အမုန်းဆိုတာ အချစ်နဲ့လက်တစ်ကမ်းအလိုမှာပါ....
တစ်ခါတစ်လေကျရင်....
ကိုအမုန်းကြီးမုန်းကြီး မုန်းနေတဲ့သူကို...
မသိစိတ်ထဲကနေ..
မသိမသာချစ်သွားတတ်ပါတယ်....
အဲဒိအချစ်ရဲ့အစကတော့...
သနားတယ်ဆိုတဲ့....
ကြင်နာမှုပါပဲ.............
********************************************************
သူဇွဲကတော့ မလျော့သေးပေ။ မိန်းကလေးတစ်ယောက်ကကိုယ့်ကိုမုန်းတိုင်းကိုယ်က သူ့ကိုပြန်မုန်းရမှာတဲ့လား။ သူ သူမကို လိုက်နေဆဲပါ။
သူမက
တစ်ယောက်တည်းတိုက်ခန်းမှာနေတဲ့သူဖြစ်သည်။ အဖော်ဆိုလို့ အခန်းဖော် သူမရဲ့
သူငယ်ချင်းတစ်ယောက်သာရှိသည်။ ထို့ကြောင့် သူ သူမနောက်ကို လိုက်လို့လည်း
မိသားစုနဲ့ နေတာ မဟုတ်တော့ နှောက်ယှက်မည့်သူ ကမရှိ။
သူမ
နောက်က နေသူတကောက်ကောက်လိုက်နေဆဲပါ။ သူမလည်းအစကတော့
သူ့ကိုတားဖို့စဉ်းစားပါသေးသည်။ ဒါပေမယ့် စကားကြောရှည်ပြီး
ကြာကြာပတ်သတ်နေရမည်ကိုစိုးသော
ကြောင့် သူ့ကိုအဖက်မလုပ်ခဲ့ ။လိုက်ချင်လည်းလိုက်ပါစေ လိုက်ချင်တဲ့နေရာကိုသာ လိုက်ပါစေဟူသော
စိတ်ဖြင့်ထားထားသည်။
သူကလည်း သူမအိမ်ေ၇ာက်တဲ့အထိနောက်ကနေလိုက်လာသည်။ သူမအိမ်ကိုရောက်တဲ့ အထိ
သူ့ကိုအဖက်မလုပ်ဘဲ ကိုယ့်တိုက်ခန်းပေါ်သို့တက်လာခဲ့သည်။ သူ့အတွက်ကတော့ သူမဘယ်မှာနေတယ်ဆိုတာကို သိပြီဖြစ်သည်။
သူမအပေါ်ရောက်တော့ သူမနှင့် အခန်းဖော်သူငယ်ချင်းဖြစ်သူ ခင်ပျို က
“ရတီ ဟိုကောင်ကနင့်နောက်ကလိုက်လာတာမလား”
“ဟုတ်ပါဘူးဟာ...သိပါဘူး...အဲဒိကောင် ငါ့ကိုလိုက်ရစ်နေတာ ကျောင်းလည်းဒီလိုပဲ...အဖက်လုပ်မ
နေနဲ့”
“နင်ကလည်းဟာ အိမ်ပေါ်လေးတော့ခေါ်လိုက်ပါဦး သူ့ခမျာ လာချင်လွန်းလို့နင့်နောက်က စပိုင် ပုံ
စံဖမ်းပြီးလိုကလာရတာ”
“မခေါ်ချင်ပါဘူးဟာ အဲလိုကောင်မျိုးက လူကို၇စ်နေတာ”
“သူ့ကြည့်ရတာတော့ နင့်ကိုကြိုက်နေတဲ့ပုံပဲ”
“ဟုတ်တယ်ဟေ့ အဲဒိကောင်ငါ့ကိုလိုက်နေတာ ငါကတော့သူ့ကိုမကြိုက်ပါဘူး ဘယ်ကမှန်းမသိပဲ
နဲ့ ပြီးတော့ ငါ့မှာ ချစ်သူရှိတာနင်လည်းသိတာပဲဟာ“
“အေးပါဟာ”
သူမတို့အခန်းထဲဝင်သွားသည့် တိုင်အောင် သူကတော့ သူမတို့တိုက်ခန်းရှေ့က
ပလက်ဖောင်းလေးမှာ ကျုံ့ကျုံ့ လေးထိုင်နေဆဲ။ သူမ တံခါးပေါက်ကနေတစ်ချက်တော့
သူ့ကိုလှည့်ကြည့်မိသည်။
သူမတို့ ထမင်းစားကောင်းနေတုန်းမှာပင် မိုးကသည်းကြီးမည်းကြီးရွာလာသည်။ အစကတော့ မိုးရွာပေမယ့် ဘာမှမဖြစ်သလိုနေလိုက်သည်။
နောက်တော့မှ သူရှိတာကိုသတိရပြီး ၀ရံတာလေးမှထွက်ကြည့်မိသည်။ သူရှိနေဆဲပါပဲ။
ဘာကြောင့်ဒီလောက်ထိဇွဲကောင်းရတာလဲဆိုဆိုတာကိုတော့ သူမမသိပါ။
သူမချစ်သူ မြတ်မင်း တုန်းကတောင်ဒီလောက်ထိဇွဲမကောင်းခဲ့ပါ။ သူ့ကျမှဘာလို့ဇွဲကောင်းနေနိုင်ရ
တာလဲ သူမချမ်းတတ်ဘူးလား။ မိုးကဒီလောက်ရွာနေတာ။ သူကိုယ့်ကိုယ့်ကို မသနားတတ်ဘူးလား။
