သူမကို သူအရင်းမပါ အဖျားမပါ သောစကားလုံးတို့ဖြင့် စွဲချက်တင်လိုက်သည်။ သူ့ရုပ်က ဘီလူး တစ်ကောင် ၏ ခံပြင်းနေသောရုပ်ကဲ့သို့တင်းမာလွန်းလှသည်။ သူ့အသံကလည်း တစ်စုံတစ်ခုကို ခံပြင်းနေသောလေသံ။
သူမနှင့် သူမဟုတ်သော အခြားကောင်လေးတစ်ယောက်ရင်းရင်းနှီးနှီးစကားပြောနေသည်ကိုမြင်ခဲ့
သောကြောင့်ဖြစ်ပေသည်။ သူသည် အလွန်သ၀န်တိုတတ်သူဖြစ်သည်။ သက်မဲ့ဖြစ်သော အရာကိုပင် သ၀န်တိုနှမျှောတတ်လျှင် သက်ရှိဖြစ်သော သူ့ချစ်သူ တစ်ခြားကောင်လေးနှင့် ရင်းနှီးနေသည်ကို သူအဘယ်သို့ခံစားနိုင်ပါမည်နည်း။
သူ ဒါကိုသ၀န်တိုနေခြင်းဖြစ်သည်။ သ၀န်တိုခြင်းနှင့်အတူ ကိုယ့်ချစ်သူကိုယ်စွပ်စွဲတတ်ကြသည်မှာ
လည်းသဘာဝတစ်ခုသာဖြစ်သည်။ သူမကတော့နားမည်ဟန်နှင့်...
“ရှိုင်းနင်ငါ့ကိုဘာတွေလာပြောနေတာလဲ...နင့်စွဲချက်တွေကပျင်းလှချေလား”
သူမဘက်က ပြန်ချေပပါသော်လည်းသူ့ဘက်က သေချာလွန်းလှသည်။
“နင်ဘာဖြစ်ခဲ့တယ်ဆိုတာနင့်ဘာသာနင်သိပါတယ်လှိုင်းရယ်”
သူဘက်က သေချာလှသည့်သက်သေတွေနှင့် သူမကိုပြောနေသည်။ သူမကလည်း မမှန်လျှင် မခံတတ်သူမို့ ခက်ပြီ။ သူမကို စွပ်စွဲနေသောသူ့ကိုသူမမကျေနပ်ပေ။ ချစ်သူဟုဆိုသော်လည်း နားလည်မှု မရှိဘဲ တစ်ဘက်သတ်စွပ်စွဲနေသည်ကို သူမမကျေနပ်ပေ။
“ရှိုင်း နင်ငါ့ကို ဘာလို့တစ်ဖတ်သတ်တွေစွပ်စွဲနေတာလဲ နင်ပြောနေတာတွေငါတစ်ခုမှနားမလည်
ဘူးဟာ”
“နင်လေ နင်ဟိုအကောင်နဲ့ စားသောက်ဆိုင်မှာတဟီးဟီးတဟားဟားပြောနေပြီးတော့အခုမှ ဘာမှနားမလည်ဘူးဟုတ်လား”
ထိုအခါမှသူမကနားလည်သလိုနှင့် ...
“သြော်...သူလား၊ သူကငါ့သူငယ်ချင်းပါဟာ၊ ငယ်ပေါင်းကြီးဖေါ်တွေပါ ”
သူကတော့ သူမစကားကိုလက်မခံဘဲ သူမကိုသူခိုးအမှုစစ်သလိုမျိုးနှင့်...
