ဂွင်းထိုးဂမုံး ပင်ကိုတော့မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအပင်ကကိုရံကြီးဂမုံးနဲ့ခပ်ဆင်ဆင်ပါ။ ကိုရံကြီးဂမုံးက အရွက်ပြန့်တယ် ။ သူ့ထက်ကြီးသည်။ ဂွင်းလုံးဝမထိုးပါ။ အိမ်ဝိုင်းများအပြင်ဘက်မှာ များများစားစားစိုက်ကြသသည်။ ဂွင်းထိုးဂမုံးသည်နေရောင်ကြိုက်သည်။နေပူရာတွင်ထားသင့်သည်။ ပင်စည်ရှသည်။ ပင်စည်သည်အပင်ကြီးသွားသောအခါ ဥသဖွယ်ဖြစ်သွားသည်။ အမြစ်သန်သည်။အပွင့်ပွင့်သည်။ ထိုအပွင့်ပွင့်လျှင်ကြီးပွါးသည်ဟု အယူရှသည်။ အိမ်တွင်တော့တစ်ခါမှ မပွင့်ဖူးပါ။ ဂွင်းထိုးဂမုံးဂွင်းထိုးနေလျှင် ငွေစုမိဆောင်းမိသည်ဟုလည်းဆိုကြသည်။ အိမ်တစ်အိမ်သည်ငွေစုမိဆောင်းမိပါကဂွင်းထိုးဂမုံးများဂွင်းထိုးနေတတ်သည်။ အပင်ငယ်ချိန်တွင်သိမထိုး အပင်ကြီးလျှင်ပိုသိသာသည်။ အိမ်တစ်အိမ်တွင် ငွေများပျံ့ေ၇ာ့နေပါက ထိုဂွင်းထိုးဂမုံးသည် အရွက်များပြန့်နေတတ်ကြောင်းကိုသိရသည်။ အခြားသောအကြောင်းအရာများရှိပါက author.narrator@gmail.com သို့ပေးပို့နိုင်ပါသည်။
ထွဋ်ခေါင်ဆရာတော်ကြီး၏ ရန်အောင်မြင် ဂါထာ
ရေးသားသူ Unknown
အချိန် 11:47 PM
with No comments
အောက်ပါဂါထာမှာ ဆရာတော်ကြီး
ပွားများသော ရန်အောင်မြင် ဂါထာဖြစ်သည်။
ပါဠိ
( ၁ ) ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာဠ၀က နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
မြန်မာပြန်
(၁) မြတ်စွာဘုရားသည် အကျွန်ုပ်အား အမြဲမပြတ် စောင့်ရှောက်တော်မူပါစေသတည်း။ မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သောတရားတော်မြတ်သည် အကျွန်ုပ်အား အခါခပ်သိမ်း စောင့်ရှောက်တော်မူပါစေသတည်း။ သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည် အကျွန်ုပ်အား နေ့တိုင်း စောင့်ရှောက်တော်မူပါစေသတည်း။ အကျွန်ုပ်သည် ချမ်းသာခြင်း၊ အသက်ရှည်ခြင်း ဖြစ်ရပါလို၏။
( ၂ ) မြတ်စွာဘူရားသည် မာရ်နတ်မင်း၊ အာဠာဝကဘီလူး၊ နာဠာဂီရိဆင်ကိုလည်းကောင်း၊ အင်္ဂုလိမာလကိုလည်းကောင်း၊ စိဉ္စမာဏ၀ိကာနှင့် သစ္စကပရိဗိုဇ်ကိုလည်းကောင်း၊ နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကိုလည်းကောင်း၊ အောင်မြင်တော်မူသကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းနှင့် ပြီးစီး ပြည့်စုံပါစေသတည်း။
ပါဠိ
( ၁ ) ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာဠ၀က နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
မြန်မာပြန်
(၁) မြတ်စွာဘုရားသည် အကျွန်ုပ်အား အမြဲမပြတ် စောင့်ရှောက်တော်မူပါစေသတည်း။ မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သောတရားတော်မြတ်သည် အကျွန်ုပ်အား အခါခပ်သိမ်း စောင့်ရှောက်တော်မူပါစေသတည်း။ သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည် အကျွန်ုပ်အား နေ့တိုင်း စောင့်ရှောက်တော်မူပါစေသတည်း။ အကျွန်ုပ်သည် ချမ်းသာခြင်း၊ အသက်ရှည်ခြင်း ဖြစ်ရပါလို၏။
( ၂ ) မြတ်စွာဘူရားသည် မာရ်နတ်မင်း၊ အာဠာဝကဘီလူး၊ နာဠာဂီရိဆင်ကိုလည်းကောင်း၊ အင်္ဂုလိမာလကိုလည်းကောင်း၊ စိဉ္စမာဏ၀ိကာနှင့် သစ္စကပရိဗိုဇ်ကိုလည်းကောင်း၊ နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကိုလည်းကောင်း၊ အောင်မြင်တော်မူသကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းနှင့် ပြီးစီး ပြည့်စုံပါစေသတည်း။
နေဂမုံး
ရေးသားသူ Unknown
အချိန် 11:11 PM
with No comments
နေဂမုံးသည်လည်း အိမ်တိုင်းလိုလိုရှိမည်ထင်ပါသည်။ အပွင့်ပွင့်ချိန်နှင့်ကြုံတာကြောင့်သတိရတုန်းရိုက် ထားသောပုံဖြစ်ပါသည်။ တစ်ချို့ဘက်တွေမှာ တော့ ထိုအပင်ကို လပြည့်ဂမုံးလို့ခေါ်သော်လည်း ကျွန်တော်တို့ ဆီမှာတော့ ထိုအပင်ကို နေဂမုံးလို့သာ လူသိများသည်။ သို့သော်လည်း ထိုအပင်သည် နေဂမုံးသော်လား၊ လဂမုံးသော်လား နှင့် ငြင်းရပါသည်။ ကျနော်ကတော့ နေဂမုံးလို့ပဲခေါ်သည်။ သိသည်။ ကျနော်ကလည်း ဂမုံးဆိုက်တာကိုဝါသနာပါသူဆိုလေတော့ ဂမုံးဆိုအကုန်ကိုစိုက်တာပဲဗျာ။
အရွက်ကတော့ ချွန်ရှည်ရှည် အရွက်ဖားဖားကြီးများဖြစ်ပြီး အစိမ်းရင့်ရင့်ေ၇ာင်ရှိသည်။ အရွက် အောက်က ရိုးတံမှာ ပျော့ပြီး အရွက်နှင့်အရောင်တူသည်။ အပွင့်ပွင့်ချိန်တွင် လေးပွင့် ငါးပွင့် ပွင့်တတ်တာကြောင့် လေးကျွန်းစကြာ်လို့လည်းခေါ်ကြသေးသည်။ နေပူကိုမကြိုက် နေရိပ်ကိုကြိုက်သည်။
နေပူလျှင်အရွက်များပျော့ပြီး အောက်ကို မရွှင်လန်းစွာကျနေတတ်သည်။ နေရိပ်လျှင် အရွက်ဖားဖားကြီးများသည်ထောင်နေတတ်သည်။ ဂမုံးအများစုသည်နေရိပ်ကိုကြိုက်ကြသည်မှာ သဘာဝသာဖြစ်သည်။ ထိုအပင်ကိုလည်းနေရိပ်တွင်သာစိုက်သင့်သည်။ ဥမှပေါက်သောအပင်ဖြစ်သည်။ ဥမှာ ဖြူတူတူရှိသည်။ အပင်လည်းပွါးသည်။ ပွါးလွယ်သည်။ အပွင့်ပွင့်ပြီးချိန်များတွင်လည်း အပင်ပွါးတတ်သည်။ ဥတက်လေးထွက်ပြီးနောက်လည်းပွါးတတ်သည်။ အပွင့်ပွင့်ချိန်ရောက်တိုင်းပွင့်သည်။ လွတ်လပ်စွာစိုက်ခြင်းသည် လေပိုရသောကြောင့် နေရာကျယ်ကျယ်တွင်စိုက်သင့်သည်။
လဂမုံးနှင့်တွဲစိုက်ရသည်ဟုအဆိုရှိသည်။ နေနှင့်လရွှေနှင့်မြ ဆိုပြီးသကဲ့သို့ နေနှင့်လတွဲစိုက်ပါက စီးပွါး များတိုးတက်လာဘ်ရွှင်သည် ဖြစ်သည်ဟုလည်း သိရသည်။ အပွင့်သည်ကတော့ ပုံပါအတိုင်းအတော်လှသည်။ နေဂမုံးကို လဂမုံးမရှိဘဲ မစိုက်သင့်ဟုဆိုသည်။ သို့သော်လည်း စိုက်သူများကတော့စိုက်ကြပါသည်။ လဂမုံးအကြောင်းကိုလည်း ဖြစ်နိုင်လျှင် တင်ပေးပါဦးမည်။ မိမိတို့သိရှိသည့်အကြောင်းအရာများအကိုတော့ author.narrator@gmail.com သို့ ပေးပို့ဝေမျှနိုင်ပါသည်။
အရွက်ကတော့ ချွန်ရှည်ရှည် အရွက်ဖားဖားကြီးများဖြစ်ပြီး အစိမ်းရင့်ရင့်ေ၇ာင်ရှိသည်။ အရွက် အောက်က ရိုးတံမှာ ပျော့ပြီး အရွက်နှင့်အရောင်တူသည်။ အပွင့်ပွင့်ချိန်တွင် လေးပွင့် ငါးပွင့် ပွင့်တတ်တာကြောင့် လေးကျွန်းစကြာ်လို့လည်းခေါ်ကြသေးသည်။ နေပူကိုမကြိုက် နေရိပ်ကိုကြိုက်သည်။
နေပူလျှင်အရွက်များပျော့ပြီး အောက်ကို မရွှင်လန်းစွာကျနေတတ်သည်။ နေရိပ်လျှင် အရွက်ဖားဖားကြီးများသည်ထောင်နေတတ်သည်။ ဂမုံးအများစုသည်နေရိပ်ကိုကြိုက်ကြသည်မှာ သဘာဝသာဖြစ်သည်။ ထိုအပင်ကိုလည်းနေရိပ်တွင်သာစိုက်သင့်သည်။ ဥမှပေါက်သောအပင်ဖြစ်သည်။ ဥမှာ ဖြူတူတူရှိသည်။ အပင်လည်းပွါးသည်။ ပွါးလွယ်သည်။ အပွင့်ပွင့်ပြီးချိန်များတွင်လည်း အပင်ပွါးတတ်သည်။ ဥတက်လေးထွက်ပြီးနောက်လည်းပွါးတတ်သည်။ အပွင့်ပွင့်ချိန်ရောက်တိုင်းပွင့်သည်။ လွတ်လပ်စွာစိုက်ခြင်းသည် လေပိုရသောကြောင့် နေရာကျယ်ကျယ်တွင်စိုက်သင့်သည်။
