ရွေမှု မပြခဲ့ပါ။သို့ရာတွင် ဆားပုလင်းနှင်းမောင်ကို တွေ့လျှင်တွေ့ချင်း ဦးဘထွန်း ညွှန်းမည်ဆိုကလည်း ညွှန်းလောက်ပါပေသည်ဟု ကျွန်ုပ်စိတ်ထဲတွင် ဖြစ်ပေါ်မိတော့၏။

ယောက်ျားပီသသော အရပ်အမောင်း ၊ နက်မှောင်သောဆံပင်နှင့် လှပသည်ဟု မပြောနိုင်သော်လည်း သံမှုန့်ကလေးများကို ဆွဲ၍ကပ်နိုင်သော သံလိုက်ကျောက်ကဲ့သို့ ဆွဲငင်ဓာတ်ရှိသောသူ ဖြစ်ကြောင်းကိုမူ ဝန်ခံရပေမည်။

စေ့စပ်ပိရိလှသော နှုတ်ခမ်းများကလည်း ပြောသည့်အတိုင်းလုပ်၍ ပြောတတ်သူဖြစ်ကြောင်း သိသာလှ၏။
ဦးဘထွန်း၏ မိတ်ဆွေစေ့စပ်မှုကြောင့် ကျွန်ုပ်နှင့် ကိုနှင်းမောင်တို့ ရင်းနှီးခဲ့ရပါသည်။ ကျွန်ုပ်ကလည်း ဦးဘထွန်း ကြိုတင်ပြောပြထားသည့်အတိုင်း အထက်လူကြီးအဖြစ်နှင့် မဆက်ဆံဘဲ မိတ်ဆွေရင်းချာကဲ့သို့ ဆက်ဆံလိုက်သည်က တစ်ကြောင်း ၊ ဦးဘထွန်း၏ စကားထဲတွင် “ ဒီမှာ ကိုနှင်းမောင် ၊ ကျုပ်တို့ မြန်မာအိုင်ပီတစ်ယောက်ကို မျက်နှာဖြူတွေက လူညံ့လို့ထင်သွားရင် ခင်ဗျားမှာလည်း တာဝန်သိပ်မ ကင်းလှဘူးဗျာ ” ဟူသော ကိုနှင်းမောင်၏ နှလုံးသားကို တိုက်ရိုက်ထိမှန်နိုင်သော စကားကြောင့် လည်းတစ်ကြောင်း ၊ သူသည် နောက်တစ်နေ့၌ ခွင့်မှအလုပ်ပြန်ဝင်ကြောင်း ဂျူတီရပို့ခေါ် အစီရင်ခံစာ တစ်စောင် ဂါတ်သို့ တင်ခဲ့လေသည်။

ချောက်မြို့ တမာအိုင်ရပ်ရှိ အသတ်ခံရသော ဂျူးလူမျိုးမျက်လှည့်ဆရာ ဇီရွန်၏ အိမ်သို့ ကိုနှင်းမောင်နှင့် ကျွန်ုပ် ရောက်ကြတော့၏။ အလောင်းတော့မရှိတော့ပြီ ။ ကျွန်ုပ်တို့ နှစ်ယောက်အား ဂါတ်မှ ပုလိပ်ကလေး တစ်ယောက်က ခြံဝမှ ဆီးကြိုဆလံပေးရင်း.......
“ ဆရာနှင်းမောင် ”
ဟု ဝမ်းသာအားရ နှုတ်ဆက်သည်ကိုကြည့်၍ ကိုနှင်းမောင်သည် အထက်လူကြီးက ရွံ့သလောက် အောက်လက်ငယ်သားများက ချစ်ခင်လေးစားလှကြောင်းကို ကျွန်ုပ် ရိပ်စားမိခဲ့၏။
“ ဆရာ ၊ ဆရာဦးလှစိန်တို့ အခုပဲ လာကြည့်သွားကြပြီးပြီ၊ သက်သေခံ ပစ္စည်းတွေလည်း ယူသွားကြတယ် ”
“ ကိုနှင်းမောင် ၊ ဒီလိုဆိုရင် စိန်လှတို့ဆီ ပြန်လိုက်ကြရအောင် ၊ သူ့ဆီမှာ သဲလွန်စတွေတော်တော်ပါ သွားရော့မယ် ”
“ နေပါစေ အိုင်ပီ ၊ သဲလွန်စဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တူကြတာမှ မဟုတ်ဘဲ၊ သူ့ဆီမှာ ထင်ရှားတဲ့ သဲလွန်စတွေ ပါသွားရင် ကျုပ်တို့က သူသတိလစ်ပြီး ကျန်ခဲ့တဲ့ မထင်ရှားတာတွေကိုရှာပြီး အမှုကို ထင်ရှားအောင် လုပ်ရတာဟာ စိတ်ဝင်စားစရာ ပိုပြီးကောင်းပါတယ်ဗျာ၊ ကလေးတွေ ပုဏ္ဏားတိုင်ဝှက်တမ်း ကစားသလိုပေါ့၊ သူများက မသိအောင်ဝှက်ပြီးလုပ်တဲ့အလုပ်ကို ကိုယ်က ရအောင်ဖော် ရတာလောက် အပျင်းပြေတဲ့ အလုပ်ဘယ်ရှိပါ့မလဲ ၊ လာပါ အိုင်ပီ ၊ အထဲကို ဝင်ကြည့်ရအောင်ပါ ”

ကျွန်ုပ်သည် ကိုနှင်းမောင်ကို များစွာ အံသြမိ၏။ လူသတ်တရားခံ ဖော်ထုတ်ရေးကိစ္စမှာ ကျွန်ုပ်အတွက်သေရေးရှင်ရေးတမျှ အရေးကြီးနေ၏။ ကျွန်ုပ်သည် ထိုကိစ္စအတွက် ယောက်ယက်ခတ် နေသည်။ သူ့ အနေနှင့်မူ သာမန်ဥာဏ်စွမ်းပဟေဠိကလေးတစ်ပုဒ် တွက်ခိုင်း သည်ထက်ပို၍ လေးနက်ပုံမရပေ။ မစ္စတာဇီရွန် လဲကျသေဆုံးခဲ့သည့် နေရာကို ပုလိပ်ကလေးက လာရောက်ပြသဖြင့် ကျွန်ုပ် သိခဲ့ရသော်လည်း ကျန်သည့်ခြေရာလက်ရာ သဲလွန်စများကိုမူ ဘာမျှမရတော့ပေ။ လူဆိုးထိန်း စိန်လှတို့ ရှာဖွေသွားသဖြင့် ရှုပ်ပွ၍ကျန်နေခဲ့သည်။

ကိုနှင်းမောင်ကမူ အခန်းကိုအနည်းငယ် လျှောက်သွားပြီး ဗီရိုထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူကြည့်နေ၏။ သူပြောပြချက်အရ စာအုပ်တော်တော်များများမှာ မျက်လှည့်ပြ နည်းစာအုပ်များ ဖြစ်သည်ဟု သိရ၏။ ထိုအထဲတွင် ကော်ပီစာအုပ်ကတ်ထူတစ်အုပ်ကို ကိုနှင်းမောင်သည် ဆွဲထုတ်၍ ဖတ်ကြည့်ပြီးနောက် ပြုံးရွှင်စွာနှင့် ကျွန်ုပ်လက်ထဲသို့ ထည့်လိုက်သဖြင့် ဖွင့်ကြည့်ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ရာဇဝင်မှတ်စု တစ်ခုဖြစ်ပြီး စာအုပ်ကြားထဲမှ အင်္ကျီဒိုဘီပေးထားသည့် လက်မှတ်တစ်စောင် တွေ့ရ၏။

ကျွန်ုပ်အဖို့ ထိုစာအုပ်နှင့် အင်္ကျီဒိုဘီလက်မှတ်သည် တရားခံဖမ်းဆီးရေးအတွက် လုံးဝ အသုံးဝင်လိမ့် မည်ဟု မယူဆခဲ့ပေ။ ကိုနှင်းမောင်သည် နံရံ၌ချိတ်ဆွဲထားသော ပြက္ခဒိန်အား ဖြုတ်ယူကာ သေသေချာချာ ကြည့်ပြီးနောက် ကျွန်ုပ်အားပေးလိုက်၏။ တစ်ဖန်အဖုံးပွင့်နေသော သံသေတ္တာတစ်လုံးအားဖွင့်ကာ အထဲမှ ရှပ်အင်္ကျီတစ်ထည်ကို ထုတ်ယူ၍.......
“ ကဲ...အိုင်ပီ ၊ ပြန်ကြရအောင် ” ဟုဆိုကာ ကျွန်ုပ်ရှေ့မှ အရင်ဆင်းသွားတော့၏။
“ အိုင်ပီ လက်ဖက်ရည် ကြိုက်သလား ”
“ ကြိုက်လှတယ်တော့ မဟုတ်ပါဘူး ၊ နေ့စဉ်တော့ သောက်ပါပဲ ”
“ ကျုပ်ကတော့ လက်ဖက်ရည် ကြိုက်တယ် ၊ လက်ဖက်ရည်တောင် ကာကာကုလားဆိုင်ကဆိုရင် ပိုပြီးကြိုက်တယ်၊ တောင်ရပ်စာရေးတန်းထိပ်က ကာကာဆိုင်မှာ လက်ဖက်ရည်သောက်ရအောင် ”
ကာကာဆိုင်သို့ ရောက်လျှင် ကိုနှင်းမောင်ကပင် ကုလားလိုပြော၍ လက်ဖက်ရည်မှာပြီး ကျွန်ုပ်ထံမှ ပြက္ခဒိန်ကို တောင်းယူကာတစ်ရွက်ချင်း လှန်ကြည့်ပြီးနောက် တချို့နေရာများမှ အမှတ်အသားများကို စာရွက်လွတ် ပေါ်တွင် ခဲတံနှင့် သေသေချာချာ ရေးကူးနေလေ၏။
“ အိုင်ပီ ဒါကလေး သိလား ”
ပြက္ခဒိန်တွင် အချို့နေရာများ၌ မီးခြစ်ဆံကဲ့သို့ အလျားလိုက်အချောင်းကလေးများ အသီးသီးရေးထားသည့် သင်္ကေတ အမှတ်အသားများကို ကျွန်ုပ်အား ပြသပေး၏။
“ မသိပါဘူး ကိုနှင်းမောင် ၊ ဘာလဲဗျ ”
“ ဒေါ့ဒက်လို့ခေါ်တဲ့ ကြေးနန်း(မော့) သင်္ကေတလေ”
ကိုနှင်းမောင်သည် အသင့်ပါလာသော စာရွက်အလွတ်ပေါ်တွင် စာတစ်ကြောင်း ၊ နှစ်ကြောင်းလောက် ရေးခြစ်၍ အမှတ်အသားလေးများပါ ကူးကာရေးထည့်ပြီးလျှင် စာအိတ်တွင်ထည့်ပြီး ပိတ်လျက် ကာကာ ကုလားကိုပင် ကုလားလိုပြောပြီး ပေးလိုက်၏။ကာကာကလည်း ဆိုင်နောက်ဖေးတွင် နို့ကျိုနေသော ချွတ်ကရား ကလေး တစ်ယောက်ကိုခေါ်ကာ စာအိတ်ကို ကုလားလိုပြော၍ ပေးလိုက်ပြန်၏။
“ ကဲ....အိုင်ပီ လက်ဖက်ရည် သောက်ပါဦး ၊ အေးကုန်မယ် ၊ ကျုပ်တော့လက်ဖက်ရည်သောက်လိုက်ဦးမယ် ၊ အဲဒီစာအုပ်ကို ခဏလေးပေးပါဦး ” ရာဇဝင် မှတ်စုစာအုပ်ကို တောင်းယူကာ အသော့လျှောက်ဖတ်၏။ အချို့နေရာများတွင် ခဲတံနှင့် တားနေ၏။ အချို့ကို စာရွက်အလွတ်တွင်ကူးနေ၏။

စာမျက်နှာ တစ်ရာကျော်မျှရှိသော အင်္ဂလိပ်ဘာသာဖြင့် ရေးမှတ်ထားသော စာအုပ်အား ကိုနှင်းမောင်သည် သူငယ်တန်းဖတ်စာအုပ်ကိုဖတ်သကဲ့သို့ ခပ်လွယ်လွယ် ခပ်သော့သော့ ဖတ်သွားပုံကို ထောက်ခြင်းအားဖြင့် သူ၏ အင်္ဂလိပ်စာ အဆင့်အတန်းများကို ကျွန်ုပ်ခန့်မှန်းမိတော့၏။ တစ်ခု ထူးခြားသည်မှာ ကိုနှင်းမောင်သည် ကျွန်ုပ်အားအိုင်ပီ ဟုခေါ်သဖြင့်သာ အသုံးပြုသည့် အိုင်နှင့်ပီမှ လွဲ၍ ယခုအချိန်ထိ အင်္ဂလိပ်လို တစ်လုံးတစ်ပါဒမျှ မပြောမိခြင်းကို သတိထားမိသည်။
“ အိုင်ပီ ဒီမှာ ရာဇဝင် အထူးအဆန်း တွေ့နေရပြီဗျ “
“ ဘယ်လို တွေ့တာလဲ ကိုနှင်းမောင် ”
“ ငဇင်ကာခေါ် ဖီးလစ်ဒီဗရစ်တို ဆိုတဲ့ ပေါ်တူဂီရဲ့ အထ္ထုပ္ပတ္တိကိုတော့ မှတ်မိဦးမှာပေါ့ ”
“ တောင်ငူဘုရင် နတ်သျှင်နောင်နဲ့အတူ ကွပ်မျက်ခံရတဲ့ လူမဟုတ်လား ”
“ အစစ်ပေါ့ဗျာ ၊ ကျုပ်လည်း လေ့လာခဲ့ဖူးသမျှမှာ ဒီဗရစ်တိုခေါ် ငဇင်ကာဟာ တစ်ယောက်တည်းပဲ ၊ ဒီမှတ်စုအရတော့ မဟာဒီဗရစ်တိုနဲ့ စူဠဒီဗရစ်တိုလို့ ရေးထားပါကလား ၊ ရော့ဗျာ ၊ အိမ်ကျတော့ အပျင်းပြေ ဖတ်ကြည့်ရအောင် ယူသွားပေတော့ ၊ ကျုပ်တော့ ညနေကျမှပဲ လာခဲ့တော့မယ် ”
ကိုနှင်းမောင် ပြန်သွားပြီးနောက် ကျွန်ုပ်လည်း ဂါတ်တဲဝင်းရှိ ကျွန်ုပ်၏ အိမ်ကို ပြန်လာခဲ့ရာ ကျွန်ုပ်အား စောင့်ဆိုင်းနေကြသော ပုလိပ်သားနှစ်ယောက်အား အိမ်၌တွေ့ရပေ၏။
တွေ့လျှင် တွေ့ချင်း စိန်လှက...
“ ဆရာ ဦးအောင်သင်း တရားခံ မိပါတော့မယ် ၊ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းရုံပဲ ရှိပါတော့တယ် ”
“ တရားခံ ဘယ်သူလဲဗျ ”
“ ဒီလိုလေ ဆရာ ၊ ဟောဒီမှာ တရားခံအနီးက ရခဲ့တဲ့ ပုဆိန် ၊ ပုဆိန်ကို သုံးလေ့ရှိတာဆိုရင် မီးသတ်သမားပဲ ၊ အခု ကျွန်တော်တို့ စုံစမ်းကြည့်တော့လည်း သေဆုံးသူ မစ္စတာဇီရွန်ရဲ့ မိတ်ဆွေတစ်ယောက်ရှိတယ် ၊ အခုတော့ သူနဲ့ စိတ်ဆိုးပြီး သူ့ဆီမလာတာ ကြာပြီတဲ့ ၊ အဲဒီလူက မကွေးမီးသတ်က ဂျူးလူမျိုး ဘင်ဂူးဆိုတာ သိရတယ် ၊ အဲဒါ သူပဲဖြစ်ရမယ် ၊ ကျွန်တော်တော့ မကွေးဂါတ်ကို အကြောင်းကြားလိုက်ပြီ ၊ ဟောဒီမှာ လူသတ်သမား အသုံးပြုခဲတဲ့ပုဆိန် ”

လူဆိုးထိန်း စိန်လှနှင့် ပုလိပ်ကလေးများသည် ကျွန်ုပ်အိမ်မှ တိုက်ကျွေးသော ကော်ဖီနှင့် မုန့်များကို စားသောက်ကာထွက်သွားကြ၏။
ထိုနေညနေပိုင်းမှာပင် ကိုနှင်းမောင်ရောက်လာပြီး......
“ အိုင်ပီ တရားခံကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းချင်ရင်တော့ အဝတ်အစားလဲပေတော့၊ ကုန်ကားတစ်စီး အကြုံရှိတယ် ၊ သွားကြရအောင် ”

ထိုအချိန်၌ ကျွန်ုပ်၏ ဇနီးသည် ခင်ခင်ကြီး ထွက်လာကာ ကိုနှင်းမောင်ကို မြင်လျှင် အံ့အားသင့်သလို ဖြစ်ပြီးနောက် အကဲခတ်သလို ကြည့်လိုက်ပြီးလျှင် ကျွန်ုပ်၏ လက်အောက်ငယ်သားတစ်ယောက်ဖြစ်မှန်း ခန့်မှန်းမိသော အချိန်၌ ကျွန်ုပ်အား ကိုနှင်းမောင် မသိစိမ့်သောငှာ အင်္ဂလိပ်ဘာသာဖြင့်....“ ဒါလင် သူက ဘယ်သူလဲ၊ တရားခံဖမ်းဖို့ကိစ္စကို ဒါလင်ကိုယ်တိုင်လိုက်ဖို့ မလိုပါဘူး၊ သူ့ကိုပဲ လွှတ်လိုက်ပေါ့ ” ဟု ပြောဆိုနေသဖြင့် ကျွန်ုပ်မှာ ကိုနှင်းမောင်ကို များစွာအားနာမိပါသည်။ သို့ရာတွင် ကိုနှင်းမောင်သည် ကျွန်ုပ်၏ ဇနီးသည်ပြောသည့် စကားများကို တစ်လုံးမျှ နားမလည်ဟန်နှင့် နေပုံမှာ ချီးမွမ်းလောက်ပါပေသည်။

ကျွန်ုပ်သည် ခင်ခင်ကြီးအား ဆက်၍မပြောရန် မျက်စိမှိတ်ပြပြီးနောက် အဝတ်အစားလဲကာ ကိုနှင်းမောင် ခေါ်ရာသို့ လိုက်ခဲ့ပါသည်။ လမ်းတွင် ကျွန်ုပ်၏ ဇနီးသည်ပြောမှား ဆိုမှားရှိသည်များကို ခွင့်လွှတ်ရန် တောင်းပန်ရာ......

