လောကမှာကျမဘ၀လောက်အဖြစ်ဆိုးတဲ့သူတော့ရှိလိမ့်မယ်မထင်ပါဘူး...အခုတော့ကျမဘ
ဝကိုကြည့်ပါဦး။ ကျမကမုဆိုးမတစ်ယောက်ပါ။ ကျမမှာက သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိတယ်။ သားလေးကတော့အသက်ကကြီးပါပြီ။ 20လောက်ရှိရော့မယ်။ သမီးလေးးကအခုမှခုနစ်တန်းပဲရှိသေးတာ။
လက်ထိပ်....
နေရောင်အောက်မှာ ပြောင်းလင်းနေတဲ့အရာက စိန်ထည်တစ်ခုမဟုတ်တဲ့ သံကွင်းတစ်ခု။ နေေ၇ာင်အောက်မှာ တ၀င်းဝင်းပြောင်လက်နေတယ်။ ဒါဟာနမိတ်မရှိတဲ့အရာ တစ်ခုပါ။ ဒါပေမယ့်ဒီအရာ ကမကောင်းမှုတွေကိုပပျောက်အောင်လုပ်ပေးနိုင်တယ်။
ကျမလိုမုဆိုးမ တစ်ယောက်မှာ ဘာများလုပ်ကိုင်စားနိုင်ဦးမှာလဲနော်..ကျမက နှစ်လုံးသုံးလုံး
ေ၇ာင်းတယ်။ ဒါဟာ ဥပဒေနဲ့မကင်းလွတ်မှန်းကျမသိပေမယ့် ကျမအတွက်ဒီအလုပ်ကလွဲပြီးမရှိဘူးလေ။
သားလေးက BE ဘွဲ့ယူဖို့ကျောင်းဆက်တက်နေတယ်။ ကျမမှာသမီးလေးတစ်ယောက်ကရှိသေးတယ်။ ဒီသားအမိသုံးယောက်ရဲ့မိသားစု စားအိုးကြီးကို မိန်းမတစ်ယောက်တည်းရုန်းရတဲ့ကျမအဖို့ဒီအလုပ်ကလွဲလို့ရှိမှမရှိတာ။ ဒီတော့ဒါကိုပဲကျွန်မရွေးချယ်ခဲ့မိတာပေါ့။
အစကတော့ဒီအလုပ်က ဥပဒေနဲ့ မလွတ်ကင်းတာမှန်ပေမယ့် ဘာကြောက်စရာမှမရှိခဲ့ဖူးလို့ ပဲထင်ခဲ့တယ်။ ကျမတို့လိုလုပ်စားနေကြတဲ့လူတွေက တောင်လိုယာလိုပုံနေတာလေ။ ဒီတော့ ကျမလည်းကြောက်စရာလို့မထင်ခဲ့ဘူး။ အဲလိုမထင်ခဲ့မိတဲ့အတွက် ဒီအလုပ်ဟာ ထောင်နှုတ်ခမ်းဝကိုနင်းပြီးလုပ်နေရတဲ့အလုပ်ဆိုတာကိုလည်း ကျမတကယ်မသိခဲ့ဘူး။
ကျမတို့က တရားဥပဒေနဲ့ညိစွန်းပေမယ့် ကျမတို့က လည်း အခွန်ဆောင်ပြီးလုပ်တာပါ။ နိုင်ငံတစ်နိုင်ငံမှာ အခွန်နဲ့လုပ်တဲ့အလုပ်မှန်သမျှဟာ ဖမ်းဆီးခွင့်မှ မရှိတာ။ ကျမတို့က ရဲကိုလိုင်းကြေးပေးပြီးလုပ်ရတဲ့အလုပ်။ သူတို့တောင်းတဲ့အခွန်ကိုပေးပြီး မှတော့ ကျမတို့က ဘာကြောက်စရာရှိလဲ။
ဒီတော့ကျမတို့အေးအေးဆေးဆေးပဲနေနေမိတယ်။ ပူပန်စ၇ာဆိုလို့လည်းမရှိဘူးလေ။ အားလုံးကကိုယ့်လူတွေကြည့်ပဲမလား။ လုပ်ငန်းကိုင်ငန်းကျပ်တည်းလာပြီဆိုရင် မလုပ်ဖို့ ရဲတွေလာပြောတယ်။ ဒါဆိုရင်ကျမတို့က လုပ်ငန်းရပ်ထားလိုက်ရုံပဲ။
ဒီလိုနဲ့ ဒီလောကထဲမှာကြင်လည်လာခဲ့တာ နှစ်တွေအတော်ကြာခဲ့ပါပြီ။ ဒါကြောင့်လည်းကျမစိတ်အေးလက်အေးနေနိုင်တာပေါ့။ ဒိုင်ကြီးတွေတောင်ဒီလိုလုပ်နေကြတာပဲ။
သူတို့ဆို မိုးမမြင်လေမမြင် တံခါးမရှိဓားမရှိလုပ်နေကြတာ။ ဘယ်တော့မှ ဖမ်းခံရတယ်လို့ မရှိကြဘူး။
လောင်းကစားသမားချင်းအတူတူ တူညီတယ် ဒီလိုအခွင့်အရေးတွေရှိလိမ့်မယ်လို့ပဲထင်ခဲ့တယ်။ဒိုင်နဲ့ေ၇ာင်းသားကွာခြားမှုရှိမယ်လို့မထင်ခဲ့မိဘူး။
ဒါပေမယ့်.....တကယ်မှာတော့......