လဂမုံးနှင့်တွဲစိုက်ရသည်ဟုအဆိုရှိသည်။ နေနှင့်လရွှေနှင့်မြ ဆိုပြီးသကဲ့သို့ နေနှင့်လတွဲစိုက်ပါက စီးပွါး များတိုးတက်လာဘ်ရွှင်သည် ဖြစ်သည်ဟုလည်း သိရသည်။ အပွင့်သည်ကတော့ ပုံပါအတိုင်းအတော်လှသည်။ နေဂမုံးကို လဂမုံးမရှိဘဲ မစိုက်သင့်ဟုဆိုသည်။ သို့သော်လည်း စိုက်သူများကတော့စိုက်ကြပါသည်။ လဂမုံးအကြောင်းကိုလည်း ဖြစ်နိုင်လျှင် တင်ပေးပါဦးမည်။ မိမိတို့သိရှိသည့်အကြောင်းအရာများအကိုတော့ author.narrator@gmail.com သို့ ပေးပို့ဝေမျှနိုင်ပါသည်။
ဆိုဆုံးမရခက်သောသားသမီးများအတွက်အစီအရင်
ရေးသားသူ Unknown
အချိန် 10:52 PM
with No comments
သားသမီး
မလိမ္မာသူများ, မိဘစကား နားမထောင်သူများ, ဆိုဆုံးမရ ခက်နေသူများ,
စာမကြိုးစားသူများ, အရာရာ ကြိုးစားချင်စိတ် နည်းနေသူများ ကြုံနေပါက
ထိုပုဂ္ဂိုလ်တို့၏ ဓာတ်ပုံရဲ့ နောက်ကျောမှာ (ရေးရန် စမကို) ဆော့ပင်,
မာကာပင်နဲ့ ထင်ထင်ရှားရှား ရေးပါ။
ရေးရမဲ့အချိန်က မနက် (၇း၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ပြီး
ရေးနေဆဲခဏမှာလဲ ကိုယ်ပြောလို ဖြစ်စေလိုသည့် စကားကို ပြောဆို, ရွတ်ဆိုနေရမည်။
ပြီးလျှင် ညအိပ်ရာဝင်တိုင်း (ရိုက်ရန် အရွက်အညွန့်နဲ့) ဓာတ်ပုံကို (အရွက်အညွန့် အရေအတွက်အတိုင်း) (ဥပမာ-၂၁-ညွန့်ဆိုလျှင် ၂၁-ချက်) ရိုက်ရင်း စောစောက ပြောခဲ့သည့်စကားတွေကို ပြန်ပြောပါ။
ဒီအတိုင်း ဆက်လုပ်ပေးလျှင် (၂၁)ရက်အတွင်း အချိုးပြောင်းသွားလိမ့်မည်။
ဥပမာ===ခင်ဗျားသမီးက စနေသမီးဆိုပေမယ့် မြသီတာ-ဆိုတော့ ကြာသပတေး နာမည်ရှင်ပဲ၊ ဒီတော့ ဒီလိုလုပ်၊ သူရဲ့ ဓာတ်ပုံနောက်ကျောမှာ ( ဝ ) လုံးဗျည်းကို ဆော့ပင်၊ မာကာပင်နဲ့ ထင်ထင်ရှားရှားရေး၊
ရေးရမဲ့အချိန်က ကြာသပတေးနေ့ မနက် (၇း၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ရမယ်။
ရေးဆဲတခဏမှာ ရွတ်နေရမှာက (မြသီတာ လိမ်လိမ်မာမာနေ၊ မြသီတာ မိဘစကား နားထောင်၊ မြသီတာ စာမှန်မှန်လုပ်) လို့ ပြောနေရမယ်။
ပြီးရင် ညအိပ်ရာဝင်တိုင်း ဇီး(၈)ညွန့်နဲ့ ဓာတ်ပုံကို (၈)ချက်ရိုက်ရင်း စောစောကစကားကို ပြော။
( ဒီစကားတွေက ပုံသေမဟုတ်၊ ကိုယ်လိုချင်တာရှိရင်, ပြောချင်တာရှိရင် ထည့်ပြော၊ ပြောင်းပြောနိုင်တယ်။ ဒီအတိုင်း ရက်ဆက်လုပ်ပေး၊ (၂၁)ရက်အတွင်းမှာပဲ အချိုးပြောင်းလိမ့်မယ်။
လွယ်တယ်ဆိုပြီး ပေါ့ပေါ့ဆဆနဲ့ မလုပ်မိဖို့တော့ သတိထား။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ ဒါမှ မုချဖြစ်မှာ။
အခြား သားသမီးများအတွက် ပြုလုပ်တတ်ရန် ဇယားစနစ်သုံး၍ ဖော်ပြလိုက်ပါသည်။
(၁) နေ့နံ-၁-နွေ သားသမီး။
စမပြုလုပ်ရန်နေ့-၁-နွေ။
ရေးရန်စမ-တ။
ရိုက်ရန်အရွက်-သပြေ(၂၁)ညွန့်။
ရိုက်ရန်အချက်-၂၁-ချက်။
(၂) နေ့နံ-၂-လာ သားသမီး။
စမပြုလုပ်ရန်နေ့-၂-လာ။
ရေးရန်စမ-အ။
ရိုက်ရန်အရွက်-ဒန်း(၁၀)ညွန့်။
ရိုက်ရန်အချက်-၁၀-ချက်။
(၃) နေ့နံ-၃-င်္ဂါ သားသမီး။
စမပြုလုပ်ရန်နေ့-၃-င်္ဂါ။
ရေးရန်စမ-က။
ရိုက်ရန်အရွက်-အုန်း(၆)ညွန့်။
ရိုက်ရန်အချက်-၆-ချက်။
(၄) နေ့နံ-၄-ဟူး သားသမီး။
စမပြုလုပ်ရန်နေ့-၄-ဟူး။
ရေးရန်စမ-စ။
ရိုက်ရန်အရွက်-ကံ့ကော်(၁၅)ညွန့်။
ရိုက်ရန်အချက်-၁၅-ချက်။
(၅) နေ့နံ-၅-တေး သားသမီး။
စမပြုလုပ်ရန်နေ့-၅-တေး။
ရေးရန်စမ-ဝ။
ရိုက်ရန်အရွက်-ဇီး(၈)ညွန့်။
ရိုက်ရန်အချက်-၈-ချက်။
(၆) နေ့နံ-၆-ကြာ သားသမီး။
စမပြုလုပ်ရန်နေ့-၆-ကြာ။
ရေးရန်စမ-ပ။
ရိုက်ရန်အရွက်-ရွက်လှ(၁၇)ညွန့်။
ရိုက်ရန်အချက်-၁၇-ချက်။
(၇) နေ့နံ-၇-နေ သားသမီး။
စမပြုလုပ်ရန်နေ့-၇-နေ။
ရေးရန်စမ-သ။
ရိုက်ရန်အရွက်-ပေါက်ပန်းဖြူ(၁၉)ညွန့်။
ရိုက်ရန်အချက်-၁၉-ချက်။
လင်္ကာဒီပ (ပထမံ နေလ)
******
ကောက်နှုတ်ဖော်ပြသည်။
မော်လူး
ရေးရမဲ့အချိန်က မနက် (၇း၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ပြီး
ရေးနေဆဲခဏမှာလဲ ကိုယ်ပြောလို ဖြစ်စေလိုသည့် စကားကို ပြောဆို, ရွတ်ဆိုနေရမည်။
ပြီးလျှင် ညအိပ်ရာဝင်တိုင်း (ရိုက်ရန် အရွက်အညွန့်နဲ့) ဓာတ်ပုံကို (အရွက်အညွန့် အရေအတွက်အတိုင်း) (ဥပမာ-၂၁-ညွန့်ဆိုလျှင် ၂၁-ချက်) ရိုက်ရင်း စောစောက ပြောခဲ့သည့်စကားတွေကို ပြန်ပြောပါ။
ဒီအတိုင်း ဆက်လုပ်ပေးလျှင် (၂၁)ရက်အတွင်း အချိုးပြောင်းသွားလိမ့်မည်။
ဥပမာ===ခင်ဗျားသမီးက စနေသမီးဆိုပေမယ့် မြသီတာ-ဆိုတော့ ကြာသပတေး နာမည်ရှင်ပဲ၊ ဒီတော့ ဒီလိုလုပ်၊ သူရဲ့ ဓာတ်ပုံနောက်ကျောမှာ ( ဝ ) လုံးဗျည်းကို ဆော့ပင်၊ မာကာပင်နဲ့ ထင်ထင်ရှားရှားရေး၊
ရေးရမဲ့အချိန်က ကြာသပတေးနေ့ မနက် (၇း၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ရမယ်။
ရေးဆဲတခဏမှာ ရွတ်နေရမှာက (မြသီတာ လိမ်လိမ်မာမာနေ၊ မြသီတာ မိဘစကား နားထောင်၊ မြသီတာ စာမှန်မှန်လုပ်) လို့ ပြောနေရမယ်။
ပြီးရင် ညအိပ်ရာဝင်တိုင်း ဇီး(၈)ညွန့်နဲ့ ဓာတ်ပုံကို (၈)ချက်ရိုက်ရင်း စောစောကစကားကို ပြော။
( ဒီစကားတွေက ပုံသေမဟုတ်၊ ကိုယ်လိုချင်တာရှိရင်, ပြောချင်တာရှိရင် ထည့်ပြော၊ ပြောင်းပြောနိုင်တယ်။ ဒီအတိုင်း ရက်ဆက်လုပ်ပေး၊ (၂၁)ရက်အတွင်းမှာပဲ အချိုးပြောင်းလိမ့်မယ်။
လွယ်တယ်ဆိုပြီး ပေါ့ပေါ့ဆဆနဲ့ မလုပ်မိဖို့တော့ သတိထား။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ ဒါမှ မုချဖြစ်မှာ။
အခြား သားသမီးများအတွက် ပြုလုပ်တတ်ရန် ဇယားစနစ်သုံး၍ ဖော်ပြလိုက်ပါသည်။
(၁) နေ့နံ-၁-နွေ သားသမီး။
စမပြုလုပ်ရန်နေ့-၁-နွေ။
ရေးရန်စမ-တ။
ရိုက်ရန်အရွက်-သပြေ(၂၁)ညွန့်။
ရိုက်ရန်အချက်-၂၁-ချက်။
(၂) နေ့နံ-၂-လာ သားသမီး။
စမပြုလုပ်ရန်နေ့-၂-လာ။
ရေးရန်စမ-အ။
ရိုက်ရန်အရွက်-ဒန်း(၁၀)ညွန့်။
ရိုက်ရန်အချက်-၁၀-ချက်။
(၃) နေ့နံ-၃-င်္ဂါ သားသမီး။
စမပြုလုပ်ရန်နေ့-၃-င်္ဂါ။
ရေးရန်စမ-က။
ရိုက်ရန်အရွက်-အုန်း(၆)ညွန့်။
ရိုက်ရန်အချက်-၆-ချက်။
(၄) နေ့နံ-၄-ဟူး သားသမီး။
စမပြုလုပ်ရန်နေ့-၄-ဟူး။
ရေးရန်စမ-စ။
ရိုက်ရန်အရွက်-ကံ့ကော်(၁၅)ညွန့်။
ရိုက်ရန်အချက်-၁၅-ချက်။
(၅) နေ့နံ-၅-တေး သားသမီး။
စမပြုလုပ်ရန်နေ့-၅-တေး။
ရေးရန်စမ-ဝ။
ရိုက်ရန်အရွက်-ဇီး(၈)ညွန့်။
ရိုက်ရန်အချက်-၈-ချက်။
(၆) နေ့နံ-၆-ကြာ သားသမီး။
စမပြုလုပ်ရန်နေ့-၆-ကြာ။
ရေးရန်စမ-ပ။
ရိုက်ရန်အရွက်-ရွက်လှ(၁၇)ညွန့်။
ရိုက်ရန်အချက်-၁၇-ချက်။
(၇) နေ့နံ-၇-နေ သားသမီး။
စမပြုလုပ်ရန်နေ့-၇-နေ။
ရေးရန်စမ-သ။
ရိုက်ရန်အရွက်-ပေါက်ပန်းဖြူ(၁၉)ညွန့်။
ရိုက်ရန်အချက်-၁၉-ချက်။
လင်္ကာဒီပ (ပထမံ နေလ)
******
ကောက်နှုတ်ဖော်ပြသည်။
မော်လူး
ဓာတ်တူနံတူအစီအရင်
ရေးသားသူ Unknown
အချိန် 10:39 PM
with No comments
ငွေဝင်ဖို့ ဆိုရင် ငွေဝင်အောင် ခေါင်းလောင်း တို့ ၊ ကရွတ် တို့ ၊ ကလပ် တို့  ၊ ကောက်ရိုး တို့ ၊
