“သော်တာ...ဟိုမှာကြည့်စမ်း...မိုက်တယ်ကွာ”
သူ၏နာမည်မှာမင်းသော်တာဖြစ်သောကြောင့်သူငယ်ချင်းတွေကသူ့ကိုသော်တာဟုသာခေါ်ကြ
သည်။ သူလက်ညှိုးထိုးပြလိုက်သောသူသည်ကားကောင်မလေးတစ်ယောက်ပင်ဖြစ်သည်။
သူမသည် ဘယ်သူဘယ်ဝါမှန်းသော်တာမသိချေ။ သို့သော် သူမ၏ဖြူလွလွအသားအရေ၊ စတော်ဘယ်ရီရောင်သမ်းနေသောနှုတ်ခမ်း၊ စူးရှတောက်ပနေသောမျက်လုံးများကသူ့အားစွဲစောင်ထားလေသည်။
“အေး...ဟုတ်တယ်ကွ...မိုက်တယ်ကွာ”
သူသည်အထက်တန်းတုန်းကစော်ကြည်ဘဲဖြစ်ခဲ့ဖူးသည်။ သူကြိုက်သမျှကောင်မလေးမှန်သမျှသူ့ကိုကြိုက်ကြသည်။ သူ့ရုပ်ရည်ကလည်းမင်းသားရှုံးလောက်အောင်ပင်ချောလှသည်။
ဘော်ဒီတောင်တောင့် အရပ်ရှည်ရှည်နှင့် အတော်ယောကျာ်းပီသသူဖြစ်သည်။ ထိုဂုဏ်အတိုင်းပင်
“သော်တာ...မင်းသူ့ကိုရည်းစားဖြစ်အောင်လုပ်လိုက်ပါလား”
“ဟာဖြစ်ပါ့မလားကွ”
“ဖြစ်ပါတယ်ကွာ...မင်းအကြောင်းငါတို့မသိတာကျနေတာပဲ”
“အေး...ငါစမ်းကြည့်မယ်....ငါလည်းသူ့ကိုကြွေတယ်ကွာ...တကယ်လှတာပဲ”
သူု သူတို့နားမှနေသူမနားသို့သွားသည်။ ပြီးနောက် သူမနောက်ကတကောက်ကောက်လိုက်သည်။ သူမက....
“ရှင်ဘာလို့ကျမနောက်ကလိုက်နေတာလဲ”
“ဘာလို့မှမဟုတ်ပါဘူး....ဒီတိုင်းလိုက်ချင်လို့ကိုလိုက်နေတာ”
သူကဂျစ်ကန်ကန်စကားကိုဆိုသည်။ ကောင်မလေးအများစုကသူ့ရဲ့ဂျစ်ကန်ကန်စ
ကားလေးကိုမှကြိုက်နေကြတာမဟုတ်လား။
“နင်လာမရစ်နဲ့နော်”
“မရစ်စေချင်၇င်နာမည်ပြောလေ”
“ဘာ....”
သူမကသူ့ဘက်ကိုမျက်နှာလှည့်ပြီးပြောလိုက်သည်။
အို....အတော်ကိုလှတဲ့မျက်နှာပါလား။ သူ့နှလုံးသားတစ်ခုလုံးပင်ဖမ်းစားခံလိုက်ရ
သည်။
“ဟုတ်တယ်လေ....နာမည်လေးတော့ပြောပြသင့်တယ်၊နာမည်လေးပြောတာဘာများ ထိခိုက်သွားလို့လဲ”
“နင့်လိုကောင်မျိုးကို နာမည်ပြောရင်ငါ့အတွက်အများကြီးထိခိုက်တယ်ဟဲ့”
“ဟ...မာနကြီးလှချေလားကွ”
သူ၏မျက်နှာတစ်ချက်ပျက်သွားသည်။
“မာနကြီးမှန်းသိရင် နင့်လမ်းနင်သွားငါလည်းငါ့လမ်းငါသွားမယ် နင်ငါ့ကိုလာမရစ်နဲ့”
“အဲလိုမာနခဲလေးကိုမှရစ်ချင်နေတာ”
“နင်မိကောင်းဖခင်သားသမီးမဟုတ်ဘူးလား၊ နင့်အဖေမဆုံးမဘူးလား”
“ဟ...မင်းကဘယ်လိုမိန်းကလေးလဲကွ တအားကိုမောက်မာနေတာပါ့ကော”
“အေး....ငါကမောက်မာတတ်တဲ့မိန်းမစားပဲ...နောက်ပြီး နင်လိုကောင်မျိုးနဲ့လည်း ဘယ်တော့မှမပတ်သတ်မယ့်မိန်းမ...သိပြီလား”
“ငါကလည်းနင်လိုမိန်းမမျိုးကိုမှပတ်သတ်ချင်နေတဲ့ ယောက်ကျားပဲ သိပြီလား”
“နင်ဖယ်စမ်း....ငါသွားမယ့်လမ်းကိုပိတ်မရပ်နဲ့၊ ငါသွားမယ့်လမ်းမှာ နင်လိုကောင်မျိုး ပိတ်ရပ်တာ တကယ်ကို ကျက်သရေတုံးတယ်”
“အေး...ကျက်သရေတုံးတဲ့ကောင်ကလည်းမဖယ်နိုင်ဘူးဟာ”
“နင်တမင်သတ်သတ်ကြီးကိုလာရစ်နေတာပါ့ကောဟ”
“နင်ငါ့ကိုနာမည်လေးပြောရုံနဲ့ ငါနင့်ဘေးကနေထွက်သွားမှာပါ”
“သေတောင်စိတ်ကုးမယဉ်နဲ့....နင့်ကိုငါပါးရိုက်မိလို့ကတော့ ငါ့အဆိုးမဆိုနဲ့”
“ရိုကိလိုက်စမ်းပါ...နင်ရိုက်ရင်ငါခံဖို့အသင့်ပဲ”
သူကသူမကိုပါးထိုးပေးလိုက်သည်။ သူမ ရိုက်မလို့ရွယ်တုန်းမှာပဲ....
“ရတီ...ဘာလုပ်နေတာလဲ”
သူမသူငယ်ချင်း၏ခေါ်သံကြောင့် သူ့ကို ပါးမရိုက်တော့ဘဲ သူမသူငယ်ချင်းတွေဆီကိုသာ
ပြေးသွားသည်။ သူကတော့ကျန်ခဲ့ရင်း...
“နာမည်လေးကရတီတဲ့လား”
ဟုသာရေရွတ်နေသည်။ သူ့သူငယ်ချင်းတွေကတော့...
“ငါ့ကောင်ကြီးတော့အဆင်မပြောဘူးနဲ့တူပါတယ်”ဟုတပြာရင်းတဟားဟားရယ်မော
နေကြတော့လေသည်...။
ဆက်ရန်ရှိသေးသည်...
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook: Minn Nyhoe Shinminnnyhoeshin@gmail.com
No comments:
Post a Comment