ဈေးကွက်နဲ့ကြည့်ရင် ဒိုင်ဆိုတာက လက်ဝါးကြီးနဲ့လုပ်တာမို့လို့ ငွေဝင်တာများတာပေါ့ရှင်။ ကျမတို့ကတော့ ကော်မရှင် စားလေးတွေမို့သူတို့ကို လိုင်းကြေးကိုပစ်ပေါက်မပေးနိုင်ဘူး။ဒါတွေက ကျမတို့ကြားကကွာခြားမှုကြီးထင်ပါရဲ့။
သို့ပေမယ့်လည်း ၇ဲတွေကတော့ကျမတို့လိုင်းကြေးပေးရတာခြင်းအတူတူ တူညီစွာပဲဆက်ဆံလိမ့်မယ်လို့ထင်ခဲ့တယ်။ဒါပေမယ့်ရှင်....
တွန်းအား.....ဖိအား.....
ဒီအချိန်ဟာရဲတွေအတွက်ဖိအားတွေများတဲ့အချိန်ပေါ့ရှင်။ သူတို့ကို လောင်းကစားမှုတွေဖမ်းရမယ်ဆိုတဲ့အမိန့်ကျလာချိန်ဟာပေါ့။ သူတို့အုပ်ချုပ်တဲ့နေရာမှာ လောင်းကစားမှုတွေများတယ်ဆိုတဲ့သတင်းကလည်း အထက်က သေချာသိထားတဲ့အချိန်ဆိုရင်ပေါ့။
တကယ်ဆို၇င် အကြီးအကျယ်လုပ်နေတဲ့သူတွေကိုသူတို့သိတာပဲ။ ဒါပေမယ့်....
သူတို့ကဘယ်အချိန်ပဲဖြစ်ဖြစ်အပစ်ကကွင်းနေတဲ့လူထူးဆန်းတွေပါပဲ....
လက်ထိပ်တစ်ခု....
လက်ထိပ်တစ်ခု ကျမလက်ပေါ်ကိုေ၇ာက်လာတဲ့အချိန်မှာကျမစဉ်းစားမိလိုက်တယ်။ ကျမတို့ကအသုံးချခံလူးသားလေးတွေပေါ့ရှင်....သူတို့မှာဖိအားတွေမများခင် ဒီလောကကြီးငြိမ်သက်နေချိန်မှာတော့ ကျမတို့ကပေးတဲ့ မစို့မပို့လိုင်းကြေးလေးကို စားနေတာပေါ့ရှင်။
ဒါဟာလည်း လောင်းကစားမှုတွေနဲ့ အုပ်ချုပ်သူ (ရဲ) တွေကြားက အဆင်ပြေနေတဲ့ ဥပဒေဖောက်ဖျက်မှုကြီးတစ်ခုပေါ့ရှင်...။ ကျမတို့သိနေပေမယ့်လည်းဘာတက်နိုင်မှာလဲ။
ဒိုင်တွေက တော့အမြဲလွတ်တယ်။ အတင်းအကျပ်အချိန်တွေကိုရောက်ရင်တော့ ကျမတို့လို လက်ခွဲသမားတွေဟာ အသုံးချခံ အဖမ်းခံဖို့ အဆင်သင့်ဖြစ်နေရပြိပေါ့။ ရဲတွေနဲ့ ဒိုင်တွေကြားက ပြေလည်တဲ့ဆက်ဆံေ၇းအတွက် ကျမတို့ က အဖမ်းခံရမတဲ့လား.... ကျမလည်းဘာမှမတတ်နိုင်တော့ပြီ....၊
မျက်ရည်.....
ကျမမျက်ဝန်းတွေကနေမျက်ရည်တွေကျဆင်းလာတယ်။ ကျမအဖမ်းခံရလို့ငိုတာတော့မဟုတ်ပါဘူး....အဲဒိချိန်မှာကျမတစ်ခုခုကိုစဉ်းစားမိလို့ပါ...ကျမသားနဲ့ ကျမသမီးကိုပေါ့ရှင်.....
သူတို့လေးတွေကငယ်ပါသေးတယ်.....
သူတို့လောကကြိးကိုမျက်နှာလွဲဖို့အချိန်မတန်သေးဘူးထင်ပါတယ်....သူတို့ဘယ်လိုရှင်သန်ရတော့
မလဲ...သူတို့ရှက်နေမှာပေါ့...သူတို့ရဲ့အမေဟာ လောင်းကစားမှုနဲ့ အဖမ်းခံရပါတယ် ဆိုတဲ့သတင်းကို သူတို့လက်ခံနိုင်ပါ့မလား...။
ကျမသားလေးက အင်ဂျင်နီယာကြီးဖြစ်တော့မှာ.....
ဟင်....သူ့ဘ၀ကိုမှေးမှိန်သွားစေခဲ့ပြီလား.....သူကျောင်းမှာဘယ်လိုမျက်နှာမျိုးနဲ့ နေရတော့မှာ
လဲဟင်....
ကျမအစောကြီးကတည်းကမှားခဲ့တာပါ......
ကျမကမယုံကြည်ရတဲ့ သူတွေကိုယုံကြည်ခဲ့လို့ပေါ့ရှင်....
အခုတော့ ကျမကလေးတွေဘ၀သဲထဲရေသွန်ဖြစ်ပါပြီ.....
အရာအားလုံးဟာ နောက်ကျသွားပြီလေ............
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook:Minn Nyhoe Shin
minnnyhoeshin@gmail.com
No comments:
Post a Comment