ခြင်းလုံး တို့ ၊ ချိုလိမ်တို့ ၊ ကြောင်လျှာ တို့ ၊ ခရေ တို့ ၊ ခရု တို့ ၊ ကရား တို့ ဆိုတာတွေ တနင်္လာနံ နဲ့  ဗုဒ္ဓဟူး နံ တွဲတာတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား
” ဘာပဲ ပြောပြောပေါ့ ဆရာရယ် . .အစီအရင်ပေးတယ် ဆိုတိုင်းလည်း ကောင်းတာမဟုတ်ဘူး ဆိုတာ ကျွန်တော် အခု သဘောပေါက်လာပြီ . . .” ” အဲဒီလိုမျိုး လူတိုင်း သဘောပေါက်သင့်တာပေါ့ ဦးသန်းထွန်းအောင်ရယ် ၊ အဲသလို ပြောလို့  အဖြစ်အပျက်လေး တစ်ခုကို သွားသတိရတယ် ။ လင်မယား နှစ်ယောက် မတည့်လွန်လွန်း လို့  ဆိုပြီး သူတို့ အစ်မတစ်ယောက်က ဗေဒင်သွားမေးတယ် ။ ဗေဒင်ဆရာက ဘာပေးလိုက်လဲ ဆိုတော့ ဖန်မီးအိမ် အခွံထဲမှာ သူတို့ နှစ်ယောက်ရဲ့  အ၀တ်အစားတွေ ထည့် ၊ တစ်နေရာရာမှာ ချိတ်ဆွဲထားဆိုပြီး ပြောလိုက်တယ် “
” ဖန်ပေါင်းချောင် ဆိုတဲ့ သဘောပေါ့ .. အင်း .. အင်း “
” အေးဗျာ .. အဲဒီလိုလား မသိပါဘူး ။ ကျွန်တော်တို့ အမြင်ကတော့ ဖန်မီးအိမ်ပဲ ဖြစ်တယ်”
” ဟုတ်တယ်လေ .. ဖန်မီးအိမ်ပဲ ဥစ္စာ”
” အဲဒီ ဖန်မီးအိမ်ထဲ ထည့်ထားလို့ လား မသိဘူး ။ ပြဿနာက အရင်က ထက် ပိုဆိုးကုန်တယ်။ ထုကြ ၊ နှက်ကြ၊ ရိုက်ကြတဲ့ အဆင့်အထိတွေ ဖြစ်ကုန်တယ်။ အပူထဲကို ထည့်တဲ့ပစ္စည်းဟာ အပူရှိန်ဟပ်မှာပဲ ဦးသန်းထွန်းအောင်”
” ဟုတ်တယ် ဆရာ ၊ ဟုတ်တယ် .. ဟုတ်တယ် “
” ပညတ်သွားရာ ဓတ်သက်ပါ ဆိုတဲ့ ရှေးပညာရှိကြီးတွေ စကား ဘယ်ပြေးမလဲဗျာ ။ မီးအိမ်ထဲ ထည့်မှတော့ မီးလိုပဲ ပူတော့မပေါ့ ။ ရေထဲ ထည့်တာမှ မဟုတ်ဘဲ ။ “
” ခုခေတ်ကတော့ ဆရာရယ် ၊ ပါးစပ်ထဲ တွေ့ တာကို ဓာတ်သဘောလို့ ယူနေပြီနဲ့ တူပါရဲ့ ၊ ဆရာ ခုနက ပြောသလို “ပေါင်းချောင်” ဆိုရင် သူတို့ ဘာယူမလဲ ၊ ချောင်ချောင်လည်လည် နဲ့  ပေါင်းသင်းရမယ်လို့ များ ယူကြသလား မသိဘူးနော် “
” အမှန်က အသုံးတည့်အောင် အကြောင်းကို စဉ်းစားတတ်ဖို့ ပဲ လိုပါတယ်ဗျာ ။ အကြောင်းကိုမှ မစဉ်းစားတတ်ရင် အကျိုးကို ဘယ်လို လုပ်ပြီး ရှာဖွေတွေ့ ပါ့မလဲ ။ အဲဒါနဲ့  ပတ်သက်ပြီး ကျွန်တော် ရှာဖွေခဲ့တာကို ပြောပြမယ်။ အမှန်ကတော့ အာစရိယ၀ါဒရဲ့  ပညာရိပ်အောက်ကပဲ ရှာဖွေ သုတေသနပြုခဲ့ရတာပါ။ ကိုယ်က ကိုယ့်ဥာဏ်နဲ့ ကိုယ်ထွင်ပြီး ရှာခဲ့တာ မဟုတ်ပါဘူး ။ ဘယ်လိုလဲဆိုတော့ အခုပြောနေတဲ့ ဓာတ်တူ နံတူ ပညာခန်း နဲ့  အကျုံး ၀င်နေလို့  ပဲ ဆိုပါတော့ ။ ကျွန်တော်ကတော့  မိတ်ဆွေတွေ တော်တော်များများကို သူတို့ ရဲ့ နာမည်အတိုင်းပဲ ဘုရားရှင်ကို ပူဇော်ခိုင်းတယ် “
” ဘယ်လို ဆရာ ၊ ရှင်းမလိုလိုနဲ့ ရှုပ်သွားသလားလို့ ”
” ဒီလို ဒီလို . . . ကျွန်တော် လူတစ်ယောက်ကို ခင်ခဲ့ဖူးတယ်။ ဦးသန်းထွန်းအောင် သိတဲ့အတိုင်းပဲ ကျွန်တော်က သံယောဇဉ် သိပ်ထားတတ်တာ မဟုတ်ဘူး ။ ထားမိပြန်ရင် အဲဒီလူကို ဘယ်လို အောင်မြင်အောင် ဆွဲခေါ်ရမလဲ တွန်းတင်ရမလဲ ဆိုတာပဲ ကြည့်နေတာ ။
အဲ . . .အဲဒီလူကိုတော့ ခင်ခဲ့ဖူးပါတယ်။ သူ့ ခမျာ ဘာလုပ်လုပ် သိပ် အပေါက်အလမ်း မတည့်ချင်ဘူး ။ လုပ်သမျှ ချော်လိုက် ၊ လွဲလိုက်၊ သူများ လိမ်လိုက် ၊ ကုန်လိုက်နဲ့ ဘာမှ လုပ်လို့  မဖြစ်ဘူး ။ ဒါပေမယ့် သူ့ ခမျာ ပျော်ပျော်ပဲ ၊ သနားဖို့ သိပ်ကောင်းတယ် ။ စိတ်ကောင်း အရမ်းရှိတဲ့လူဗျ ။ သူ့ နာမည်က ကိုအုန်းတင် တဲ့ ။ ကျွန်တော် သူ့ ကို ဘာလုပ်ခိုင်းလဲဆိုတော့ အုန်းသီး လှလှတစ်လုံးကို ဘုရားပူဇော်ခိုင်းထားတယ် ။ အမြဲပေါ့ဗျာ ။ “
” အုန်းသီး နွမ်းရင်တော့ လဲပေါ့ “
” အင်း . . နွမ်းရင်တော့ လဲပေါ့ ။ နာမည်က အုန်းတင် ကိုး ။ အုန်း တင်ထားလိုက်တာပေါ့ “
” သြော် . . အုန်းတင် . . . ဟဲဟဲ . . လှတယ်ဆရာ “
” နောက်ပြီး . . . ကျွန်တော်က စဉ်းစားတယ်ဗျ ။ အုန်းတင်တယ်ဆိုတာ အထက်ဆောင်တဲ့ နိမိတ် ၊ အုန်းဆွဲ ချ တာမဟုတ်လို့  အုန်းတင်ရင် ကောင်းအောင် တင်ရမယ် ။ လဲပြုနေရင် ကောင်းတဲ့ နိမိတ် ဖြစ်ပေါ် မလာနိုင်တော့ဘူး ။ ဒါဖြင့် အုန်းကို မလဲအောင် ကြွက်မြီးက အစ လှလှပပ ထောင်နေအောင် ဘယ်လို လုပ်မလဲ စဉ်းစားလိုက်တော့ အုန်းသီးထောင်ဖို့  အုန်းတင်ရဲ့  နံတူ အင်တုံ ကို သွားတွေ့ တော့တယ် ။ ဒါကြောင့် ဘုရားစင်ရှေ့  ဘေးနားလေးမှာ ခုံလေး တစ်လုံးနဲ့ အင်တုံ အသစ်ကလေးပေါ်မှာ အုန်းတင်ထားခိုင်းလိုက်တော့တယ်။ “
” ဓာတ်တူ နံတူ ပဲနော် “
” ဒါဟာ . . . ဓာတ်တူ နံတူ မဟုတ်သေးဘူး ဦးသန်းထွန်းအောင်ရဲ့  ။ နံတူပဲ ရှိသေးတယ်။ အင်တုံလေးနဲ့ အုန်းသီးလှလှ နဲ့  အမြဲတမ်း လှပနေတော့တာပေါ့ဗျာ ။ အဲဒါပြီးတော့မှ သူ့ ကို ခိုင်းလိုက်တယ် ။ခင်ဗျား ဟာ မနက်ရော ညရော ဖယောင်းတိုင် ထွန်းပြီး ဘုရားကို ပူဇော်ရမယ်။ မပြတ်ရဘူးလို့ ။ ဒါကတော့ မီးနဲ့ ပူဇော်ခိုင်းလိုက်တာပေါ့ဗျာ ။ “
” ဘုရား မီးလုံးထွန်း ပူဇော်တာမျိုး မဟုတ်ဘူးပေါ့ “
” မဟုတ်ဘူး ၊ မီးထွန်းညှိပြီး ပူဇော်ခိုင်းတာ ၊ ဦးသန်းထွန်းအောင် စဉ်းစားကြည့်လိုက်လေ ၊ သူ့  နာမည်က အုန်းတင် မို့ လား “
” ဟုတ်ကဲ့ “
” ကျနော်ကတော့ အန္တော (၁-၀) ကို လှမ်းမြင်လိုက်တာပေါ့ ။ အဲဒါမှ နံတူလို့ လည်း ပြောလို့  ရသလို ၊ ဓာတ်တူလို့ လည်း ပြောလို့ ရတယ် ။ ဒါကြောင့် အန္တောဆိုတဲ့ မီးထွန်း ပူဇော်ခိုင်းလိုက်တာပေါ့ဗျာ ။ အန္တောဆိုတဲ့ သဘော သတ္တိကလည်း ဦးသန်းထွန်းအောင် မြင်တဲ့အတိုင်းပဲ ၊ တနင်္ဂနွေမြင်တိုင်း အန္တောလို့ အော်နေလို့ ပြည့်စုံတာ မဟုတ်ဘူး ၊ အန္တော ပြည့်စုံရာ ပြည့်စုံကြောင်းဖြစ်ဖို့  တနင်္ဂနွေရဲ့  ဓာတ်ဖက်ဖြစ်ရာ ဖြစ်ကြောင်း စနေက ရှိပေးရမယ်လေ ။ မီးခဲနဲ့ မီးတောက်ရှိမှ အန္တော ဆိုတဲ့ ဓာတ်ဖက် ပြည့်စုံရာ ပြည့်စုံကြောင်း ဖြစ်တော့မပေါ့ ။ ဒါကြေင့် ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းလိုက်တာပေါ့ ။ ဖယောင်းတိုင် ထွန်းပြီး ဘုရားရှင်ကို ပူဇော်ခိုင်းတယ် ဆိုတာကလည်း မပျင်းအောင် ပေါ့ဗျာ “
” ဗျာ “
” သြော် . . . မပျင်းအောင်ပေါ့ ။ ဘယ်လို မပျင်းအောင်လဲ ဆိုတော့ ၊ ရိုးရိုး ဘုရား မီးလုံးနဲ့ ဆိုရင် ခလုတ်ကလေး နှိပ်လိုက်ရင် ပြီးပြီ ။ ဘာမှ ဆက်မလုပ်ချင်တော့ဘး ။ အချိန်တန်ရင် မိုးချုပ်ရင် ဘုရားမီး ဖွင့်လိုက်ရင် ပြီးပြီ ။ တစ်ခါ တစ်ခါ လူကြုံနဲ့ တောင် ဖွင့်ခိုင်းကြတယ်။ ” ဟေ့ . . ဘုရားမီး ဖွင့်လိုက်ပါဟေ့ ” ဆိုပြီး လူကြုံနဲ့ ဖွင့်ခိုင်းကြတယ်။ ဒါပဲ ပြီးပြီ။ စကားပြော မပျက်ဘူး “
” ဟုတ်တယ် ၊ ဟုတ်တယ် “
” အဲ . . အဲသလိုမျိုးတွေ အများကြီး ၊ ကျွန်တော်ကတော့ အဲဒီလို ပျင်းတာ မကြိုက်လို့  ဘုရားရှင်ကို ဖယောင်းတို မီးထွန်းပြီး ပူဇော်ခိုင်းတာ များပါတယ်။ ခုန ကိုအုန်းတင်ကျတော့ အန္တောသဘော ဖြစ်တဲ့ မီးခဲ မီးတောက် ပါတယ်လေ။ မီးသီးထွန်း ပူဇော်တာမျိုးကတော့ အရောင်လင်းတာပဲ ရှိပါတယ် ။ ဖယောင်းတိုင် ထွန်း ပူဇော်ခိုင်းတာက ပိုပြီး ပြည့်စုံသွားမလားလို့ ”
” ဟုတ်ကဲ့ “
