Pages
▼
Saturday, February 1, 2014
ခရီးသွားမှတ်တမ်း (၁)
ကျနော်နှင့် ဆည်ပေါက်
အဲဒိအချိန်တုန်းက ဆည်ပေါက်မှာ လင်းတလိုလို ဘာလိုလို အကောင်ကြီးရှိတယ်ဆိုတာနဲ့ ပဲကျနော်ုတို့ သွားကြည့်ဖြစ်ကြသည်။ ကျနော်တို့က ကျောက်ပန်းတောင်းကဆိုလေတော့ ဆည်ပေါက်ဆိုတာကတော့ ကျနော်တို့နဲ့ သိပ်နီးတာပေါ့ဗျာ။ အဲဒိနေ့မတိုင်ခင်ကတည်းက ကျနော်တို့က ကျူရှင်မှာ သွားဖို့ချိန်းထားပြီးသား။ ဖြစ်ချင်တော့ အဲဒိနေ့က ကျန်ာက ဆိုင်ကယ်မရဘူး။ ဒါနဲ့ပဲ ကျနော့်သူငယ်ချင်းက ကိုးနာ၇ီလောက်လည်းေ၇ုာက်ရော သူ့ဆိုင်ကယ်လေးနဲ့ လာခေါ်သည်။ ကျနော်က နေရာလည်းသိသူမဟုတ်လေတော့ သိသည့်နောက်တစ်ယောက်နှင့်သွားရသည်။ ဆိုင်ကယ်တစ်စီးကိုလူသုံးယောက်ပေါ့။ ကျနော်ကတောင်အစစ်ဆီစိုက်ပေးရသေးတယ်။
ပထမဆုံး အဲဒိအကောင်ရှိတဲ့နေရာကိုသွားတာပေါ့။ သချို င်္င်းနားမှာဆိုလေတော့ နဲနဲတော့ကျောချမ်းသား။ ပြီးတော့လူကလည်းသိပ်ရှိတာမဟုတ။် လာရတာကလည်း အိမ်ကမိသအောင်လာရသည်ဆိုလေတော့ လူကြီးကလည်းတစ်ယောက်မှမပါ။ ဆည်ပေါက်သချို င်္င်းမှာ ၇ှိတာက ကျနော်တို့သုံးယောက်တည်း။ လူကလည်းနည်း၊ ကလေးတွေလည်းဖြစ်ပြန် ကိုယ်ကလည်းတစ်ခါမှမရောက်ဖူးလေတော့ ကြောက်တော့ကြောက်မိပါသည်။ အဲဒိသုသာန်ရဲ့ တောင်ဘက်က လယ်ကွင်းထဲမှာလို့ပြောကြတော့ ကျနော်တို့ရှာမိကြသည်။ ကြက်ခေါ်သလိုခေါ်သူကခေါ် ၊ မြက်ခြောက်ပုံတွေကိုဖွသူကဖွ။ သုံးယောက်လုံးကြိုးစားကြပေမယ့် မတွေ့ကြပါ။ အဲဒိထဲမှာတော့အကြောက်ဆုံးကကျနော်။
အကောင်ကမတ်တတ်ရပ်လိုက်ရင်အတော်ကြီးဆိုပဲ။ ကျနော်တို့လည်းစိတ်ဝင်စားသည်ပေါ့။ မတွေ့တာနှင့် ချောင်းထဲတွင်သဲကျုံးနေကြသော လူတွေကိုမေးကြသော်လည်း မသိ ။ ကျနော်တို့ ရှာသောနေရာကိုသာညွှန်ပြနေသည်။ ကျနော်တို့လည်းမတွေ့ခဲ့တော့။ လူပဲယူသွားလေသေ၇ာ။ သဘာဝအလျောက်ပဲ ထပြန်လေသရော။ သချို င်္းနာဖြစ်တာကြောင့်ကြာကြာလည်းမနေချင်။ ထို့ကြောင့် သူငယ်ချင်း အမျိုးတွေရှိတဲ့အနီးနားကရွာကိုသာ သွားခဲ့ကြသည်။ ထိုတွင်တော့ ကျနော်အကြံပေးသည်မှာ မှန်ကင်းတောင်ကိုသွားဖို့သာ .. ။
မင်းညှို့သျှင်
No comments:
Post a Comment