“ ကိစ္စမရှိပါဘူး အိုင်ပီ ” ဟု ပြုံး၍ ပြောလိုက်ပါသည်။ သူ၏ အပြုံးမှာ လေးနက်သော အဓိပ္ပါယ်များ ပါရှိကြောင်းကို ထိုစဉ်ကပင် ကျွန်ုပ်သိရှိခဲ့ရပါသည်။ (၎င်းအကြောင်းအရာနှင့် ပတ်သက်၍ နောက်အလျဉ်း သင့်ပါက ဖော်ပြပါဦးမည်။ )

ကျွန်ုပ်တို့ နှစ်ယောက်သည် ကုန်ကားကြုံနှင့် လိုက်သွားရာ ရန်ကုန်သို့ နောက်တစ်နေ့ (၁၀) နာရီလောက်တွင် ရောက်ပါတော့သည်။ ရန်ကုန်ရောက်လျှင် နိုင်ငံခြားသင်္ဘောဆိပ်ကမ်းသို့ သွားကာ ကိုနှင်းမောင်သည် လူတစ်ယောက် ၊ နှစ်ယောက်ကို တွေ့ဆုံမေးမြန်းပြီး လက်ဆွဲသားရေအိတ်တွင် အသင့်ပါလာသော အဝတ်အစားများကို လဲပါတော့သည်။ ရှပ်အင်္ကျီ ၊ဘောင်းဘီရှည် နှင့် ဝေ့စ်စကုပ်ခေါ် မျောက်အင်္ကျီတို့ဖြစ်၏။

မစ္စတာဇီရွန်အိမ်မှ ရရှိခဲ့သော ဒိုဘီလက်မှတ်ဖြင့် ရွေးယူခဲ့သော အဝတ်အစားများဖြစ်ကြောင်း ကိုနှင်းမောင်ပြောပြ၍ သိရှိရပါသည်။ ပြီးလျှင် သင်္ဘောဆိပ်အနီးရှ ကုလားထမင်းဆိုင် တစ်ဆိုင်သို့ နှစ်ယောက်အတူ သွားရောက်ကာ ချောင်ဘက်ခပ်ကျကျ စားပွဲတွင်ထိုင်၍ ကိုနှင်းမောင်သည် စာရွက်တစ်ရွက်ပေါ်၌ မီးခြစ်ဆံသဏ္ဌာန်အချောင်းကလေးများ ၊ အသီးကလေးများ ရေးခြစ်ကာ စာအိပ်နှင့် ထည့်၍ စာအိတ်ပေါ်တွင် “ မစ္စတာ ဒီဗရစ်တို ” ဟုရေး၍ ငွေငါးကျပ်နှင့်အတူ ကုလားလေးတစ်ယောက်ကို သေသေချာချာ ပြောကြား၍လွှတ်လိုက်၏။

“ အိုင်ပီ ခင်ဗျား သေနတ်တော့ လို့ရမယ်ရ ကိုင်ထားပေတော့ ၊ ဒီကောင်မျိုးတွေက ရက်စက်သလောက် လက်လည်းမြန်တယ်ဗျ ၊ ဒီခုံမှာ အတူမထိုင်နဲ့ ၊ ဟိုဘက်တိုင်အကွယ်က ခုံတစ်ခုံမှာ သွားထိုင်ချေဗျာ ” ကျွန်ုပ်လည်း သူပြောသည့်အတိုင်းလိုက်၍ တိုင်အကွယ်တစ်နေရာတွင် သွားရောက်ထိုင်နေပါသည်။ သူကမူ လက်နှစ်ဖက်စလုံးအား စားပွဲပေါ်တွင် အေးအေးဆေးဆေးထိုင်နေ၏။ တစ်အောင့်မျှအကြာတွင် လွှတ်လိုက်သော ကုလားလေးနှင့် အတူ ပထန်ကုလားကဲ့သို့ အရပ်မြင့်မြင့် လူတစ်ယောက်ဆိုင်ထဲသို့ ဝင်လာပြီး နောက်ကျောခိုင်း၍ ထိုင်နေသော ကိုနှင်းမောင်ထံသို့ တည့်တည့်မတ်မတ် တန်း၍လျှောက်သွား၏။ အနားရောက်လျှင် ကိုနှင်းမောင်က အင်္ဂလိပ်ဘာသာဖြင့်....

“ ဘယ်လိုတုံး စီနီယာ ဒီဗရစ်တို၊ မြန်မာပုလိပ်တွေကို အထင်သေးလှချည်လား ၊ ဒီလို လူသတ်မှု ကျူးလွန်ပြီး လွယ်လွယ်ကူကူ ထွက်သွားလို့ ဘယ်ရမလဲဗျာ ” ပြောပြောဆို မျက်နှာချင်းဆိုင်လိုက်ရာ ထိုသူမှာ အံ့သြခြင်း ၊ ဒေါသဖြစ်ခြင်း ၊ ကြောက်ရွံ့ခြင်း စသော စေတသိတ်များကို သူ၏မျက်နှာတွင် တစ်ခဏအတွင်း ဖော်ပြ၍ ခါးတွင်အသင့်ထိုးထားသော ပုဆိန်ကို လျင်မြန်စွာ ဆွဲထုတ်၍ ကိုနှင်းမောင်အား တအားလွှဲခုတ်လိုက်၏။

သို့ရာတွင် အလွန်တည်ငြိမ်၍ အလွန်လည်း ဖျတ်လတ်သော ကိုနှင်ေးမာင်၏ လက်တွင် ထိုသူသည် ကြက်ကလေး ငှက်ကလေးပမာ မရုန်းနိုင် မကန်နိုင်အောင် မိနေပါတော့သည်။ ထိုအချိန်ကျမှ ကျွန်ုပ်လည်းပြေးထွက်လာပြီး ခြောက်လုံးပြူးဒင် ထိုသူ၏ ဦးခေါင်းကို တအားရိုက်ချပြီး ဖမ်းဆီးခဲ့ရပါတော့သည်။ ပြီးလျှင် ဆိပ်ကမ်း ပုလိပ်ဂါတ်သို့ခေါ်သွားကာ တရားခံ၏ ဖြောင့်ချက်ကိုယူ၍ အမှုဖွင့်ထားပြီးနောက် ကျွန်ုပ်တို့နှစ်ယောက် ချောက်မြို့သို့ ပြန်ခဲ့ကြပါသည်။ နောက်တစ်နေ့ သတင်းစာတွင် ထိုလူဖမ်းပွဲကို စွန့်စားခန်းဆန်ဆန် ရေးသား ဖော်ပြခဲ့ပါသည်။ အထူးသဖြင့် မြန်မာ့အလင်း သတင်းစာက မြန်မာပုလိပ်နှစ်ဦးအား အမျိုးသားစိတ်ဓာတ်ဖြင့် ချီးမွမ်း ရေးသားခဲ့ကြောင်း မှတ်မိပါသည်။
“ ကိုနှင်းမောင် ဒီတရားခံကို သဲလွန်စ ခင်ဗျား ဘယ်လိုလုပ်ရသလဲဗျ ”

“ အိုင်ပီနဲ့ ကျွန်တော် မစ္စတာဇီရွန်အိမ်ကို သွားတုန်းက ရခဲ့တဲ့ ရာဇဝင်မှတ်စုနဲ့တူတဲ့ စာအုပ်ရယ် ၊ ပြက္ခဒိန်ရယ်က ရတာပဲ၊ ရာဇဝင်မှတ်စုအထဲမှာ ကြားညှပ်ပြီး စီနီယာနဲ့ ဂျူနီယာ ဒီဗရစ်တိုရဲ့ အကြောင်းတွေကို ရေးမှတ်ထားတာ တွေ့ရကတည်းက ကျွန်တော့်အနေနဲ့ ဒီမှတ်စုဟာ ရိုးရိုးရာဇဝင် လေ့လာသူရဲ့ မှတ်စုမဟုတ်ဘဲ ရာဇဝင်မှတ်စု ဟန်ဆောင်တဲ့ အခြားလျှို့ဝှက်ကိစ္စမှတ်စုဆိုတာ ရိပ်မိခဲ့ပါတယ်။ တစ်ခါ ပြက္ခဒိန်မှာတွေ့ရတဲ့ သင်္ကေတလေးတွေကို မြင်ပြန်တော့ မစ္စတာဇီရွန်ဟာ တစ်ချိန်က ဆင်ဂနယ် ဆက်သွယ်ရေးအချက်ပြ အလုပ်လုပ်ဖူးခဲ့သူ ဖြစ်ရမယ်လို့ ခန့်မှန်းရပြန်တယ်။

ပြီးတော့ မှတ်စုစာအုပ်ကြားထဲက ရခဲ့တဲ့ ဒိုဘီလက်မှတ်နေ့စွဲကလည်း တစ်လလောက်ကြာနေပြီ။ မရွေးရသေးဘူး၊ ဒီတော့ ဒီလက်မှတ်ဟာ ဇီရွန်ရဲ့ အဝတ်အစား မဖြစ်နိုင်ဘူး၊ ပိုပြီးသေချာအောင် ဇီရွန်ရဲ့ သေတ္တာထဲက အင်္ကျီတစ်ထည်ထုတ်ယူလာပြီး ဒိုဘီဆိုင်က လက်မှတ်ပြပြီးရွေးရတဲ့ အင်္ကျီနဲ့တိုင်းကြည့်တော့ ဆိုင်က အင်္ကျီအဝတ်အစားတွေနဲ့ အဆမတန် ကြီးနေတာကို တွေ့ရတယ်။ တစ်ခါ ပြက္ခဒိန်က သင်္ကေတတွေရေးပြီး ကြေးနန်းရုံးက အော်ပရေတာကို ကာကာဆိုင်က ချွတ်ကရား လေးလွှတ်ပြီးမေးစမ်းကြည့်တော့ ဒီအကြီးနဲ့တွေ့ ၊ ဒီအငယ်ကို ငွေချေ ၊ ဒီအကြီးနဲ့ ပြန်ရောက် ၊ ဒီအငယ် အင်္ကျီများ ကျန်ခဲ့ စတဲ့ အဓိပ္ပါယ်ရကြောင်း ပြန်ရေးလိုက်တယ်လေ။ ”

“ စိတ်ဝင်စားစရာပဲ ကိုနှင်းမောင် ၊ ဆက်စမ်းပါဦး ”
“ ဘာဆက်စရာ ရှိတော့လဲအိုင်ပီ ၊စီနီယာ ဒီဗရစ်တိုက ဖြောင့်ချက်ပေးတဲ့ အတိုင်းပဲပေါ့။ သူနဲ့ မစ္စတာဇီရွန်ဟာ သင်္ဘောသားအတူလုပ်ခဲ့တယ်၊ နောက်တော့ ဇီရွန်ဟာ သင်္ဘောကထွက်ပြီး မျက်လှည့်ဆရာ အဖြစ်နဲ့ နေတယ် ၊ စီနီယာ ဒီဗရစ်တိုရဲ့သား ဂျူနီယာဒီဗရစ်တိုက အခြားသင်္ဘောတစ်စင်း မှာ သင်္ဘောသားလုပ်တယ်၊ သူတို့သားအဖဟာ သင်္ဘောခရီးတစ်လျှောက်မှာကြုံသလို ဓားပြတိုက်လို့ရတဲ့ ပစ္စည်းတွေကို ဇီရွန်က မြန်မာပြည်ကနေ လျှို့ဝှက်ထုခွဲပေးရတယ်။ အခုကိစ္စက ထုခွဲခိုင်းတဲ့ ပစ္စည်းတွေကို မတန်တဆ ဈေးနှိမ်ပြီး အပျောက်ရိုက်တယ်လို့ ဂျူနီယာ ဒီဗရစ်တိုက သူ့အဖေ စီနီယာကိုတိုင်ထားလို့ အဖေလုပ်သူက သူ့သင်္ဘော မြန်မာပြည်ရောက်တုန်း ဇီရွန်ကို လုပ်ကြံသတ်ပစ်လိုက်တာပဲ ” “ ဒါနဲ့ ခင်ဗျား စီနီယာ ဒီဗရစ်တိုကို ဖမ်းခါနီး သင်္ကေတလေးတွေရေးပေးလိုက်တယ် မဟုတ်လား ၊ အဲဒါဘာရေး ပေးလိုက်တာတုံးဗျ ၊ ခင်ဗျား ရေးတတ်လို့လား ”

“ ဒါက လွယ်ပါတယ် ၊ အေ, ကနေ ဇက် အထိ ရေးနည်းကို ကြေးနန်းအော်ပရေတာလေးဆီက မေးလာခဲ့တယ်။ ရေးလိုက်တဲ့ အဓိပ္ပါယ်ကတော့ အရေးကြီးတယ် ၊ ကျွန်တော်ရောက်နေပြီ အဖေ လာတွေ့ပါ ၊ ဂျူနီယာဒီ ပေါ့ဗျာ ”

“ ဒါကြောင့် ဆားပုလင်းနှင်းမောင် ဆိုတဲ့ နာမည်ဟာ ကြီးပေတာကိုး ၊ ချီးမွမ်းထိုက်ပါပေတယ်ဗျာ”
“ ကဲ........ခင်ရေ ကိုနှင်းမောင်ကို ဂုဏ်ပြုညစာကျွေးရအောင် မနက်ဖြန်ညနေချိန်းလိုက်မယ်ကွာ ”
“ နေပါစေ အိုင်ပီ ၊ ကျုပ်အတွက် ဒုက္ခမရှာပါနဲ့ ” ဟု ဆိုကာ ကျွန်ုပ်၏ ဂုဏ်ပြုညစာကို ငြင်းဆန်ခဲ့သဖြင့် ကျွန်ုပ်၏ဇနီး ခင်ခင်ကြီးသည် ညစာ စီမံရေးအတွက် ဒုက္ခမပိုခဲ့သော်လည်း လူဆိုးထိန်း စိန်လှတို့ မှားယွင်းဖမ်းဆီးခဲ့သော အင်္ဂလိပ်စာတတ် မီးသတ်သမားဘင်ဂူးဆိုသူက မကျေနပ်၍ မျက်နှာဖြူများကို စာရေး၍ တိုင်တန်းမည်လုပ်သဖြင့် ကျွန်ုပ်မှာ ချော့ရမော့ရနှင့် များစွာ ဒုက္ခများခဲ့ရသေးသည်။

သို့ရာတွင် မကြာမီ၌ ဇနီးသည် ခင်ခင်ကြီး ကြွားနိုင်ရန်အတွက် ကျွန်ုပ်ဧည့်ခန်းတွင် အမှုထမ်း ကောင်းလက်မှတ်တစ်ခု တိုး၍ ချိတ်ဆွဲခဲ့ရကြောင်းကိုလည်း မေ့ထား၍မရပေ။

ဆရာကြီးမင်းသိင်္ခ၏ စာပေများကို နှစ်သက်ကြသော စွဲလန်းကြသော စာဖတ်ပရိသတ်များအတွက် အဘဆရာကြီး မင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် ၀တ္ထုများကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အားလုံး စိတ်နှလုံးချမ်းမြေ့ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