” ဒီလို . . . ဆန္ဒ မပါတဲ့ ကုသိုလ်စိတ်နဲ့ လှူဖို့  တွေးနေတာကိုက ကောင်းသော စိတ်ကို အဖန်တစ်လဲလဲ ပွားထုံနေခြင်းလို ဖြစ်နေပြီနော် ဆရာ “
” မှန်တာပေါ့ “
” နံတူ ပညာခန်း သင်ရတာ ဒိပြင်ဟာတော့ မသိဘူး ။ ခုပြောတဲ့ ကုသိုလ်စိတ် ပွားနေရတာကိုက မြတ်နေပြီ။ နံတူ စွန့် ထုတ်ရတာပဲ ဖြစ်ဖြစ် ၊ နံတူ တင်လှူရတာပဲ ဖြစ်ဖြစ် ကောင်းမှု ကုသိုလ်က ကောင်းမှုကုသိုလ်ပဲ ။ စိတ်ထားတတ်ရင် ပြောပါတယ် “
” ဟုတ်တယ် ဦးသန်းထွန်းအောင် ၊ ဒီပေါ်မှာ အာရုံစိုက်နေရတာနဲ့ တင် အကုသိုလ်စိတ်က တော်ရုံ ၀င်မလာတော့ဘူး ။ ဒါကြောင့်များ ရှေး ပညာရှိကြီးတွေက ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ ‘ လို့ များ မိန့် ဆိုခဲ့ကြတာလား မသိပါဘူး ။ “
” ဓာတ်တူ နံတူ ဆေးဖက်ယူ ၊ နံတူသတ်က . . . “
” နေဦး ၊ ဆေးဖက်ပဲ ယူဦး ၊ နံတူသတ်တာကို စိတ်မ၀င်စားလိုက်နဲ့ ဦး ၊ အဲဒါက အကုသိုလ် များနိုင်တယ်။ “
” ဟုတ်ကဲ့ “
” ခု ပြောခဲ့တဲ့ အထဲမှာ နံတူ စွန့် ထုတ်တာတွေ၊ နံတူကပ်တာတွေ ၊ နံတူ ဖြစ်တဲ့ ဘုရားစေတီ ပုထိုးများမှာ ကောင်းမှု ကုသိုလ်တွေ ဆက်ဆက်ပြုရတာမျိုးတွေကို ဦးသန်းထွန်းအောင် အတိုင်းအတာ တစ်ခုလောက် အထိတော့ နည်းနည်း သဘောပေါက်လောက်ရောပေါ့ . . “
” ပေါက်ပါတယ် ဆရာ”
” ပေါက်ရင် နံတူပညာခန်းမှာ အတွေး အခေါ် အယူအဆ မလွဲသင့်တာလေးတွေ နည်းနည်းပြောချင်တယ် ၊ ဥပမာ အနီးဆုံး ပြောရရင် စောင်ချမ်းသားကို ဇော်ဂျီ ဆေးကြိတ် တဲ့ ပုံထုပြီး ဈေးခေါ် အဖြစ် ဆောင်ကြတဲ့ နံတူမျိုးပေါ့ ။ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . သီလ သမာဓိ နည်းပါးပြီး စီးပွားဖြစ်ချင်တဲ့ လောဘတစ်ခုတည်းကို ဦးတည်နေတဲ့ လူသားက ဆေးဝိဇ္ဖာကို ခိုင်းနိုင်ပါ့မလား ။ ဈေးရောင်းခိုင်းနိုင်ပါ့မလား ဆိုတာလေးကိုပါပဲ ။ အဲဒါလေးတွေတော့ သတိထားသင့်မလားလို့ ။ “
” အင်း . . . ဟုတ်တယ်နော် ။ ဒါလေးတွေတော့ သိထားသင့်တယ် “
” ဒါကြောင့် နံတူပညာခန်းကို စဉ်းစားတော့မယ်ဆိုရင် စဉ်းစားစရာတွေက တစ်ပုံကြီးပဲ ။ နံတူကတော့ လွယ်တယ် ။ ရှောင်ဖို့ ဆောင်ဖို့ သာ ခက်တာ။ အခု ပြောသလိုပေါ့ဗျာ ။ ဈေးခေါ် ဆိုရင် ဇော်ဂျီ ဆိုတဲ့ ” အင်္ဂါ တနင်္လာ ” တွဲ နံတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ ဒီလိုပဲ ငွေဝင်ဖို့ ဆိုရင် ငွေဝင်အောင် ခေါင်းလောင်း တို့ ၊ ကရွတ် တို့ ၊ ကလပ် တို့  ၊ ကောက်ရိုး တို့ ၊ ခြင်းလုံး တို့ ၊ ချိုလိမ်တို့ ၊ ကြောင်လျှာ တို့ ၊ ခရေ တို့ ၊ ခရု တို့ ၊ ကရား တို့ ဆိုတာတွေ တနင်္လာနံ နဲ့ ဗုဒ္ဓဟူး နံ တွဲတာတွေ အကုန်လိုက်ရှာ လိုက်စု ၊ ပြီးရင် တစ်နေရာရာမှာ ထား ။ “
” အဲဒါတွေ ဘာလုပ်ရမလဲ ဆရာ”
” လုပ်ကြည့်လေ ၊ ကြားဖူး ဖတ်ဖူး မှတ်ထားဖူးတာမျိုးတွေ၊ သူပြော လူပြောတွေကို လိုက်လုပ်ကြည့် ဖြစ်မလားလို့  တစ်ကယ်ရော ငွေဝင်မလားလို့ ၊ ” တနင်္လာ နဲ့ ဗုဒ္ဓဟူး ” တွဲလျက်နံကို အဲဒီလို အထပ်ထပ် လုပ်လိုက်ရုံနဲ့ ငွေဝင်ရမယ် ဆိုရင်တော့ဗျာ ။ ကျွန်တော် ဘာမှ လုပ်မနေတော့ဘူး။ ဘာမှလဲ ရွတ်ဖတ်မနေတော့ဘူး။ ဘယ်ကောင်းမှု ကုသိုလ်ကိုမှလဲ မလုပ်တော့ဘူး ။ ကလပ်ပေါ် ခေါင်းလောင်းတင်ပြီး ခရေ ခက်နဲ့  ရိုက်နေတော့မယ်။ နေ့  တိုင်းလုပ်ပါ့မယ်။ မပျက်စေရဘူး ။ ဘယ့်နှယ် ဖြစ်ပါ့မလား ။ “
” ငွေဝင်အောင် တစ်ဖက်ကလည်း သမ္မာအာဇီဝ ကျကျ ကြိုးစား ၊ ဇွဲတို့ ၊ လုံ့ လတို့ ၊ ၀ီရိယ တို့ နဲ့  ကြိုးစားမှ ငွေဝင်ခြင်းဆိုတာ ဖြစ်လာနိုင်မှာပါ ဆရာရယ် ။ “
” ဟုတ်တာပေါ့ ၊ ဒီလို မကြိုးစားဘဲ ဘာလုပ်မှာလဲ ။ ခုပြောနေတာ “ငွေဝင်” ဆိုတဲ့ စကားလုံး နဲ့  နံတူ ရိုက်တာတွေကို ပြောနေတာနော် ။ ဒါဖြင့် ကောင်းပြီ ။ တကယ်စွမ်းပြီ ဆိုကြပါစို့  ။ အဲဒီလို အစီအရင်တွေ လုပ်ပြီး သူများဆီမှာ ပိုက်ဆံ သွားတောင်းလို့  ငွေဝင်တာမျိုးတော့ ကျွန်တော် မကြိုက်ဘူး ။ ဒါ မဖြစ်သင့်ဘူး ။”
” ဟုတ်တယ် ဆရာ “
” ဒါကြောင့် စီရင်ခြင်း ဆိုတဲ့ ရှေ့ မှာ “ရိုးသားစွာ” ဆိုတဲ့ စကားလုံးကို ကျွန်တော်က အမည်သညာ တပ်လိုက်ချင်ပါတယ် ဦးသန်းထွန်းအောင် ရယ် ။ မကောင်းဘူးလား “
” ကောင်းပါတယ် “
” နံတူထားတယ် ဆိုတာကတော့ တချို့ ကောင်းတာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ဆို နာမည်တွေကိုပဲ ချောင်းနေတာ ။ နံတူ ဘယ်လို ထားပေးရမလဲဘဲ ကြည့်နေတာ ။ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ဦးသန်းထွန်းအောင်လည်း သူ့ ကို သိပါတယ်။ ကိုရွှေအုန်းတဲ့။”
” သြော် ဟုတ်ကဲ့ “
” သူ့ အိမ်ရှေ့ မှာ တွေ့ လား ကျွန်တော်ထားတာ ။ အုန်းသီးကို ရွှေရောင်သုတ်ပြီး အဲဒီ ရွှေအုန်းကို မြင့်တဲ့ နေရာလေး တစ်နေရာမှာ ဒီတိုင်း တင်ထားတာ “
” ဟုတ်ကဲ့ . . .ဆရာ သူ့ ကို ရွှေမချခိုင်းဘူးနော် “
” အုန်းသီးကိုလား “
” ဟုတ်ကဲ့ “
” ကျွန်တော်ကတော့ ဘုရားရှင်ကို ရွှေပြားကပ်လှူ ပူဇော်တာကလွဲရင် ကျန်တာ ရွှေချတာ သိပ်မကြိုက်ဘူး ။ အထူးသဖြင့် အဲဒီလို စီရင်တာမျိုးတွေမှာ ရွှေချတာ ပိုပြီး မသုံးချင်ဘူး ။ ဒါကြောင့် ရိုးရိုးပဲ ရွှေရောင် သုတ်ခိုင်းလိုက်တယ် ။ ကိုရွှေအုန်းနေတာ ချောင်ကြို ချောင်ကြားမှာနော် ။ ဒါပေမယ့် သူ့ စာအုပ် အငှားဆိုင်ဟာ မိုးချုပ်တာနဲ့  ကြိတ်ကြိတ်တိုးနေတာ ဦးသန်းထွန်းအောင် မြင်တဲ့ အတိုင်းပဲ ။ လာတဲ့လူတိုင်းကလည်း အိမ်ဝရန်တာကို မော့ကြည့်လိုက်တာနဲ့ တင် ရွှေအုန်းကြီးကွ။ လှလိုက်တာ ဆိုပြီး ပြောသွားကြတာ များတယ် ။ ရွှေအုန်းကြီး လှမနေဘူးလား “
” လှနေပါတယ် ။ ရွှေအုန်း လှနေပါတယ် ။ “
” လှခြင်းဟာ ဣဋ္ဌ ပဲလေ။ ကိုရွှေအုန်းကို အတိုင်းအတာ တစ်ခု အထိတော့ အကျိုးပေးပြီပေါ့ ။”
” မွေးနံကို လှအောင်ထားတဲ့ သဘောလည်း သက်ရောက်သွားသလို ပေါ့နော် ဆရာ ။ မွေးနံဆိုတာထက် ဟို . . နံတူ ကို လှအောင် ထားတဲ့ သဘောပေါ့ ။”
” အဲဒါက ပိုမှန်တယ် ။ နံတူကိုလှအောင် ထားတယ် ဆိုတာက ပိုမှန်မယ်။ အဲဒီလို နံတူကို လှအောင် ထားတာနဲ့ ပတ်သက်ပြီး သတိရတာလေး တစ်ခု ပြောပြဦးမယ်။ အမျိုးသမီးတစ်ယောက် တွေ့ ဖူးတယ် ။ ဒေါ်စံပယ်တဲ့ ။ သူ့ အိမ်ရှေ့ မှာ စင်တွေ ထိုးပြီး စံပယ်ပင်တွေ စိုက်ထားတာ အုံကြီးကို ဖြစ်နေတယ် ။ ပွင့်လိုက်ရင်လည်း လှမှလှ ၊ ဝေနေတာပဲ ။ ပတ်ဝန်းကျင် တစ်ခုလုံး မွှေးကြိုင်သင်း နေတာပဲ။ အဲဒီလို စံပယ်ပန်းတွေ ဝေနေတဲ့ ရာသီမျိုးဆိုရင် သူ့ အိမ်က ဘုရားဆောင်တစ်ခုလုံး ဖွေးဖွေးလှုပ်အောင် ပူဇော်ထားတာဗျာ . . သင်းပျံ့ နေတာပဲ ။ ဒေါ်စံပယ်ဟာ အိမ်ထောင်ရေး သောကလည်း မကြားမိဘူး ။ စီးပွားရေး ကြောင့်ကြတာလည်း မတွေ့ မိဘူး ။ မချမ်းသာပေမယ့် ပြည့်စုံတယ် ။ သိပ်ပြီး ပူရပင်ရတာ မတွေ့ ရဘူး ။ အဲဒီလိုမျိုးတွေ အများကြီး တွေ့ ဖူးတယ် ။ဒါပေမယ့်  ဒေါ်စံပယ်ရဲ့  အဖြစ်က ထင်ရှားတယ် ။ ကျွန်တော် သတိထားကြည့်ခဲ့မိတဲ့သူတွေ တော်တော်များများမှာ ဒေါ်စံပယ်ဟာ ထူးခြားတယ်။ သူ့ လုပ်ရပ်က နံတူကို လှပဝေဆာတင့်တယ် အောင် စိုက်ထားရုံတင်မကဘူး ။ တင်လှူပူဇော်ခြင်း ဆိုတဲ့ ကုသိုလ်ကိုပါ ဆက်တာကိုး “
