Blogger Widgets

ခရီးသွားမှတ်တမ်း (၁)

                                    
                                                  ကျနော်နှင့် ဆည်ပေါက်

အဲဒိအချိန်တုန်းက ဆည်ပေါက်မှာ လင်းတလိုလို ဘာလိုလို အကောင်ကြီးရှိတယ်ဆိုတာနဲ့ ပဲကျနော်ုတို့ သွားကြည့်ဖြစ်ကြသည်။ ကျနော်တို့က ကျောက်ပန်းတောင်းကဆိုလေတော့ ဆည်ပေါက်ဆိုတာကတော့ ကျနော်တို့နဲ့ သိပ်နီးတာပေါ့ဗျာ။ အဲဒိနေ့မတိုင်ခင်ကတည်းက ကျနော်တို့က ကျူရှင်မှာ သွားဖို့ချိန်းထားပြီးသား။ ဖြစ်ချင်တော့ အဲဒိနေ့က ကျန်ာက ဆိုင်ကယ်မရဘူး။ ဒါနဲ့ပဲ ကျနော့်သူငယ်ချင်းက ကိုးနာ၇ီလောက်လည်းေ၇ုာက်ရော သူ့ဆိုင်ကယ်လေးနဲ့ လာခေါ်သည်။ ကျနော်က နေရာလည်းသိသူမဟုတ်လေတော့ သိသည့်နောက်တစ်ယောက်နှင့်သွားရသည်။ ဆိုင်ကယ်တစ်စီးကိုလူသုံးယောက်ပေါ့။ ကျနော်ကတောင်အစစ်ဆီစိုက်ပေးရသေးတယ်။ 

ပထမဆုံး အဲဒိအကောင်ရှိတဲ့နေရာကိုသွားတာပေါ့။ သချို င်္င်းနားမှာဆိုလေတော့ နဲနဲတော့ကျောချမ်းသား။  ပြီးတော့လူကလည်းသိပ်ရှိတာမဟုတ။် လာရတာကလည်း အိမ်ကမိသအောင်လာရသည်ဆိုလေတော့ လူကြီးကလည်းတစ်ယောက်မှမပါ။ ဆည်ပေါက်သချို င်္င်းမှာ ၇ှိတာက ကျနော်တို့သုံးယောက်တည်း။ လူကလည်းနည်း၊ ကလေးတွေလည်းဖြစ်ပြန် ကိုယ်ကလည်းတစ်ခါမှမရောက်ဖူးလေတော့ ကြောက်တော့ကြောက်မိပါသည်။ အဲဒိသုသာန်ရဲ့ တောင်ဘက်က လယ်ကွင်းထဲမှာလို့ပြောကြတော့ ကျနော်တို့ရှာမိကြသည်။ ကြက်ခေါ်သလိုခေါ်သူကခေါ် ၊ မြက်ခြောက်ပုံတွေကိုဖွသူကဖွ။ သုံးယောက်လုံးကြိုးစားကြပေမယ့် မတွေ့ကြပါ။ အဲဒိထဲမှာတော့အကြောက်ဆုံးကကျနော်။ 

အကောင်ကမတ်တတ်ရပ်လိုက်ရင်အတော်ကြီးဆိုပဲ။ ကျနော်တို့လည်းစိတ်ဝင်စားသည်ပေါ့။ မတွေ့တာနှင့် ချောင်းထဲတွင်သဲကျုံးနေကြသော လူတွေကိုမေးကြသော်လည်း မသိ ။ ကျနော်တို့ ရှာသောနေရာကိုသာညွှန်ပြနေသည်။ ကျနော်တို့လည်းမတွေ့ခဲ့တော့။ လူပဲယူသွားလေသေ၇ာ။ သဘာဝအလျောက်ပဲ ထပြန်လေသရော။ သချို င်္းနာဖြစ်တာကြောင့်ကြာကြာလည်းမနေချင်။ ထို့ကြောင့် သူငယ်ချင်း အမျိုးတွေရှိတဲ့အနီးနားကရွာကိုသာ သွားခဲ့ကြသည်။ ထိုတွင်တော့ ကျနော်အကြံပေးသည်မှာ မှန်ကင်းတောင်ကိုသွားဖို့သာ .. ။