စာရေးဆရာသာဖြစ်ချင်တယ်


(က)
အင်္ဂလန်သို့ ရောက်နေတာ လေးနှစ်ကျော်လာခဲ့ချိန်မှာ ကျွန်မစိတ်တွေ ဇဝေဇဝါဖြစ်စ ပြုလာပါတယ်။ ဒီလေးနှစ်လုံးလုံး ကျွန်မဘာတွေလုပ်နေခဲ့သလဲဆိုတဲ့ မေးခွန်းကို ကျွန်မကိုယ်ကျွန်မ အကြိမ်များစွာပင် မရေတွက်နိုင်အောင် မေးနေခဲ့မိပါတယ်။ ဒီလေးနှစ်အတွင်းမှာ သိပ်ချစ်စရာကောင်းတဲ့ အဖိုတန်ရတနာလေးတစ်ပါးနဲ့တူတဲ့ သမီးကလေးတစ်ယောက် ရရှိခဲ့သလို ကျွန်မ အမြတ်နိုးဆုံး စိတ်အချမ်းသာဆုံး အလုပ်တစ်ခုဖြစ်တဲ့ စာရေးခြင်း အလုပ်ကိုလည်း တစ်နေ့မပြတ် ရေးနေခွင့်ရခဲ့ပါတယ်။ ကျွန်မရေးသမျှ စာတွေဟာလည်း မြန်မာပြည်မှာ ပုံမှန်ထွက်ရှိနေပြီး ပရိသတ်ကလည်း ဟိုးအရင်ကအတိုင်းပဲ အားပေးဖတ်ရှုနေဆဲပါ။ အဲဒီလောက် ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကျွန်မဘဝမှာ ကျွန်မ ဘာဖြစ်ချင်သေးသလဲလို့ ဇဝေဇဝါတွေးမိတာလည်း အခါခါပါပဲ။
ကျွန်မနဲ့ ရွယ်တူတန်းတူ သူငယ်ချင်းတွေကို ကျွန်မ လှမ်းကြည့်မိပါတယ်။ တချို့ကလည်း အမေရိကားမှာ အသီးသီး ဆရာဝန်တွေလုပ်နေကြပြီး မြန်မာပြည်က ရွယ်တူ သူငယ်ချင်းတွေဆိုရင်လည်း MSC တွေအောင်ပြီး နောက်ထပ် ဘွဲ့လွန်တွေထပ်ယူဖို့ ကြိုးစားနေကြပါတယ်။ ဒီအင်္ဂလန်မှာလည်း MRCP ရသူတွေ၊ MRCGP ဘွဲ့ တစ်ခုအတွက် Part 1 တောင် အောင်ခဲ့ပြီးပြီ။ ကျွန်မကတော့ မောင့်ရဲ့ဇနီး နဲ့ သမီးလေးရဲ့ မေမေ အဖြစ် အိမ်မှုကိစ္စတွေနဲ့ မောင့်ရဲ့ပါရမီဖြည့်ဖက် တစ်ယောက်အဖြစ်သာ ကျေနပ်ရောင့်ရဲပြီး နေသားတကျ နေခဲ့တာ လေးနှစ်ကျော်ခဲ့ပါပြီ။
တစ်ခါ တစ်ခါ သူငယ်ချင်းတွေစုချိန်းပြီး gathering လုပ်ကြတဲ့အခါမှာ ကျွန်မရဲ့မေးခွန်းက ကျွန်မကိုစပြီးတော့ နှိပ်စက်ပါရော။ သူတို့တစ်တွေ အသီးသီးက ဆေးရုံအကြောင်း၊ အလုပ်အကြောင်း၊ ရာထူးအကြောင်း ပြောနေကြချိန်မှာ ကျွန်မက ဆရာဝန်တစ်ယောက်ဖြစ်လျက်နဲ့ စည်းအပြင် ရောက်နေပြီလား၊ ကျွန်မ ဘာဖြစ်လို့ ဆရာဝန်မလုပ်သေးတာလဲ၊ ကျွန်မရဲ့ ဘဝက ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ တစ်ခါတလေ စိတ်ဓာတ်တောင် ကျချင်သလိုလိုပါ။ ဒီလောက် အခွင့်အရေးလည်း ရနေရက်သားနဲ့ စာမေးပွဲဖြေပြီး ဆရာဝန်လုပ်ဖို့ ငါ ဘာဖြစ်လို့ မကြိုးစားရတာလဲလို့ ကျွန်မကိုယ်ကျွန်မ စိတ်တိုင်းမကျစွာ ခံစားရပါတယ်။
ဒီအကြောင်း မောင့်ကို ရင်ဖွင့်မိတော့ မောင်က သူ့ထုံးစံအတိုင်းပဲ ခပ်ပြုံးပြုံးနဲ့။ 
“ချစ်က ဆရာဝန်မလုပ်ချင်ဘူးဆို၊ စာရေးဆရာပဲ ဖြစ်ချင်တာဆို၊ ချစ်ရဲ့ဘဝမျိုး၊ ချစ်ရထားတဲ့ အောင်မြင်မှုမျိုးကို ဆရာဝန်တိုင်း တခြားလူတိုင်း လိုချင်လို့မရပါဘူးချစ်ရယ်၊ ချစ်က ပါရမီရှင်ပဲ ဥစ္စာ၊ ဆရာဝန်အလုပ်က လူတိုင်းလုပ်လို့ရတယ်၊ စာရေးဆရာအလုပ်က လူတိုင်း လုပ်လို့မရဘူး၊ ဆရာဝန်မလုပ်ပေမယ့် ချစ်မှာ စာရေးတဲ့အလုပ် ရှိနေတာပဲ၊ ဘာအားငယ်စရာလိုသလဲ”
လို့ စိတ်ရှည်နွေးထွေးစွာ ရှင်းပြ အားပေးဖော်ရပါတယ်။ ဟုတ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း စာပဲရေးနေချင်တာ။ တစ်နေ့တစ်နေ့ စာမရေးရရင်မှ မနေနိုင်တဲ့ဥစ္စာ။ ဆရာဝန်သာ လုပ်လျှင် ကျွန်မ ဘယ်လိုလုပ်ပြီး စာရေးခွင့် ရပါတော့မလဲ ဆိုတဲ့အတွေး ဝင်လာပြန်တော့လည်း ကျွန်မ အနည်းငယ် စိတ်သက်သာရာ ရသွားပြန်ပါတယ်။ ဆရာဝန်မလုပ်လို့ ကျွန်မ သေမသွားနိုင်ပါဘူး။ စာမရေးရရင်သာ ကျွန်မ သေချင်သေသွားနိုင်တာ။ အင်း ဒါပေမယ့် အဲဒီ စိတ်သက်သာရာ ရမှုကလည်း ခဏပါပဲလေ။
(ခ)
တကယ်တော့ ဆရာဝန်အလုပ်က စိတ်ရောလူပါ သိပ်ပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ တစ်နေ့တစ်နေ့ မောင်ပင်ပန်းသမျှကို မြန်နေရရုံနဲ့တင် ကျွန်မပါ အလိုလို ပင်ပန်းနေမိတာပါ။ သူငယ်ချင်းတွေဆုံတိုင်း သူတို့လည်း ညည်းကြပါတယ်။ သူတို့ကတော့ အပြုံးကလေးတွေနဲ့ 
“ထားရဲ့ဘဝကို တကယ်အားကျတယ်ဟေ့၊ ဖြစ်နိုင်ရင် ငါတို့လည်း အလုပ်မလုပ်ချင်ပါဘူးဟယ်၊ ထားလို စာမရေးတတ်လို့သာ အလုပ် လုပ်စရာမလိုရင် လုပ်မနေနဲ့ ပင်ပန်းတယ်”
လို့ ပြောကြပေမယ့် ကျွန်မကကျတော့ သူတို့ရဲ့ ဘဝကလေးတွေကို ပြန်ပြီး အားကျနေမိပြန်ပါရော။ ဆရာဝန်ဖြစ်ပြီး ဆရာဝန် မလုပ်ဘဲနေတာကို အပြစ်ရှိသူတစ်ယောက်လို ခံစားလာရပါတယ်။ အနည်းဆုံးတော့ ကျွန်မစိတ်ဝင်စားတဲ့ စိတ်ရောဂါအထူးကုဆရာဝန်တော့ လုပ်သင့်နေပြီလို့ စဉ်းစားမိတိုင်း မောင်က...
“ချစ်ရယ် မိသားစု ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပြီဆိုရင် ဒီမိသားစုဟာ အတူတူနေနိုင်မှ ကောင်းတာလေ၊ ချစ်အလုပ်လုပ်ရင် သမီးလေးကို ခုလို ကိုယ်တိုင် စိတ်တိုင်းကျ ပြုစုစောင့်ရှောက်ခွင့် ဘယ်ရနိုင်မလဲ၊ ကောင်းတဲ့ဘက်က လှည့်တွေးကြည့်ပါ၊ အခုဆိုရင် ချစ် အလုပ်မလုပ်တော့ သမီးလေးက ဘယ်လောက်ကံကောင်းသလဲ၊ မိဘရဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုတစိုက် ပုံသွင်းပြုစုမှုကို အပြည့်အဝရထားတော့ သမီးရဲ့ပုံစံက ငယ်ငယ်ကလေးနဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေတာလေ။ ဒါ ချစ်ရတဲ့ ဆုလာဘ်တစ်ခုပေါ့”
လို့ နှစ်သိမ့်ဖျောင်းဖျပြီး ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရမှုကို ဖြေဖျောက်ပေးတတ်ပါတယ်။
တကယ်လို့ ကျွန်မ အလုပ်လုပ်မယ် ဆိုရင် သမီးလေးကို Nursery အစောကြီး ပို့ရတော့မှာလေ။ ပြီးတော့ လင်မယားနှစ်ယောက်ဟာ တစ်နေရာ တစ်မြို့တည်းမှာ အလုပ်ရဖို့ဆိုတာ မလွယ်ပြန်တဲ့အခါ မယ်တစ်ရွာ မောင်တစ်မြို့ ခွဲနေရမယ့်ကိန်းကို တွေးမြင်ယောင် ကြည့်မိပြန်တော့လည်း ကျွန်မ လုံးဝခွဲမနေနိုင်ပြန်ပါဘူး။ အဲဒီခံစားချက်နဲ့ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်ပြောပြဖူးပါတယ်။
“ထားရယ် စိတ်ကူးမလွဲနဲ့ဟေ့၊ နှစ်ယောက်စလုံးအလုပ်လုပ်တယ်ဆိုတာ တခြားလူကြည့်တော့သာ အထင်ကြီးဖို့ကောင်းတာ၊ တကယ့်လက်တွေ့မှာ စဉ်းစားကြည့် သူတစ်မြို့ ကိုယ်တစ်မြို့နဲ့ ခွဲနေရတော့ အိမ်က နှစ်အိမ် ငှားနေရတယ်၊ အဲဒီတော့ အိမ်ငှားခ၊ ရေဖိုး၊ မီတာဖိုး၊ ဖုန်းဖိုး၊ ဓာတ်ငွေ့ဖိုး အစစအရာရာ နှစ်ဆကုန်ရတယ်။ ပြီးတော့ လင်မယားနှစ်ယောက် တစ်ပတ်တစ်ခါတွေ့ရဖို့ အရေး သောကြာနေ့ညဆို ယောက်ျားလုပ်သူက တောင်နဲ့မြောက် ခရီးအဝေးကြီးကို ကားနဲ့အဝေးကြီးမောင်းလာရတယ်၊ စနေနေ့တစ်နေ့ အတူနေပြီးရင် တနင်္ဂနွေဆို ပြန်ရပြန်ရော၊ မသက်သာလိုက်တာ ထားရယ်၊ နှစ်ယောက်စာ လခရပေမယ့် ကုန်ကျစားရိတ် နှစ်ဆကို နှုတ်လိုက်တော့ ဘာမှမထူးဘူးဟေ့။ တစ်ယောက်တည်း အလုပ်လုပ်သလောက်ပဲ ကျန်တယ်။ အပိုဆုက စိတ်ဆင်းရဲရတာပဲ၊ နှစ်ယောက်ခွဲနေရတော့ ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်မလဲဟယ်။ လွမ်းရတာနဲ့ သူ့ ကိုယ် စိတ်မချ၊ ကိုယ့် သူ စိတ်မချ နဲ့ မဟန်ပါဘူး ထားရယ်၊ ရှင် စိတ်ကူးလွဲမနေနဲ့။ အလုပ်လုပ်ချင်မနေနဲ့၊ စိတ်ပင်ပန်း လူပင်ပန်းနဲ့ ရှင့်လိုလည်း စာမရေးတတ်တော့ ခက်သားပဲ”
လို့ ချူသံပါအောင် ညည်းသံကို ကြားဖူးပြန်တော့ အလုပ်လုပ်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်ပြန်ပါတယ်။ ဒါပေမယ့်လည်း အဲဒီစိတ်ဟာလည်း ခဏပါပဲ။ မကြာခင်မှာ နောင်တရချင်တဲ့ စိတ်ကလေးက ပြန်ပေါ်လာပြန်ရော။
(ဂ)
ယှဉ်ပြိုင်ချင်တဲ့ စိတ်ကလေးက ကျွန်မမှာ ရှိနေပြန်တော့ သူများတွေ အသီးသီးအလုပ်တွေ လုပ်နေချိန်မှာ ကျွန်မက အေးအေးဆေးဆေး အိမ်မှာ ဘုရားဂုဏ်တော်ပွားလိုက်၊ စာလေးရေးလိုက်၊ စာလေးဖတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ Internet ဝင်လိုက်၊ လေ့ကျင့်ခန်းလေးလုပ်လိုက်၊ သမီးလေးနဲ့ ဆော့လိုက်နဲ့ ဘဝတစ်ခုကို အခက်အခဲမရှိ လွယ်လွယ်ကူကူ သက်သောင့်သက်သာ ဖြတ်သန်းနေတာဟာ တရားမျှတပါရဲ့လားလို့ ဘယ်သူ့အပေါ် မတရားရာ ကျနေမှန်း မသိ တစ်ယောက်တည်း ခံစားနေရတတ်ပြန်ပါတယ်။ ကြာရင် အဲဒီဝေဒနာဟာ စိတ်ရောဂါတောင် ဖြစ်လာတော့မလား မသိတော့ပါ။
အဲဒီတွေဝေမှု၊ မရေရာမှု၊ ဆုံးဖြတ်ချက် မပြတ်သားနိုင်မှု၊ လုပ်ရကောင်းနိုး စွန့်ရကောင်းနိုး ဇဝေဇဝါဖြစ်နေမှုတွေ အားလုံးကို စိတ်ချမ်းသာစွာ ပြတ်ပြတ်သားသား ဆုံးဖြတ်သွားနိုင်အောင် ကူညီလမ်းပြပေးခဲ့သူကတော့ ကျွန်မလေးစားကိုးကွယ်ရတဲ့ ကျွန်မကို ဘဝနေနည်း၊ စိတ်ထား တတ်နည်းတွေ၊ တရားစိတ်ကလေးနဲ့ သိမ်မွေ့ချမ်းသာအောင် နေနည်းတွေ သင်ပြပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကပဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ “အကြင်နာပေါင်း ရှစ်သောင်းလေးထောင်” ဆိုတဲ့ ဆရာတော်ရဲ့ သက်တော်၄၀ပြည့် အမှတ်တရ ထုတ်ဝေတဲ့ စာအုပ်ကလေးကို ဖတ်မိချိန်မှာ ဆရာတော်ရဲ့ စာသားကလေးတချို့က ကျွန်မရဲ့ တွေဝေငေးငိုင်စွာ ဝေခွဲရခက်နေတဲ့စိတ်ကို ကြည်လင်ပြတ်သား သေချာသွားအောင် မီးမောင်း အလင်းတန်းကြီးတစ်ခု ထိုးပြလိုက်သလိုပါပဲ။
“ငါသေသွားပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ စာပိုဒ်ရဲ့ စာမျက်နှာ ၆၄မှာ 
“တိုတောင်းလှတဲ့ ဘဝလေးမှာ ကိုယ်လုပ်ချင်တာလုပ်ပြီး စိတ်အေးချမ်းစွာ နေသွားရဖို့က အဓိကပါပဲ။ ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ၊ ကိုယ်မလုပ်နိုင်တဲ့အလုပ်တွေ၊ မနိုင်ဝန်ထမ်းရင် စိတ်ဖိစီးမှုများပြီး သတ်သေချင်စိတ်ဖြစ်သွားပါလိမ့်မယ်၊ မလုပ်လောဘမကြီးဖို့၊ ကုသိုလ်လောဘ မကြီးဖို့ အရေးကြီးပါတယ်”
ဆိုတဲ့ စာပိုဒ်ကလေးပါ။ အို မှန်လိုက်တာ။ ဆရာတော်ရဲ့တရားက ပြတ်သားတိကျလိုက်တာ။ လူ့ဘဝကလေးက တိုတိုလေးပါ။ ကျွန်မအသက် ၃၆ ကျော်ခဲ့ပြီ။ ကျန်တဲ့သက်တမ်း တစ်လျှောက်မှာ အခုလောက် စိတ်ချမ်းသာ ငြိမ်းချမ်းဖွယ်ကောင်းတဲ့ စာရေးဆရာဘဝကလေးနဲ့ အေးအေးချမ်းချမ်းရှင်သန်ဖို့ ဘာကြောင့်များ ကျွန်မ မရောင့်ရဲမတင်းတိမ် နိုင်တာပါလိမ့်။ အခု ကျွန်မ ဘယ်လောက် စိတ်ချမ်းသာလိုက်သလဲ၊ ပူပန်ကြောင့်ကြ ကင်းလိုက်သလဲ၊ သောကနဲ့ စိတ်ဖိစီးမှု ကင်းလိုက်သလဲ၊ ဒီဘဝကလေးကို လူတိုင်း လိုချင်လို့မရနိုင်ပါဘူး။ ဘာဖြစ်လို့ အလုပ်တွေ လုပ်ချင်နေရသလဲ။ ကျွန်မ မြတ်နိုးတန်ဖိုးထားတဲ့ စာရေးဆရာဘဝကလေးကို ကျွန်မ ရဲ့ နောက်ဆုံး ထွက်သက်အထိ မက်မက်မောမော ဖက်တွယ်ထားတော့ရော ဘယ်သူတွေက အပြစ်တင်ကဲ့ရဲ့ မှာမို့လဲ။ ရခဲလှတဲ့ စာရေးဆရာဘဝကလေးကိုပဲ ကျွန်မတစ်သက်လုံး ထိန်းသိမ်းတန်ဖိုးထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ စိတ်သက်သာရာရမှု၊ ဆုံးဖြတ်ချက် ပြတ်သားသွားမှု ကလေးကို ခဏလေးမဖြစ်အောင် “လူ့ဘဝဆိုတာ တိုတိုလေး” လို့ နှုတ်ကနေ ရေရွတ်ကြည့်မိလိုက်ရင် ကျွန်မ စိတ်ချမ်းသာ ကျေနပ်သွားပါတော့တယ်။ ဘာနောင်တရစရာရှိလဲ၊ ကျွန်မ စာရေးဆရာသာ ဖြစ်ချင်ပါတယ်။
(ကျွန်မဘဝရဲ့ အရေးကြီးလှတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားခိုင်မာသွားအောင် လမ်းပြပေးခဲ့တဲ့ တစ်နည်းအားဖြင့် ကျွန်မကို တင်းတိမ်ရောင့်ရဲစွာ စိတ်ချမ်းသာ ကျေနပ်စေအောင် တရားပြပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက အား ကျေးဇူးအထူးတင်စွာ လက်စုံမိုး ရှိခိုးဦးခိုက်လျက်....)


လွန်းထားထား။ဆေးတက္ကသိုလ်။
သရဖူမဂ္ဂဇင်း (သြဂုတ်၊ ၂၀၀၈)

သရဲဖမ်းသည့်ဂိမ်း (စာစု ၃)

ကျနော်ကြောက်ကြောက်နှင့်ပင်လှည့်ကြည့်မိပါ၏။ စောနက မဲမဲအကောင်ကြီးမှာ သေချာပါသည်။ စောနကအကောင်ကြီး။ ကျနော်လည်း ကြံရာမရသည့်နောက်ဆုံးတော့ ကျနော့်အဖေ စိတ်နေကျသိမ်ဝင်ပုတီး ဖြင့်သာ နှိမ်နင်းရန် စိတ်ကူးလိုက်သည်။

သရဲဟူသည်ကား ပုတီးဆိုသောအရာမျိုးကို ကြောက်တတ်ပေသည်လေ။ ထို့ကြောင့်ပင် ကျနော်လည်း ပုတီးထည့်ထားရာ ကျနော့်လွယ်အိတ်ဆီသို့ အပြေးသွားသည်။ သို့သော် မရ ထိုလ က်တစ်စုံက ကျနော့် ကို နောက်မှ ဆွဲထားသည်။ ကျနော့်အကျီ င်္ကော်လံကို သူဆွဲထားသည်။ ကျနော်လည်း ဘယ်လိုမှ မရတာနဲ့ နောက်ပြန်တံတောင်ဖြင့်တွက်လိုက်သည်။ သို့သော်မရ ကျနော့်လက်တစ်စုံဟာ လေထဲမှာ ၀ဲပျံသွားသည်ကလွဲလို့ ဘာမှမထူးခြားလိုက်သေး။

သူ့ကိုနာကျင်အောင်ကျနော်မစွမ်းနိုင်။ သူတို့က မမြင်အပ် မြင်အပ် ကျနော်တို့နှင့် ဘုံဘ၀ခြားနားနေသည့် အရာတွေသာဖြစ်သည်။ သာမန်အားဖြင့် ကျနော်တို့ သူတို့ကို
အနာတရ ဖြစ်စေဖို့မလွယ်။ထိုအချက်ကိုမေ့ကာ ကျနော် သူ့ကို တံတောင်ဖြင့်နောက်ပြန် တွက်လိုက်ခြင်းဖြစ်၏။ ပြီးကာမှ ကျနော်မရမှန်းသိလိုက်သည်။

ရဲနောင်ကိုကြည့်လိုက်တော့လည်းရဲနောင်က ရတီကို ပွေ့ဖက်ထားပြီး သရဲတွေကို လက်နှင့်တွန်းဖယ်စေလျှက်ရှိသည်။ သို့သော်သူလည်းမရပါ။ရတီ့ခမျာလည်း ကြောက်လွန်းအားကြီးလို့ အသားတွေပင်တဆတ်ဆတ်တုန်နေသည်။ဒါကိုလည်း ကျနော်ထင်ထင်ရှားရှားမြင်နေရပါရဲ့၊ ရဲနောင်ကတော့ ကြောက်ပုံမရ။ သူ့ချစ်သူရတီ့အတွက်သာ စိတ်ပူနေပုံရသည်။ ရဲနောင်ကတော့ရတီ့ကိုတင်းကျပ်စွာပွေ့ထားနေဆဲ။ ပွေ့ထားသည့်ကြားထဲမှပင်ူရတီကတော့အကြောက်
တွေကြီးနေသည်။ ဖြစ်နိုင်ပါသည်။ ရတီကမိန်းမသားပေပဲလေ။