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ဒါပေမယ့်နော် နံတူတိုင်း ကံမကူနိုင်ဘူး ။ အဲဒါကိုတော့ မမေ့လေနဲ့ ။ နံတူတိုင်း ဖြစ်စဉ် မတူနိုင်ဘူး ။ ကျောင်းဆရာကြီး ဦးဖိုးထွန်း ရှိသလို လူဆိုးကြီး ဦးဖိုးထွန်း လည်း ရှိတာပဲ။ တောပုန်းကြီး စံဖဲ ရှိသလို ဘုရား ဒါယကာကြီး ဦးစံဖဲ လည်း ရှိတာပဲ ။
” ဟုတ်ကဲ့ဆရာ “
ဦးသန်းထွန်းအောင်ကို တောက်လျှောက်ပြောလာခဲ့တာတွေက နံတူ ပညာခန်းတွေ ဖြစ်လို့  ဘာပဲ ဖြစ်ဖြစ် တွေးခေါ်မှုတွေ ရှိကို ရှိနေရမယ် ။ လူတစ်ယောက် ဟာ ဒုက္ခရောက်နေရင် အခက်အခဲဖြစ်နေရင် သူ့ ရဲ့ နံတူကို ဘယ်လိုလုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့် ထုတ်မှာလား ။ တင်လှူမှာလား ၊ အနိဋ္ဌ လုပ်မှာလား ။ ဣဋ္ဌ လုပ်မှာလား ။ အဲဒါ သိပ်အရေးကြီးတယ်နော ။ ကောင်းနေတဲ့ လူကို မကောင်းတာ သွားခိုင်းလိုက်ပြန်ရင် လည်း ဘ၀တစ်ခုလုံး အပြောင်းအလဲ ဖြစ်သွားနိုင်တယ် “
” ဘယ်လို ကောင်းနေတဲ့ လူကို မကောင်းတာ ခိုင်းတာလဲ ဆရာ”
” ကျွန်တော်တို့ ရပ်ကွက်နဲ့ မနီးမဝေး ရပ်ကွက်တစ်ခုမှာ အမျိုးသမီးတစ်ယောက် ကို အဲသလို အစီအရင်မျိုး လုပ်ခိုင်းလို့ ဒုက္ခရောက်သွားတာ သိပ်တောင် မကြာသေးဘူး . . . ပူပူနွေးနွေးကြီး ။ ပြောပြဦးမယ် . . ဂျုံကို အဲဒီအမျိုးသမီးရဲ့ ပုံစံတူ အရုပ်လုပ် ၊ အဲဒီ အမျိုးသမီးရဲ့ လက်သည်း ခြေသည်း ဆံပင်တွေကို နေရာတကျ ထည့် ၊ ပြီးတော့ သူ့ ရဲ့  ဘုမ္မိ ကျတဲ့အရပ်မှာ သွားမြှုပ်ခိုင်းတယ် ။ ဘေးက လူတွေကို ငိုခိုင်း သတဲ့ “
” ဟာ တကယ့်ကို အနိဋ္ဌ ပဲ”
” ဟို အမျိုးသမီး ခမျာ သူ့ အိမ်နောက်ဖေးအဆင့် ကျိုးကျပြီး ခြေကလန့် သလို ဖြစ်သွားလို့  ခြေကျိုးပြီး ဆေးရုံရောက်သွားတယ် “
” တော်တော်ဆိုးတဲ့ လူတွေပဲ “
” မီးဖိုချောင် ဖြစ်စေ ၊ ရေကပြင် ဖြစ်စေ နဂိုမူလ ကတည်းက ဆွေးရင်လည်း ဆွေးနေပါလိမ့်မယ်။ နွမ်းပါးတဲ့ အုပ်စုမှာ ပါတော့ မကြာခဏလည်း မပြင်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် တစ်နေရာတည်း ကွက်ပြီး သံပြုတ်တာတို့ သစ်သား ဆွေးတာတို့ ၊ ကျိုးနေတာတို့ ဖြစ်ချင်လည်း ဖြစ်နေမယ် ။ ဒါပေမယ့် အဲဒီလို အနိဋ္ဌ ယတြာလုပ်ပြီးမှ ဘာလို့ အဲဒီ အမျိုးသမီး ခြေလွတ် လက်လွတ် ပြုတ်ကျရသလဲ ။ ဘာလို့  ဆေးရုံရောက်သွားရသလဲ ။ ဒါ တွေးတောရတော့မယ့် အပိုင်း ရောက်လာပြီ “
” ဟုတ်ကဲ့ သူက ဘာလို့ အဲဒီ အနိဋ္ဌ ယတြာကို ချေရတာတဲ့လဲ ဆရာ”
” သူ သွားတဲ့လူဆီကို သွားတုန်းကတော့ ထီပေါက်ချင်လို့  ငွေကံတွေ ပွင့်ချင်လို့ တဲ့ဗျာ “
” ဟင် ၊ အဲဒီ အနိဋ္ဌ ယတြာနဲ့ ဘာဆိုင်လဲ “
” သြော် . . .ဦးသန်းထွန်းအောင်နှယ် . . သိတယ်မို့ လား . ကောင်းနေတာကို မကောင်းပြောမယ်။ မကောင်းပြောပြီးရင် လန့် သွားမှ ခိုင်းစရာရှိတာ ခိုင်းမယ် “
” သြော် သိပြီ သိပြီ ။ သဘောပေါက်သွားပြီ ဆရာ”
” အဲဒီလို လူမျိုးတွေနဲ့ တွေ့ လိုက်လို့ ကတော့ သွားပြီ။ အားကိုးတကြီးနဲ့ သွားတဲ့  ကာယကံရှင်ခမျာ အကုသိုလ် အလုံးအရင်း ကို ငွေနဲ့ ဝယ်ယူလိုက်ရသလိုပဲ ဖြစ်တော့မယ် သာမှတ် “
” ထီပေါက်ချင်တာနဲ့ ပဲ ပြေးရတယ်လို့ ”
” လူတွေကလည်း ဗျာ ၊ သိတယ်မို့ လား ။ ထွက်ပေါက်ပေါ့ဗျာ ။ ထီလေးများ ပေါက်မလား ဆိုပြီး အားကိုး တစ်ကြီးနဲ့ ပြေး ၊ ဟိုရောက်တော့ … အင်း .. .အကုသိုလ်တွေ များနေတယ် ။ အဲဒီ အကုသိုလ်တွေ များနေလို့ ငွေကံတွေ မ၀င်နိုင်ဘဲ ပိတ်ဆို့ နေရတာ ၊ အဲဒီ အကုသိုလ်တွေကို အရင် ရှင်းပစ်ရမယ် ။ ဘာညာဆိုပြီး ပြောရောဆိုပါတော့ ။ ကာယကံရှင်ကလည်း ထီက သိပ်ပေါက်ချင်တာကိုး ။ ထီသာ ကျိန်းသေ ပေါက်မယ်ဆိုလို့ ကတော့ အကုသိုလ် ရှင်းပစ်ရုံတင်မကဘူး ။ သူ့ တစ်ကိုယ်လုံးပေါ်ပဲ တံမြက်စည်းပဲ လှည်းရ လှည်းရ ၊ ငြိမ်ခံနေမယ့် သဘော ရှိတယ် ။
ဒါမျိုးတွေပေါ့ ဦးသန်းထွန်းအောင်ရယ် ဣဋ္ဌနှစ်မှာ အနိဋ္ဌ လုပ်လိုက်မိရက်သား ဖြစ်သွားလေတော့ သွားတော့တာပေါ့ ။ ဒါဟာ နံတူကို စိရင်တိုင်း ကောင်းလား မကောင်းလား ဆိုတာကို ချင့်ချင့်ချိန်ချိန် သိနိုင်အောင်လို့ ပြောပြတာ ။ ဒါကြောင့်မို့  လူတစ်ယောက်ဟာ အခက်အခဲဖြစ်နေရင် ဒုက္ခရောက်နေရင် သူ့ ရဲ့  နံတူကို ဘယ်လို လုပ်မှာလဲ ။ ဘာလုပ်မှာလဲ ။ စွန့် ထုတ်မှာလား ။ တင်လှူမှာလား ။ အနိဋ္ဌ လုပ်မှာလား ၊ ဣဋ္ဌ လုပ်မှာလား သိပ်အရေးကြီးတယ် ။ ခု ပြောခဲ့တာကို လေ့လာကြည့် ။ ကောင်းနေတဲ့သူကို မကောင်းတာ သွားခိုင်းလိုက်လို့ ကတော့ ထိပြီသာမှတ် ။ “
” ဟုတ်တယ်ဆရာ ဟုတ်တယ် ။ လူအတော်များများ လုပ်တတ်ကြတယ် “
” လုပ်တာပေါ့ ၊ သင်္ချိုင်းကုန်းမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ၊ ဘုမ္မိအရပ်ဆိုတဲ့ နေရာမှာ နံတူလုပ်ပြီး သွားမြှုပ်တာတွေ အများကြီးပဲ ။ အဲဒီ အနိဋ္ဌ အလုပ်တွေကတော့ ကောင်းသွားတာတို့ ဘာတို့ သိပ်မကြားမိဘူး ။
ကျွန်တော် သိသလောက် ကျွန်တော့် ဥာဏ်လေးနဲ့ ပြောရရင်တော့ ဒီလို ငိုယိုပြီး သင်္ချိုင်းတို့ ၊ ဘုမ္မိတို့ မှာ သွားမြှုပ်ခိုင်းတဲ့ လုပ်ရပ်တွေဟာ ကောင်းပါ့မလားလို့ ။ ဘာလို့ လဲဆိုောတ့ ပလောင်သားကျူး တို့ ဘာတို့ မှာ ငိုယိုပြီး စီရင်ရတာတွေ ပါတယ်လေ။ ဒါတွေကျတော့ အကောင်းစီရင်တဲ့ အတတ်တွေမှ မဟုတ်ဘဲ “
” ဟုတ်ကဲ့ပါ ဆရာ ၊ တော်တော်ဆိုးတယ် ။ တော်တော်ကြမ်းတယ်လို့ ကြားဖူးပါတယ် ။ အဲဒီ ပလောင်သားကျူး”
” အဲဒါတွေလည်း နံတူနဲ့ စီရင်ထည့်လိုက်တာတွေပဲ ဦးသန်းထွန်းအောင် ရဲ့  ။ သူက ငိုယိုပြီး ဂါထာရွတ်တာပဲ ကွာတယ်။ ဒါကြောင့် လွယ်လွယ်ပြောလို့ ရပေယ့် တော်တော်ကြီး သတိထားရမယ့် ပညာ ခန်း ဟာ ‘ဓာတ်တူ နံတူ’ ဆိုတဲ့ ပညာခန်း လို့ ကျွန်တော် ပြောပြောနေတာပေါ့ “
ပြောတော့သာ လွယ်တာ ‘ ဓာတ်တူ နံတူ ဆေးဖက်ယူ နံတူသတ်က အသေရ ‘ ဆိုပြီးတော့သာ ပြောနေလို့ လွယ်လွယ် သိကြရတာ ၊ ဘယ်ဓာတ်နဲ့ ဘယ်ဓာတ်က တူလို့ ဓာတ်တူတာ ၊ ဘယ်နံ နဲ့ ဘယ်နံ နဲ့ တူလို့ နံတူတာ ဆိုတာကတော့ နည်းနည်း နက်သွားပြီး ဦးသန်းထွန်းအောင် “
“ဟုတ်ကဲ့ “
” ပညာကတော့ သူ့ ဟာသူ ရှိနေတဲ့ ပညာပေါ့ ဦးသန်းထွန်းအောင်ရယ် ။ ဒီပညာနဲ့  မဟုတ်တာလုပ်ရင်တော့ မဟုတ်တာဘဲ ဖြစ်သွားမှာပေါ့ ။ ဟုတ်တာလုပ်ရင် ဟုတ်တာဖြစ်မှာပေါ့ ။
ဆရာ ဦးမောင်မောင်သန်း (ရင်ကို အေးမြစေသား)
လက်တွေ့ အင်္ဂ၀ိဇ္ဖာ မှ ကောက်နှုတ်ချက်များ
အောင်ခြင်းရှစ်ပါးဂါထာ
ရေးသားသူ Unknown
အချိန် 10:22 PM
with No comments
အောင်ခြင်း ရှစ်ပါး ဂါထာတော်
မာရာဠာဝက နာလာဂိံ ၊
အင်္ဂုလိံ စဉ္စ သစ္စကံ ။
နန္ဒော ပနန္ဒ ဗြဟ္မဉ္စ ၊
