သူမကသူ့ကိုမချစ်ဘဲနေခိုင်းပေမယ့် သူ့နှလုံးသားကနေမှမနေနိုင်တာ။ သူမနောက်ကိုလိုက်နေဦးမှာပါပဲ သူမကိုချစ်နေဦးမှာပါပဲ၊
ယနေ့ သူမကျောင်းရှေ့ကအအေးဆိုင်လေးကို ၀င်လာသည်။ သူအစောကြီးကတည်းက ထိုနေရာကိုရောက်နေပြီးသားပါ။ သူမလာသည်ကိုမြင်သည်နှင့် ဘေးကသူငယ်ချင်းတစ်ယောက်အား..
“ဟိတ်ကောင်ကြည့်ထား သူ့ကိုငါစာပေးပြမယ်”
“အဆင်ပြေပါ့မလား....တော်ကြာမှ လက်ပျံတွေဘာတွေလာနေဥိးမယ်“
သူငယ်ချင်းကလည်း မျက်မှောင်ကြီးကြုပ်ပြိးပြောလိုက်သည်။
“မင်းကလည်းကွာငါ့ဆိုအထင်smallလိုက်တာ၊ နဲနဲပါးပါးလောက်လည်းအကောင်းမြင်ပါဦင်္းကွ”
ပြောပြောဆိုဆိုနှင့် သူထိုင်ရာကနေထလိုက်ပြီး သူမနားသို့သွားလိုက်သည်။ သူမနားသို့ေ၇ာက်သည်နှင့်
“ရတီ......”
သူကရင်းရင်းနှီးနှီးခေါ်လိုက်ပေမယ့်သူမကတော့၇င့်ရင့်သိးသီးပင်........
“ဘာတုန်း”
တဲ့..............။
“ငါနင့်ကိုပေးစရာရှိလို့ပါ”
“လွှင့်ပစ်လိုက်”
တဲ့.............။
“လွှင့်မပစ်ပါဘူး.....နင့်ကိုပေးဖို့ပဲဟာ”
“နင့်ဆီကဘာကိုမှငါမလိုချင်ဘူး”
တဲ့......။ အေးစက်လိုက်တာ ဘာလိုသူမဒီလောက်အေးစက်စက်နိုင်ရတာလဲဆိုတာကိုတော့သူမ
စဉ်းစားနိုင်ပါ။
“နင်ကလည်းယူပါဟာ......ငါကနင့်ကိုပေးချင်လို့တကူးတကကိုပြင်ဆင်ထားတာ”
ဟုပြောပြီး ဘောင်းဘီအိပ်ကပ်ထဲမှပန်းနုရောင်စာအိပ်ကလေးကိုထုတ်လိုက်သည်။ ပြီးနောက် သူမ
ကိုလက်နှစ်ဖက်နဲ့၇ိုရိုသေသေပင်ပေးမိသည်။
“မလိုချင်ပါဘူးလို့ငါပြောနေတယ်နော်”
“နင်ကလည်းဟာ ငါကပေးချင်တာကို ယူပါနော်ဟာ”
“မယူချင်ဘူးဟာ”
“ယူပါဟာ”
သူမကိုဇွတ်အတင်းလိုက်ပေးနေသောကြောင့်သူမက သူ့ရဲ့စာအိတ်လေးကိုယူလိုက်သည် ။ သူအရမ်းပျော်သွားသည် သူမသူပေးတဲ့စာအိတ်လေးကို အတန်တန်ငြင်းနေတဲ့ကြားထဲကသူရအောင်ပေး
လိုက်ရသည့်အတွက် သူပျော်သွားသည်။
ဒါပေမယ့် ကြာကြာ မပျော်လိုက်ရပါ။ ထိုစာအိတ်ကိုသူမစွဲဖြဲလိုက်သောမြင်ကွင်းကြောင့် သူ့အပျော်
တွေအားလုံးရပ်တန့်ကုန်လေပြီ။
“မင်းဘာလို့တန်ဖိုးမထားတာလဲ”
သူ့မျက်နှာပေါ်တွင် နာကြည်းရိပ်တို့ယှက်သန်းလားသည်။ သူမကတော့ခပ်အေးအေးပင်....။
“ဒီမှာ တန်ဖိုးဆိုတာကတန်ဖိုးရှိတဲ့အရာတွေအတွက်ပါ တန်ဖိုးမှရှိတဲ့အရာတွေအတွက်မဟုတ်ဘူး”
“ဘာ....”
“ဟုတ်တယ်.....”