သူတို့ကို ကြည့်ရသည်မှာနောင်တရနေပုံရှိသည်။ ထိုအရာကိုလုပ်တုန်းက မသိမတတ်စွာလုပ်နေပြီးကာမှ ယခုထိုအရာအတွက်နောင်တရနေပုံရှိသည်။

သို့သော်လည်းမဖြစ်နိုင်ပေတကား။ နောက်ဆုတ်ရန်လမ်းစကားပျောက်ဆုံးချေပြီ။ ထိုအရာက လမ်းဆုံးကိုေ၇ာက်နေလေပြီ။ နောက်ဆုံးရန်လုံးဝမဖြစ်နိုင်တော့။ မတတ်နိုင်သည့်အဆုံးတွင်တော့ ရှေ့ဆက်တိုးရန်သာရှိတော့သည်။ ထိုဟာကိုလည်း သူတို့နားလည်ဟန်တူးသည်။ သို့သော်ကြောက်စိတ်တွေကိုတော့အားလုံးမထိန်းနိုင်။

ကျနော့်ချစ်သူ့မေပျိုကိုကြည့်လိုက်တော့ ကျနော့်ရဲ့ လွယ်အိတ်နားတွင် ထိုင်လျက် လွယ်အိတ်လေးကိုကိုင်ထားသည်။ ကျုံ့ကျုံ့လေးထိုင်နေသောသူမပုံစံသည်ကား ကြောက်နေသည်ဆိုတာသိသာလွန်းနေသည်။ သူမလည်း ဒူးတွေပင်တဆတ်ဆတ်တုန်နေသည်။ ထိုပုံစံကို ကြည့်ရသည့်ကျနော့်မှာ သူမကိုပင် အားနာမိပါ၏ ကျနော်ဦးဆောင်ခဲ့သည်လေ။

သူမကိုကြည့်ရင်းကျနော်အကြံတစ်ခုရလာသည်။ သူမကို ကျနော့်လွယ်အိတ်ထဲက ပုတီး ကိုယူခိုင်းလျှင်အခြေအနေတွေပိုလွယ်ကူပေမည်။

“မေပျို ... ကိုယ့်လွယ်အိတ်ထဲမှာပုတီးပါတယ် ကိုယ့်ဆီကိုပုတီးပစ်လိုက်”

ထိုအခါမှမေပျိုလည်းသတိရဟန်တူသည်။ သူမကျနော့်လွယ်အိတ်ဇစ်ကိုခပ်မြန်မြန်ဆွဲသည် ။ နောက်တော့ ကျနော့်ရဲ့ ပုတီးကိုထုတ်ပြီး ကျနော့်ဆီကိုပြေးလာသည်။ ပြီးနောက် ကျနော့်ကိုပုတီးပေးသည်။ ကျနော်သူမလက်ထဲကပုတီးကိုဆွဲယူရင်း ဘေးဘီဝဲယာကို ရမ်းလိုက်သည်။ ထိုအကောင်တွေဝေးဝေးရှောင်သွားကြ သည်။

ပုတီးနှင့်ထိလိုသည့်အကောင်တွေကတော့

“အားးးးးးး ပူတယ် ပူတယ် ”

ဟုအော်ကာ ထွက်ပြေးသွားကြသည်။ နောက်တော့ကျနော်လည်းရဲနောင်တို့နားသွားကာ ပုတီးနှင့် မကောင်းဆိုးရွားတွေကိုခြောက်လိုက်ရသည်။ ထိုမှသာအခြေအနေအားလုံးသည်ငြိမ်သက်ပြီး တစ်ညလုံးဆိတ်ငြိမ်စွာနေနိုင်တော့သည်။ ခဏကြာတော့ ဦးလေးကြီးတစ်ယောက်ရောက်လာသည်။

ဒီလင့်မှာဆက်ဖတ်ပါ .. (

အစမှပြန်စလိုလျှင် .. (http://www.minnnyhoeshin.blogspot.com/2013/12/blog-post_29.html )

ရင်ကိုခွင်းသည့်ချစ်သူ့များ

စစ်...
စစ်ဆိုသည်မှာ ငြိမ်းချမ်းမှုအတွက်တိုက်ခိုက်ရသော အရာပေတကား။ သို့မဟုတ် လူမျိုးစု နှစ်စု နိုင်ငံနှစ်နိုင်ငံ၏ အငြိုးအတေးတွေကြောင့်ဖြစ်ပွါးရသည့် အရာပေတကား။ သို့ပေမယ့်လည်း သေချာတာကတော့ စစ်ဆိုတာလူတွေကို အမှန်တကယ်ပင် အကျည်းတန်း အရုပ်ဆိုးစေခဲ့ပြီး ရင်ကွဲမှုတွေပေးခဲ့သည်။

သူအင်းဝဘုရင်မင်းခေါင်ထံမှာ တစ်နှစ်တင်းတင်းပင်ပြည့်တော့မည်။ သူ့ကို တော့ အသားထဲလောက်ထွက် ၊ ဆန်ကောလောက်မှ စောက်မနက်သည့်လူလို့ထင်ကြလိမ့်မည်။ သူအင်းဝမင်းခေါင်ရဲ့ ယုံကြည်မှုကိုရအောင်လည်းအသေအလည်းကြိုးစားခဲ့ပြီးပြီပဲ။ သူလည်း တကယ်တော့ အင်းဝဘုရင် မင်းခေါင်ထံမှာ ကျွန်တစ်ယောက်အဖြစ်မခိုဝင်ချင်ခဲ့။ ထိုသို့ခိုဝင်ရမည်အစားလည်းသေသာလျှင်သေလိုက်ချင်သည်။ သို့သော်လည်း သူ့အတွက် ရှောင်လွှဲခွင့် မရှိသည့်အခြေအနေတစ်ခုဖြစ်ခဲ့သည်။

အင်းဝဘုရင် မင်းခေါင် အခေါ်တော်ပါးသည် ဆိုသည့် အမိန့်ကြောင့် သူ ညီလာခံကျင်းပရာ နန်းရင်ပြင်ကို အပြေးလေးလာမိသည်။ ညီလာခံ ၏ အလယ်တည့်တည့် ရွှေပလင်ပေါ်တွင် မင်းခေါင်ကြီးက ပိုးဖဲ ပုဆိုးစကို

သရဲဖမ်းသည့်ဂိမ်း စာစု (၂)

ကျနော်တို့ မကြောက်ကြတာမှန်သော်လည်း ကိုယ့်ရပ်ကိုယ့်မြေမဟုတ်တာကြောင့် အခြေအနေကိုစောင့်ကြည့်နေကြပါသည်။ ညရောက်ရင်ဘာများဖြစ်ကြမလဲလို့ပေါ့။ တကယ်လို့မှ မထူးခြားခဲ့ရင်လည်း ကိုယ့်ပါသာကိုယ်ခေါ်ဖို့အစီအစဉ်ရှိကြပြီးသားဖြစ်သည်။ ညရောက်လျှင်ဖြင့် တကယ်သရဲရှိသည်မှန်လျှင် ခြောက်ခြောက်ခြားခြားဖြစ်ရပ်များဖြစ်လာလိမ့်မည်ဟုထင်ထားသည်။ တကယ်သာမရှိခဲ့လျှင်ဖြင့် ထိုကဲ့သို့ဖြစ်မလာဟုထင်ထားခဲ့သည်။

သို့သော်ကံတရားသည် ကျနော်တို့ဘက်ပါသည်လား တကယ်ပဲမရှိသည်လားတော့မသိ။
ညေ၇ာက်တော့ဘာမှတော့ထူးခြားမလာ။ လင်းဝှက်တွေကတော့ပျံကြသည်။ ခွေးတွေကလည်းဆွဲဆွဲငင်ငင် အူကြသည်ကိုကြားရသည်။ သို့သော်လည်း ကျနော်တို့က ထူးခြားမှုဖြစ်မလားတော့မနေနိုင်။ ကိုယ့်ပါသာကိုယ်သာ ခေါ်ကြသည်။ သို့မှသာကျနော်တို့အတွက် ထူးခြားမှုရှိလိမ့်မည်မဟုတ်ပေတကား။ကျွန်တော်တို့ လူတွေအကုန်စုလိုက်တယ်။ သရဲခေါ်ကြဖို့လေ။ ကျနော်က ဒီကိုမလာခင်ကတည်းက စာအုပ်တွေဖတ်ထားပြီးသားပါ ။ သရဲဘယ်လိုခေါ် ဘယ်လိုပို့၊ ကျနော်တို့လုပ်ကြည့်ဖူးပါတယ်။ တစ်ခါမှထူထူးဆန်းဆန်းမဖြစ်ဖူးသည်ကြောင့် ဒီကိုလာခြင်းဖြစ်သည်။ သို့သော်လည်း လိုရမရ အဆောင်လေးတွေတော့ပါလာပါ၏။
အောက်ထပ်ကိုလူတွေအားလုံးခေါ်လိုက်သည်။ လူခုနစ်ယောက်လုံးရောက်လာသည်။ ဘယ်လိုစမလဲဆိုတော့ ကျနော်ကနည်းလမ်းပြောပါသည်။

အရင်ဆုံး ငှက်ပျောရွက်တစ်ရွက်ကိုရှာ။ အိမ်နောက်ဖက်တွင်ငှက်ပျောတောရှိတာကြောင့် ငှက်ပျောရွက် အလွယ်တကူရသည်။ ထိုငှက်ပျောရွက်ပေါ်တွင် အသင့်ပါလာသောထမင်းဖြူကိုထည့်သည်။ ထိုထမင်းဖြူ၏အပေါ်မှ အသားဟင်းထားသည်။ ထိုအသားဟင်းနှင့် ထမင်းအထည့်ထားသောငှက်ပျောရွက် ပေါ်တွင် ကွမ်းသီးသုံးလုံးတင်သည်။ နောက် ထမင်းအောက်တွင် ဆားဖြူထည့်သည်။ ဟင်းများပေါ်တွင်မှ အလံဖြူတစ်ချောင်းစိုက်ထား၏။ ထို့ပြင် ဘေးနားတွင် မကောင်းဆိုးဝါးဆိုတာကြီးကိုမြင်နိုင်ဖို့ မှန်တစ်ချပ်လည်းထောင်ထားပါသေးသည်။ ကျနော်တို့အုပ်စုကတော့15ပေအကွာကနေကြည့်သည်။ အိမ်ရှေ့ရှိကျောက်ခတ်ပင်နောက်ကနေကွယ်ကြည့်နေမိသည်။ ထိုကျောက်ခတ်ပင်နှင့်အိမ်ကလည်းသိပ် မကွာ။

ညသည်ကား မှောင်မိုက်လွန်းပါဘိ၏။ ည၏တိတ်ဆိတ်မှုသည် လကွယ်ညဖြစ်သောကြောင့် ပိုလို့ပင် ခြောက်ခြားစေသည်။ ထိုခြောက်ခြားမှုကို ရွာတွင်းမှခွေးဟောင်သံများကပိုပြီး အသက်သွင်းပေးနေလေတော့သည်။ ထိုတိတ်ဆိတ်မှုအောက်မှ မကြောက်ရွံ့ကြသောကျနော်တို့ အဖွဲ့လည်း စတင်ကြောက်ရွံ့စပြုလာကြသည်။

မှန်ထဲမှ အမည်းရိပ်ကြီးတစ်ခုသည် လျှပ်ခနဲပေါ်လာသည်။ ထိုအမည်းရိပ်ကြီးကိုအားလုံးသတိထားပြီးကြည့်ကြ၏။ ထိုအရိပ်ကြီးမှာ တဖြေးဖြေးပင် ပိုလို့ထင်ရှားလာပါသည်။ လူတစ်ယောက်ကဲ့သို့ပင်တူလွန်းလှသည်။ မျက်လုံးနီနီကြီးများသည်လည်း တဖြေးဖြေးထင်ရှားလာသည်။ ထိုထင်ရှားလာသောမျက်လုံးပိုင်ရှင်၏ ကိုယ်သည် အမွေးအမျှင်များဖြင့် ဖုံးထားသည်ကြောင့်လူဝံတစ်ကောင်လားထင်ရသည်။ အစားများကိုပလုပ်ပလောင်းစားနေသော ထိုလူ၏ပါးစပ်များသည် အစွယ်များပင်ထွက်လာသလိုလို။

ကျနော်တို့ထဲမှ နည်းနည်းကြောက်တတ်သည့် မြတ်သူက အော်လိုက်ပါသည်။ အော်လိုက်သည် ဆိုသော်လည်း ကျယ်ကျယ်ကြီးအော်လိုက်တာမျိုးတော့မဟုတ်။ အနည်းငယ်အံ့သြဟန်ဖြင့် ထွက်ပေါ်လာသည့်အာမေဋိတ်လေသံဖြစ်သည်။။ထိုလေသံကြောင်ထင်ပါသည်။ ထိုအကောင်ကြီး ကျနော်တို့ဘက်ကိုလှည့်လာတာကိုကျနော်တို့သိသိသာမြင်သည်။ ထိုအကောင်ကြီး တကယ်ပြေးလာနေမှန်းသိတော့ ကျနော်တို့ရဲတိုက်ကြီးနှင့်တူသည့် အိမ်အိုကြီးထဲသို့ပြေးပါတော့သည်။ ထိုအိမ်အိုကြီးထဲသို့ေ၇ာက်လျှင် ထိုအကောင်ကြီးမှလည်း တဖြေးတဖြေးမျက်လုံးများနှင့်ပင်မြင်ရလာသည်။ ကျနော်လွယ်အိတ်ထဲတွင်အသင့်ပါလာသည့် ပရိတ်ရေနှင့်ပတ်လိုက်သည်။ သို့သော်မူကား မကြောက်။ မြတ်သူနားတော့သူမသွားရဲ။

“ပရိတ်ရေတွေက ငါမှားသောက်ပြစ်လိုက်တာကုန်ပြီ”

မြတ်သူကကြောက်ကြောက်လန့်လန့်နှင့်ပြောသည်။ ထိုအချိန်တွင် အဖြူ၇ိပ်များလည်း တစ်စထက်တစ်စ များလာလေပြီ။ အိမ်ထဲမှာလည်း အော်သံတွေကစုံလို့။ ရွာထဲကခွေးတွေကလည်းဆွဲဆွဲငင်ငင်အူသည်။ ထိုအသံတွေကြောင့်ပိုခြောက်ခြားသည်။  အေးစက်သည့်လက်တစ်စုံကကျနော့်ပါးကိုလာထိသည်။ ကျနော်လှည့်ကြည့်မိတော့စောနက အကောင်ကြီး။

ကျနော်ဘာလုပ်ရမလဲဗျာ ...

ပုတီးနှင့် နှိမ်နင်းလိုလျှင်

တစက်မြိတ်လက်ပြန်ရေနှင့်ပက်လိုလျှင်

ရွာထဲကိုအကူအညီသွားတောင်းလိုလျှင်

ဂိမ်းအားအစမှပြန်ဆော့လိုလျှင် - (http://www.minnnyhoeshin.blogspot.com/2013/12/blog-post_29.html)

သရဲဖမ်းသည့်ဂိမ်း အား မင်းညှို့သျှင် မှရေးသားတင်ပြသည်။

သရဲဖမ်းသည့်ဂိမ်း စာစု (၁)

ကျွန်တော်တို့ လူတွေအကုန်စုလိုက်တယ်။ သရဲခေါ်ကြဖို့လေ။ ကျနော်က ဒီကိုမလာခင်ကတည်းက စာအုပ်တွေဖတ်ထားပြီးသားပါ ။ သရဲဘယ်လိုခေါ် ဘယ်လိုပို့၊ ကျနော်တို့လုပ်ကြည့်ဖူးပါတယ်။ တစ်ခါမှထူထူးဆန်းဆန်းမဖြစ်ဖူးသည်ကြောင့် ဒီကိုလာခြင်းဖြစ်သည်။ သို့သော်လည်း လိုရမရ အဆောင်လေးတွေတော့ပါလာပါ၏။

အောက်ထပ်ကိုလူတွေအားလုံးခေါ်လိုက်သည်။ လူခုနစ်ယောက်လုံးရောက်လာသည်။ ဘယ်လိုစမလဲဆိုတော့ ကျနော်ကနည်းလမ်းပြောပါသည်။
အရင်ဆုံး ငှက်ပျောရွက်တစ်ရွက်ကိုရှာ။ အိမ်နောက်ဖက်တွင်ငှက်ပျောတောရှိတာကြောင့် ငှက်ပျောရွက် အလွယ်တကူရသည်။ ထိုငှက်ပျောရွက်ပေါ်တွင် အသင့်ပါလာသောထမင်းဖြူကိုထည့်သည်။ ထိုထမင်းဖြူ၏အပေါ်မှ အသားဟင်းထားသည်။ ထိုအသားဟင်းနှင့်ထမင်းအထည့်ထားသောငှက်ပျောရွက် ပေါ်တွင် ကွမ်းသီးသုံးလုံးတင်သည်။ နောက် ထမင်းအောက်တွင် ဆားဖြူထည့်သည်။ ဟင်းများပေါ်တွင်မှ အလံဖြူတစ်ချောင်းစိုက်ထား၏။ ထို့ပြင် ဘေးနားတွင် မကောင်းဆိုးဝါးဆိုတာကြီးကိုမြင်နိုင်ဖို့ မှန်တစ်ချပ်လည်းထောင်ထားပါသေးသည်။ ကျနော်တို့အုပ်စုကတော့15ပေအကွာကနေကြည့်သည်။ အိမ်ရှေ့ရှိကျောက်ခတ်ပင်နောက်ကနေကွယ်ကြည့်နေမိသည်။ ထိုကျောက်ခတ်ပင်နှင့်အိမ်ကလည်းသိပ် မကွာ။
ညသည်ကား မှောင်မိုက်လွန်းပါဘိ၏။ ည၏တိတ်ဆိတ်မှုသည် လကွယ်ညဖြစ်သောကြောင့် ပိုလို့ပင် ခြောက်ခြားစေသည်။ ထိုခြောက်ခြားမှုကို ရွာတွင်းမှခွေးဟောင်သံများကပိုပြီး အသက်သွင်းပေးနေလေတော့သည်။ ထိုတိတ်ဆိတ်မှုအောက်မှ မကြောက်ရွံ့ကြသောကျနော်တို့ အဖွဲ့လည်း စတင်ကြောက်ရွံ့စပြုလာကြသည်။

မှန်ထဲမှ အမည်းရိပ်ကြီးတစ်ခုသည် လျှပ်ခနဲပေါ်လာသည်။ ထိုအမည်းရိပ်ကြီးကိုအားလုံးသတိထားပြီးကြည့်ကြ၏။ ထိုအရိပ်ကြီးမှာ တဖြေးဖြေးပင် ပိုလို့ထင်ရှားလာပါသည်။ လူတစ်ယောက်ကဲ့သို့ပင်တူလွန်းလှသည်။ မျက်လုံးနီနီကြီးများသည်လည်း တဖြေးဖြေးထင်ရှားလာသည်။ ထိုထင်ရှားလာသောမျက်လုံးပိုင်ရှင်၏ ကိုယ်သည် အမွေးအမျှင်များဖြင့် ဖုံးထားသည်ကြောင့်လူဝံတစ်ကောင်လားထင်ရသည်။ အစားများကိုပလုပ်ပလောင်းစားနေသော ထိုလူ၏ပါးစပ်များသည် အစွယ်များပင်ထွက်လာသလိုလို။

ကျနော်တို့ထဲမှ နည်းနည်းကြောက်တတ်သည့် မြတ်သူက အော်လိုက်ပါသည်။ အော်လိုက်သည် ဆိုသော်လည်း ကျယ်ကျယ်ကြီးအော်လိုက်တာမျိုးတော့မဟုတ်။ အနည်းငယ်အံ့သြဟန်ဖြင့် ထွက်ပေါ်လာသည့်အာမေဋိတ်လေသံဖြစ်သည်။။ထိုလေသံကြောင်ထင်ပါသည်။ ထိုအကောင်ကြီး ကျနော်တို့ဘက်ကိုလှည့်လာတာကိုကျနော်တို့သိသိသာမြင်သည်။ ထိုအကောင်ကြီး တကယ်ပြေးလာနေမှန်းသိတော့ ကျနော်တို့ရဲတိုက်ကြီးနှင့်တူသည့် အိမ်အိုကြီးထဲသို့ပြေးပါတော့သည်။ ထိုအိမ်အိုကြီးထဲသို့ေ၇ာက်လျှင် ထိုအကောင်ကြီးမှလည်း တဖြေးတဖြေးမျက်လုံးများနှင့်ပင်မြင်ရလာသည်။ ကျနော်လွယ်အိတ်ထဲတွင်အသင့်ပါလာသည့် ပရိတ်ရေနှင့်ပတ်လိုက်သည်။ သို့သော်မူကား မကြောက်။ မြတ်သူနားတော့သူမသွားရဲ။

“ပရိတ်ရေတွေက ငါမှားသောက်ပြစ်လိုက်တာကုန်ပြီ”

မြတ်သူကကြောက်ကြောက်လန့်လန့်နှင့်ပြောသည်။ ထိုအချိန်တွင် အဖြူ၇ိပ်များလည်း တစ်စထက်တစ်စ များလာလေပြီ။ အိမ်ထဲမှာလည်း အော်သံတွေကစုံလို့။ ရွာထဲကခွေးတွေကလည်းဆွဲဆွဲငင်ငင်အူသည်။ ထိုအသံတွေကြောင့်ပိုခြောက်ခြားသည်။  အေးစက်သည့်လက်တစ်စုံကကျနော့်ပါးကိုလာထိသည်။ ကျနော်လှည့်ကြည့်မိတော့စောနက အကောင်ကြီး။

ကျနော်ဘာလုပ်ရမလဲဗျာ ...