သူမရဲ့ ဒေါသတွေဟာ ဂရုဏာတွေအဖြစ်သို့ပြောင်းကာ အခုသူမဂရုဏာဒေါသော ထွက်နေခြင်းပင်
ဖြစ်သည်။
“ဘာတွေကိုဒီလောက်စိတ်ပူနေတာလဲရတီရဲ့”
“ဘာမှမဟုတ်ပါဘူး”
“နင် ဟိုကောင်ကို စိတ်ပူနေတာမလား”
“မဟုတ်ပါဘူးဟာ အဲဒီလိုဦးနှောက်မရှိတဲ့ကောင် ဖြစ်ချင်ရာဖြစ်ပေါ့ ငါကစိတ်ပူစရာလား ပြီးတော့
ငါ့မှာ ချစ်သူရှိတယ် ပူချင်းပူ သူ့ကိုပဲပူမှာပေါ့ဟ”
“အေးပါ ပြီးမှကြည့်ရတာပေါ့”
ပြောပြောဆိုဆိုနှင့် သူမတို့သူငယ်ချင်းနှစ်ဦး အိမ်ထဲဝင်သွားသည်။ သူမလူကသာအိမ်ထဲကိုရောက်နေပေမယ့် စိတ်ကတော့ဖြင့်မဖြောင့်။
သူမ တကယ်ဆို သူ့ကိုဒီလောက်မုန်းနေတာ ဘာလို့သနားနေပါလိမ့် ။ သူလိုကောင်မျိုးက အထက်
တန်းကတည်းက ရည်းစားကိုထည်လဲတွဲလာတာ မိန်းမဆိုတာသူ့အတွက်တော့ကစားတစ်မျိုးအသွင်သာ
ဆောင်သည်။ အဲဒါတွေကိုသူမသိထားပီးသား။
အဲဒါကြောင့်မို့လည်းသူမသူ့ကိုမုန်းတာဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ဒါမှမဟုတ် သူမ
သူ့ကိုမုန်းတာမဟုတ်ဘဲ အဲဒိအရာတွေအတွက်မနာလိုဝန်တိုဖြစ်ခဲ့တာလား။
သူမဘာကြောင့် သူ့ကို ကြင်နာမိနေပါလမ့် ညှင်သာမိနေပါလိမ့် ဒါကိုတော့ သူမကို သူမလည်းေ၇
ရေရာရာ မသိချေ ။ သေချာတာကတော့ သူမအခုချိန်မှာ မြတ်မင်းကိုမေ့နေတာပဲ။
သူမ
မြတ်မင်းကိုမေ့ပြီး သူ့ကိုသတိရအောင် သူ့မှာဘာဆွဲအားတွေများရှိနေတာပါလိမ့် ။
ဘာအဆောင်ကောင်းတွေများသူလုပ်လာသလဲ။ ဒါမှမဟုတ် သူဆီမှာ သူမ မမြင်နိုင်တဲ့
ဆွဲအားတွေရှိနေတာလား။
အခုချိန်မှာ သေချာတာကတော့သူမစိတ်တွေတစ်ခုလုံး သူမအာရုံတစ်ခုလုံးကို သူလွမ်းမိုးနေတာပဲ။
အာရုံလေးကိုလွမ်းမိုးတာမှ
ဒီလောက်ထိနေမထိထိုင်မသာဖြစ်နေရင် နှလုံးသားတစ်ခုလုံးကို လွှမ်းမိုးလာလျှင်
သူမဘယ်လိုလုပ်ရပါ့။ ဘယ်လောက်တောင် နေမထိထိုင်မသာဖြစ်နေရမလဲနော်။
မိုးကလည်း ညနေ၇ နာရီနှင့် မတိတ်သေး။ ဒိနေ့ကျမှ ကြာလိုက်တာနော်။ မိုးမင်းကလည်း သူများကို
နေမကောင်းအအေးပတ်အောင် ။
မိုးတွေပို ပိုသဲလေ သူမစိတ်တွေပိုပို စိုးရိန်လေပါပဲ။ သူမစိတ်တွေပိုပိုစိုးရိန်လေ သူမအာရုံတွေထဲကို သူဝင်လာလေလေပါပဲ။
နောက်ဆုံးတော့
သူမကိုယ်
သူမမေးခွန်းလေးတစ်ခုပြန်မေးမိပါသည် သူ့ကိုချစ်နေမိပြီလားဆိုတဲ့
မေးခွန်းပေါ့။ သူမ ကိုယ့်ပါသာကို စိတ်ထဲကပဲပြန်ဖြေလိုက်သည်။ င
အို ........ မဖြစ်နိုင်ပါဘူး ငါသူ့ကို ဒီလောက်မုန်းတာ ငါသူ့ကိုချစ်မသွားပါ့မလား မဖြစ်နိုင်ပါဘူး
မဖြစ်နိုင်ပါဘူး မဖြစ်နိုင်တာကိုခေါင်းရှုပ်ခံလို့စဉ်းစားမနေချင်ဘူး ငါသူ့ကိုမုန်းတယ်
သူမအဖြေကို သူမကိုယ်တိုင်လည်း ကျေနပ်မှုမရှိပါ ။ သူမစိတ်ထဲမှာတော့ သူမကိုယ်သူမ သံသယ
ဝင်နေဆဲပင်.......။
ဆက်ရန်ရှိပါသေးသည်.......
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook:Minn Nyhoe Shin
minnnyhoeshin@gmail.com
No comments:
Post a Comment