ဇေယျော ဟောတု တတောပရံ ။
ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ၊
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊
အာယုဒီဃံ သုခံ ဘဝေ ။
ဂါထာတော် အနက်
လောကဂ္ဂေါ - လောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ။ မာရာဠာဝက နာလာဂိံ - လက်ရုံးတစ်ထောင် ကြံဆောင်ဖန်ဆင်း မာရ်နတ်မင်းနှင့် ကိုယ်တွင်းခက်ထန် မျက်ရည်ကြီးလှ အာဠာဝက နာလသွင်ဆန်း ဆင်ကြမ်းကြီးကို လည်းကောင်း ၊ အင်္ဂုလိံ - အင်္ဂုလိမာလ နာမ ထင်ရှား ဟိံသက ခိုးသားကိုလည်းကောင်း ၊ စိဉ္စသစ္စကံ - ပရိသတ်အလယ် စွပ်စွဲမည်ဟု ကြံရွယ်ပြီးလာ စိဉ္စမာနှင့် ၊ ၀ါဒါဝါဒ ပြိုင်လိုလှသော ကုဋန္တအမိုက် သစ္စက ပရိဗိုဇ်ကို လည်းကောင်း ၊ နန္ဒောပနန္ဒဗြဟ္မဉ္စ - တန်ခိုး အနန္တကြီးမားလှသော နန္ဒောပနန္ဒ နာမ ထင်ရှား မြွေနဂါးနှင့် ဖောက်ပြားမိစ္ဆာဣဒ္ဓိမာဖြင့် လွန်စွာပွင့်လင်း ဗကဗြဟ္မာမင်းကို လည်းကောင်း ၊ ဇေယျော - ဒေသနာ အမြိုက်ဆေး တိုက်ကျွေး၍ ယဉ်ကျေးသမူ အောင်ပွဲယူတော်မူပေ၏ ။
တထောတထာ - အောင်ပွဲယူငြား မြတ်ဘုရားနှင့် မခြားတမူ အလားတူစွာ ၊ ပရံ - မိမိကြဉ်ထား သူတစ်ပါးကို ၊ ( ၀ါ ) အပ ဖြစ်လာ များစွာသောင်းသောင်း ဘေးရန်အပေါင်းကို ၊ ဇေယျော - မိမိထံမှောက် မကပ်မရောက်အောင် ၊ ပြီးမြောက်အောင်မြင်ရခြင်းသည် ၊ ဟောတု - မြတ်စွာဘုရား၏ တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေသတည်း ။
ဗုဒ္ဓေါ - သစ္စာသိမြင် ဘုရားရှင်သည် ၊ နိစ္စံ - ရှည်ကြာမစဲ အမြဲသာလျှင် ၊ မေ - မြတ်စွာဘုရား၏ တပည့်သား ဖြစ်သော အကျွန်ုပ်အား ၊ ရက္ခတု - ဘေးရန်ခပ်သိမ်း ကင်းလွန်ငြိမ်းအောင် စောင့်ထိန်းတော်မူပါစေ သတည်း ။
ဓမ္မော - မြတ်စွာဘုရား ဟောကြား မြွက်ဖော် ဆယ်ပါးသော တရားတော်မြတ်သည် ၊ မေ - တရားဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ သဒါ - အခါခပ်သိမ်း နေ့ညဥ့်မကွာ ၊ ရက္ခတု - အမြဲမသွေ စောင့်ရှောက်ပါစေသတည်း ။
သံဃော - သမုတိပရမတ် နှစ်ရပ်သော သံဃာတော်မြတ် အပေါင်းသည် ၊ မေ - သံဃာ့ဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ ဒိနေ - နေ့တိုင်း နေ့တိုင်း ၊ ရက္ခတု - ကောင်းစွာ နိစ္စ ကောင်းကျိုးရအောင် စောင်မတော်မူပါစေ သတည်း ။
မေ - ရတနာသုံးစုံ တန်ခိုးဂုဏ်ကို ခိုလှုံကိုးစား အကျွန်ုပ်အား ၊ အာယုဒီဃံ - ဘေးတကာ ရန်ကင်း၍ အသက်တစ်ရာ့နှစ်ဆယ်သာအောင် ရှည်ကြာခြင်းသည် လည်းကောင်း ၊ သုခံ - ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းသည် လည်းကောင်း ၊ ဘဝေ - ရတနာသုံးပါး တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေ သတည်း ။
ဂါထာတော် အညွှန်း
ဖော်ပြပါ အောင်ခြင်းရှစ်ပါး ဂါထာတော်သည် ဘေးရန်အန္တရာယ်အပေါင်း အထူးအောင်နိုင်သည့် တန်ခိုးထက်မြက်သော ဂါထာတော် ဖြစ်ပါသည် ။
ဇယမင်္ဂလာဂါထာတော်
ရေးသားသူ Unknown
အချိန် 10:18 PM
with No comments
ဇယမင်္ဂလာ အောင်ဂါထာ
ဇယစက္ကော ဇယန္တောယော ၊ ဇယိ တဗ္ဗေ ဇယာသနေ ။
ဇယာပေသိ ဇယေသိနံ ၊ ဇယံ ဒေတု ဇယုတ္တယော ။
ဂါထာ အနက်
ယော ဇယစက္ကော - ပါရမီတော် ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ ဇယာသနေ - အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌ ၊ ဇယိတဗ္ဗေ - အောင်အပ်သည့် တရား မာရ်ငါးပါး အပေါင်းတို့ကို ၊ ဇယန္တော - အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ ၊ ဇယေသိနံ - မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား ၊ ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ ။ ဇယုတ္တယော - အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင် မြတ်သရဖူ သယမ္ဘူ မကိုဋ်ထီးကို အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော ၊ သော ဇယ စက္ကော - အလုံးစုံ အောင်မင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ချူရန် တက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား ၊ ဇယံ - အောင်ခြင်းကို ( ၀ါ ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို ၊ ဒေတု - ပေးသနားတော်မူပါ အရှင်ဘုရား ။
မှတ်ချက် ။ ။ ဤ ဂါထာကို အောင်ရှစ်ချက် သစ္စာပန္နက်ဂါထာတော် ဟု ခေါ်ပါသည် ။ အောင်ပွဲအဆင့်ဆင့် ခံတော်မူခဲ့သော အောင်ပွဲများ ပိုင်ရှင် မြတ်စွာဘုရားက အောင်မြင် ချမ်းသာချင်သူတို့အား အလိုရှိသလို အောင်မြင်စေရန် နည်းပေး ညွှန်ပြတော်မူသည်။ ထိုအချက်ကို ဖော်ကျူးခြင်းသည် သစ္စာစကားပင် ဖြစ်၏ ။ ဤ ဂါထာကို ရွတ်ဆိုခြင်းသည်ပင်လျှင် သစ္စာဆိုခြင်း မည်တော့သည် ။
လိုရာပြည့်စုံသောဂါထာ
ရေးသားသူ Unknown
အချိန် 10:09 PM
with No comments
ဣစ ၦိတာ ဣစ ၦိတံ နာထံ ၊ ဣဒၶိတေတၳဟိ သေ၀ီဟံ ၊
ဣဒ္ဓိ တတ္ထာယ ၀န္ဒာမိ ၊ ဣဒ္ဓိ တတ္ထံ ဒဒါတု မေ ။
အဆင့်မြင့် ရွတ်ဖွယ်
" နမော ဗုဒ္ဓဿ " အဂ္ဂေါဟမသ္မိ လောကဿ ၊
ဇေဋ္ဌောဟမသ္မိ လောကဿ ၊
သေဋ္ဌောဟမသ္မိ လောကဿ ၊
အယမႏၲိမာဇာတိ ၊ နတၳိဒါနိ ပုနဗ ၻေ၀ါတိ ။
ဤလောကတွင် ငါသည်သာ အမြတ်ဆုံး ၊ ဤလောကတွင် ငါသည်သာ အကြီးဆုံး ၊ ဤလောကတွင် ငါသည်သာ အချီးမွမ်းထိုက်ဆုံး ဟူ၍ စိတ်တွင် ယုံမှတ်၍ စိတ်ချစွာ အခိုင်အမာ ရွတ်ဆိုပါ ။ အာရုံတွင် ဤအနက်ကို သိရှိထားပြီး အထက်ပါ ရွတ်ဖွယ်ကို စကားပြောဟောပွဲများ ၊ ဌာနဆိုင်ရာ ကိစ္စ၀ိစ္စများ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် အမှုအခင်း စကားစစ်ခင်းရာ အပြိုင်အဆိုင် ကိစ္စခပ်သိမ်း စိတ်နှင့် ရွတ်ဆို၍ ပြိုင်ဆိုင်ပါ ။ အောင်မြင်မည် ။ အနိုင်ရမည် ။ တစ်ပန်းသာမည် ။ အခြေသာမည် ။ အနေသာမည် ။ အဆင့်မြင့်မည်တည်း ။
စာမျက်နှာ - ၃၃၂
အစွမ်းထက်မြက်သည့် ဂါထာမန္တန်ပေါင်းချုပ်
မရှိစကားမကြားရသောဂါထာ
ရေးသားသူ Unknown
အချိန် 10:04 PM
with No comments
မရှိဟူသော စကား ပေးပါ ဟူသော စကား
မပြောဆို မကြားလိုသော ဂါထာ
“နတ္ထီတိ ၀စနံ ဒုက္ခံ ၊
ဒေဟီတိ ၀စနံ တထာ
တသ္မာ နတ္ထီတိ ၊ ဒေဟီတိ
မာမေ ဟောတု ဘ၀ါ ဘဝေ ”
နတ္ထီတိ ၀စနံ - မရှိဟူ၍ ပြောဆိုရခြင်းသည် ၊ ဒုက္ခံ - ဆင်းရဲ၏ ။ ဒေဟီတိ ၀စနံ - ပေးပါ ဟူ၍ ပြောဆိုရခြင်းသည်လည်း ၊
တထာ - ထို့တူ ၊ ဒုက္ခံ - ဆင်းရဲ၏ ။ တသ္မာ - ထို့ကြောင့် ၊ နတ္ထီတိ - မရှိဟူ၍ ပြောဆိုရခြင်းသည်လည်းကောင်း ၊ မေ - ငါ့အား ၊
ဘ၀ါဘဝေ - ဘ၀ကြီးငယ်တိုင်း၌ ၊ မာ ဟောတု - မဖြစ်ပါစေသတည်း ။
“ မရှိပါဟု ပြောဆိုရသော စကားသည် ဆင်းရဲလှပေ၏ ။ ( ဒုက္ခ တစ်ပါးပါပဲ ) ”
“ ပေးပါဟု ပြောရသော စကားသည်လည်း ထိုနည်းတူ ( ဆင်းရဲပါပေ၏ ။ ) ”
ထို့ကြောင့် မရှိဟူသော စကား ၊ ပေးပါ ဟူသော စကားကို ဘ၀တိုင်း ဘ၀တိုင်း မပြောရပါစေနှင့် ...