ပုတီးနှင့် နှိမ်နင်းလိုလျှင်

တစက်မြိတ်လက်ပြန်ရေနှင့်ပက်လိုလျှင်

ရွာထဲကိုအကူအညီသွားတောင်းလိုလျှင်

ဂိမ်းအားအစမှပြန်ဆော့လိုလျှင် - (http://www.minnnyhoeshin.blogspot.com/2013/12/blog-post_29.html)

သရဲဖမ်းသည့်ဂိမ်း အား မင်းညှို့သျှင် မှရေးသားတင်ပြသည်။

သရဲဖမ်းသည့်ဂိမ်း

သရဲဖမ်းသည့်ဂိမ်းသည် သင်ကိုယ်တိုင်ပါဝင်ကစားရမည့်ဂိမ်းဖြစ်သည်။ ထိုဂိမ်းထဲတွင် ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်တို့သည် သင့်ဆုံးဖြတ်ချက်ပေါ် မူတည်နေပါလိမည့်မည်။ သင်သည် ယခုဂိမ်းထဲမှ ပင်မဇာတ်ကောင်ကို ကူညီရမည်။ ထိုဇာတ်ကောင်နေရာမှဝင်ပြီး ဆုံးဖြတ်ချက်များချပေးရမည်။ ထိုဇာတ်ကောင်ကိုကူညီရမည်ဖြစ်သည်။ သင်ဆုံးဖြတ်ချက်မှားလျှင်ထိုဇာတ်ကောင်သေပြီး ကစားပွဲလည်းရှုံးမည်ဖြစ်သည်။ အကယ်လို့များသင့်ဆုံးဖြတ်ချက်မှန်ကန်လို့ ထိုဇာတ်ကောင်ကကစားပွဲတွင် အနိုင်ရခဲ့လျှင် သင်နိုင်သည်ဟုဆိုနိုင်သည်။

ပန်းပျိုးလက်ကချိုးသောပန်း


December ပိတ်ပြန်ပြီဆိုတော့ရေးလိုက်ဦးမယ်နော်။ စာတိုပေစလေးတွေလေ။ ပိုးကထနေတော့ရေးရဦးတော့မယ်လေ။ ရှေ့လျောက်လည်းကျောင်းပိတ်ရက်တွေမှာ ရေးဖြစ်ဦးမှာပါ။ စိတ်ရှည်ရှည်နဲ့အားပေးဖတ်ရှုတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် ကျနော့်ဖေ့ဘုတ်လေးကိုလည်းလိုက်လုပ်ပေးကြပါဦးလို့တောင်းခံရင်း ...
(လေကစ်လိုက်တာနော်...)

ယုံစားမိခဲ့လို့မှားပြီ(ရက်စက်လွန်းသည့်မောင်)


“သက်ကိုယ်တို့ခိုးပြေးကြရအောင် ”
ထိုစကားသည်ကား မိုးယံမြင့် ထံမှထွက်လာသည့်အသံ။ မိုးယံ နှင့် နှင်းသက်ခိုင် တို့ချစ်သူသက်တမ်းသည်လည်း တစ်နှစ်ပင် တင်းတင်းပြည့်တော့မည်။ ဒါကိုပင် သက်မိဘတွေက ခုထက်ထိသဘောမတူသေး။ သက်က လည်း မတူသည့်ကြားကပင် မိုးယံမြင့်ကို မခွဲနိုင်မခွါနိုင် တွယ်ကပ်နေခဲ့သည်။
မိုးယံ ကမိဘနှစ်ပါးလည်း မရှိတော့ ။ ငွေရေးကြေးရေးကလည်း ပြည့်စုံတာမဟုတ်တာကိုတော့ သက်လည်းအသိ။ ဒါပေမယ့် အရက်သောက်ပြီးဂျစ်ကန်ကန်လုပ်တတ်သည့် အကျင့်စိုး၊ ကြက်တိုက်

ရတနာမြေရှာပုံတော် ....

ရတနာမြေရှာပုံတော်
(၁)
၁၉၉၇ခုနှစ် ၊ ဒီဇင်ဘာလ (၂၃) ရက်၊ ရတနာ စံအိမ်တွင်ဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခု...
အိမ်ကြီး၏ခံ့ငြားထည်ဝါးမှုသည်လူများကို ခြောက်ခြားစေသယောင်ယောင်ပင်ရှိနေသည်။ အိုဟောင်းနေသော ထိုတိုက်ပျက်ကြီး၏နံရံတို့သည်အတော်ပင်ထူထပ်သည်။ နံရံများတွင် လည်း ကြက်ခိုးများကတက်နေသည်။ ထိုအိမ်ကြီးတွင် စိုပြေခြင်းအလျင်းမရှိ။
 တုန်ရင်နေသောခြေလှမ်းတို့နှင့်အတူ ထိုအိမ်ထဲကိုလာနေသည်က ကောင်လေးလေးယောက်နှင့် ကောင်မလေးသုံးယောက် နောက် အသက်ခြောက်ဆယ်ခန့်ရှိသော အဖိုးကြီးတစ်ယောက် ။ စုစုပေါင်း ရှစ်ယောက်။ သူတို့လက်ထဲမှာက ဆူးရှသည့် အလင်းရောင်ပေးနိုင်သော ဓာတ်မီးများကို ကိုင်ထားသည်။
“ဆရာကြီး ဒီထဲမှာရှိတယ်ဆိုတာကောသေချာလား”
  နောက်က အသက်20လောက်ရှိသော ကောင်လေးတစ်ယောက်က မေးသည်။ ထိုအဖိုးကြီးက..
“သေချာပါတယ်ကွာ...ဒီနေရာမှာငါတို့ရှာနေတဲ့ရတနာသိုက်ရှိတာသေချာတယ်..ဂျပန်ခေတ်က ရွှေတွေကို ဒီတိုက်အောက်မှာ မြှပ်ထားတာလူတစ်ကာသိတယ်”