                                                                                          မင်းညှို့သျှင် 

သရဲဖမ်းသည့်ဂိမ်း (စာစု ၃)

ကျနော်ကြောက်ကြောက်နှင့်ပင်လှည့်ကြည့်မိပါ၏။ စောနက မဲမဲအကောင်ကြီးမှာ သေချာပါသည်။ စောနကအကောင်ကြီး။ ကျနော်လည်း ကြံရာမရသည့်နောက်ဆုံးတော့ ကျနော့်အဖေ စိတ်နေကျသိမ်ဝင်ပုတီး ဖြင့်သာ နှိမ်နင်းရန် စိတ်ကူးလိုက်သည်။

သရဲဟူသည်ကား ပုတီးဆိုသောအရာမျိုးကို ကြောက်တတ်ပေသည်လေ။ ထို့ကြောင့်ပင် ကျနော်လည်း ပုတီးထည့်ထားရာ ကျနော့်လွယ်အိတ်ဆီသို့ အပြေးသွားသည်။ သို့သော် မရ ထိုလ က်တစ်စုံက ကျနော့် ကို နောက်မှ ဆွဲထားသည်။ ကျနော့်အကျီ င်္ကော်လံကို သူဆွဲထားသည်။ ကျနော်လည်း ဘယ်လိုမှ မရတာနဲ့ နောက်ပြန်တံတောင်ဖြင့်တွက်လိုက်သည်။ သို့သော်မရ ကျနော့်လက်တစ်စုံဟာ လေထဲမှာ ၀ဲပျံသွားသည်ကလွဲလို့ ဘာမှမထူးခြားလိုက်သေး။

သူ့ကိုနာကျင်အောင်ကျနော်မစွမ်းနိုင်။ သူတို့က မမြင်အပ် မြင်အပ် ကျနော်တို့နှင့် ဘုံဘ၀ခြားနားနေသည့် အရာတွေသာဖြစ်သည်။ သာမန်အားဖြင့် ကျနော်တို့ သူတို့ကို
အနာတရ ဖြစ်စေဖို့မလွယ်။ထိုအချက်ကိုမေ့ကာ ကျနော် သူ့ကို တံတောင်ဖြင့်နောက်ပြန် တွက်လိုက်ခြင်းဖြစ်၏။ ပြီးကာမှ ကျနော်မရမှန်းသိလိုက်သည်။

ရဲနောင်ကိုကြည့်လိုက်တော့လည်းရဲနောင်က ရတီကို ပွေ့ဖက်ထားပြီး သရဲတွေကို လက်နှင့်တွန်းဖယ်စေလျှက်ရှိသည်။ သို့သော်သူလည်းမရပါ။ရတီ့ခမျာလည်း ကြောက်လွန်းအားကြီးလို့ အသားတွေပင်တဆတ်ဆတ်တုန်နေသည်။ဒါကိုလည်း ကျနော်ထင်ထင်ရှားရှားမြင်နေရပါရဲ့၊ ရဲနောင်ကတော့ ကြောက်ပုံမရ။ သူ့ချစ်သူရတီ့အတွက်သာ စိတ်ပူနေပုံရသည်။ ရဲနောင်ကတော့ရတီ့ကိုတင်းကျပ်စွာပွေ့ထားနေဆဲ။ ပွေ့ထားသည့်ကြားထဲမှပင်ူရတီကတော့အကြောက်
တွေကြီးနေသည်။ ဖြစ်နိုင်ပါသည်။ ရတီကမိန်းမသားပေပဲလေ။

