Pages

▼

Friday, December 20, 2013

ပန်းပျိုးလက်ကချိုးသောပန်း


December ပိတ်ပြန်ပြီဆိုတော့ရေးလိုက်ဦးမယ်နော်။ စာတိုပေစလေးတွေလေ။ ပိုးကထနေတော့ရေးရဦးတော့မယ်လေ။ ရှေ့လျောက်လည်းကျောင်းပိတ်ရက်တွေမှာ ရေးဖြစ်ဦးမှာပါ။ စိတ်ရှည်ရှည်နဲ့အားပေးဖတ်ရှုတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် ကျနော့်ဖေ့ဘုတ်လေးကိုလည်းလိုက်လုပ်ပေးကြပါဦးလို့တောင်းခံရင်း ...
(လေကစ်လိုက်တာနော်...)
****************
ပန်းပျိုးလက်ကချိုးသောပန်း
ဒီပတစ်ယောက် ဆေးကျောင်းသားတွေကိုကြည့်ရင်း မျက်ရည်လေးတွေပင်ဝဲတက်ချင်လာသည်။ ကိုယ့်အပစ်ကိုယ်သိသည်လေ။ တကယ်ဆိုသူလည်း ဆေးကျောင်းသားဖြစ်သင့်သူတစ်ယောက်။ အခုတော့ သူ့ရဲ့ နားယောင်မှု မိုက်ပစ်ကြောင့် သူ.. ဆေးဆိုသည်တာနှင့် ဝေးပြီး နိုင်ငံခြားဘာသာကိုေ၇ာက်လာသည်။
အခုကျမှ သူ့လက်လေးက ဆေးထိုးအပ်လိုလို နားကျပ်လိုလို ကိုင်ချင်လာမိသလိုလို...
ဒါပေမယ့်...
အချိန်ဆိုတာပြန်လှည့်ရကြေးမှမဟုတ်တာ....
သို့သော်လည်း...
ပြန်တမ်းတခွင့်တော့ရှိပါသေးသည်...
သူ .... ပြန်စဉ်းစားမိသည် ... ။
x x x x x
အခု ဒီပ တို့တက်နေသောဘော်ဒါက စာအသင်အပြကောင်းသလောက် ကျောင်းသားကလည်းနည်းလှသည်။ နည်းလှသည်ဆိုတာထက် အခုမှစဖွင့်သည်ဆိုတော့ ကျောင်းသားကလည်းနည်းသည်။ နာမည်ကတော့သိပ်မထွက်သေး ။ တစ်ချို့က နာမည်ကြီးတာကိုမှတက်ချင်ကြသည်လေ။
သင်ရသည်ကတော့ကပစ်ကညစ်လေးသာဖြစ်သည်။ သူတို့အိပ်ဆောင်တွေ နဲ့ စာသင်တဲ့အဆောင့် လေးတွေကထရံကာလေးတွေသာဖြစသ်ည။ ဆရာကြီးကလည်း သိပ်စည်းကမ်းကြီးသည်။ ဒါဆိုဒါပဲ။ ဘယ်သူမှအတွန့်မတက်ရဲ။ အတွန့်တက်ရင်လည်း ဗျင်းလိုက်မည်လေ။ အဗျင်းမခံချင်ရင်တော့ထွက်ပေါ့။ ကျောင်းသားတစ်ယောက်မှာလည်း ဘော်ဒါကထုတ်ခံရတယ်ဆိုကတည်းက သိပ်ပြီးတော့နာမည်ကကောင်းချင်တော့တာမှမဟုတ်။
ဆရာကြီးသမီးကလည်း ကျောင်းတက်သွားရတော့မည်ဆိုတော့ ကျောင်းသားအားလုံးလည်း ၀မ်းနည်းကြသည်ပေါ့။ ကျောင်းကလည်းအခုမှစဖွင့်ကာစ။ ကျောင်းကသာစဖွင့်တာ သူတို့ကဖြင့်တက်နေတာကြာလှချေပြီ။ ဒီတော့သံယောဇဉ်ကမသေး။
ဘော်ဒါအုပ်သမီးကဘော်ဒါမှာ ဘိုင်အို (ဇီဝဗေဒ) သင်သေးသည်လေ။ ဒီတော့ ဆရာတစ်ယော က်အနေနဲ့လည်းခင်ကြသည်ပေါ့။ ဘော်ဒါအုပ်သမီးသွားတော့မယ်ဆိုတော့ ကျောင်းသားတွေကလည်း လက်ဆောင်တွေပေးကြသည်လေ။
သူက bio တွဲ နောက်ဆုံးနှစ်ကျောင်းသွားတက်ရသည်။ ဒီတော့လစ်ဟသွားသည့်နေရာက ဘိုင်အိုဆရာ ။ ဒီတော့နောက်ဆရာငှားပြန်ရင်လည်း သင်ကြားခတွေကဆရာတွေကနာမည်ကြီးရင် ကြီးသလို တောင်းကြတာ။ မတရားစွာ။ ဒီတော့။