အချိန်ကသယ်ဆောင်သွားလေသော အသက်တစ်ချောင်း

“ဒုန်း.....”
               မိုးချိန်းသံမဟုတ်သော အသံတစ်ခုသည် လောကတွင် ကျယ်လောင်စွာထွက်လာခဲ့သည်။ ထိုအသံကြောင့်လူများလည်းရုတ်ရုတ်သဲသဲ။ စိုးရိန်သူများကစိုးရိန်။ ထိတ်လန့်သူများကလည်း ရင်လေးကို လက်ဖ၀ါးလေးနှင့်အသာဖိနေကြသည်။
              ဖြစ်ရပ်သည်ကား ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိခြင်းသာ။ ဆိုင်ကယ်စီးလာသူမှာ ကောင်လေးတစ်ယောက်သာဖြစ်ပြီး အသက်မှာလည်းသိပ်ကြီးလှသေးမည် မဟုတ်ချေ။ အသားလတ်လတ် ဆံပင်ရှည်ရှည် နှင့် အောက်ရှုးဘောင်းဘီအနက်နှင့်တကွ စပုတ်ရှပ် ခပ်ကျပ်ကျပ်ကိုဝတ်ထားသော သူ့အသွင်အပြင်ကိုကြည့်ခြင်းအားဖြင့် လူကုံထံအသိုင်းအ၀ိုင်းမှဖြစ်ကြောင်း သိနိုင်သည်။
             တစ်ဖက်မှစက်ဘီးစီးလာသူမှာကား အသက် လေးဆယ်ကျော်ငါးဆယ်နှီးပါးရှိလောက်မည့် ဦးလေးကြီးတစ်ဦး။ ဘေးတွင်ကျနေသော ပုံးအခွံအခေါက်နှင့် အေးစက်စက် အရည်ပျော်လုခမန်းဖြစ်နေသော ရေခဲချောင်းလေးတို့ကိုကြည့်ခြင်းအားဖြင့် ထိုဦးလေးသည် ရေခဲချောင်းရောင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်းသိနီုင်သည်။
          သူ့ပုံစံမှာလည်းစုတ်စုတ်ပြတ်ပြတ်။ ခပ်နွမ်းနွမ်း အကျီင်္လေးကို အရောင်ဖျော့ဖျော့ ပုဆိုးကွက်လေးနှင့် မလှမပ၀တ်ဆင်ထားသည်။ စီးလာသည့်စက်ဘီးမှာလည်း တစ်ဘီးလုံးသံချေးတက်နေသည်။ အပေါက် များလှသော ဘေးလွယ်အိတ်ကြီးကိုလည်း လွယ်ထားသေးသည်။ ကလိုင်လေးကတော့ သူနဲ့အဝေးတစ်နေရာမှာလွင့်စင်လို့ပေါ့။
            ဖြစ်ပျက်ထားသည့်အခြေအနေက နှစ်ယောက်လုံးကိုအထိနာစေခဲ့သည်။ ကောင်လေးကလည်း အရွယ်ငယ်သော်လည်း သူ့ဒဏ်ရာကမသေး။ ခေါင်းနားမှာ ရေအိုင်တစ်ခုလိုရွဲနစ်နေတဲ့ သွေးကွက်ကြီး က လူတွေကိုခြောက်လန့်နေသည်။ လက်တွေမှာလည်း ပွန်းရှတဲ့ဒဏ်ရာတွေကြောင့် သွေးလေးတွေ ခပ်မျှင်းမျှင်းစို့နေပါသည်။ သူ့အနားတွင်တော့ သူ့ရဲ့ညဉ်းညူသံသဲ့သဲ့လေးကိုသာကြားရသည်။
             အဖိုးကြီးကတော့ သူ့လို သွေးတွေများများစားစားမထွက် ။ လမ်းမပေါ်တွင် သွေးကွက်သေးသေးလေးကိုသာတွေ့ရသည်။ သို့သော်လည်း သူ့နားတွင်အသက်ရှုူသံ ခပ်သဲ့သဲ့ကိုမှမကြားရ။ သတိမေ့နေခြင်းလား။ ဘာလားဆိုတာကိုတော့ တစ်ယောက်မှယေယေရာရာမသိ။
            လူတွေကလည်းတစ်ယောက်ပြီးတစ်ယောက် ၀ိုင်းအုံလာကြသည်။ ရင်ဘတ်လေးကိုလက်လေး နဲ့ဖိတဲ့လူကဖိ။ မကြည့်ရဲလို့ပြန်တဲ့သူကပြန်။ ဘေးမှာတီးတိုးပြောနေသူတို့ကပြော။ဆိုင်ကယ်စီးသူက လည်း အစကတည်းက အရှိန်များများနှင့် ခပ်မြန်မြန်စီးခဲ့သည်ထင်ပါသည်။                                  
               တစ်ယောက်မှမထူရဲ။ ကောင်လေးဆီမှာ နာကျဉ်းသံလိုလို အကူအညီတောင်းသံလိုလို ခပ်သဲ့သဲ့အသံတစ်ခုထွက်လာပေမယ့် သွေးအိုင်ထဲနစ်နေသော သူ့ကိုဘယ်သူမှမထူရဲကြ။ ဆိုင်ကယ် တိုက်မှုဆိုသည်ကို လူအများကရဲမှုလို့သာနားလည်ထားကြသည်။ သူတို့ကိုအမှုပတ်မှာလည်းစိုးရိန်ကြသည်။
                လူ့အသက်တစ်ချောင်းကယ်ကောင်းသော်လည်း ထိုအသက်ကြောင့် ကိုယ့်အတွက် အပြစ်ဖြစ်မည်ကိုစိုးသဖြင့်ဘယ်သူမှမကယ်ရဲ။ အထူးသဖြင့် လူတိုင်းက အစိုးရနှုင့်ကင်းကင်းနေချင်ကြသည်။ အမှုပတ်မှဖြင့် ရုံးချိန်း ခေါ်စစ်ခြင်း ဒါတွေကိုလူတွေမခံနိုင်ပါ။ ထိုထက် တစ်ရစ်ပြီးတစ်ရစ်တိုးပြီးကောက်တဲ့ငွေတွေကိုလည်းမပေးချင်ကြပါ။
                ထိုအချိန်တွင်ကောင်လေးမှာသွေးတွေရွဲနစ်နေသော်လည်း အချိန်မီလျှင် သူ့အသက်ကိုကယ်
နိုင်ချေမည်။ သို့သော်လည်း သူ့ကိုကြင်နာစွာထူမမည့်သူကတစ်ယောက်မှမရှိ။ သူ့အဖြစ်က စတငန့်ငန့် နှင့် ။
                 ရေခဲချောင်းသည်ဦးလေးကြီးကတော့ ညလယ်မှာအိပ်နေသကဲ့သို့တုတ်တုတ်မျှမလှုပ်။ အသက်ပင်ရှိပါသေးစွ။ သူ့ကိုလူတွေကလည်းသံသယတွေဝင်။ သို့သော်ဘယ်သူကမှ တို့ထိမကြည့်ရဲ။
                  အထူးသဖြင့်ဒဏ်ရာများနေသောကောင်လေးပင်။ သူ့ဘက်မှ ခပ်တိုးတိုးညဉ်းညှူသံလေးဖြင့် အကူအညီတောင်းနေသော်လည်း အားလုံးထဲကတစ်ယောက်မှမကူညီ။ လူတွေအားလုံးကလည်းကိုယ့်အသိနဲ့ကိုယ်ကြောက်လန့်နေကြပြီးသား။ အားလုံး ၀မ်းနည်းရုံထက်ပိုမတက်နိုင်။
                အချိန်တွေအတော်ကြာကာမှ ရဲတွေရောက်လာပြီး ဆေးရုံတင်လိုက်ရသည်။ ဆေးရုံေ၇ာက်တော့ချက်ချင်းအရေးပေါ်ခန်းထဲဝင်ရသည်။ သို့သော် ကံဆိုးသည်ပဲဆိုရမလား။ ဆေးရုံအုပ်ကမရှိ။ ဆေးရုံအုပ်တွေကဆေးရုံမှာမနေပဲဘယ်လို အုပ်ချုပ်မလဲ။ ဆေးရုံအုပ်က အိမ်မှာဆေးခန်းထိုင်နေတယ်တဲ့။ဒီလိုနဲ့ မိနစ်ပေါင်းများစွာကြာအောင် ဆေးရုံအုပ်ကြီးကိုစောင့်နေရသေးသည်။
              အတော်ကြာတော့မှဆေးရုံအုပ်ကြီးရောက်လာသည်။ အရာအားလုံးဟာအဆင့်သင့်ပေါ့.... လူနာတွေရဲ့မျက်ခွံလေးတွေကိုလှန်ကြည့်လို့အပြီးမှာပဲ သူ့ရဲ့ကျွမ်းကျင်လှတဲ့ဆေးကုသမှုအဆုံးသတ်ပါသည်။ အသက်မရှိတဲ့လူနာကို သူဘယ်လိုကုနိုင်မှာလဲ။
                                                    ☻   ☻   ☻   ☻   ☻   ☻
                  နောက်နေ့ေ၇ာက်တော့ ကောလဟာလလိုလိုနဲ့လူတွေရဲ့နှုတ်ဖျားမှာသတင်း တစ်ခု ထွက်လာပါရော။
                  “မနေ့ကကောင်လေးတစ်ယောက်နဲ့ အဖိုးကြီးတစ်ယောက် ဆိုင်ကယ်နဲ့ စက်ဘီးနဲ့ တိုက်လို့တဲ့”
                  “ငါသိတယ်..ကောင်လေးကခပ်ချောချောလေးပါအေ”
                  “ဆေးရုံတင်တာနောက်ကျလို့ဆေးရုံရောက်မှဆုံးသွားတယ်”
                  “ဘယ်သူမှလည်းမကယ်ရဲကြဘူး...ဆေးရုံမှာဆ၇ာဝန်ကလည်းတန်းမရှိတော့ ပိုဆိုးတာပေါ့အေ ”
                   “ဟင်....”
                   သက်ပြင်းရှည်ကြီးကိုချရင်း သူ့အတွက် သနားမိစွာပင် ကျနော့်ရဲ့ဝတ္ထုတို လေးကိုလည်း နိဂုံးချုပ်လို့ ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတော့သည်။
                  အရာအားလုံးဟာခြောက်သွေ့စွာဖြင့်ပေါ့.........
                                                                                         ထာဝရသံယောဇဉ်ဖြင့်......
                                                                                                 မင်းညှို့သျှင်
                                                                              facebook: Minn Nyhoe Shin
                                                                              e-mail: “ဒုန်း.....”
               မိုးချိန်းသံမဟုတ်သော အသံတစ်ခုသည် လောကတွင် ကျယ်လောင်စွာထွက်လာခဲ့သည်။ ထိုအသံကြောင့်လူများလည်းရုတ်ရုတ်သဲသဲ။ စိုးရိန်သူများကစိုးရိန်။ ထိတ်လန့်သူများကလည်း ရင်လေးကို လက်ဖ၀ါးလေးနှင့်အသာဖိနေကြသည်။
              ဖြစ်ရပ်သည်ကား ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိခြင်းသာ။ ဆိုင်ကယ်စီးလာသူမှာ ကောင်လေးတစ်ယောက်သာဖြစ်ပြီး အသက်မှာလည်းသိပ်ကြီးလှသေးမည် မဟုတ်ချေ။ အသားလတ်လတ် ဆံပင်ရှည်ရှည် နှင့် အောက်ရှုးဘောင်းဘီအနက်နှင့်တကွ စပုတ်ရှပ် ခပ်ကျပ်ကျပ်ကိုဝတ်ထားသော သူ့အသွင်အပြင်ကိုကြည့်ခြင်းအားဖြင့် လူကုံထံအသိုင်းအ၀ိုင်းမှဖြစ်ကြောင်း သိနိုင်သည်။
             တစ်ဖက်မှစက်ဘီးစီးလာသူမှာကား အသက် လေးဆယ်ကျော်ငါးဆယ်နှီးပါးရှိလောက်မည့် ဦးလေးကြီးတစ်ဦး။ ဘေးတွင်ကျနေသော ပုံးအခွံအခေါက်နှင့် အေးစက်စက် အရည်ပျော်လုခမန်းဖြစ်နေသော ရေခဲချောင်းလေးတို့ကိုကြည့်ခြင်းအားဖြင့် ထိုဦးလေးသည် ရေခဲချောင်းရောင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်းသိနီုင်သည်။
          သူ့ပုံစံမှာလည်းစုတ်စုတ်ပြတ်ပြတ်။ ခပ်နွမ်းနွမ်း အကျီင်္လေးကို အရောင်ဖျော့ဖျော့ ပုဆိုးကွက်လေးနှင့် မလှမပ၀တ်ဆင်ထားသည်။ စီးလာသည့်စက်ဘီးမှာလည်း တစ်ဘီးလုံးသံချေးတက်နေသည်။ အပေါက် များလှသော ဘေးလွယ်အိတ်ကြီးကိုလည်း လွယ်ထားသေးသည်။ ကလိုင်လေးကတော့ သူနဲ့အဝေးတစ်နေရာမှာလွင့်စင်လို့ပေါ့။
            ဖြစ်ပျက်ထားသည့်အခြေအနေက နှစ်ယောက်လုံးကိုအထိနာစေခဲ့သည်။ ကောင်လေးကလည်း အရွယ်ငယ်သော်လည်း သူ့ဒဏ်ရာကမသေး။ ခေါင်းနားမှာ ရေအိုင်တစ်ခုလိုရွဲနစ်နေတဲ့ သွေးကွက်ကြီး က လူတွေကိုခြောက်လန့်နေသည်။ လက်တွေမှာလည်း ပွန်းရှတဲ့ဒဏ်ရာတွေကြောင့် သွေးလေးတွေ ခပ်မျှင်းမျှင်းစို့နေပါသည်။ သူ့အနားတွင်တော့ သူ့ရဲ့ညဉ်းညူသံသဲ့သဲ့လေးကိုသာကြားရသည်။
             အဖိုးကြီးကတော့ သူ့လို သွေးတွေများများစားစားမထွက် ။ လမ်းမပေါ်တွင် သွေးကွက်သေးသေးလေးကိုသာတွေ့ရသည်။ သို့သော်လည်း သူ့နားတွင်အသက်ရှုူသံ ခပ်သဲ့သဲ့ကိုမှမကြားရ။ သတိမေ့နေခြင်းလား။ ဘာလားဆိုတာကိုတော့ တစ်ယောက်မှယေယေရာရာမသိ။
            လူတွေကလည်းတစ်ယောက်ပြီးတစ်ယောက် ၀ိုင်းအုံလာကြသည်။ ရင်ဘတ်လေးကိုလက်လေး နဲ့ဖိတဲ့လူကဖိ။ မကြည့်ရဲလို့ပြန်တဲ့သူကပြန်။ ဘေးမှာတီးတိုးပြောနေသူတို့ကပြော။ဆိုင်ကယ်စီးသူက လည်း အစကတည်းက အရှိန်များများနှင့် ခပ်မြန်မြန်စီးခဲ့သည်ထင်ပါသည်။                                  
               တစ်ယောက်မှမထူရဲ။ ကောင်လေးဆီမှာ နာကျဉ်းသံလိုလို အကူအညီတောင်းသံလိုလို ခပ်သဲ့သဲ့အသံတစ်ခုထွက်လာပေမယ့် သွေးအိုင်ထဲနစ်နေသော သူ့ကိုဘယ်သူမှမထူရဲကြ။ ဆိုင်ကယ် တိုက်မှုဆိုသည်ကို လူအများကရဲမှုလို့သာနားလည်ထားကြသည်။ သူတို့ကိုအမှုပတ်မှာလည်းစိုးရိန်ကြသည်။
                လူ့အသက်တစ်ချောင်းကယ်ကောင်းသော်လည်း ထိုအသက်ကြောင့် ကိုယ့်အတွက် အပြစ်ဖြစ်မည်ကိုစိုးသဖြင့်ဘယ်သူမှမကယ်ရဲ။ အထူးသဖြင့် လူတိုင်းက အစိုးရနှုင့်ကင်းကင်းနေချင်ကြသည်။ အမှုပတ်မှဖြင့် ရုံးချိန်း ခေါ်စစ်ခြင်း ဒါတွေကိုလူတွေမခံနိုင်ပါ။ ထိုထက် တစ်ရစ်ပြီးတစ်ရစ်တိုးပြီးကောက်တဲ့ငွေတွေကိုလည်းမပေးချင်ကြပါ။
                ထိုအချိန်တွင်ကောင်လေးမှာသွေးတွေရွဲနစ်နေသော်လည်း အချိန်မီလျှင် သူ့အသက်ကိုကယ်
နိုင်ချေမည်။ သို့သော်လည်း သူ့ကိုကြင်နာစွာထူမမည့်သူကတစ်ယောက်မှမရှိ။ သူ့အဖြစ်က စတငန့်ငန့် နှင့် ။
                 ရေခဲချောင်းသည်ဦးလေးကြီးကတော့ ညလယ်မှာအိပ်နေသကဲ့သို့တုတ်တုတ်မျှမလှုပ်။ အသက်ပင်ရှိပါသေးစွ။ သူ့ကိုလူတွေကလည်းသံသယတွေဝင်။ သို့သော်ဘယ်သူကမှ တို့ထိမကြည့်ရဲ။
                  အထူးသဖြင့်ဒဏ်ရာများနေသောကောင်လေးပင်။ သူ့ဘက်မှ ခပ်တိုးတိုးညဉ်းညှူသံလေးဖြင့် အကူအညီတောင်းနေသော်လည်း အားလုံးထဲကတစ်ယောက်မှမကူညီ။ လူတွေအားလုံးကလည်းကိုယ့်အသိနဲ့ကိုယ်ကြောက်လန့်နေကြပြီးသား။ အားလုံး ၀မ်းနည်းရုံထက်ပိုမတက်နိုင်။
                အချိန်တွေအတော်ကြာကာမှ ရဲတွေရောက်လာပြီး ဆေးရုံတင်လိုက်ရသည်။ ဆေးရုံေ၇ာက်တော့ချက်ချင်းအရေးပေါ်ခန်းထဲဝင်ရသည်။ သို့သော် ကံဆိုးသည်ပဲဆိုရမလား။ ဆေးရုံအုပ်ကမရှိ။ ဆေးရုံအုပ်တွေကဆေးရုံမှာမနေပဲဘယ်လို အုပ်ချုပ်မလဲ။ ဆေးရုံအုပ်က အိမ်မှာဆေးခန်းထိုင်နေတယ်တဲ့။ဒီလိုနဲ့ မိနစ်ပေါင်းများစွာကြာအောင် ဆေးရုံအုပ်ကြီးကိုစောင့်နေရသေးသည်။
              အတော်ကြာတော့မှဆေးရုံအုပ်ကြီးရောက်လာသည်။ အရာအားလုံးဟာအဆင့်သင့်ပေါ့.... လူနာတွေရဲ့မျက်ခွံလေးတွေကိုလှန်ကြည့်လို့အပြီးမှာပဲ သူ့ရဲ့ကျွမ်းကျင်လှတဲ့ဆေးကုသမှုအဆုံးသတ်ပါသည်။ အသက်မရှိတဲ့လူနာကို သူဘယ်လိုကုနိုင်မှာလဲ။
                                                    ☻   ☻   ☻   ☻   ☻   ☻
                  နောက်နေ့ေ၇ာက်တော့ ကောလဟာလလိုလိုနဲ့လူတွေရဲ့နှုတ်ဖျားမှာသတင်း တစ်ခု ထွက်လာပါရော။
                  “မနေ့ကကောင်လေးတစ်ယောက်နဲ့ အဖိုးကြီးတစ်ယောက် ဆိုင်ကယ်နဲ့ စက်ဘီးနဲ့ တိုက်လို့တဲ့”
                  “ငါသိတယ်..ကောင်လေးကခပ်ချောချောလေးပါအေ”
                  “ဆေးရုံတင်တာနောက်ကျလို့ဆေးရုံရောက်မှဆုံးသွားတယ်”
                  “ဘယ်သူမှလည်းမကယ်ရဲကြဘူး...ဆေးရုံမှာဆ၇ာဝန်ကလည်းတန်းမရှိတော့ ပိုဆိုးတာပေါ့အေ ”
                   “ဟင်....”
                   သက်ပြင်းရှည်ကြီးကိုချရင်း သူ့အတွက် သနားမိစွာပင် ကျနော့်ရဲ့ဝတ္ထုတို လေးကိုလည်း နိဂုံးချုပ်လို့ ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတော့သည်။
                  အရာအားလုံးဟာခြောက်သွေ့စွာဖြင့်ပေါ့.........
                                                                                         ထာဝရသံယောဇဉ်ဖြင့်......
                                                                                                 မင်းညှို့သျှင်
                                                                              facebook: Minn Nyhoe Shin
                                                                              e-mail: “ဒုန်း.....”
               မိုးချိန်းသံမဟုတ်သော အသံတစ်ခုသည် လောကတွင် ကျယ်လောင်စွာထွက်လာခဲ့သည်။ ထိုအသံကြောင့်လူများလည်းရုတ်ရုတ်သဲသဲ။ စိုးရိန်သူများကစိုးရိန်။ ထိတ်လန့်သူများကလည်း ရင်လေးကို လက်ဖ၀ါးလေးနှင့်အသာဖိနေကြသည်။
              ဖြစ်ရပ်သည်ကား ဆိုင်ကယ်နှင့် စက်ဘီးတိုက်မိခြင်းသာ။ ဆိုင်ကယ်စီးလာသူမှာ ကောင်လေးတစ်ယောက်သာဖြစ်ပြီး အသက်မှာလည်းသိပ်ကြီးလှသေးမည် မဟုတ်ချေ။ အသားလတ်လတ် ဆံပင်ရှည်ရှည် နှင့် အောက်ရှုးဘောင်းဘီအနက်နှင့်တကွ စပုတ်ရှပ် ခပ်ကျပ်ကျပ်ကိုဝတ်ထားသော သူ့အသွင်အပြင်ကိုကြည့်ခြင်းအားဖြင့် လူကုံထံအသိုင်းအ၀ိုင်းမှဖြစ်ကြောင်း သိနိုင်သည်။
             တစ်ဖက်မှစက်ဘီးစီးလာသူမှာကား အသက် လေးဆယ်ကျော်ငါးဆယ်နှီးပါးရှိလောက်မည့် ဦးလေးကြီးတစ်ဦး။ ဘေးတွင်ကျနေသော ပုံးအခွံအခေါက်နှင့် အေးစက်စက် အရည်ပျော်လုခမန်းဖြစ်နေသော ရေခဲချောင်းလေးတို့ကိုကြည့်ခြင်းအားဖြင့် ထိုဦးလေးသည် ရေခဲချောင်းရောင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်းသိနီုင်သည်။
          သူ့ပုံစံမှာလည်းစုတ်စုတ်ပြတ်ပြတ်။ ခပ်နွမ်းနွမ်း အကျီင်္လေးကို အရောင်ဖျော့ဖျော့ ပုဆိုးကွက်လေးနှင့် မလှမပ၀တ်ဆင်ထားသည်။ စီးလာသည့်စက်ဘီးမှာလည်း တစ်ဘီးလုံးသံချေးတက်နေသည်။ အပေါက် များလှသော ဘေးလွယ်အိတ်ကြီးကိုလည်း လွယ်ထားသေးသည်။ ကလိုင်လေးကတော့ သူနဲ့အဝေးတစ်နေရာမှာလွင့်စင်လို့ပေါ့။
            ဖြစ်ပျက်ထားသည့်အခြေအနေက နှစ်ယောက်လုံးကိုအထိနာစေခဲ့သည်။ ကောင်လေးကလည်း အရွယ်ငယ်သော်လည်း သူ့ဒဏ်ရာကမသေး။ ခေါင်းနားမှာ ရေအိုင်တစ်ခုလိုရွဲနစ်နေတဲ့ သွေးကွက်ကြီး က လူတွေကိုခြောက်လန့်နေသည်။ လက်တွေမှာလည်း ပွန်းရှတဲ့ဒဏ်ရာတွေကြောင့် သွေးလေးတွေ ခပ်မျှင်းမျှင်းစို့နေပါသည်။ သူ့အနားတွင်တော့ သူ့ရဲ့ညဉ်းညူသံသဲ့သဲ့လေးကိုသာကြားရသည်။
             အဖိုးကြီးကတော့ သူ့လို သွေးတွေများများစားစားမထွက် ။ လမ်းမပေါ်တွင် သွေးကွက်သေးသေးလေးကိုသာတွေ့ရသည်။ သို့သော်လည်း သူ့နားတွင်အသက်ရှုူသံ ခပ်သဲ့သဲ့ကိုမှမကြားရ။ သတိမေ့နေခြင်းလား။ ဘာလားဆိုတာကိုတော့ တစ်ယောက်မှယေယေရာရာမသိ။
            လူတွေကလည်းတစ်ယောက်ပြီးတစ်ယောက် ၀ိုင်းအုံလာကြသည်။ ရင်ဘတ်လေးကိုလက်လေး နဲ့ဖိတဲ့လူကဖိ။ မကြည့်ရဲလို့ပြန်တဲ့သူကပြန်။ ဘေးမှာတီးတိုးပြောနေသူတို့ကပြော။ဆိုင်ကယ်စီးသူက လည်း အစကတည်းက အရှိန်များများနှင့် ခပ်မြန်မြန်စီးခဲ့သည်ထင်ပါသည်။                                  
               တစ်ယောက်မှမထူရဲ။ ကောင်လေးဆီမှာ နာကျဉ်းသံလိုလို အကူအညီတောင်းသံလိုလို ခပ်သဲ့သဲ့အသံတစ်ခုထွက်လာပေမယ့် သွေးအိုင်ထဲနစ်နေသော သူ့ကိုဘယ်သူမှမထူရဲကြ။ ဆိုင်ကယ် တိုက်မှုဆိုသည်ကို လူအများကရဲမှုလို့သာနားလည်ထားကြသည်။ သူတို့ကိုအမှုပတ်မှာလည်းစိုးရိန်ကြသည်။
                လူ့အသက်တစ်ချောင်းကယ်ကောင်းသော်လည်း ထိုအသက်ကြောင့် ကိုယ့်အတွက် အပြစ်ဖြစ်မည်ကိုစိုးသဖြင့်ဘယ်သူမှမကယ်ရဲ။ အထူးသဖြင့် လူတိုင်းက အစိုးရနှုင့်ကင်းကင်းနေချင်ကြသည်။ အမှုပတ်မှဖြင့် ရုံးချိန်း ခေါ်စစ်ခြင်း ဒါတွေကိုလူတွေမခံနိုင်ပါ။ ထိုထက် တစ်ရစ်ပြီးတစ်ရစ်တိုးပြီးကောက်တဲ့ငွေတွေကိုလည်းမပေးချင်ကြပါ။
                ထိုအချိန်တွင်ကောင်လေးမှာသွေးတွေရွဲနစ်နေသော်လည်း အချိန်မီလျှင် သူ့အသက်ကိုကယ်
နိုင်ချေမည်။ သို့သော်လည်း သူ့ကိုကြင်နာစွာထူမမည့်သူကတစ်ယောက်မှမရှိ။ သူ့အဖြစ်က စတငန့်ငန့် နှင့် ။
                 ရေခဲချောင်းသည်ဦးလေးကြီးကတော့ ညလယ်မှာအိပ်နေသကဲ့သို့တုတ်တုတ်မျှမလှုပ်။ အသက်ပင်ရှိပါသေးစွ။ သူ့ကိုလူတွေကလည်းသံသယတွေဝင်။ သို့သော်ဘယ်သူကမှ တို့ထိမကြည့်ရဲ။
                  အထူးသဖြင့်ဒဏ်ရာများနေသောကောင်လေးပင်။ သူ့ဘက်မှ ခပ်တိုးတိုးညဉ်းညှူသံလေးဖြင့် အကူအညီတောင်းနေသော်လည်း အားလုံးထဲကတစ်ယောက်မှမကူညီ။ လူတွေအားလုံးကလည်းကိုယ့်အသိနဲ့ကိုယ်ကြောက်လန့်နေကြပြီးသား။ အားလုံး ၀မ်းနည်းရုံထက်ပိုမတက်နိုင်။
                အချိန်တွေအတော်ကြာကာမှ ရဲတွေရောက်လာပြီး ဆေးရုံတင်လိုက်ရသည်။ ဆေးရုံေ၇ာက်တော့ချက်ချင်းအရေးပေါ်ခန်းထဲဝင်ရသည်။ သို့သော် ကံဆိုးသည်ပဲဆိုရမလား။ ဆေးရုံအုပ်ကမရှိ။ ဆေးရုံအုပ်တွေကဆေးရုံမှာမနေပဲဘယ်လို အုပ်ချုပ်မလဲ။ ဆေးရုံအုပ်က အိမ်မှာဆေးခန်းထိုင်နေတယ်တဲ့။ဒီလိုနဲ့ မိနစ်ပေါင်းများစွာကြာအောင် ဆေးရုံအုပ်ကြီးကိုစောင့်နေရသေးသည်။
              အတော်ကြာတော့မှဆေးရုံအုပ်ကြီးရောက်လာသည်။ အရာအားလုံးဟာအဆင့်သင့်ပေါ့.... လူနာတွေရဲ့မျက်ခွံလေးတွေကိုလှန်ကြည့်လို့အပြီးမှာပဲ သူ့ရဲ့ကျွမ်းကျင်လှတဲ့ဆေးကုသမှုအဆုံးသတ်ပါသည်။ အသက်မရှိတဲ့လူနာကို သူဘယ်လိုကုနိုင်မှာလဲ။
                                                    ☻   ☻   ☻   ☻   ☻   ☻
                  နောက်နေ့ေ၇ာက်တော့ ကောလဟာလလိုလိုနဲ့လူတွေရဲ့နှုတ်ဖျားမှာသတင်း တစ်ခု ထွက်လာပါရော။
                  “မနေ့ကကောင်လေးတစ်ယောက်နဲ့ အဖိုးကြီးတစ်ယောက် ဆိုင်ကယ်နဲ့ စက်ဘီးနဲ့ တိုက်လို့တဲ့”
                  “ငါသိတယ်..ကောင်လေးကခပ်ချောချောလေးပါအေ”
                  “ဆေးရုံတင်တာနောက်ကျလို့ဆေးရုံရောက်မှဆုံးသွားတယ်”
                  “ဘယ်သူမှလည်းမကယ်ရဲကြဘူး...ဆေးရုံမှာဆ၇ာဝန်ကလည်းတန်းမရှိတော့ ပိုဆိုးတာပေါ့အေ ”
                   “ဟင်....”
                   သက်ပြင်းရှည်ကြီးကိုချရင်း သူ့အတွက် သနားမိစွာပင် ကျနော့်ရဲ့ဝတ္ထုတို လေးကိုလည်း နိဂုံးချုပ်လို့ ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတော့သည်။
                  အရာအားလုံးဟာခြောက်သွေ့စွာဖြင့်ပေါ့.........
                                                                                         ထာဝရသံယောဇဉ်ဖြင့်......
                                                                                                 မင်းညှို့သျှင်
                                                                              facebook: Minn Nyhoe Shin
                                                                                                         e-mail:author.narrator@gmail.com
                                                                               www.cityofstory.blogspot.com