သူတို့ကို ကြည့်ရသည်မှာနောင်တရနေပုံရှိသည်။ ထိုအရာကိုလုပ်တုန်းက မသိမတတ်စွာလုပ်နေပြီးကာမှ ယခုထိုအရာအတွက်နောင်တရနေပုံရှိသည်။

သို့သော်လည်းမဖြစ်နိုင်ပေတကား။ နောက်ဆုတ်ရန်လမ်းစကားပျောက်ဆုံးချေပြီ။ ထိုအရာက လမ်းဆုံးကိုေ၇ာက်နေလေပြီ။ နောက်ဆုံးရန်လုံးဝမဖြစ်နိုင်တော့။ မတတ်နိုင်သည့်အဆုံးတွင်တော့ ရှေ့ဆက်တိုးရန်သာရှိတော့သည်။ ထိုဟာကိုလည်း သူတို့နားလည်ဟန်တူးသည်။ သို့သော်ကြောက်စိတ်တွေကိုတော့အားလုံးမထိန်းနိုင်။

ကျနော့်ချစ်သူ့မေပျိုကိုကြည့်လိုက်တော့ ကျနော့်ရဲ့ လွယ်အိတ်နားတွင် ထိုင်လျက် လွယ်အိတ်လေးကိုကိုင်ထားသည်။ ကျုံ့ကျုံ့လေးထိုင်နေသောသူမပုံစံသည်ကား ကြောက်နေသည်ဆိုတာသိသာလွန်းနေသည်။ သူမလည်း ဒူးတွေပင်တဆတ်ဆတ်တုန်နေသည်။ ထိုပုံစံကို ကြည့်ရသည့်ကျနော့်မှာ သူမကိုပင် အားနာမိပါ၏ ကျနော်ဦးဆောင်ခဲ့သည်လေ။

သူမကိုကြည့်ရင်းကျနော်အကြံတစ်ခုရလာသည်။ သူမကို ကျနော့်လွယ်အိတ်ထဲက ပုတီး ကိုယူခိုင်းလျှင်အခြေအနေတွေပိုလွယ်ကူပေမည်။

“မေပျို ... ကိုယ့်လွယ်အိတ်ထဲမှာပုတီးပါတယ် ကိုယ့်ဆီကိုပုတီးပစ်လိုက်”

ထိုအခါမှမေပျိုလည်းသတိရဟန်တူသည်။ သူမကျနော့်လွယ်အိတ်ဇစ်ကိုခပ်မြန်မြန်ဆွဲသည် ။ နောက်တော့ ကျနော့်ရဲ့ ပုတီးကိုထုတ်ပြီး ကျနော့်ဆီကိုပြေးလာသည်။ ပြီးနောက် ကျနော့်ကိုပုတီးပေးသည်။ ကျနော်သူမလက်ထဲကပုတီးကိုဆွဲယူရင်း ဘေးဘီဝဲယာကို ရမ်းလိုက်သည်။ ထိုအကောင်တွေဝေးဝေးရှောင်သွားကြ သည်။

ပုတီးနှင့်ထိလိုသည့်အကောင်တွေကတော့

“အားးးးးးး ပူတယ် ပူတယ် ”

ဟုအော်ကာ ထွက်ပြေးသွားကြသည်။ နောက်တော့ကျနော်လည်းရဲနောင်တို့နားသွားကာ ပုတီးနှင့် မကောင်းဆိုးရွားတွေကိုခြောက်လိုက်ရသည်။ ထိုမှသာအခြေအနေအားလုံးသည်ငြိမ်သက်ပြီး တစ်ညလုံးဆိတ်ငြိမ်စွာနေနိုင်တော့သည်။ ခဏကြာတော့ ဦးလေးကြီးတစ်ယောက်ရောက်လာသည်။

ဒီလင့်မှာဆက်ဖတ်ပါ .. (

အစမှပြန်စလိုလျှင် .. (http://www.minnnyhoeshin.blogspot.com/2013/12/blog-post_29.html )