သူ့ဘော်ဒါကလည်းအခုမှထောင်ခါစ။ ဆရာတွေအကုန်ခေါ်နေလို့ကမကိုက်။ ဆရာကြီးက သင်္ချာ ၊ ရူပ နစ်ဘာသာကိုင်သည်။ သူ့ဇနီးက တော့ မြန်မာ နှင့် ဘောက ကျောင်းသားများကိုသင်သည်။ သမီးကဘိုင်အိုဆိုတော့ ငှားရသည်ကား အင်္ဂလိပ်၊ ဓာတု၊ ဒီနှစ်ဘာသာတည်။
အခု ဘိုင်အိုပါခေါ်ရမည်ဆိုလျှင်တော့...။ မကိုက်သေး။ ဒီတော့ ကျောင်းသားတွေကို ဘောကပြောင်းခိုင်းခြင်းသည်သာလျှင်အကောင်းဆုံးသောနည်းလမ်း။
ဘော်ဒါဆိုတာကလည်း တောကတက်ကြတာကများသည်လေ။ ဒီတော့မိဘတွေကလည်း ဘာမှသိပ်သိကြသည်မဟုတ်။ မပြောင်းရင်ထွက်ဆိုဘယ်လိုလုပ်ရပါ။ ဒီဘော်ဒါလိုဈေးချိုတဲ့ဘော်ဒါကခပ်ရှားရှားဆိုတော့ ။ ပြောင်းကြသည်ပေါ့။
ဒီပအတွက်ကတော့ဘာမှ မဖြစ်.။ ဆ၇ာကလည်းပြောင်း  အိမ်ကလည်းပြောင်းဖို့တွန်းအာပေးတော့ ပြောင်းလိုက်သည်။ ဒါပေမယ့်လည်း သူလိုက်နိုင်ပါသည်။ မပြောင်းခင်ကတော့ ဆရာကြီးကပြောသည်ပေါ့။
ဘောက ကဘယ်လိုလွယ်တာ မြန်မာလို ။ မြန်မာလူမျိုး မြန်မာလိုကျက်ရတာတော့အောင်ဖို့များတယ် ဘာတယ်ပေါ့။
ဒီလိုနဲ့ နေလာခဲ့သည်မှာ တစ်နှစ်လုံး xxxxxxxxx
x x x x*************x x x x
အောင်စာရင်းထွက်သည့်နေ့ ။
ဒီပစိတ်တွေအရမ်းတုန်လှုပ်နေသည်။ သူအောင် စာရင်းကြည့်လိုက်တော့ သူ့နာမည်ပါလာပါသည်။
ဂုဏ်ထူးက..
တစ်ခု..နှစ်ခု...ခြောက်ခုလုံးပါသည်။
သူထိုနေရာတွင်ပင်ထခုန်လိုက်မိ၏
x x x x x
အမှတ်စာရင်း ထွက်တော့ သူ့အမှတ်က ဆေးမှီနေသည်။  သူ့ဦးနှောက်ထဲတွင်အသိတစ်ချက်ဝင်လာသည်။
သူဟာဆေးလျှောက်လို့မှမရတာ။ ကိုယ့်ကိုယ်ကို အသိလေးနဲ့ပြန်ထိမ်းထား လိုက်သဖြင့် ဆေးကိုပထမဦးစားပေးထားမည့်လက်တို့သည် တန်ယင်စွာဖြင့် ufl ကိုသာဦးစားပေးထားလိုက်သည်။
သူ .. စိတ်ထဲမှာတော့နောင်တတွေတသီကြီးပေါ့ ....
ဘော်ဒါအတွက်တော့ ခြောက်ဘာသာ နာမည်တက်ကောင်းတက်မည်...
သူ့အတွက်ကတော့ ခြောက်သွေ့မှုတွေပါသည့် ခြောက်ဘာသာ ...
 ရင်ထဲကနောင်တ .....
ဘယ်ဖြေဆယ်နိုင်ပါ့မလဲ ... လမ်းမှားခဲ့ပြီလေ ....
                                                                             
                                                                                                        ထာဝရသံယောဇဉ်ဖြင့် ...
                                                                                                        မင်းညှို့သျှင်
                                                                    facebook: Minn Nyhoe Shin
                                                         E - mail: author.narrator@gmail.com

No comments:

Post a Comment