ညဆိုးကလဲ့စား

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ သူမကတော့ အေးအေးဆေးဆေးပဲ သောက်လက်စ စီးကရက်ကို ဖွာနေသည်။ သူ သူမရှေ့တွင် ဇောချွေးတွေပြန်နေသည်။ သူမ၏ မျက်လုံးတွေက စိမ်းမြနေသည်။ စိမ်းသည်မှ ရက်စက်စိမ်းကားလွန်းသည့် အရောင်တွေလျှက်ပြေးလျှက်။ စင်စစ် သူမသည် သူပေါင်ပေါ်တွင် စိမ်ပြေနပြေထိုင်နေခြင်းသာ။ သူမ၏ လက်တစ်ဖက်က သူ့ပခုံးကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အငွှေ့တလူလူထွက်နေသည့် စီးကရက်ကိုကိုင်ထားသည်။ သူ သူမကကို မဝံ့မရဲကြည့်မိသည်။ သူ သူမကို သူ့အနားမှ လွင့်စင်သွားအောင် လုပ်ပစ်လိုက်ချင်သည်။ သူမကို သည်ကမ္ဘာလောက၏ အပြင်ဖက်သို့ ရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ချင်သည်။ သူမ၏ မျက်နှာကိုမြင်ရသည်မှာ သူ့အတွက် ကျက်သရေကင်းမဲ့လှသလို သူ့စိတ်ကို အစဉ်အမြဲ တုန်လှုပ်ခြောက်ခြားနေစေသည်။ သူမ...........သူမဟာ တကယ်တော့ သေသွားပြီးသား သူတစ်ယောက်ပါ။ 

သေသွားပြီးသော လူတစ်ယောက်။ ရှင်းရှင်းပြောရလျှင် သေသွားပြီးသော မိန်းမတစ်ယောက်။ သည်ထက်ပိုရှင်းရှင်းပြောရလျှင် သေသွားပြီးသော transgender တစ်ယောက် သူ့ပေါင်ပေါ်တွင် ဇိမ်ကျကျထိုင်လျှက် သူ့ကိုပွတ်သပ်ကာ ယခုကဲ့သို့ပြုမူနေခြင်းမျိုးကို သူမသတီပါ။ သူမ၏ ဆံနွယ်တွေသည် မိန်းမတစ်ယောက်၏ ဆံနွယ်စစ်စစ်တွေကဲ့သို့ပါပင် ပျော့ခွေလျှက် တွန့်လိမ်ကောက်ကွေးနေသည်။ သူမ၏ ပခုံးရိုးများသည်လည်း အနည်းငယ်စွန့်ကားနေသည်မှ လွဲ၍ မိန်းမသားတစ်ဦးကဲ့သို့ပင် ဖြူမွတ်ချောမွေ့နေသည်။ သူမ၏ လက်မောင်းသားများကတော့ အနည်းငယ်တုတ်ခိုင်ကာ ရင်အုံမှ ဖြိုးမောက်လျှက်ရှိသည်။ သူမသည် လှပနေဆဲ။ သူမ၏ အသားအရည်သည်လည်း နုပျိုဝင်းလက်နေဆဲပင်။ 

အိုမဖြစ်နိုင်တာ...............သူမကို သူကိုယ်တိုင်း ကော်ဖီထဲတွင် အဆိပ်ခတ်ပြီးသတ်ခဲ့ပြီးသား မဟုတ်လား။ သူမကိုခတ်သည့် အဆိပ်သည် သေဆုံးပြီး(၇)ရက်အတွင်းတွင် အဆိပ်ကြောင့် သေဆုံးကြောင်းလုံးဝ လက္ခဏာမပြသည့် အပြင်းစားအဆိပ်မျိုး။ သူမ၏ အလောင်းကို သူကိုယ်တိုင် အသုဘပွဲကျင်းပကာ သဂျိုလ်ခဲ့ပြီးသား။ သူမသေဆုံးသွားပြီဖြစ်ကြောင်း လူအများကလည်း လက်ခံယုံကြည်ပြီးသား။ တကယ်ဆိုလျှင် သူမသေဆုံးသွားပြီဖြစ်ပါလျှက် အဘယ်ကြောင့် ယခု သူပေါင်ပေါ်တွင်ရောက်ရှိနေရပါသနည်း။ သူဇောချွေးတွေပြန်လာသည်။ 

“မောင် .............မောင့်ကို ကျွန်မသိပ်ချစ်တယ်သိလားမောင်” 

သူမက ပါးစပ်ထဲရှိဆေးလိပ်မီးခိုးငွှေ့တွေကို သူ့မျက်နှာတည့်တည့်သို့ ထွေးမှုတ်လိုက်ရင်း စကားဆိုသည်။ နှုတ်ခမ်းနီရဲရဲကြီးဆိုးထားသော သူမ၏ နှုတ်ခမ်းတွေသည် သူ့ကိုကြည့်ရင်း ကွေးညွတ်အောင် ပြုံးနေသည်။ ထိုနှုတ်ခမ်းထောင့်၏ တစ်နေရာတွင် သူ့ကိုလှောင်ပြောင်သရော်သော ခပ်နဲ့နဲ့ အဓိပ္ပါယ်တစ်ချို့ကို ပုံဖော်နေကြောင်း သူရိပ်စားမိသည်။ 

“ဧပရယ်............မင်း.............မင်းဟာသေသွားပြီးသား မဟုတ်လား ဧပရယ်” 
သူစိုးရွံ့စွာမေးလိုက်မိသည်။ 

“ဒါပေါ့မောင်ရဲ့ ကျွန်မဟာသေသွားပြီးသား သူတစ်ယောက်ပါမောင်။ ကျွန်မကို မောင်ကိုယ်တိုင်ပဲ ကော်ဖီထဲမှာ အဆိပ်ခတ်ပြီးသတ်ခဲ့တာလေ။ ကျွန်မဟာ မောင်ကစေတနာရှိရှိနဲ့ တိုက်တယ်ထင်တဲ့ ကော်ဖီတွေကိုသောက်ပြီး မချိမဆံ့နဲ့ အူတွေအသည်းတွေ ပြက်လုမတက်ဝေဒနာတွေကို ခံစားပြီး မရှုမလှအသေဆိုးနဲ့သေသွားခဲ့ရတာပါမောင်”

သူမ၏ စကားလုံးတွေတွင် နာကျင်မှုတွေဆွတ်ပြလျှက် အနည်းငယ်တုန်ရီနေသည်ကို သူသတိပြုမိသည်။ သူမ၏ မျက်လုံးများတွင်လဲ ရစ်ဝဲခိုတွဲနေသော မျက်ရည်ဥတွေသည် မျက်ထောင့်အစပ်မှ လိမ့်ဆင်းလာသည်။ သို့သော် သူမ၏ မျက်စံသားများကတော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် စူးရှတောက်ပနေသည်။ သူတဖြည်းဖြည်း ကျောချမ်းလာသည်။

“ဒါဆိုရင် မင်းက လူမဟုတ်ဘူးပေါ့။ မင်းငါ့ဆီဘာလာလုပ်တာနဲ့ မင်းငါ့ကိုဘာဒုက္ခပေးမလို့လဲ ။ မင်းနဲ့ငါနဲ့က ဘဝချင်းခြားသွားပြီလေ။ မင်းငါ့ကိုမတွယ်တာသင့်တော့ဘူး 

သွား..................မင်းသွား..............................မင်းထွက်သွားပါ...................” 

“ဟင်း.....ဟင်း.......ဟင်း........မောင်ကျွန်မရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီးပြော စမ်းပါ မောင်ရယ်။ မောင်အခုမှ မျက်နှာမလွှဲထားပါနဲ့ ကျွန်မရဲ့မျက်လုံးတွေကို ကြည့်ပြီးပြောပါမောင်။ “ 

သူမ၏ အသံတွေက ခြောက်ကပ်ကပ်နိုင်ဆဲ............ 

“မောင်သိလား။ သေဆုံးခြင်းရဲ့အခြားတစ်ဖက်မှာ ရှင်သန်ခြင်းရှိတယ်တဲ့မောင်ရဲ့။ သေဆုံးပြီးသွားတာနဲ့ အဲ့ဒီလူတစ်ယောက်က အပြီးအပိုင် လောကကြီးကနေပျောက်ကွယ်သွား မှာမဟုတ်ဘူးမောင်။ 
သူဟာ သေဆုံးပြီးသွားရင် ပြန်လည်ရှင်သန်လာနိုင်သေးတယ်ဆိုတာ မောင်သိထားပါ။ မောင်ကျွန်မကို သေဆုံးခြင်းဆီရောက်အောင် မောင်ပို့ခဲ့တယ်။ ဒါပေမယ့် ကျွန်မကတော့ မောင့်ဆီကို ရှင်သန်ခြင်းတွေနဲ့အတူပြန်လာခဲ့တယ်မောင်။ “ 

“မင်းပြောတာ ဘာအဓိပ္ပါယ်တွေလဲ။ ငါတစ်ခုမှနားမလည်ဘူး မင်းလိုမိန်းမစစ်စစ်မဟုတ်တဲ့ သူတစ်ယောက်ကို ငါတစ်သက်လုံး စိတ်ဆင်းရဲပြီး ပေါင်းမနေနိုင်ဘူး။ ဒါကြောင့် ငါ့ဘဝလွတ် မြောက်ဖို့ ငါလုပ်ခဲ့တာပဲ။ မင်းကိုငါ ချစ်လည်းမချစ်ဘူး မင်းငါ့ဆီကိုလာစရာလဲမလိုဘူး ဧပရယ်”

“ကျွတ်စ်..........ကျွတ်စ်...........ကျွန်မဘဝဟာ သိပ်သနားစရာကောင်းတာပဲနော်မောင်။ ကိုယ့်ကိုမချစ်တဲ့ ယောကျာ်းတစ်ယောက်ကို စည်းစိမ်ဥစ္စာငွေကြေးဓနတွေနဲ့ ဖုံးဖိပြီး ပေါင်းသင်းနေခဲ့မိတယ်။ ပြီးတော့ အဲ့ဒီယောကျာ်းရဲ့ ဖောက်ပြန်မှုတွေ ညှင်းပန်းနိုပ်စက်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရတယ်။ ကျွန်မဖက်က အချစ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ အရာရာကို သည်းခံခဲ့ရတယ် နောက်ဆုံးတော့ ကျွန်မအသက်တောင်ပေးလိုက်ရတဲ့ အထိပဲ။ မောင် ကျွန်မအပေါ်လုပ်ရက်လိုက်တာမောင်ရယ်.............”


သူသူမကို သူ့ကိုယ်ပေါ်ကနေ တွန်းထုတ်ပစ်လိုက်ချင်ပါသည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍မရပါ။ သူ့လက်နှစ်ဖက်လုံး ကုလားထိုင်၏ လက်ရမ်းပေါ်တွင် နိုင်လွန်ကြိုးကြီးတွေနှင့် တုတ်နှောင်ခြင်းကို ခံထားရပြီးပြီလေ။ သူခြေထောက်တွေသည်လဲ ခြောက်လက်မသာ ရှည်သော သံဒေါက်(လက်ထိပ်ကဲ့သို့ ခြေထောက်တွင်ခတ်သော သံကွင်းကြိုး) ကြီးဖြင့် ခတ်ထားခြင်းခံရသည်။ သူမသည် သူ့ပါးပြင်ပေါ်ရှိ မွှေးညှင်းနုလေးတွေကို တယုတယပွတ်သပ်လျှက်ရှိသည်။ ထို့နောက် သူ့နဖူးပြင်ပေါ်သို့ ခပ်ဖွဖွလာနမ်းသည်။ သူ့ရင်ခုန်သံတွေသည် တဝုန်းဝုန်းတဟုန်းဟုန်း ကျယ်လောင်လျှက်ရှိနေသည်မှာ အခန်းတွင်းတိတ်ဆိတ်မှုကြောင့် အတိုင်းသားကြားနေရသည်။ 


“အခု မင်းငါ့ဆီပြန်လာတာ ဘာလုပ်မလို့လဲ။ ငါ့ကိုကျေးဇူးပြုပြီး ဒုက္ခမပေးပါနဲ့ မင်းပဲငါ့ကိုချစ်တယ်ဆို ဟင်.................” 

“ဟင်း..........ဟင်း.............ဟင်း............ဟင်း................” 

သူမ၏ စုန်းကဝေမလိုရယ်သံကြီးက အခန်းတစ်ခုလုံးကို စိုးမိုးဖုံးလွှမ်းသွားသည်။ သူမသည် အစီးခံသို့ရောက်ကာ ကုန်ခါနီးနေပြီဖြစ်သော ဆေးလိပ်တိုဖြင့် သူ့ပါးကို ထိုးပစ်လိုက်သည်။ 

“အား.............................”

“ဟင်း..........ဟင်း.............ဟင်း............ဟင်း................”

“နာလားမောင်..............” 

သူ့ပါးပြင်တစ်ခုလုံး မီးစကြီးဖြင့်အထိုးခံလိုက်ရပြီး နာလားဟုအမေးခံလိုက်ရသောအခါ သူ့စိတ်တွေ ပေါက်ကွဲလာသည်။ 

“မနာပဲနေမလား နာတာပေါ့” 

“သြော် မောင်ကနာတတ်တယ်လား။ ကျွန်မလဲနာတတ်တာပေါ့မောင်ရယ်။ မောင်ကြောင့် သေသွားခဲ့တဲ့ ကျွန်မဟာ မောင့်ကိုလက်စားချေဖို့ ရောက်လာတာပေါ့မောင်ရယ်။ ကျွန်မက လွယ်လွယ်နဲ့သေသွားခဲ့ပေမယ့် မောင့်ကိုတော့ ကျွန်မက လွယ်လွယ်နဲ့သေအောင် မသတ်ပါဘူး။ သေဆုံးခြင်းဆိုတဲ့ ပန်းတိုင်ဆီမရောက်မခြင်း မောင်အများကြီးခရီးဆက်ရမယ်မောင်။ မောင့်ကို ကျွန်မ တဖြည်းဖြည်းခြင်း ညှင်းပြီးသတ်မှာ။ လက်စားချေရတာ သိပ်ချိုမြိန်တာပဲမောင်ရယ်။ ကိုယ်လက်စားချေလိုက်ရလို့ လူတစ်ဖက်သား ကျဆုံးသွားတာကို ကြည့်ရတာလေ ဘာနဲ့မှ မလဲနိုင်တဲ့အရသာတစ်မျိုးပဲ။ ကျွန်မအဲ့ဒါကို သိပ်ခုံမင်တယ်သိလား” 

“ဟင်............အရူးမ.........မင်း......အခြောက်မ..............မဟုတ်ဘူး မင်းဟာ လူမဟုတ်ဘူး။ မင်းဟာ သူရဲမ...............သွားထွက်သွား..........ငါ့နားကိုမလာနဲ့..........သွား............”
“ဟား............ဟား..............ဟား............ဟား” 

သူမ၏ကြောက်မက်ဖွယ်ရာကောင်းသော ရယ်သံကြီးသည် ဟိန်းကနဲပတ်ဝန်းကျင်ကို ပြန့်နှံ့သွားသည် ။ ထိုအခိုက် အခန်းပြတင်းပေါက်ဆီမှ ပြင်ပမှလေတစ်ချို့ တဖြူးဖြူးဝင်ရောက်လာ သည်။ အခန်းထဲတွင် ထွန်းထားသော ခပ်မှိန်မှိန်ဖယောင်းတိုင်မီးမှာ ငြိမ်းတော့မလို ငွေ့ငွေ့လေးသာ ကျန်တော့သည်။ 

သူမသည် သူ့ပေါင်ပေါ်မှ ထပြီးသူမ၏ ဆံပင်တွေကို သိမ်းကာ ခွေလိုက်ပြီး ဆံထိုးဖြင့်ခေါင်းပေါ်တွင် သပ်တင်လိုက်၏။ ထို့နောက် အနားရှိစားပွဲခုံပေါ်သို့ထသွားပြီး ဓာတ်ပြားစက်ထဲသို့ ရှေးဟောင်း သီချင်းဓာတ်ပြားကြီးကိုဖွင့်လိုက်သည်။ ညဉ်နက်သန်းခေါင်တိတ်ဆိတ်နေသော ညမျိုးတွင် ဓာတ်စက်သံ စူးစူးကြီးကြောင့် အဝေးမှ ညငှက်တစ်ချို့ လန့်ကာထပျံကုန်ကြသည်။ သူ့နဖူးတွင်တော့ ချွေးသီးချွေးပေါက်တွေ ထွက်ပေါ်နေပြီး နဖူးမှတစ်ဆင့် မျက်နှာပေါ်သို့ လိမ့်ဆင်းလာသည်။ သူမသည် သူ့အနားသို့ပြန်ရောက်လာပြီး ခြောက်ကပ်ကာ ရေဆာနေသည့် သူ့နှုတ်ခမ်းသားမွမွကို အသာနမ်းသည်။ 

သူမ၏ အေးစက်နေသော လျှာကြီးက သူ့နှုတ်ခမ်းသားတွေကို ပွတ်တိုက်သွားရင်း သူ့ခံတွင်းထဲသို့ ဝင်ရောက်လာ၏။ သူမ၏ လက်တစ်ဖက်ကတော့ သူ့မေးစေ့ကို တင်းကြပ်စွာညှစ်ထားသည်။ အေးစက်စက်သူမ၏ လျှာကြီးကြောင့် သူ့တကိုယ်လုံး တောင့်တင်းသွားပြီး အတင်းကြိုးစားပြီး ရုန်းကန်ကြည့်သည်။ သူမက သူရုန်းနေသောအခါ နမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး ........
“ဘာပဲဖြစ်ဖြစ် မောင်သိထားရမှာက ကျွန်မမောင့်ကို သိပ်ချစ်တယ်ဆိုတာပဲ”

ထိုသို့ပြောပြီး တစ်ချက်မျှ တွန့်ကနဲပြုံးကာစားပွဲပေါ်ရှိ ပလက်ယာကြီးကို သွားယူလာသည်။ ထို့နောက် သူ့အနားသို့ ဒူးထောက်ထိုင်ချလိုက်ကာ သူ့လက်ချောင်းတွေကို ညှင်သာစွာ လာရောက်ပွတ်သပ်သည်။ သူကြက်သီးတွေဖြန်းကနဲ ထသွားသည်။ 


“မောင့်လက်ချောင်းလေးတွေက သိပ်ပြီးလှတာပဲနော်မောင်။ ပြီးတော့ မောင့်လက်သည်းခွံလေးကလည်း ဖြူဖန့်ဖန့်လေး သိပ်ကြည့်လို့ကောင်းတာပဲ........ ဟောဒီမောင့်လက်ချောင်းကလေးတွေကို ကျွန်မသိပ်မြတ်နိုးရတာပေါ့မောင်ရယ်”
ထို့နောက်သူမက သူလက်ညိုးလေးကို ဆွဲထုတ်လိုက်ကာ ပလက်ဖြင့် လက်ညိုးလက်သည်းထိပ် ကိုညှပ်ပြီး အသားကုန်ဆွဲပစ်လိုက်သည်။ 

“အား.........................................................” 