“နင်ဘာလို့လူတစ်ယောက်ရဲ့အချစ်ကိုလွယ်လွယ်စော်ကားရဲတာလဲ”
“ဘာလူတစ်ယောက်ရဲ့အချစ်ဟုတ်လား.....ကျန်တဲ့သူတွေဆိုရင်တော့ငါလက်ခံချင်လက်ခံမယ် နင်လိုကြာကူလီ မိန်းမတကာနဲ့လိုက်တွဲနေတဲ့ကောင်ကိုတော့ငါမလိုအပ်ဘူး”
“နင်ငါ့ကိုအဲလောက်ကြီးတော့ပစ်ပစ်ခါခါမပြောပါနဲ့ဟာ”
“ဘာ.....ငါကပစ်ပစ်ခါခါပြောတယ် ဟုတ်လားအဲဒါတောင်နင့်အတွက်မတန်သေးဘူး...နင်အခုချက်
ချင်းငါ့ရှေ့ကထွက်သွား”
“မသွားဘူးဟာ......နင်တော်တော်အဆိပ်ပြင်းတဲ့ မိန်းကလေးပါလား”
“အဆိပ်ပြင်းမှန်းသိရင်လာမပက်သတ်နဲ့လေ”
“အေး ငါကလည်းအဲဒိအဆိပ်ပြင်းတဲ့မိန်းကလေးကိုမှချစ်မိနေတာ မြတ်နိုးနေတာ တွယ်တာနေတာ”
“အဲဒါတော့နင်မှားတာပဲ”
“မမှားဘူး.....ငါနောင်တမရဘူး အဆိပ်ပြင်းတဲ့မိန်းမကိုချစ်မိတော့ဘာဖြစ်လဲဟာ”
“အေး....အဆိပ်ပြင်းတဲ့မိန်းမကိုချစ်မိရင်......”
သူမစကားမဆုံးခင်မှာပဲ သူ့ပါးပြင်ပေါ်တွင် အေးစက်တဲ့ ရိုက်ချက်တစ်ခုေ၇ာက်လာသည်။ ပြီးမှ
“အဲဒါအဖြေပဲ.....အဆိပ်ပြင်းတဲ့မိန်းမကိုချစ်မိရင် ဒီလိုပဲဖြစ်တတ်တယ်”
တဲ့......။ ပြောပြိးပြီး ချင်းမှာပဲ သူမသူ့ကိုကျောခိုင်းထွက်သွားလေသည်။ သူမြေပြင်ပေါ်တွင် ငုတ်တုပ်ထိုင်လျက်သားကျသွာသည်။
သူ့မျက်ဝန်းများဆီမှ မျက်ရည်ပူတို့စီးကျလာသည်။ တကယ်တော့ သူပါးရိုက်ခံရလို့ငိုတာမဟုတ်ပါဘူး သူမအချစ်ကိုမရနိုင်တဲ့အတွက်ကြေကွဲခြင်းသာဖြစ်ပေမည်။
ထိုစဉ် ဆိုင်ထဲမ
အိပ်လိုက်တော့ မင်းမျက်လုံးတွေမှိတ်လိုက်......မင်းအလွမ်းများကြောင့်ငါမောတယ်........ဒီချိန်မှာသူပြန်
လာခါမနှစ်သိမ့်ဘူးလေ......မျက်ရည်များဒီညနဲ့အတူချန်ခဲ့.......ဘယ်လောက်ထိပေးဆပ်ခြင်းတို့နင်ပေး
လည်း......သူ့ဘက်ကအသိအမှတ်မပြုခဲ့နိုင်ဘူး.....နင်နာကြင်နေပါစေ..ပြန်လှည့်မကြည့်ဘူးလေ.....
သူမင်းအတွက်ကိုယ်ချင်းစာစိတ်လုံးဝမရှိဘူး.....အိုး မေ့လိုက်ပါ.....ကြိတ်မှိတ်ပြီးမေ့လိုက်ပါ.......ထားခဲ့
ပြိပဲ...မျက်ရည်များသုတ်လိုက်ပါ.....မင်းရဲ့ရှေ့မှာအလှပဆုံးမိုးကောင်းကင်......ပျံသန်းဖို့အားနဲ့ခေါင်းမော့
ကြည့်လိုက်ပါ.......
ဆိုသောသီချင်းသံကြောင့် သူပိုကာကြေကွဲသွားသည် သူ့ကို များရွဲ့ဆိုနေသလား။
ဒ်ါပေမယ့် စွန့်လွှတ်တယ်ဆိုတာ သီချင်းထဲမှာသာ လွယ်တာ အပြင်မှာတော့ ကိုယ့်ကိုယ်ကိုသေကြောင်း
ကြံသထက်ခက်တယ်ဆိုတာကို မသိလေသရော.........။
ဆက်ရန်ရှိသေးသည်..............
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook: Minn Nyhoe Shin
minnnyhoeshin@gmail.com
No comments:
Post a Comment