( နေ့စဉ် ဂါထာ အရေအတွက်ကို မိမိ၏ အသက်စေ့ ရွတ်ပွားပါ ။ အချိန်ရလျှင် ပုတီးပတ် သက်စေ့ စိပ်ပါ ။
ကောင်းကျိုး ထူးပါလိမ့်မည် ။ ထို ဂါထာ စာသားလေးကိုပင် အဆောင်တစ်ခုအဖြစ် ဆောင်ထားနိုင်ပါသေးသည် ။ )
သက်နှင်းဆွေ ( ပုပ္ပါး )
နေလ ဂမ္ဘီရဂျာနယ် အမှတ် - ၄၇၅ မှ ကူးယူဖော်ပြပါသည် ။
မပြောဆို မကြားလိုသော ဂါထာ
“နတ္ထီတိ ၀စနံ ဒုက္ခံ ၊
ဒေဟီတိ ၀စနံ တထာ
တသ္မာ နတ္ထီတိ ၊ ဒေဟီတိ
မာမေ ဟောတု ဘ၀ါ ဘဝေ ”
နတ္ထီတိ ၀စနံ - မရှိဟူ၍ ပြောဆိုရခြင်းသည် ၊ ဒုက္ခံ - ဆင်းရဲ၏ ။ ဒေဟီတိ ၀စနံ - ပေးပါ ဟူ၍ ပြောဆိုရခြင်းသည်လည်း ၊
တထာ - ထို့တူ ၊ ဒုက္ခံ - ဆင်းရဲ၏ ။ တသ္မာ - ထို့ကြောင့် ၊ နတ္ထီတိ - မရှိဟူ၍ ပြောဆိုရခြင်းသည်လည်းကောင်း ၊ မေ - ငါ့အား ၊
ဘ၀ါဘဝေ - ဘ၀ကြီးငယ်တိုင်း၌ ၊ မာ ဟောတု - မဖြစ်ပါစေသတည်း ။
“ မရှိပါဟု ပြောဆိုရသော စကားသည် ဆင်းရဲလှပေ၏ ။ ( ဒုက္ခ တစ်ပါးပါပဲ ) ”
“ ပေးပါဟု ပြောရသော စကားသည်လည်း ထိုနည်းတူ ( ဆင်းရဲပါပေ၏ ။ ) ”
ထို့ကြောင့် မရှိဟူသော စကား ၊ ပေးပါ ဟူသော စကားကို ဘ၀တိုင်း ဘ၀တိုင်း မပြောရပါစေနှင့် ...
( နေ့စဉ် ဂါထာ အရေအတွက်ကို မိမိ၏ အသက်စေ့ ရွတ်ပွားပါ ။ အချိန်ရလျှင် ပုတီးပတ် သက်စေ့ စိပ်ပါ ။
ကောင်းကျိုး ထူးပါလိမ့်မည် ။ ထို ဂါထာ စာသားလေးကိုပင် အဆောင်တစ်ခုအဖြစ် ဆောင်ထားနိုင်ပါသေးသည် ။ )
သက်နှင်းဆွေ ( ပုပ္ပါး )
နေလ ဂမ္ဘီရဂျာနယ် အမှတ် - ၄၇၅ မှ ကူးယူဖော်ပြပါသည် ။
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော်
ရေးသားသူ Unknown
အချိန် 10:02 PM
with No comments
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော်
အဓိဋ္ဌာန်ကို မည်သည့်နေ့တွင်မဆို စတင် ၀င်ရောက်နိုင်ပါသည် ။ နံနက် ( ၉ )
နာရီမှ ( ၁၁ )နာရီအတွင်း
အဓိဋ္ဌာန် ဆောင်ရွက်ရပါမည် ။ အဓိဋ္ဌာန် တစ်ခါ ၀င်လျှင် ( ၉ ) ရက် သတ်မှတ်၍
ပြီးဆုံး အောင်မြင်အောင် ပြုလုပ်ရပါမည် ။
အဓိဋ္ဌာန် မစမီ ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ နံ့သာတိုင် ၊ အလင်းတိုင်
တို့ကို မိမိ စိတ်တွင် ကြည်ညိုသလို လှူဒါန်းနိုင်ပါသည် ။
ထို့နောက် ဩကာသ ကန်တော့ချိုးဖြင့် ငါးပါးသီလ ခံယူဆောက်တည်ပါ ။ ဤ
ငါးပါးသီလကို တစ်နေကုန် စောင့်ထိန်းရမည် မဟုတ်ပါ ။
အဓိဋ္ဌာန် ကျင့်စဉ်တော်ဖြင့် ပူဇော်ဆဲ တစ်ထိုင် အချိန်အတွင်းမျှသာ ဖြစ်ပါသည် ။
ပထမ ဦးဆုံး “ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ” သုံးကြိမ်
ရွတ်ပွားပါ ။
မေတ္တသုတ်တော်
၄၆ ။ ယဿာ နုဘာဝတော ယက္ခာ ၊
နေ၀ ဒေဿန္တိ ဘီသနံ ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော ၊ ရတ္တိန္ဒိဝ မတန္ဒိတော ။
၄၇ ။ သုခံ သုပတိ သုတ္တောစ ၊ ပါပံ ကိဉ္စိ န ပဿတိ ။
ဧ၀မာ ဒိဂုဏူပေတံ ၊ ပရိတ္တံ တံ ဘဏာမ ဟေ ။
၄၈ ။ ကရဏီယ မတ္ထကုသလေန ၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ ။
သက္ကော ဥဇူ စ သုဟုဇူ စ ၊
သုဝစော စဿ မုဒု အနတိမာနီ ။
၄၉ ။ သန္တုဿကော စ သုဘရော စ ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ ။
သန္တိန္ဒြိယော စ နိပကောစ ၊
အပ္ပဂဗ္ဘော ကုလေသွ ' နနုဂိဒ္ဓေါ ။
၅၀ ။ န စ ခုဒ္ဒ , မာစရေ ကိဉ္စိ ၊
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ ။
သုခိနောဝ ခေမိနော ဟောန္တု ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ ။
၅၁ ။ ယေ ကေစိ ပါဏဘူတတ္ထိ ၊
တသာ ၀ါ ထာဝရာ ၀ ' န၀သေသာ ။
ဒီဃာ ၀ါ ယေ ၀ မဟန္တာ ။
မဇ္ဈိမာ ရဿကာ အဏုကထူလာ ။
၅၂ ။ ဒိဋ္ဌာဝါ ယေ ၀ အဒိဋ္ဌာ ၊
ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ ။
ဘူတာ ၀ သမ္ဘဝေသီ ၀ ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ ။
၅၃ ။ န ပရော ပရံ နိကုဗ္ဘေထ ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ ။
ဗျာရောသနာ ပဋိဃသည ၊
နာညမညဿ ဒုက္ခမိစ္ဆေယျ ။
၅၄ ။ မာတာ ယထာ နိယံ ပုတ္တ -
မာယုသာ ဧကပုတ္တမနုရက္ခေ ။
ဧ၀မ္ပိ သဗ္ဗဘူတေသု ၊
မာနသံ ဘာဝယေ အပရိမာဏံ ။
၅၅ ။ မေတ္တဉ္စ သဗ္ဗလောက သ္မိ ၊
မာနသံ ဘာဝယေ အပရိမာဏံ ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ ၊
အသမ္ဗာဓံ အဝေရ ' မသပတ္တံ ။
၅၆ ။ တိဋ္ဌံ စရံ နိသိန္နော ၀ ၊
သယာနော ယာဝတာ'ဿ ၀ိတမိဒ္ဓေါ ။
ဧတံ သတႎ အဓိေ႒ယ် ၊
ဗြဟ္မ ' မေတံ ၀ိဟာရ ' မိဓ မာဟု ။
၅၇ ။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ ၊
သီလ၀ါ ဒဿနေန သမ္ပန္နော ။
ကာမေသု ၀ိနေယျ ဂေဓံ ၊
န ဟိ ဇာတု ' ဂ္ဂ ဗ္ဘသေယျ ပုန ရေတိ ။
မေတ္တ သုတ္တံ နိဋ္ဌိတံ ။ ။
ပြီးလျှင် အရှေ့အရပ်သို့ စကြ၀ဠာ အဆုံးတိုင် အာရုံညွှတ်၍ မေတ္တသုတ်တော်ကို
ရွတ်ပွားပါ ။ ပြီးလျှင် “ အရှေ့အရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊
အနန္တသတ္တ၀ါတို့သည်
မေတ္တသုတ်တော်၏ ဂုဏ်တန်ခိုးကြောင့် ဆင်းရဲခပ်သိမ်း ၊ ဘေးရန်ခပ်သိမ်း ၊
ဒုက္ခခပ်သိမ်း ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍
ချမ်းသာကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် အနောက်အရပ် ၊ တောင်အရပ် ၊ မြောက်အရပ် ၊ အရှေ့မြောက်အရပ် ၊
အနောက်တောင်အရပ် ၊ အရှေ့တောင်အရပ် ၊ အနောက်မြောက်အရပ် ၊
အထက်အရပ် ၊ အောက်အရပ် တို့သို့ အစဉ်အတိုင်း အရပ်မျက်နှာများသို့ အာရုံညွှတ်၍
မေတ္တသုတ်တော်ကို ရွတ်ပွား ပူဇော်၍ ထိုနည်းတူ ဆုတောင်းပါ ။
ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်
ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော ၊ အနန္တရပစ္စယော ၊
သမနန္တရပစ္စယော ၊ သဟဇာတပစ္စယော ၊ အညမညပစ္စယော ၊ နိဿယပစ္စယော ၊
ဥပနိဿယပစ္စယော ၊ ပုရေဇာတပစ္စယော ၊ ပစ္ဆာဇာတပစ္စယော ၊ အာသေ၀နပစ္စယော ၊
ကမ္မပစ္စယော ၊ ၀ိပါကပစ္စယော ၊ အာဟာရပစ္စယော ၊ ဣန္ဒြိယပစ္စယော ၊
ဈာနပစ္စယော ၊ မဂ္ဂပစ္စယော ၊ သမ္ပယုတ္တပစ္စယော ၊ ၀ိပ္ပယုတ္တပစ္စယော ၊
အတ္ထိပစ္စယော ၊ နတ္ထိပစ္စယော ၊ ၀ိဂတပစ္စယော ၊ အ၀ိဂတပစ္စယော တိ ။
အထက်ပါ အတိုင်းပင် အရပ်ဆယ်မျက်နှာသို့ တစ်လှည့်စီ ပဋ္ဌာန်းပါဠိတော်
ပစ္စယုဒ္ဒေသကို ရွတ်ပွားပူဇော်ပါ ။ ပြီးလျှင် “ ထိုအရပ်၌ ရှိကြကုန်သော
အနန္တစကြ၀ဠာ ၊
အနန္တသတ္တ၀ါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်
လောကုတ္တရာ အမှောင်များ ဖြစ်သော အ၀ိဇ္ဇာကင်းပျောက်၍ သစ္စာလေးပါး
တရားတော်များကို
သိရှိ၍ ဒါန ၊ သီလ ၊ ဘာဝနာ ၊ ကုသိုလ် တရားများကို ပွားများ
အားထုတ်နိုင်ကြပြီး လောဘ ၊ ဒေါသ ၊ မောဟ ဟူသည့် အကုသိုလ် တရားများ ကင်းဝေးကာ
လောကုတ္တရာအလင်းသို့
ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် “ ထို အရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တ၀ါတို့သည်
ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကီအမှောင်များ
ဖြစ်သော စားဝတ်နေရေး ခက်ခဲ ကျပ်တည်းခြင်း ၊ ရာထူးဌာနန္တရ ၊ စည်းစိမ် ဥစ္စာ ၊
