Blogger Widgets
Home » , , , » အမျိုးသားများအတွက်အသားအရေထိမ်းသိမ်းနည်း

အမျိုးသားများအတွက်အသားအရေထိမ်းသိမ်းနည်း

အမျိုးသားတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းမွန်ပြီး အသားအရေ၊ ဆံကေသာ၊ လက်သည်း
ခြေသည်းတွေ ကြည့်ကောင်းနေစေဖို့ သိထားသင့်တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို ရေးသားလိုက်ရပါ တယ်။




ထိန်းသိမ်းနည်း (၁)

အသားအရေကို ကြေးချွတ်သန့်စင်ပါ


အမျိုးသားတွေအဖို့ တစ်ပတ်မှာအနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကိုကြေးချွတ်သန့်စင်ပေးသင့်ပါတယ်။ တ ကယ်လို့ သင့်အသားအရေက အလွန်အမင်း ကြမ်းတမ်းခြောက်သွေ့ပျက်စီးနေရင် တစ်နေ့တစ်ကြိမ်ကြေး ချွတ်သန့်စင်ပေးပါ။ ကြေးချွတ်ပေးတာကြောင့်အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေ စို
ပြည်လန်းဆန်းစေပါတယ်။ ဒါ့အပြင် အရေပြားပေါ်မှာအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမို
ကောင်းမွန်စေပြီး စိုပြည်တင်းရင်း လှပစေပါတယ်။
ထိန်းသိမ်းနည်း (၂)

အစိုဓာတ်ထိန်းရာတွင် လက်သည်း၊


ခြေသည်းကိုပါ မမေ့ပါနှင့်မျက်နှာနဲ့ လည်ပင်းကို အစိုဓာတ်ထိန်းပေးရုံသာမက လက်သည်း၊ ခြေသည်း
ခြောက်သွေ့ကြွပ်ဆတ်နေရင် ရေနံဂျယ်လီခပ်ထူထူလိမ်းပြီး လက်သည်း၊ခြေသည်းတစ်ဝိုက်မှာ အစိုဓာတ် ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ်ထိန်းပြီးရင်ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေစိုက် ပျိုးတဲ့အခါနဲ့ကားရေဆေးတဲ့အခါတွေမှာ သားရေလက်အိတ်စွပ်ပေးပါ။ ဒါဆိုရင် လက်အရေပြား ထိခိုက်မှု ကင်းစေပါတယ်။

ထိန်းသိမ်းနည်း (၃)

အသားအရေ ထိခိုက်ပျက်စီးစေသည့်


အပြုအမူများကို ရှောင်ပါအမျိုးသားတွေအတွက် အသားအရေ ထိခိုက်စေတဲ့ အပြုအမူတွေက ဆေးလိပ်
သောက်တာ၊ အရက်အလွန်အမင်းသောက်တာနဲ့ အကာအကွယ်မပါဘဲ နေပူထဲ ထွက်တာတို့ ဖြစ်ကြပါ တယ်။ နံနက်စောစော နေခြည်နုနု ခံယူတာကအဆင်ပြေပေမယ့် နေပူရှိန်ပြင်းတဲ့အချိန်အပြင်မှာ ခပ်ကြာ ကြာ နေတာမျိုးကို ရှောင်ပါ။ နေပူရှိန်ပြင်းတဲ့အချိန်မှာအပြင်ကိုသွားရမယ်ဆိုရင် နေကာနိုင်စွမ်း SOF အဆ ၃ဝ ပါတဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။  ဆေးလိပ်၊ အရက်နဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးစလုံးဟာ အသားအရေကို အလွန်အမင်း ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်သလို အသက်အန္တရာယ်ထိခိုက်မှုကိုပါ ဖြစ်စေ နိုင်ပါတယ်။

ထိန်းသိမ်းနည်း (၄)

ဆံပင်ကို ကြက်ဥ၊ ဘဲဥသုံးပြီး ပေါင်းတင်ပါ


ရှမ်ပူအနည်းငယ်ထဲကို ကြက်ဥ ဒါမှမဟုတ် ဘဲဥထည့်မွှေပြီး ဆံပင်သားအနှံ့သုတ်လိမ်းပေးပါ။ အချိန် ငါးမိ နစ်ခန့်ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံပင်သားကို ပရိုတင်းဓာတ် ရရှိစေပါတယ်။

ထိန်းသိမ်းနည်း (၅)

မျက်နှာကို သဘာဝပစ္စည်းများသုံးပြီး


ဆေးကြော သန့်စင်ပါမျက်နှာနဲ့ လည်ပင်းကို သဘာဝအအေးခရင်မ် (Cold Cream) လိမ်းပြီးဂလစ်ဆရင်း နှင်းဆီရေနဲ့ သန့်စင်ပါ။ မျက်နှာအရေပြားကို ထိခိုက်စေတဲ့ ကြေးတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေ ပါတယ်။

ကေအမ်

Written by : Your Name - Describe about you

Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::

0 comments:

Post a Comment

Blogger Widgets