Blogger Widgets

စိုက်ပင်နှင့်ပေါင်းပင်

ပဲပြောင်းနှမ်းဝါ ၊ ပန်းမာလာလည်း
ယုယသေချာ ၊ စိုက်မှသာလျှင်
လျှင်စွာဖြစ်ထွန်း ၊ ကြီးထွား၏။
အသုံးမ၀င် ၊ မြက်ပေါင်းပင်သည်
စိုက်သူမရှိ ၊ ပေါက်နိုင်ဘိ၏။
ထိုသို့တူစွာ ၊ လူတို့မှာလည်း
နှလုံးစိတ်မြတ် ၊ မွေးရခက်သော်
မကောင်းတတ်စွာ ၊ စိတ်ယုတ်မာမူ
မမွေးပဲထွက် ၊ ဖြစ်ပါတတ်ကြောင့်
စဉ်းစားဆင်ခြင် ၊ သတိဝင်မှ
နှုတ်နိုင်မည်အံ့ ၊ စိတ်ပေါင်းမြက် ။   ။

                                            မင်းညှို့သျှင်

ချစ်သူသိစေ

မောင့်ရင်ခွင်ဝယ် ၊ သည်းထက်ဝယ်လလည်း
မယ်တစ်ယောက်သာ ၊ ရှိခဲ့ပါ၏။
အများအကျိုး ၊ မောင်သယ်ပိုးလည်း
မယ်တစ်ယောက်သာ ၊ ချစ်ခဲ့ပါ၏။
တိုင်းပြည်အတွက် ၊ စိတ်သန်ထက်လျှက်
မယ်တစ်ဦးသာ ၊ ရှိခဲ့ပါ၏။
ရှေ့တန်းသို့ပင် ၊ မောင်သွားလျှင်လည်း
မချစ်လို့သာ ၊ စွန့်ပစ်ခွါဟု
အမြင်မစောင်း ၊ အထင်ကောင်းလို့
မောင့်ကိုသာလျှင် ၊ ချစ်စေချင်၏
ရှေ့တန်းသို့သွား ၊ မောင့်စကားတည်း။
           
                                            မင်းညှို့သျှင်

လူ့တန်ခိုး

လောကတန်ခိုး ၊ လူ့တန်ခိုးဟု
ဆိုအပ်သည့်ရာ ၊ ရှာကြည့်ပါက
အကြားအမြင်  ၊ သုတပင်လျှင်
လောကတန်ခိုး၊ လူ့တန်ခိုးတည့်။
တန်ခိုးမရှိ ၊ စာမသိသော
စွံ့နုံထုံအ၊ လူ့ဘ၀သည်
သူငါခိုင်းဘက်၊ အဖြစ်ပျက်နှင့်
တန်ခိုးလည်းဆုံး၊ လူဖြစ်ရှုံး၏။
                                                  မင်းညှို့သျှင်