အလုပ်အကိုင် လျှောကျပျက်စီးခြင်း ၊ ကျန်းမာရေး ချို့ယွင်းခြင်း ၊ အနာဒဏ်ရာ
စွဲကပ်ကျရောက်ခြင်း ၊ အမှုအခင်း ရင်ဆိုင် ကြုံတွေ့ရခြင်း ၊ ဘေးရန်အန္တရာယ်
ကြုံတွေ့ရခြင်း ၊ မလိုမုန်းထားသူ ရှိခြင်း ၊ ပူပင် သောက ကြုံတွေ့ရခြင်း
စသော အမှောင်တို့ ကင်းပျောက်၍ အလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း
ထို့အတူ ဖြစ်ရပါစေ ။ ” ဟု ဆုတောင်းပါ ။
သမ္ဗုဒ္ဓေဂါထာတော်
သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ ။
ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ ။
အပ္ပကာ ၀ါလုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ ။
နမက္ကရာနုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။
အနေက အန္တရာယာပိ ၊ ၀ိနဿန္တု အသေသတော ။
ထို့နောက် သမ္ဗုဒ္ဓေဂါထာတော်ကို အထက်ပါအတိုင်း အရပ်မျက်နှာ အစဉ်လိုက်
ရွတ်ပွားပူဇော်ရပါမည် ။ အရပ်မျက်နှာ တစ်ခု ရွတ်ပွားပြီးတိုင်း “
ထိုအရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့သည် ဂင်္ဂါဝါလု သဲစုမက
ပွင့်တော်မူပြီးကုန်သော ဘုရား အဆူဆူတို့၏ ဂုဏ်တော် ၊ မေတ္တာတော် ၊ ကရုဏာတော်
၊ ပါရမီတော်တို့ကြောင့် ဒုက္ခဆင်းရဲခြင်း အပေါင်း ကင်းဝေး၍
ကောင်းကျိုးလိုရာဆန္ဒ ဟူသရွေ့ ပြည့်စုံ ၊ ပြည့်ဝကြပါစေ ။ တပည့်တော်လည်း
ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် တပည့်တော်သည် မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေ ကျင့်စဉ်တော်ကို
အဓိဋ္ဌာန် ထားရှိသည့်အတိုင်း မပျက်မကွက် ပူဇော်ပြီးမြောက်ခဲ့ပါပြီ ။
ဤကောင်းမှု ဤကုသိုလ်တို့၏ အဖို့ဘာဂကို ( ၃၁ ) ဘုံသား အားလုံးတို့သည်
တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရရှိကြစေရန် အမျှပေးဝေပါသည် ။ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့ ဟု အမျှပေးဝေ၍ သာဓု ခေါ်ဆိုပါ ။
ဤ ကျင့်စဉ်တော်သည် ထူးခြားလှသော ကျင့်စဉ်တော် ဖြစ်၏ ။ အဓိဋ္ဌာန် တစ်ကြိမ်
( ၉ ) ရက်ပြီးမြောက်လျှင် စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊
အလုပ်အကိုင် ၊ လာဘ်လာဘတို့ သိသာစွာ ထူးခြားလာပါလိမ့်မည် ။
ကျင့်စဉ်တော် အဓိဋ္ဌာန်ဝင် ပူဇော်သူများထံမှလည်း သိသာထူးခြားသော
ကောင်းကျိုးများ လက်ငင်း ခံစားရကြောင်း သတင်းကောင်းများ ပြန်လည်
ကြားသိနေရလျက် ရှိပါသည် ။
ထို့ကြောင့် ဤကျင့်စဉ်တော်ကို အဓိဋ္ဌာန်တစ်ကြိမ်မျှကိုတော့
ဝင်ရောက်ကြည့်ကြစေရန် မေတ္တာစေတနာဖြင့် တိုက်တွန်းအပ်ပါသည် ။
ဘိုဘို ( ရွှေကံကူ ) စာမျက်နှာ -
၈၂
မေလ ၂၀၁၂ သူရဇ္ဇမဂ္ဂဇင်း မှ
ကူးယူဖော်ပြပေးပါသည် ။
သံဗုဒ္ဓေဂါထာ
ရေးသားသူ Unknown
အချိန် 9:46 PM
with No comments
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
၊တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
၊တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။
ငွေဝင်ဂါထာ
ရေးသားသူ Unknown
အချိန် 9:42 PM
with No comments
ကျနော်တော်လို့ ဗုဒ္ဒဘာသာဝင်တိုင်း သိဖူးဖတ်ဖူးကြမှာပါ။ ဒီဂါထာလေးကို
မဖတ်ခင် တစ်ခုတော့ တိုက်တွန်းချင်ပါတယ်။ တကယ်ပဲ လိုချင်တယ်ဆိုရင်တော့
ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်စေချင်ပါတယ်။ ဒါမှလည်း အကျိုးသက်ရောက်မှုရှိမှာ
ဖြစ်လို့ပါ။နောက်ပြီး ကိုယ်ရွတ်ဖတ်ပူဇော်နေတဲ့ ပါဠိစာသားကို
နားမလည်လို့ရှိရင်လဲ အကျိုးသက်ရောက်မှုက သိပ်အရာမမြောက်ပါဘူး။
အနက်အဓိပါယ်လိုရင်းကိုလည်း သိဖို့လိုအပ်ပါတယ်။
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဒေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဖ မဟော ရတ္တိံ၊ဗုဒ္ဒေါ တပတိ တေဇသာ။
မြန်မာပြန်လေးကတော့….
ရောင်ခြည်တစ်ထောင် အလင်းဆောင်သော ရှင်နေမင်းသည် နေ့အခါ၌သာလျှင် ထွန်းလင်းတောက်ပနိုင်ပေ၏။
ငွေစန္ဒာလမင်းကြီးသည်လည်း ညည့်အခါ၌ သာလျှင် လင်းလက်တောက်ပမှုကိုပေးနိုင်၏။
လူတို့၏သခင် ပြည့်ရှင်မင်းသည်လည်း မင်းမြောက်တန်ဆာ ၀တ်ဆင်တန်ဆာမှာသာလျှင် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၏။
ရဟန္တာတို့သည်လည်းပဲ ဈာန်သမာပတ်ဝင်စားနေမှသာလျှင် တင့်တယ်ကြည်ညိုဖွယ်ကိုဆောင်၏။
အရာအားလုံးတို့ ကျနော်တို့ မြတ်စွာဘုရားရှင်သည် နေ့ရော ညည့်ပါ အခါခပ်သိမ်း ရောင်ခြည်တော်ခြောက်သွယ် တန်ခိုးငါးမျိုးနှင့် တင့်တယ်ထွန်းလင်းတောက်ပနေတော်မူပေ၏။
ဘာဖြစ်လို့ ငွေဝင်ဂါထာလို့ပြောရသလဲဆိုရင် ရှေ့တုန်းက ဒီဂါထာကို ရွတ်ဆိုနိုင်ခဲ့လို့ ရှင်ဘုရင်က အသပြာငွေတစ်ထောင်ကို ချီးမြောက်ဖူးတဲ့ သက်သေသာဓကရှိပါတယ်။
ရသေ့ကြီးဦးခန္တီဆိုတာကိုလည်းသိကြမှာပါ။မန္တလေးတောင်ပေါ်မှာ သာသနာ့ပြုသွားခဲ့တဲ့ ရသေ့ကြီးပါ။အဲဒီရသေ့ကြီးဟာဆိုရင် တနေ့ကို ဒီဂါထာ နှစ်ဆယ့်နဲ့ခြောက်ခေါက် ရွတ်ဖတ်လေ့ရှိတယ်လို့လည်းသိရပါတယ်။
ဒီဂါထာကိုရွတ်ဖတ်ပြီးချိန်တိုင်းမှာ လှူဒါန်းတဲ့သူတွေအလိုလိုရောက်လာပါတယ်။
ဒါကြောင့်မို့လို့ သူငယ်ချင်းအားလုံး ဒီဂါထာလေးကို
ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပူဇော်နိုင်ကြပါစေလို့….။
မျှော်လင့်စွာနဲ့……
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဒေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဖ မဟော ရတ္တိံ၊ဗုဒ္ဒေါ တပတိ တေဇသာ။
မြန်မာပြန်လေးကတော့….
ရောင်ခြည်တစ်ထောင် အလင်းဆောင်သော ရှင်နေမင်းသည် နေ့အခါ၌သာလျှင် ထွန်းလင်းတောက်ပနိုင်ပေ၏။
ငွေစန္ဒာလမင်းကြီးသည်လည်း ညည့်အခါ၌ သာလျှင် လင်းလက်တောက်ပမှုကိုပေးနိုင်၏။
လူတို့၏သခင် ပြည့်ရှင်မင်းသည်လည်း မင်းမြောက်တန်ဆာ ၀တ်ဆင်တန်ဆာမှာသာလျှင် ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၏။
ရဟန္တာတို့သည်လည်းပဲ ဈာန်သမာပတ်ဝင်စားနေမှသာလျှင် တင့်တယ်ကြည်ညိုဖွယ်ကိုဆောင်၏။
အရာအားလုံးတို့ ကျနော်တို့ မြတ်စွာဘုရားရှင်သည် နေ့ရော ညည့်ပါ အခါခပ်သိမ်း ရောင်ခြည်တော်ခြောက်သွယ် တန်ခိုးငါးမျိုးနှင့် တင့်တယ်ထွန်းလင်းတောက်ပနေတော်မူပေ၏။
ဘာဖြစ်လို့ ငွေဝင်ဂါထာလို့ပြောရသလဲဆိုရင် ရှေ့တုန်းက ဒီဂါထာကို ရွတ်ဆိုနိုင်ခဲ့လို့ ရှင်ဘုရင်က အသပြာငွေတစ်ထောင်ကို ချီးမြောက်ဖူးတဲ့ သက်သေသာဓကရှိပါတယ်။
ရသေ့ကြီးဦးခန္တီဆိုတာကိုလည်းသိကြမှာပါ။မန္တလေးတောင်ပေါ်မှာ သာသနာ့ပြုသွားခဲ့တဲ့ ရသေ့ကြီးပါ။အဲဒီရသေ့ကြီးဟာဆိုရင် တနေ့ကို ဒီဂါထာ နှစ်ဆယ့်နဲ့ခြောက်ခေါက် ရွတ်ဖတ်လေ့ရှိတယ်လို့လည်းသိရပါတယ်။
ဒီဂါထာကိုရွတ်ဖတ်ပြီးချိန်တိုင်းမှာ လှူဒါန်းတဲ့သူတွေအလိုလိုရောက်လာပါတယ်။
ဒါကြောင့်မို့လို့ သူငယ်ချင်းအားလုံး ဒီဂါထာလေးကို
ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပူဇော်နိုင်ကြပါစေလို့….။
မျှော်လင့်စွာနဲ့……