သူနာကျင်လွန်း၍ပြောမပြနိုင်လောက်အောင်ပင် အသည်းခိုက်သွားသည်။ သူနှလုံးသွေးတွေ ပွက်ပွက်ဆူကုန်ကာ သွေးလည်ပတ်စီးဆင်းမှုတွေ ပူနွေးနေသည်။ သူ့ပါးပြင်မှ မျက်ရည်စတစ်ချို့ ပင်လိမ့်ဆင်းလာသည်။ သူမကတော့ ကျွတ်ထွက်သွားသည့် သူ့လက်သည်းခွံလေးကို ကြည့်ကာ စုပ်တကျွတ်ကျွတ်သပ်နေသည်။ သူ့လက်ညိုးထိပ်မှာ ထုံကျင်အေးကိုက်နေသော ခံစားမှုကြီးက သူကို သေဆုံးခြင်းဆီသို့ရောက်သွားအောင် တွန်းပို့လျှက်ရှိသည်။  ကြမ်းပြင်ပေါ်တွင် သူ့လက်မှ စီးကျလာသော သွေးတွေအိုင်လျှက်ရှိသည်။ 

“မောင် ကျွန်မက မိန်းမစစ်စစ်တစ်ယောက်မဟုတ်မှန်း မောင်သိလျှက်သားနဲ့ ကျွန်မကိုမောင်ချစ်တယ် ဆိုပြီးပေါင်းသင်းနေထိုင်ခဲ့တယ်နော်။ တကယ်တော့ မောင်က ကျွန်မကို ချစ်တာမှမဟုတ်ပဲမောင်ရယ်။ မောင်က ကျွန်မပိုင်ဆိုင်တဲ့ စည်းစိမ်တွေကိုမက်မောလို့ ကျွန်မကို လက်ထပ်ခဲ့တာလေ။ 

ဒါပေမယ့် မောင့်ရဲ့ပျားရည်အချိုသပ် နှစ်သိမ့်စကားတွေက မောင်ဖောက်ပြန်တဲ့ အချိန်မရောက်ခင်အချိန်ထိတော့ ကျွန်မကိုကျေနပ်စေခဲ့သေးပါတယ်။ မောင် တစ်ခြားမိန်းမတွေနဲ့ ဖောက်ပြန်တာကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကျွန်မဟာ ကမ္ဘာပေါ်မှ ကံအဆိုးဆုံးလူတစ်ယောက်ဆိုတာကို ကိုယ့်ကိုယ်ကိုသိလိုက်ရတယ်မောင်။ ကျွန်မက နောက်ကျောကို ဓားနဲ့အထိုးခံလိုက်ရတာလေ။ ကျွန်မလောကက် ရင်နာစရာကောင်းတာမျိုး ရှိပါ့ဦးမလားရှင်......................” 

သူမသည် သူမစကားဆုံးသည်နှင့် ပါးပြင်မှ မျက်ရည်စတွေကို လက်မောင်းဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ် သည်ကိုတွေ့ရသည်။ ထို့နောက် ပလက်ယာကြီးကိုချက သူ့အနားမှ ထွက်သွားပြန်သည်။ ထို့နောက် အခန်းအပြင်ဖက်သို့ပြန်ထွက်သွားပြီး သင်တုန်းဓားတစ်ချောင်းယူ လာကာပြန်ဝင်လာသည်။ သည်သင်တုန်းဓားသည် သူမှုတ်ဆိတ်ရိတ်နေကျဓားဖြစ်သည်။ 

“မောင် မောင်ခြေထောက်မှာရှိတဲ့ သွေးကြောစိမ်းစိမ်းလေးတွေကလေ သိပ်ပြီးကြည့်လို့ ကောင်းတာပဲသိလားမောင်။ မောင့်ခြေသလုံးဖြူဖြူလေးကြားမှာ အဲ့လိုသွေးကြောစိမ်းလေးတွေ ထနေတာ ကိုကြည့်ပြီး ကျွန်မသိပ်ရင်ခုန်ရတာပဲသိလား” 

သူမသည် သူခြေထောက်ကိုကြည့်ပြီးပြောနေခြင်းသာဖြစ်သည်။ သူ သူမကိုထိတ်လန့်စွာကြည့်မိသည်။ သူမ၏ မျက်လုံးတွေသည် သူ၏ထိတ်လန့်နေသော အကြည့်တွေကို မြင်ရသောအခါ ကျေနပ်သွားဟန်ရှိသည်။ ထို့နောက် သူ့ခြေထောက်တွင် ယှက်သန်းနေသော သွေးကြောစိမ်းစိမ်းလေးတွေပေါ်သို့ သင်တုန်းဓားကိုတင်ကာ ဆတ်ကနဲ ဆတ်ကနဲ့ တစ်ခုခြင်းစီ ဖြတ်ပစ်လိုက်၏။ 

“အား.....................မလုပ်ပါနဲ့ ဧပရယ်ရယ်............မောင်တောင်းပန်ပါတယ်နော် ။ မောင့်ကိုမသနားတော့ဘူးလားဟင် မောင့်ကိုမလုပ်ပါနဲ့နော် မောင်မှားပါတယ် မောင့်အမှားကို မောင်ဝန်ခံပါတယ် ဧပရယ်ရယ်။ “
သူ သူမကိုကြည့်ရင်း ငိုကြွေးမိသည်။ သူနာကျင်လွန်း၍ အားအင်တွေချည့်နဲ့လာသည်။ 
သူခြေထောက် အောက်ပိုင်းတစ်ခုလုံး သွေးချင်းနီနေပြီဖြစ်သည်။ ထို့အပြင် သူ့ကိုရေခဲရိုက်ထားသလို ခြေထောက်နှစ်ချောင်းလုံး လုံးဝလှုပ်၍မရတော့ပါ။ 

“သိပ်သနားဖို့ကောင်းတာပဲ မောင်ရယ်...............” 

သူမက ထိုမျှတစ်ချက်သာပြောပြီး ဆားဘူးကြီးကို သွားယူထာကာ ကွဲရှနေသာ သူ့ခြေထောက်ဒဏ်ရာ များကိုဆားတွေဖြင့် ဖိတ်သိပ်လေတော့သည်။ စပ်ဖျင်းနေသော နာကျင်မှုအပြင် ဆားများဖြင့်ပါ အသိပ်ခံလိုက်ရသည့်အခါ သူအံသွားတွေ ပြုတ်ထွက်သွားမတက် နာကျင်သွားသည်။ သူနာကျင်နေသော ဝေဒနာသည် ဆိုးရွားသထက်ဆိုးရွာလာသည်။ အသားကုန် တင်းထားသော သူ့သွေးကြောတွေပင် ထောင်ကာ ပြက်ထွက်လုမတက်ဖြစ်လာသည်။ သူ့မျက်ရည်တွေ နာကျင်မှုတွေနှင့်အတူ ခါးသီးစွာကျဆင်းလျှက်ရှိသည်။ အညိုးကြီးလိုက်တာ ဧပရယ် ရယ်.................
သူမက သူဖြစ်နေပုံကိုကြည့်ပြီး ကျေနပ်စွာ ပြုံးရယ်နေသည်။ သူမ၏ အပြုံးတွေသည် အကြင်နာကင်းမဲ့ကာ ရက်စက်လွန်းပြီး အေးစက်စက်နိုင်လှသည်။ ထို့နောက်သူမသည် ထိုင်နေရာမှ ထကာ ဖန်ပုလင်းတစ်ခုနှင့် ကော်ဘူးတစ်ဘူး သွားယူလာသည်။ ထိုဖန်ပုလင်းထဲတွင် ပုတ်သင်ညိုတစ်ကောင်ရှိသည်။ ကော်ဘူး၏ တံဆိပ်တွင်ရေးထားသော Acid ဆိုသောစာကိုသူလှန်းကြည့်လိုက်တော့ ပို၍တုန်လှုပ်သွားသည်။ 

သူမသည် မနှောင်းမဆိုင်းမှာပင် သူ့မေးစေ့ကိုကိုင်ကာ ပါးစပ်ကို အတင်းဟစေပြီး acid ဘူးထဲမှ acid တွေကိုသူ့ပါးစပ်ထဲမှ တစ်ဆင့်လည်မျိုထဲသို့ရောက်အောင် လောင်းချပစ်လိုက်သည်။ သူ့ဝမ်းတွင်ရှိ အူများအသည်းများ အသားများ အရိုးများ သည် အက်ဆစ်နှင့်တွေ့သော အခါ လောင်ကျွမ်းသွားပြီး ပျော့ပျစ်ပျစ်အရည်တွေလိုဖြစ်ကုန်ကာ သွေးတွေနှင့်ရောပြီး သူ့ပါးစပ်မှ လျှံတက်လာသည်။ သူ့ဝမ်းဗိုက်ကြီးတစ်ခုလုံး ဖောက်စားထာခြင်းခံရသလို လစ်ဟာလျှက်ရှိသည်။ ထို့နောက်သူမသည် ဖန်ပုလင်းထဲတွင် ထဲ့ထားသော ပုတ်သင်ညိုကို အမြီးမှကိုင်ကာ လေထဲတွင် တွဲလောင်းဆွဲလိုက်သည် ။ ပုတ်သင်ညိုသည် မျက်လုံးပြူးကြီးများဖြင့် သူ့ကိုကြည့်ကာ လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်လျှက်ရှိသည်။ သူမသည် တဖြည်းဖြည်းထိုပုတ်သင်ညိုကို သူ့ပါးစပ်ထဲသို့ အကောင်လိုက်ထည့်ပစ်လိုက်၏။ သူအံလုမတက်ဖြစ်နေချိန်တွင် ထိုပုတ်သင်ညိုသည် သူလည်ချောင်းထဲတွင် လှုပ်ရှားရုန်းကန်နေရင်း ဝမ်းဗိုက်ထဲသို့ရောက်သွားသည်။ ဝမ်းဗိုက်ထဲသို့ရောက်သော အခါပုတ်သင်ညိုသည် သူ့ဗိုက်ထဲတွင် ဟိုပြေးသည်ပြေးလုပ်နေသည်ကို အပြင်ဖက်မှ အရာထင်ကာဖောင်းကားလာသော အသားကြောင့် သူမြင်နေရသည်။ သူအောင်ချင်ပေမယ့် သူ့ပါးစပ်က အသံလုံးဝမထွက်တော့ချေ။ အော်လိုက်တိုင်း အော်လိုက်တာ ခပ်သဲ့သဲ့အသံလေးသာ ထွက်လာပြီး သူ့လည်းချောင်းတစ်ခုလုံး မီးနှင့်မြိုက်ထားသလို နာကျင်သွားသည်။ 

သူမသည် သူ့ကိုကြည့်ရင်း တဟားဟား သဘောကျရယ်မောလျှက်ရှိသည်။ ထို့နောက် သူ့နားကိုလာကာ သူ့ဆံစတွေကိုပွတ်သပ်းပေးပြန်သည်။ သူစကားပြောချင်ပေမယ့် သူ့နှုတ်က ဘာမှမပြောနိုင်တော့ပါ။ သူ့စိတ်တွေပူဖောင်းကြီးလို တင်းကားလျှက် ပျွတ်သိပ်ကြပ်ညှပ်လျှက် ရှိသည်။ 

“မောင်ဘယ်လိုနေလဲဟင်။ ပုတ်သင်ညိုလေးက မောင့်ဗိုက်ထဲမှာ ပြေးနေတယ်ကြည့်စမ်း။ အသည်းယားစရာလေးနော်မောင် ဟင်းဟင်း။ မောင်သေချင်နေပြီမဟုတ်လား။ မောင်သေရ တော့မှာပါ စိတ်ချပါမောင်............” 

အတားအဆီးမဲ့ကျဆင်းနေသော သူမျက်ရည်များသည် ခမ်းခြောက်သွားပြီး မျက်လုံးအိမ်မှ သွေးများသာ စိမ့်ယိုလာသည်။ အရှင်လတ်လတ်ငရဲကျနေသော သူ့ဘဝသည်  မည်သို့မည်ပုံ အဆုံးသတ်တော့မည်မသိပါ။ ဟုတ်သည် သူမကြာခင်သေရတော့မည်။ 

သူမသည် သည်တစ်ခါတော့ ဝပ်ရှော့များတွင်အသုံးပြုလေ့ရှိသည့် ခြောက်ပေါင်တူကြီးကို ယူလာသည်။ ထို့နောက် သူ့အနားတွင် ထိုင်သွေးရဲရဲဖြစ်နေသော သူ့ခြေထောက်ပေါ်သို့ တစ်ချက်ချင်း အားရပါးရ လက်လွှဲပြီးထုပစ်သည်။ သူ့ခြေထောက်တွေ အကုန်လုံး ကြေမွကုန်သည်။ အထဲမှ အရိုးများသား ငေါကနဲငေါကနဲ့ထွက်ပေါ်လာပြီး သေးတွေရေပန်းခရားမှ ရေတွေထွက်လာသလိုမျိုး ပန်းထွက်လာကုန်သည်။ သူ့ခြေထောက်မှ သွေးတွေက သူ့မ၏မျက်နှာပေါ်သို့ စင်ကုန်သည်။ သူ့ခြောက်တစ်ခုလုံးကြေမွသွားသောအခါ သူမသည်။ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူနဖူးကို တစ်ချက်လာနမ်းပြန်သည်။ 

“မောင့်ကို ကျွန်မသိပ်ချစ်တာပဲမောင်ရယ်.........” 

တိုးတိုးညှင်ညှင်ပြောလိုက်သော သူ့မ၏အသံက သူအတွက် ယမမင်း၏ ခေါ်သံတွေလို ဝေးဝါးနေခဲ့သည်။ သူ့မျက်လုံးထဲတွင် အရာအားလုံးသည် မှုန်ဝါးကုန်သည်။ ထို့နောက် သူမသည် ထိုတူကြီးဖြင့် သူ့နောက်စေ့တည့်တည့်သို့ ရိုက်ထည့်လိုက်သည်။ သူ့အမြင်တွေ လေထဲတွင် ဝဲတက်သွားသည်။ နှစ်ပတ်သုံးပတ်ကျွမ်းပစ်လိုက်သလို သူ့မျက်စိထဲတွင် အရာအားလုံးဇောက်ထိုး မိုးမျှော်ဖြစ်ကုန်သည်။ ထို့နောက် သူကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာကျလာသည်။ သူမျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မြင်လိုက်ရသည်က သူ၏ ခေါင်းမပါသော ခန္ဓာကိုယ် အပြက်ကြီးပင်။ သူထိတ်လန့်တုန်လှုပ်ခြောက်ခြားစွာ အော်ပစ်လိုက်သည်။ 

“အား.......................................................” 

သူရုတ်တရက် ဝုန်းကနဲ ထထိုင်ပစ်လိုက်သည်။ သူရင်တွေ တုန်ကာမောပန်းနေဆဲပင်။ သူကုတင်ပေါ်တွင် ခြောက်ခြားစွာ အိပ်ပျော်နေခဲ့သည်ပါလား။ တစ်ခန်းလုံး တိတ်ဆိတ်လျှက် တိုင်ကပ်နာရီမှာ စက္ကန့်တန်ရွေ့လျားသံသာ အခန်းထဲတွင် စိုးမိုးလျှက်ရှိသည်။ အပြင်ဖက်သို့ ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ ရောင်နီပျိုးနေချေပြီ။ မကြာခင်မိုးလင်းတော့မည်။ သူသက်ပြင်းတစ်ချက်ချမိလိုက်သည်။ ထို့နောက် လိပ်ပြာမလုံစွာ ဧပရယ်၏ ဓာတ်ပုံကို လှမ်းကြည့် လိုက်မိသည်။ 

“ဟူး................တော်ပါသေးရဲ့” 

သူဒုတိယအကြိမ်သက်ပြင်းချကာ ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ ထို့နောက် အမောဖြေရင်း အခန်းမီးကို ဖွင့်လားလိုက်၏။ ယခုတော့အရာရာသည် ဆိတ်ငြိမ်လျှက် ပကတိအေးချမ်းနေသည်။ စောစောက လှိုင်းဂယက်ထခဲ့သော ကြောင့်ပြန့်ကျဲသွားသော သူအာရုံတွေကို ပြန်လည်စုစည်း ယူနေမိသည်။ သြော်..........သည်နေ့ဆိုလျှင် ဧပရယ်တစ်ယောက်သူ့ကြောင့် သေဆုံးသွားခဲ့တာ တစ်နှစ်ပြည်ပြီလေ..........

သူအခန်းမီးကိုပြန်ပိတ်လိုက်ပြီး မျက်လုံးများကို အသာပြန်မှိတ်ထားလိုက်သည်။


အခန်းလေးသည် ပုံမှန်ပြန်လည်တိတ်ဆိတ်သွားသည်။ ကုတင်ပေါ်မှသူသည်လည်း ပြန်လည်ငြိမ်သက်သွားသည်။ ထိုအခိုက် စားပွဲပေါ်ရှိ ထောင်ထားသော ဧပရယ့်ဓာတ်ပုံမှ လရောင်ကြောင့် မြင်နေရသော မျက်ရည်စလေးကိုတော့ မည်သူမျှ သတိမထားမိလိုက်ကြပါချေ........................ 

                                                                                      (အင်တာနက်စာရေးဆရာတစ်ဦး...)