လူတစ်ယောက်မှာ
မာနဆိုတာတော့ရှိတတ်စမြဲပင်
ဒါပေမယ့်
ကိုယ်ကလူတစ်ယောက်ကိုချစ်မိလာပြီဆို၇င်တော့
အဲဒိမာနက
မသိမသာကျဆင်းသွားတတ်တာ
ကိုယ်ကိုတိုင်တောင် သတိမထားမိလိုက်ပါဘူး...
မူပိုင်...မင်းညှို့သျှင်
ယနေ့အထိလည်း သူမနောက်ကို သူလိုက်နေဆဲပါ။ သူ သူမအချစ်ကို မရသည်ထားဦးနောက်
နောက်ဆုံးတွင် သူ့အတွက်ဇွဲဆုဆိုတာတော့ ရှိရမည်ဟု သူဘိုင်သေတွက်ချက် ယုံကြည်ထားသည်။
ဒီနေ့သည်တော့ ယခင်နေ့တွေနှင့်မတူ သူ့အမူအယာကပြောင်းလဲနေသည်။ ထိုဟာ ဘာကြောင့်လဲဆိုတာ ကိုသူမရိပ်မိပါသည်။
သူအရင်တစ်နေ့က သူမအိမ်ရှေ့တွင် တစ်နေကုန် တစ်ညလုံး
မိုးရွာကြီးထဲထိုင်နေမှတော့ ယခု ဖျားပြီပေါ့။ လူဆိုတာ
လူလောက်ပဲခံနိုင်ရည်ရှိပါတယ် ။ သူလည်း လူသားပဲလေ ဘာသားနဲ့ထုထားတာမို့
လို့ဒီလောက်အကြမ်းခံနိုင်ရမှာလဲ။ ဒါမှမဟုတ် သူကအရုပ်လား။
သူမနောက်ကို သူလိုက်လာသည်။
“ရတီ အဟွပ်အဟွပ်”
ချောင်းသံတွေထွက်နေတာတောင်ရည်းစားစကားကလိုက်ပြောနေသေးသည်။ သူမ သူ့အဖြစ်ကို
ရယ်လည်းရယ်ချင်သည်။ ပါးစပ်လေးကို လက်သီးစုပ်လေးနှင့် မသိမသာပိတ်ရင်း မခို့တရို့ရယ်လိုက်သည်။
“ဘာလဲ”
“ကျနော်လေ အဟွပ် ဟွပ်”
သူမက လက်ကိုဘယ်ပြန်ညာပြန်ဖုန်ခါသလို ၇မ်းလိုက်ပြီး
“ရှင်ကလည်း ရွံစရာ ရောဂါတွေကူးပါဦးမယ် ကိုယ့်ကိုယ်ကို နေမကောင်းမှန်းသိရက်နဲ့ ဆေးခန်း မသွားဘူးလား အသက်ကဖြင့်ကြီးနေပြီ”
“ကျနော်အရင်နေ့က ရတီတို့အိမ်နားမှာ မိုးမိလို့ဒီလိုဖြစ်သွားတာပါဗျာ”
”အဲဒါကျမနဲ့ဘာဆိုင်လဲ”
“ဆိုင်တော့မဆိုင်ပါဘူး ဒါပေမယ့် အဟွပ် ဟွပ်”
“ဟာ..လာလိုက်ခဲ့”
ထိုသို့ပြောပြီး သူမက ကားတံခါးကိုလှပ်ပေးလိုက်သည်။ သူမသူ့ကို ဘယ်ခေါ်သွားမည်မှန်းမသိ
ပေမယ့် သူကားထဲကိုဝင်လိုက်သည်။ သူမသူ့ကိုဘယ်ခေါ်သွားသွား သူလိုက်မည်သာဖြစ်သည်။
သူမနှင့်သူ ကားထဲမှာ စကားတစ်ခွန်းမှမပြောဖြစ် သူကလည်း
သူမကိုဘာမှလည်းမေးခွန်းမထုတ် သလို သူမကလည်း
သူ့ကိုအတွန့်တက်ကာစကားတွေမယ်မယ်ရရမပြောချေ။
သူမကားကို မောင်းလာရင်း နေရာတစ်နေရာကိုေ၇ာက်တော့ကားကိုရပ်လိုက်သည်။ ထိုနေရာသည်
ကားဆေးခန်းးတစ်ခုပင် ။ အပေါက်ဝတွင် ကြက်ခြေခတ် (ကြက်ခြေနီ)တံဆိပ်တပ်ထားသည်။ သူသိသည်
ထိုနေရာသည် မြို့နယ်ဆေးရုံအုပ်ကြီးရဲ့ဆေးခန်းတစ်ခုဖြစ်သည်။
သူသတိထားမိသည်ကား ထိုသည်အပြင် သူ့တွင် ပိုက်ဆံတစ်ပြားမှမပါတာကိုပါ သူသတိထားမိသည်။ ကားပေါ်ကဆင်းတော့...
“ကျနော့်မှာပိုက်ဆံတစ်ပြားမှမပါဘူးနော်”
“ကျမမှာပါပါတယ်”
“ကျနော် အိမ်မှာပဲဆေးသောက်လို့မရဘူးလား အဟွပ် ဟွပ်”
“ရှင်ဟာလေ တော်တော်ကိုဆိုးတယ် ကျမကဒကာခံပါ့မယ်ဆိုနေမှ ရှင့်ဟာသာရှင် မကုချင်ရင်လည်းပြန်တော့ နောက်လည်း ကျမဆီမလာနဲ့”
သူက လက်ဆယ်ဖြာ တွင်တွင်ခါအောင်ရမ်းလိုက်ပြီး...
