“ခင်မွှေးရေ.......”
အုန်းမြင့်ကခင်မွှေးကိုခေါ်လိုက်သည်။ ခင်မွှေးကလည်းညှင်ညှင်သာသာပင်....
“ဘာတုန်းအုန်းမြင့်ရ........”
“ဟဲ့ဘာတုန်းရမလဲ..မြေပဲသွားကောက်ရမှာပေါ့.....”
တကယ်တော့ခင်မွှေးတို့အုန်းမြင့်တို့သည် ဆယ်ကျော်သက်အရွယ်မျှသာဖြစ်သည်။
နောက် တောဓလေ့ဆိုတော့ လသာသာညများတွင်သူများလယ်ခင်းထဲသို့ မြေပဲခိုး(အဲ မြေပဲကောက်)
သွားသည်မှာ ဓလေ့ပင်ဖြစ်ပေသည်။
မြေပဲကောက်ဟုဆိုသော်ငြားလည်းသူများမြေပဲခင်းများတွင်ပိုင်ရှင်မသိပဲခိုးယူသည်မို့
မြေပဲခိုးဆိုလျှင်လည်းမှန်ပေလိမ့်မည်။
“အေး..ဒါနဲ့ မွှေးကြူရောခေါ်ပြီးပြီလား.....”
“သွားရင်းနဲ့ပဲခေါ်တော့မယ်အေ.....”
“အေးအေး....ငါလာပြီ”
ခင်မွှေးနှင့် အုန်းမြင့်တို့နှစ်ဦးသားထွက်လာခဲ့ကြသည်။
လမ်းထိပ်မွှေးကြူတို့အိမ်ရှေ့ရောက်မှ ပညာရှိလေသံလေးနှင့်......
“မွှေးကြူလာလေ......”
သူမ၏အာသံလျှာသံကြီးနှင့်အော်သံကို မွှေးကြူသဘောပေါက်သည်ဖြစ်သောကြောင့် ရှည်
ရှည်ဝေးဝေးမေးမနေတော့ပဲ အမြန်ဆုံးနည်းနှင့်ပန်းကန်လုံးစီးကာထွက်လာခဲ့လေသည်။
“နင်တို့ကလည်းဒီနေ့စောလှချေလား......တော်ကြာပိုင်ရှင်မိသွားဦးမယ်......”
“နင်ကလည်းအေဒါ့ထက်သာနောက်ကျလို့ကတော့ကျုပ်တို့သရဲမယားတွေဖြစ်တော့
မယ်”
လူလည်မခင်မွှေးကပြောလိုက်သည်။
“အေးပါအေ......သွားရအောင်”
ပြည်တောင်းလေးကိုယ်စီကိုင်ကာထွက်လာခဲ့ကြသည်။ သူများဟာအလကားရသည်များ
ပြည်တောင်းနှင့်တစ်တောင်းဆိုလည်းနဲသည်မှတ်လို့........။
အုန်းမြင့်ကယောက်ျားလေးလိုနေတတ်သူဖြစ်သောကြောင့်သူမကဦးဆောင်ထွက်လာ
သည်။ လယ်နားရောက်တော့ပြန်လမ်းနှင့်တန်းသော လယ်တစ်ကွက်ကိုရွေးပြီး တူးကြသည်။
ပြန်လမ်းနှင့် တန်းသောလယ်ကွက်သည် သူမတို့သုံးဦးအတွက် အကောင်းဆုံးဖြစ်သည်။
ပိုင်ရှင်မိသည် မှန်သော်ငြား ပြေးရတာလွယ်သည်။ ပြေးလမ်းတန်းသည်။
နောက် သူတို့နှင့်တန်းသောလယ်ကွက်သည်ကားဦးသာဒင်၏လယ်ကွက်ပင်ဖြစ်သော
ကြောင့် ပိုအဆင်ပြေသည်။ဦးသာဒင်သည် ပိုလီယိုသမား ထောက်ကျိုးပင်ဖြစ်သည်။ ထိုအတွက် ပြေးမည်
ဆိုလျှင်အလွယ်တကူမလိုက်နိုင်သောကြောင့်ပိုကောင်းသည်။
နောက် သူကကပ်စေးနှဲတော့လယ်စောင့်ကမငှား သူကပိုလီယိုဆိုတော့အုန်းမြင့်တို့လို
ပဲသူခိုးတွေအတွက် ပိုအဆင်ပြေသည်။
အုန်းမြင့်သည် သူများထက်ပိုသွက်လက်သည်။ သူများထက်ပိုလက်လျှင်သည်။ သူများတွေ
တစ်တောင်းမပြည့်ခင်မှာပင် သူမပြည့်နေလေပြီ။ ပတ်ဝန်းကျင်ကိုယောင်လည်လည်နှင့်ကြည့်ရင်း သူမ
သူမ၏အဖော်တွေကိုစောင့်နေသည်။
ထိုစဉ် ခင်မွှေးက သူမ၏ခါးကို သူမ၏လက်ညှိုးကြီးနှင့်အားရပါးရ ထုးလိုက်သည်။ အုန်းမြင့်
အရယ်သန်သလောက် ယောင်သည့်နေရာတွင်လည်း အတော်အာကျယ်သည်။ ထိုအချက်ကိုသိသော
ကြောင့်ခင်မွှေးကသူမကိုစခြင်းဖြစ်သည်။ သူမ၏တွက်ချက်အတိုင်းပင် အုန်းမြင့်ကလည်းအာသံလျှာသံ
ကြီးနှင့်......
“မြန်မြန်တူးဟ.....ကောင်မရ.......”
ထိုအသံကြောင့်ဆေးလိပ်မီးကြီးကိုဖွာရင်းဘိန်းဆွဲပမာအရသာခံနေသောပိုလီယိုဦးသာဒင်
သိသွားလေသည်။ ထို့ကြောင့်အိပ်ယာဘေးတွင်ချထားသောချိုင်းထောက်ကို လှမ်းယူလိုက်သည်။
ကံဆိုးချင်တော့ည ချိုင်းထောက်ကထိုနေရာတွင်မရှိပေ ကံကောင်းချင်တော့ ချိုင်းထောက်
ရှိသည့်နေရာကိုသူတမ်းမှတ်မိသည်။
ညနေ နေမ၀င်ခင်အချိန်က သူအိမ်သာတက်သောအခါ ချိုင်းထောက်ကိုအိမ်သာဘေးတွင်မှီ
ကာချထားသည်။ ထိုအချိန်တွင် သူ့အစ်ကိုနှင့်သူ့အစ်ကိုသား အလည်လာသည် သူတို့နှစ်ဦး၏အကုအညီ
ဖြင့် ချိုင်းထောက်မပါဘဲ အိမ်သာမှ ထန်းရွက်တဲသို့ေ၇ာက်လာခြင်းဖြစ်သည်။
ထို့ကြောင့် မြေကြီးကိုဒရွတ်ဆွဲရင်း ချိုင်းထောက်ဆီသို့သွားရပြန်သည်။ ချိုင်းထောက်ရပြီးမှ
ချိုင်းထောက်ကိုရီးလေးခိုရင်း သူမတို့ဆီသို့ အတင်းပြေးလာသည်။
“ဟေး...ကလေးမတွေ.....မြေပဲတွေဘာလို့ယူနေတာလဲ“
ထိုအခါကြောက်လန့်တကြီးနှင့် အုန်းမြင့်ကထတည့်ပြီး........
“ဦးလေး......ဒီမှာ...ခင်ဗျားမြေပဲတွေကျုပ်မယူဘူးနော်......ဒီမှာ ပြန်ထားခဲ့ပြီနော်”
ပြောပြောဆိုဆိုနှင့် သူ၏တောင်းထဲရှိ မြေပဲများကိုမြေပေါ်သို့တစ်တောင့်မကျန်အကုန်ခါချ
ပြလိုက်သည်။ ကုန်သွားသည့်တောင်းကိုပင်သွဲ့သွဲ့ ပါအောင်ရမ်းခါပြလိုက်သည်။
ထိုအခါ မွှေးကြူက ပြန်ရန်အချက်ပြသည့်အနေနှင့် သူမ၏ထဘီစကို လက်ကလေးနှင့်အသာ
ဆွဲလိုက်သည်။ ကံဆိုးချင်တော့ဘယ်ကဘယ်လိုအားပါမှန်းမသိ သူမ၏ထဘီ ခြေမျက်စိတိုင်ကွင်းလုံးပုံ
ကျွတ်သွားသည်။ ကံကောင်းချင်တော့ သူမကယောက်ျားလေးလိုနေတတ်သူဖြစ်သောကြောင့် အောက်က
ဘောင်းဘီအပွ တစ်ထည်ပါနေလေသည်။
သို့သော်လည်း ပိုလီယိုဦးသာဒင်မှာ အောက်ကဘောင်းဘီပါသည်ကိုပင်သတိမထားမိတော့
ဘဲလာလမ်းအတိုင်းကောက်ကောက်ပါအောင်ပြေးတော့လေသည်။
ထိုအခါမှ ကျသွားသောမြေပဲများကိုပြန်ကောက်ကာ ထဘီကိုစလွယ်သိုင်းလို့
အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပီးအိမ်ကိုသာတန်းပြန်ခဲ့တော့လေသည်.........။
ထာဝရသံယောဇဉ်ဖြင့်....
ညှို့သခင်လေး
facebook: Minn Nyhoe Shin
minnnyhoeshin@gmail.com
ရိုးလွန်းတော့အသလို
ရေးသားသူ Unknown
အချိန် 5:16 AM
with 1 comment
Written by : Your Name - Describe about you
Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::



ဒါကတော့ကျနော်ရေးခဲ့သမျှထဲမှာပထမဆုံး ဟာသ၀တ္ထုတို ပဲဖြစ်ပါတယ်..
ReplyDelete