ဂွင်းထိုးဂမုံး ပင်ကိုတော့မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအပင်ကကိုရံကြီးဂမုံးနဲ့ခပ်ဆင်ဆင်ပါ။ ကိုရံကြီးဂမုံးက အရွက်ပြန့်တယ် ။ သူ့ထက်ကြီးသည်။ ဂွင်းလုံးဝမထိုးပါ။ အိမ်ဝိုင်းများအပြင်ဘက်မှာ များများစားစားစိုက်ကြသသည်။ ဂွင်းထိုးဂမုံးသည်နေရောင်ကြိုက်သည်။နေပူရာတွင်ထားသင့်သည်။ ပင်စည်ရှသည်။ ပင်စည်သည်အပင်ကြီးသွားသောအခါ ဥသဖွယ်ဖြစ်သွားသည်။ အမြစ်သန်သည်။အပွင့်ပွင့်သည်။ ထိုအပွင့်ပွင့်လျှင်ကြီးပွါးသည်ဟု အယူရှသည်။ အိမ်တွင်တော့တစ်ခါမှ မပွင့်ဖူးပါ။ ဂွင်းထိုးဂမုံးဂွင်းထိုးနေလျှင် ငွေစုမိဆောင်းမိသည်ဟုလည်းဆိုကြသည်။ အိမ်တစ်အိမ်သည်ငွေစုမိဆောင်းမိပါကဂွင်းထိုးဂမုံးများဂွင်းထိုးနေတတ်သည်။ အပင်ငယ်ချိန်တွင်သိမထိုး အပင်ကြီးလျှင်ပိုသိသာသည်။ အိမ်တစ်အိမ်တွင် ငွေများပျံ့ေ၇ာ့နေပါက ထိုဂွင်းထိုးဂမုံးသည် အရွက်များပြန့်နေတတ်ကြောင်းကိုသိရသည်။ အခြားသောအကြောင်းအရာများရှိပါက author.narrator@gmail.com သို့ပေးပို့နိုင်ပါသည်။
နေဂမုံး
ရေးသားသူ Unknown
အချိန် 11:11 PM
with No comments
နေဂမုံးသည်လည်း အိမ်တိုင်းလိုလိုရှိမည်ထင်ပါသည်။ အပွင့်ပွင့်ချိန်နှင့်ကြုံတာကြောင့်သတိရတုန်းရိုက် ထားသောပုံဖြစ်ပါသည်။ တစ်ချို့ဘက်တွေမှာ တော့ ထိုအပင်ကို လပြည့်ဂမုံးလို့ခေါ်သော်လည်း ကျွန်တော်တို့ ဆီမှာတော့ ထိုအပင်ကို နေဂမုံးလို့သာ လူသိများသည်။ သို့သော်လည်း ထိုအပင်သည် နေဂမုံးသော်လား၊ လဂမုံးသော်လား နှင့် ငြင်းရပါသည်။ ကျနော်ကတော့ နေဂမုံးလို့ပဲခေါ်သည်။ သိသည်။ ကျနော်ကလည်း ဂမုံးဆိုက်တာကိုဝါသနာပါသူဆိုလေတော့ ဂမုံးဆိုအကုန်ကိုစိုက်တာပဲဗျာ။
အရွက်ကတော့ ချွန်ရှည်ရှည် အရွက်ဖားဖားကြီးများဖြစ်ပြီး အစိမ်းရင့်ရင့်ေ၇ာင်ရှိသည်။ အရွက် အောက်က ရိုးတံမှာ ပျော့ပြီး အရွက်နှင့်အရောင်တူသည်။ အပွင့်ပွင့်ချိန်တွင် လေးပွင့် ငါးပွင့် ပွင့်တတ်တာကြောင့် လေးကျွန်းစကြာ်လို့လည်းခေါ်ကြသေးသည်။ နေပူကိုမကြိုက် နေရိပ်ကိုကြိုက်သည်။
နေပူလျှင်အရွက်များပျော့ပြီး အောက်ကို မရွှင်လန်းစွာကျနေတတ်သည်။ နေရိပ်လျှင် အရွက်ဖားဖားကြီးများသည်ထောင်နေတတ်သည်။ ဂမုံးအများစုသည်နေရိပ်ကိုကြိုက်ကြသည်မှာ သဘာဝသာဖြစ်သည်။ ထိုအပင်ကိုလည်းနေရိပ်တွင်သာစိုက်သင့်သည်။ ဥမှပေါက်သောအပင်ဖြစ်သည်။ ဥမှာ ဖြူတူတူရှိသည်။ အပင်လည်းပွါးသည်။ ပွါးလွယ်သည်။ အပွင့်ပွင့်ပြီးချိန်များတွင်လည်း အပင်ပွါးတတ်သည်။ ဥတက်လေးထွက်ပြီးနောက်လည်းပွါးတတ်သည်။ အပွင့်ပွင့်ချိန်ရောက်တိုင်းပွင့်သည်။ လွတ်လပ်စွာစိုက်ခြင်းသည် လေပိုရသောကြောင့် နေရာကျယ်ကျယ်တွင်စိုက်သင့်သည်။