“ဟာ မဟုတ်ပါဘူး ကျနော်ကလည်း ဆေးခန်းပြချင်နေတာ လာသွားရအောင်”
သူမနည်းနည်းတော့ရယ်လိုက်မိသည်။ သူမမရယ်ဘဲမှမနေနိုင်တာ...။
သူနှင့် သူမဆေးခန်းထဲရောက်လာသည်။ တုန်ကင်ယူလိုက်သည်။ တုန်ကင်က နံပါတ် 11 တဲ့။
အလှည့်ေ၇ာက်ဖို့လိုသေးသည်မို့ လူနာတွေထိုင်ဖို့ထားတဲ့ ခုံတန်းလျားလေးမှာဝင်ထိုင်လိုက်သည်။
“ကျနော် ကဆေးထိုးရင်ကြောက်တယ်နော် နာတာကိုမခံနိုင်ဘူး”
“ဒါဆိုလက်သီးနဲ့ထိုးရင်ကောခံနိုင်လား”
“ဟာ...ရတီကနောက်နေပြန်ပြီ...ငယ်ငယ်ကတော့အထိုးခံရဖူးတယ်”
“ရှင်မငိုဘူးလား”
“ငိုပါဘူး ယောကျာ်းပဲ”
သူက သူ့ရဲ့တစ်ဖက်သတ်ချစ်သူရှေ့မှာ သူ့ကောင်းကြောင်းလေးတော့ကြွားဖြစ်အောင်ကြွားလိုက်သည်။ သူမက တစ်ချက် ပြုံးလိုက်ပြီး
“ဆေးထိုးတာကမနာပါဘူး လက်သီးနဲ့ ထိုးတာတောင်ခံနိုင်သေးတာပဲ ဒီလောက်ကတော့ ခံနိုင်ရမှာပေါ့”
“ကျနော်က တယ်ပြောတဲာ”
သူပြောနေစဉ်မှာပင် တုန်ကင်အလှည့်ကျသဖြင့် သူမက သူ့ကို စကားဆက်မပြောတော့ဘဲ သူ့ကို
ဆေးခန်းထဲသို့ခေါ်လာသည်။
“ဘာဖြစ်တာလဲဗျ”
ဆရာဝန်က မေးလိုက်သည်။
“အအေးမိတာပါ”
သူမကဖြေလိုက်သည်။ သူကတော့ လူနာကုတင်ပေါ်မှာပလက်လှန်လို့။ ဆရာဝန်ကလည်း တောင်စမ်းမြောက်စမ်းစမ်းသပ်ပြီးနောက် ...
“အအေးပတ်ရုံလောက်ပါပဲ ကျနော်ဆေးတစ်လုံးထိုးပေးလိုက်မယ်”
ထိုစကားကြောင့်သူလန့်သွားသည်။
“ဆရာ...သောက်ဆေးနဲ့ပဲမရဘူးလား”
သူမက မျက်နှာကိုတင်းလိုက်ပြီး..
“ရှင်ပြောတော့ကျမကိုချစ်တယ်ဆို...ကျမကဆေးထိုးတာလေးတောင်မခံနိုင်တဲ့ယောက်ျားကို ပြန်
ချစ်ရမယ်တဲ့လား”
သူမကသူ့နားရွက်နားလေးကိုကပ်ပြောလိုက်တာဖြစ်သောကြောင့် ဆရာဝန်တော့ မကြားလိုက်ပေ။
“ဆေးထိုးမခံနိုင်ဘူးလား”
“ဟုတ်ပါဘူး...ရပါတယ်ဲ”
သူမကအစားဖြေပေးလိုက်သည်။
“ရှင်မအော်နဲ့နော်”
သူမကထပ်ပြောလိုက်ပြန်သည်။သူကတော့မျက်နှာငယ်လေးနှင့် သူ့ကို ကြောင် ကြည့်နေသည်။
ဆရာဝန်ကလည်း ဆေးတွေကို အချိုးက စပ်ပြီး အပ်လေးထဲကိုဆေးရည်တွေစုပ်ထည့်လိုက်သည်။
“စောင်းလိုက်ပါ”
သူကတစ်ဖက်ဆောင်းလှဲလိုက်သည်။ သူမကတော့ မျက်နှာလွဲထားသည်။ ကောင်လေးတစ်ယောက်ဆေးထိုးတာကို သူမမကြည့်လိုပါ။
နောက် သူမ သူပြီးပြီအထင်နှင့် လှည့်ကြည့်လိုက်သည်။ သူကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်နေသည်။
သူမကျသင့်ငွေကိုရှင်းပြီးဆေးခန်းထဲမှထွကလာသည်။
ဒီနေ့ သူမဘာကြောင့် သူ့ကို ဒီလောက်ထိစေတနာတွေရှိနေပါလိမ့် ။ သူမကိုယ်သူမမေးမိသည်။
အဖြေမရှိပါ။ ရယ်ပြုံးလေးသာတစ်ယောက်တည်းပြုံးနေမိသည်...။
ဆက်ရန်ရှိပါသေးသည်...........
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook:Minn Nyhoe Shin
minnnyhoeshin@gmail.com
လူတစ်ယောက်ကိုချစ်မိလာပြီဆိုရင်...အပိုင်း(၄)
ရေးသားသူ Unknown
အချိန် 11:59 PM
with No comments
Written by : Your Name - Describe about you
Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.
Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::



0 comments:
Post a Comment