“ဘာငယ်ပေါင်းကြီးဖော်ဟုတ်လား ငယ်ငယ်တုန်းကပေါင်းလာပြီး ကြီးကာကျသူ့ကိုအဖော်ခေါ်
ထားချင်တာပေါ့လေ”
“နင်ဘာဖြစ်လို့ဒီလောက်အထင်လွဲနေတာလဲ နောက်ပြီး သူ့မှာလည်းရည်းစားရှိတယ်”
“သူ့မှာရည်းစားရှိတော့ဘာဖြစ်လဲ”
“နင် ငါ့ ကိုအဲလောက်အထင်လွဲစရာမလိုဘူးရှိုင်း”
သူကသွားပေါ်ရုံမျှပြုံးလိုက်သည်။ ပြီးမှ မျက်နှကိုဆတ်ခနဲတင်းမာလာအောင်ပြု၇င်း
“ငါအထင်လွဲတာမဟုတ်ဘူးလှိုင်း....ငါ့မျက်လုံးနှစ်လုံးလုံးနဲ့မြင်တာ...ငါနွားမဟုတ်ဘူး ငါလူ”
သူမ၏မျက်နှာသည်လည်းတင်းမာသွားလေပြီ။ အခြေအနေတို့သည် ကမ်းပါးနှစ်ခု၏ထိပ်စွန်းကိုေ
ရာက်သွားချေပြီ။
“ဒီမှာလှိုင်းငါနင့်ကိုအမှန်အတိုင်းပဲပြောမယ် ငါ့ဘ၀မှာနင်တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ချစ်ခဲ့ ဖူးတယ် တစ်ခြားဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး နင်ရဲ့ လှည့်စားမှုကိုလည်း ငါမခံနိုင်ဘူး နင်နဲ့ တွေ့မှ ငါရူးသွပ်ခဲ့၇တာပါကွာ မင်းငါ့ကိုအမှန်အတိုင်းပြောပါ”
သူမျက်ဝန်းများ မျက်ဝန်းအိမ်ထောင့်စွန်းတို့သည် သိသာစွာနီရဲလျက်ရှိသည်။ သူပုံစံသည် မကောင်းစိုးရွားတစ်ကောင်၏ပုံစံပမာ ကြမ်းတမ်းစွာရူးသွပ်နေသည်။
“ရှိုင်း ဒါငါအမှန်ကန်ဆုံးပြောတာပဲ နင့်ကိုငါမညာပါဘူး သူနဲ့ငါကလည်းဘာမှမပါတ်သတ်ပါဘူး”
သူမကရိုးသားစွာဝန်ခံလေသည်။ သူက သူ့မျက်နှာကြီးကို သူမမျက်နှာနားသို့နီးကပ်စွာတိုးကပ်
လျှက် ...
“နင်ငါ့ကိုမညာနဲ့”
ဟု ကြမ်းတမ်းစွာပင် အားရပါးရအော်ပစ်လိုက်သည်။ သူ့အသံကြောင့် သူမနားစည်ပင် ပေါက်ကွဲ
လုမတတ်ဖြစ်သွားသည်။ သူ၏မျက်နှာပြင်တစ်ခုလုံးသည် နီရဲလျက် မျက်လုံးကြီးများသည်လည်း ကျယ်ပြန့်စွာပြူးကျယ်ထားသည်။
သူ့ပုံစံက သူမနှင့် ပါတ်သတ်ပြီးအတော်ကိုခံပြင်းနေသည်။ သူမကလည်း သူ့ကိုကျေနပ်ပုံမပေါ်
သူမတစ်သက်ဘယ်သူ့အပြောအဆိုမှခံဖူးသည်မဟုတ်။ ယခုတော့ ချစ်သူဟူသောနာမ တစ်ခုတပ်ထားသည့်ကောင်လေးတစ်ယောက်၏ပက်ပက်စက်စက်ပြောဆိုမှုကိုခံနေရပြီ။ သူမကျေနပ်။
“ငါနင့်ကိုမညာဘူးရှိုင်း ဒါပေမယ့် ယုံတာမယုံတာတော့နင့်သမိုင်းရှိုင်း”
သူမပြတ်သားစွာပင်ပြောလိုက်သည်။ ထိုစကားကြောင့် သူပိုကာဒေါသတို့ နဖူးထက်ကထိပ်ခေါင်
ရောက်သွားလေပြီ။
“အေး နင်အခုတော့ငါယုံတာမယုံတာဂရုမစိုက်တော့ဘူးပေါ့ ဟုတလား”
“နင်ကဘာဖြစ်ချင်လို့လဲရှိုင်း ငါ့ကိုဒီလိုတော့လာမရစ်ပါနဲ့ဟာ”
“အေး တစ်နေ့နင်ဒီလိုပြောမယ်လို့ငါထင်ပြီးသားပါ။ အခုအချိန်မှာနင်ပြတ်သားရတော့မယ်ဆို
တာငါသိပါတယ် နင့်အရှုပ်ထုပ်တွေကပေါ်နေပြီပဲဟာ နောက်မှ အရှုပ်တွေဗူးပေါ်သလိုပေါ်၇င်မကောင်းဘူး
လေ....နင်.....”
သူစကားမဆုံးခင်မှာပင်အေးစက်သောသူမရိုက်ချက်က သူ့ပါးပေါ်သို့ကျေ၇ာက်လာသည်။ သူက
“ဒီနေ့ကစြုပီးနင်ငါ့ကိုမေ့လိုက်တော့ ငါ့ဘ၀ထဲမှာနင်မရှိတော့ဘူး”
သူပြောပြီး ချာကနဲလှည့်ထွက်သွားလေသည်။ သူမကတော့ မျက်ရည်တွေနဲ့သာ ။ သူမသူနှင့်မဝေးလိုပါ။ သို့သော် သူမဆုံးဖြတ်လိုက်သည်။
ဒီနေ့ကစပြီးငါသူ့ကို မေ့လိုက်တော့မယ်
ဆက်ရန်ရှိသေးသည်။
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook: Minn Nyhoe Shinminnnyhoeshin@gmail.com
ဆက်မရေးဖြစ်သေးတာsorry ပါဗျာ...
ReplyDelete