လဂမုံးနှင့်တွဲစိုက်ရသည်ဟုအဆိုရှိသည်။ နေနှင့်လရွှေနှင့်မြ ဆိုပြီးသကဲ့သို့ နေနှင့်လတွဲစိုက်ပါက စီးပွါး များတိုးတက်လာဘ်ရွှင်သည် ဖြစ်သည်ဟုလည်း သိရသည်။ အပွင့်သည်ကတော့ ပုံပါအတိုင်းအတော်လှသည်။ နေဂမုံးကို လဂမုံးမရှိဘဲ မစိုက်သင့်ဟုဆိုသည်။ သို့သော်လည်း စိုက်သူများကတော့စိုက်ကြပါသည်။ လဂမုံးအကြောင်းကိုလည်း ဖြစ်နိုင်လျှင် တင်ပေးပါဦးမည်။ မိမိတို့သိရှိသည့်အကြောင်းအရာများအကိုတော့ author.narrator@gmail.com သို့ ပေးပို့ဝေမျှနိုင်ပါသည်။

အင်းဂမုံးခေါ်မြင်းခေါင်းဂမုံး
ရေးသားသူ Unknown
အချိန် 9:51 PM
with No comments
အိမ်တွေမှာလည်းများများစားစားရှိမယ်ထင်ပါတယ်။
ဂမုံးနဲ့ပတ်သတ်တဲ့စားအုပ်တစ်အုပ်မှာတော့အဲဒိအပင်နဲ့ပက်သတ်ပြီး ဖွင့်ဆိုထားတာတွေရှိပါတယ်။ အဲဒိအပင်ကို အင်းဂမုံးလို့လည်းခေါ်ကြပါတယ်။ ကျနော်တို့ဘက်မှာတော့ မြင်းခေါင်းဂမုံးလို့ပဲခေါ်တယ်။ အရွက်ကမြင်းခေါင်းလေးနဲ့တူတာကိုး။ စာအုပ်ထဲမှာတော့အင်းဂမှုံးအနေနဲ့ဖွင့်ဆိုထားတာပါ။ သူ့ရဲ့အကွက် လေးတွေကအင်းကွက်လေးတွေနဲ့တူလို့အင်းဂမုံးလို့ခေါ်တာပါ။ အဲဒိအင်းကွက်နဲ့တူတဲ့အကွက်လေးတွေ ခုနစ်ကွက်ပါရင်ကံကောင်းတယ်လို့ယူဆပြီး ကိုးကွက်ပါရင်တော့ စီးပွါးရေးသာမက အစစအရာရာ မှာအောင်မြင်မယ်လို့ယူဆကြပါတယ်။ အပွင့်ကတော့ရာသီေ၇ာက်ရင်ပွင့်တတ်ပြီး အပင်တွေထူထပ်များပြားနေရင်မပွင့်တတ်ပါ။ အပွင့်ပွင့်၇င်ကံကောင်းတယ်လို့လည်းဆိုပါတယ်။
ဒေါင်းဂမုံး(စီးပွါးထိန်းဂမုံး)
ရေးသားသူ Unknown
အချိန် 4:53 AM
with No comments
www.minnnnyhoeshin.blogspot.com/trees
ဒေါင်းဂမုံး
အများအားဖြင့်တော့ဒေါင်းဂမုံးလို့ခေါ်လေ့ရှိပါတယ်။ သို့သော် တစ်ချို့နေရာများတွင် စီးပွါးထိန်းဂမုံးလို့လည်းခေါ်လေ့ရှိပါတယ်။
အပင်အနေအထား
အစိမ်းရင့်ရောင်ပေါ်မှာ အဖြူပျောက်တွေပါပါတယ်။ အပင်က အရွက်ဖားဖားကြီးတွေနှင့်ရေနဲ့ မြေကောင်းရင် အပင်လည်းတော်တော်သန်ပါတယ်။ အရိုးဟာ ၀ါးတစ်လုံးစာမက တုတ်လာနိုင်ပါတယ်။ အရွက်ဟာလည်း တစ်တောင်မက ကြီးလာနိုင်ပါတယ်။ အပင်လည်း တအားပွါးသည်။ အရိပ်ထဲတွင်စိုက်ပါက အ၇ွက်မှာ အစိမ်းရင့်ေ၇ာင်သန်းပြီး အောက်ကိုဖားဖားကြီးကျလျက်ရှိသည်။ နေရောင်သက်သောနေရာတွင်စိုက် ပါက အပင် သည် အစိမ်းနုရောင်နှင့် အရွက်များမှာမိုးထောင်နေတတ်သည်။ သို့သော် တစ်နေကုန်နေရသောနေရာမျိုးတွင်ထားပါက အပင်မှာ နေေ၇ာင်ကြောင့်အ၇ွက်များ ညှိုးလွယ်ခြောက်လွယ်သည်။ လူတစ်ရပ်စာမကမြင့်တတ်သည်။ ထို့ကြောင့်အိမ်တိုင်များတွင် မှီကာ အလှစိုက်ကြသည်။ အရိပ်ကြိုက်သည်။ လောင်းရိပ်ထက် သစ်ပင်ရိပ်အောက်ဆိုလျှင်ပိုကောင်း သည်။ ရေကြိုက်သည်။ သို့သော် ရေများများလည်းလောင်းစရာမလိုပါ။ အပင်၏ညှိုးသွားသော အရွက်ဝါတို့ကိုဆွဲဖယ်ပစ်၇န်မလိုပါ။ ထိုသို့လုပ်ပါက အပင်သိမ်သွားးတတ်သည်။ ကိုင်းလည်း မတုတ်တော့ချေ။
စိုက်ပျိုးပုံ ၊ မျိုးပွါးပုံ နှင့် ရိုးရာအယူ
အိုးထဲတွင်သော်လည်းကောင်း မြေပြင်ပေါ်တွင်လည်းကောင်း အဆင်ပြေသလိုစိုက်နိုင်သည်။ မြေပြင်ပေါ်တွင်စိုက်နိုင်လျှင်ပိုကောင်းသည်။ မြေပွတာကိုကြိုက်သည်။
မြေကြီးပွလျှင် အရွက်လည်းကြီးကာ အပင်လည်းပိုသန်သည်။ နေရောင်အနည်းငယ်သက်သောနေ ရာတွင်စိုက်နိုင်လျှင်ကောင်းသည်။ ချောင်းသဲမြေတို့တွင် စိုက်လျှင်လည်း အထူးဖြစ်ထွန်းသည်။ မြေဆွေးမြေသြဇာများလည်းထည့်ပေးနိုင်သည်။ ချောင်းသဲနှင့်စိုက်ပါက အမြစ်အလွန်သန်သည်။ အိုးထဲတွင်ထည့်ပြီး လည်းစိုက်နိုင်သည်။ ရေသန့်သန့်လောင်းပေးပါ။ ဂမုံးကျမ်းများအရ အိုးအောက်တွင် ကျပ်စေ့ ထားခံစိုက်ခြင်းသည် မိမိတို့ စီးပွါးဝင်ငွေကို တည်မြဲအောင်ထိန်းသိမ်းပေးသည် ဟုလည်းအဆိုရှိသည်။ ထို့ကြောင့် ကျပ်စေ့ခံပြီးလည်း စိုက်နိုင်သည်။
မျိုးပွါးရာတွင် မြေကြီးထဲမှ သီးသန့် အပင်သတ်သတ်ထွက်ပြီး ပွါးသည်။ သို့သော် အပင် သန်သောအခါ ကိုင်းတက်များလည်းထွက်သည်။ အပင်၏ ကိုင်းတက်များကို ဖြတ်ကာလည်း အပင်သစ်အဖြစ် မျိုးကူးနိုင်သည်။ သတ်သတ်ပွါးလာသော အပွါးပင်မှလည်း စိုက်နိုင်သည်။ သို့သော်လည်း ကိုင်းတက်မှဖြတ်ပွါးခြင်းသည်အကောင်းဆုံးဖြစ်သည်။ ကိုင်းကိုဖြတ်ပြီးနောက် အမြစ်ထွက်သည်အထိရေစိမ်ထားနိုင်သည်။ ပြီးမှစိုက်နိုင်သည်။ သို့မဟုတ်။ စိုစွတ်ပြီးအရိပ်ကောင်းသောနေရာတွင် ကိုင်းတက်ကိုဖြစ်ကာ မြေကြီးထဲတွင် စိုက်ထားခြင်းဖြင့်လည်း ကူးနိုင်သည်။ ထိုနည်းသည် ကျန်ခဲ့သောအပင်မကြီးအတွက်လည်း ကောင်းနိုင်သလို ကူးသူအဖို့လည်း တစ်ခါတည်း အပင်ကြီးကြီးရှင်နိုင်သည်။
ရိုးရာအယူအရ ဂမုံးပင်သည် မြင့်မြတ်သောအပင်ဖြစ်သည်ဟုဆိုသည်။ အဆောင့်အရှောက်ကြီးသည်။ ထို့ကြောင့် မျက်နှာသစ်ေ၇ လက်ဆေးရေ ဗွက်ရေ ချိုးရေတို့မလောင်းအပ်ပေ။ အောက်တွင်မြေဆွေးခံစိုက်နိုင်သကဲ့သို့ အပေါ်တွင်လည်း ချောင်းသဲမြေသန့်များအုံပေးနိုင်သည်။ ညစဉ် အမွှေးတိုင်များ ထွန်းညှိပူဇော်နိုင်သည်။ ထိုသို့ပူဇော်ခြင်းသည် ဂမုံးပင်ကို ဆေးဘက်ပိုဝင်စေနိုင်ပါသည်။