သရဲဖမ်းသည့်ဂိမ်းသည် သင်ကိုယ်တိုင်ပါဝင်ကစားရမည့်ဂိမ်းဖြစ်သည်။ ထိုဂိမ်းထဲတွင် ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်တို့သည် သင့်ဆုံးဖြတ်ချက်ပေါ် မူတည်နေပါလိမည့်မည်။ သင်သည် ယခုဂိမ်းထဲမှ ပင်မဇာတ်ကောင်ကို ကူညီရမည်။ ထိုဇာတ်ကောင်နေရာမှဝင်ပြီး ဆုံးဖြတ်ချက်များချပေးရမည်။ ထိုဇာတ်ကောင်ကိုကူညီရမည်ဖြစ်သည်။ သင်ဆုံးဖြတ်ချက်မှားလျှင်ထိုဇာတ်ကောင်သေပြီး ကစားပွဲလည်းရှုံးမည်ဖြစ်သည်။ အကယ်လို့များသင့်ဆုံးဖြတ်ချက်မှန်ကန်လို့ ထိုဇာတ်ကောင်ကကစားပွဲတွင် အနိုင်ရခဲ့လျှင် သင်နိုင်သည်ဟုဆိုနိုင်သည်။
ကဲစလိုက်ကြရအောင်
*******************************
ကျွန်တော်နာမည်က ဝေယံကိုကို ၊။ ကျနော်က သရဲဆိုတာကိုလုံးဝအယုံအကြည်မရှိသူ။ ထို့ကြောင့်ပင်ကျွန်တော်တို့ သရဲကြမ်းသည်ဟုနာမည်ကြီးနေသည့်ရွာတစ်ရွာသို့ သွားခဲ့ကြသည်။ အားလုံးဟာကျွန်တော့်အစီအစဉ် ကျွန်တော့် အားကိုးနှင့်ပေါ့။ ထွက်လာခဲ့ကြသည်မှာခုနစ်ေ၇ာက်။ ကောင်မလေးသုံးယောက် ယေကျာ်းလေးလေးယောက်။ ကောင်လေး
များတာလည်းတစ်ခုတော့ကောင်းသည်။ အရေးအကြောင်းရှိလျှင် အားကိုးဖော်အားကိုးဖက်ရနိုင်သည်။
ထိုအိမ်ကြီးနှင့်အနီးမှာတော့သချို င်္င်းတစ်ခုရိသည်။ ထိုသချို င်္းကိုကျော်လျှင်၇ွာတစ်ရွာကိုေ၇ာက်မည်။ ထိုရွာကလည်းစုန်းကဝေဆိုသည့်နေရာမှာအတော်နာမည်ကြီးသည်။ ထို့ကြောင့် ထိုရွာနားနီး သည့်ထိုအိမ်ကြီါ်သည်လည်း အတော်ကြမ်းသည်ဟုသိရသည်။ ထိုစုန်းပေါသည့်ရွာတွင်တော့ ကျနော့်အဖွားရှိသည်။ ကျနော့်အဖွားကလည်း အထက်လမ်းဆန်ဆန်ပညာတွေတက်တယ်ဆိုပါတော့ ။ ဒီတော့ ကျနော့်ကလည်း အရေးနဲ့အကြောင်းနဲ့ဆိုအားကိုးလို့ရနိုင်သည်။ နောက် လွယ်အိတ်ထဲမှာလည်းအရံသင့်ယူလာသည်။ ပရိတ်ရေ၊ တစတ်မြိတ်လက်ပြန်ရေတို့ပေါ့။ ဒါတွေကမကောင်းဆိုးရွားတွေအသေကြောက်တာ။ ကျနော့်အဖေစိတ်နေကျပုတီးတစ်ကုံးလည်းပါသေးသည်။ ထိုပုတီးကလည်း ပေါ့သေးသေးတော့မဟုတ်။ သိမ်ဝင်ပုတီး။
ထိုအိမ်ကြီးကအတော်ကိုခြောက်ခြားဖွယ်ကောင်းသည်။ အိမ်ကြီးကအဝေးကကြည့်လျှင် 3ထပ်ဟုထင်ရသော်လညး အတွင်းထဲဝင်ကြည့်လိုက်တော့နှစ်ထပ်တည်းသာ။ နှစ်ထပ်ဆိုသော်လည်းတစ်ထပ်နှင့် တစ်ထပ်အတော်မြင့်သည်။ အိမ်ကြီးကကျယ်လည်းကျယ်သည်။ ထို့ကြောင့်ပိုလို့ပင်ခြောက်ခြားသည်။ ထိုအိမ်ကြီးဆီသို့ လာသည်ံနေ့က လကွယ်နေ့၊ ဆိုတော့ညနေရောက်သည်နှင့်အားလုံးဟာ မှောင်စပြုလာပြီ။ အနားမှာရှိတာကလည်း သချို င်္းနှင့် သစ်တောဆိုတော့ ပိုလို့ပင်မှောင်လာသည်။ ပုစင်းရင်ကွဲတွေကလည်း အော်လာကြသည်။ ရွာထဲက ခွေးတွေအူနေတာကိုပင်ကြားရသည်။
အခန်းခွဲတော့ကောင်မလေးတွေကိုတစ်ခန်း ကျနော်တို့ကောင်လေးတွေက နှစ်ယောက်တစ်ခန်းယူကြပါသည်။ ညရောက်တော့ အသင့်ယူလာသည့် မီးချောင်းများထွန်းသူကထွန်း ဖယောင်းတိုင်မီးမှိန်မှိန်လေးထွန်းသူကထွန်း နှင့် လင်းလို့လာသည်။ သို့သော်ဖယောင်းတိုင်မီးထွန်းသူ က တော့ပိုပြီးခြောက်ခြားနေရမည်ဖြစ်သည်။
အခု
ကျနော်တို့သရဲခေါ်ကြရင်ကောင်းမလား - ( http://www.minnnyhoeshin.blogspot.com/2013/12/blog-post_6663.html )
အခြေအနေကိုစောင့်ကြည့်ရင်ကောင်းမလား - ( http://www.minnnyhoeshin.blogspot.com/2013/12/blog-post_2601.html )
သရဲဖမ်းသည့်ဂိမ်း အား မင်းညှို့သျှင် မှရေးသားတင်ပြသည်။

No comments:
Post a Comment